ေအာင္ျမင္သူမ်ားႏွင့္ ေတြ႔ဆံုျခင္း
ပိုင္သိခၤ
ဒီတစ္ပါတ္ Meet the Successful အစီစဥ္မွာ ကၽြန္ေတာ္ေတြ႕ဆံု ေမးျမန္းသြားမယ့္ သူကေတာ့ လကၤာဒီပ ခ်စ္သူဇာတ္လမ္းကို စတင္ အသက္သြင္းၿပီး ရာမာရဏ ဇာတ္ေတာ္ႀကီးကို ႐ႈေထာင့္အသစ္က ေတြးၿပီး ျမန္မာျပည္သူေတြၾကား ခ်ျပခဲ့သူ စာေရးဆရာခ်စ္ဦးညိဳပဲ ျဖစ္ပါတယ္။
သူဟာငယ္စဥ္ကတည္းက စာေရးတဲ့ အလုပ္ကို ဝါသနာပါေပမယ့္လည္း ဘဝရဲ႕အေျခေနေၾကာင့္ မလုပ္ျဖစ္ခဲ့ေသးပဲနဲ႔ အျခားအလုပ္ေတြျဖစ္တဲ့ တကၠသိုလ္ ဆရာဘဝ ဇာတ္ညြန္းေရး ဆရာဘဝနဲ႔ က်ဳရွင္ဆရာဘဝ စတဲ့ အလုပ္ေတြကို လုပ္ကိုင္ ခဲ့ရပါတယ္။ ေနာက္ဆံုးမွာေတာ့ ဆံုးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာခ်ၿပီး စာေရးတဲ့ အလုပ္ကို ေဇာက္ခ်လုပ္တဲ့ အခ်ိန္မွ စလို႔ စာေရးဆရာ ခ်စ္ဦးညိဳရယ္လို႔ ပရိတ္သတ္ေတြ အသိမွတ္ျပဳၿပီး ေအာင္ျမင္မႈကို ရရွိလာတာ ျဖစ္ပါတယ္။ ေအာင္ျမင္မႈက္ို ရရွိဖို႔အတြက္ ဘဝမွာ ဘယ္လိုခံယူခ်က္ေတြနဲ႔ ႀကိဳးစား႐ုန္းကန္ခဲ့ရသလဲဆိုတာ သိရွိေစဖို႔ ဒီတစ္ပါတ္မွာလည္း ေအာင္ျမင္သူနဲ႔အတူ ေတြ႕ဆံု စကားေျပာၾကည့္ပါမယ္။
ဆရာမဂၤလာပါခင္ဗ်။ ဒီေန႔အစီစဥ္မွာေတာ့ ဆရာရဲ႕ ဘဝျဖတ္သန္းမႈ အေတြ႕ႀကံဳေလးေတြ ကၽြန္ေတာ္ေမးခ်င္ပါတယ္ ခင္ဗ်။ ဆရာစာေရးတယ္ဆိုတာ စာေရးဆရာတစ္ေယာက္ မျဖစ္ခင္မွာ ဘယ္အရြယ္ေလာက္ကတည္းက စၿပီးေတာ့ စာေရးတာကို ဝါသနာ ပါခဲ့ပါသလဲ ဆရာ။
စာေရးတာကို စၿပီးဝါသနာပါတာ ၈တန္းေက်ာင္းသား အရြယ္ပဲ။ အဲဒီမတိုင္မိီက ဘာေၾကာင့္ဝါသနာပါလဲဆိုတဲ့ အေၾကာင္းေလး ရွိတယ္ေလ။ မူလတန္းေက်ာင္းသား၊ အလယ္တန္းေက်ာင္းသား ဘဝအရြယ္မွာ ေနခဲ့တဲ့ ေက်ာင္းေတြမွာ ပံုျပင္ေတြ နားေထာင္ရတယ္။ ေနာက္ၿပီးေတာ့ ဘာသာျပန္စာေပကထုတ္တဲ့ ကေလးမ်ားအတြက္ ေရးထားတဲ့ စာေပေတြ အမ်ားႀကီး ရွိတယ္။ အဲတာေတြ အ႐ႈးအမႈး ဖတ္ခဲ့တယ္။ ၿပီးေတာ့ ရာဇဝင္ဆရာႀကီးေျပာျပတဲ့ ရာဇဝင္သမိုင္း ျဖစ္ရပ္မွန္ဇာတ္လမ္းေတြ နားေထာင္ခဲ့ရတယ္။ အဲဒီကစၿပီးေတာ့ စာဖတ္ဝါသနာပါၿပီးေတာ့ စာေတြဖတ္ရင္း ဖတ္ရင္းနဲ႔ သူမ်ားေရးတာကို ကိုယ္ဖတ္ရသလို သူမ်ားဖတ္ဖို႔အတြက္လည္း ကိုယ္ေရးမယ္ဆိုတဲ့ အဲဒီစိတ္က ေပၚလာၿပီးေတာ့ အဲဒီမွာ စာစေရးေတာ့ ၈တန္းေက်ာင္းသား ဘဝမွာ စာစေရးတာပဲ။ သို႔ေသာ္လည္း ဘယ္မွ မပို႔ဘူး။ ရွိတဲ့ သူငယ္ခ်င္း ႏွစ္ေယာက္သံုးေယာက္ပဲ လွည့္ၿပီးေတာ့ ဖတ္ခိုင္းတာ။ အမ်ားကေတာ့ ရယ္စရာေျပာတယ္ထင္မယ္။ မဟုတ္ဘူး ကိုယ့္စာကို ကိုယ့္ဝတၳဳေလးကို ဖတ္ရေအာင္ သူတို႔ကို မုန္႕ဖိုးေပးၿပီးေတာ့ စည္း႐ံုးရတယ္။ ကိုယ္က ေပးၿပီးေတာ့ဖတ္ခိုင္းရတယ္။ အဲဒီဘဝေပါ့ေလ။ အဲဒီကတည္းက စတာပဲ။
ဆရာအေနနဲ႔ ရွစ္တန္းေက်ာင္းသား ေလာက္ကတည္းကိုက စာေရးတာကို ဝါသနာပါလာၿပီဆိုေတာ့ တကယ္တမ္းေပါ့ေနာ္။ လက္ေတြ႕ေပါ့။ တကယ္တမ္း ထဲထဲဝင္ဝင္ဝင္စၿပီး စာစၿပီးေရးျဖစ္ခဲ့တဲ့ အခ်ိန္က ဘယ္အခ်ိန္ေလာက္မ်ား ျဖစ္မလဲဆရာ။
စၿပီးေရးျဖစ္တဲ့ အခ်ိန္က အမွန္ေတာ့ အၿမဲေရးတာပဲ။ သုိ႔ေသာ္ ေျပာက္က်ားစာေရးဆရာေပါ့ေလ။ professional လုပ္မယ္လို႔လဲ စိတ္ထဲ မကူးမိပါဘူး။ သို႔ေသာ္ မေရးရ မေနႏိုင္ ေရးခ်င္တာ ရွိတယ္။ အဲလိုနဲ႔ တကၠသိုလ္ေရာက္။ အဲဒီအခ်ိန္မွာ Second Year / Third Yeaer ဘြဲ႔ရၿပီးတဲ့ အခ်ိန္ေလာက္မွာ ၁၉၇၀ အဲဒီအခ်ိန္မွာ မိုးေဝစာေပ မဂၢဇင္းမွာ ပထမဦးဆံုး ဝတၳဳတိုေလး ပါလာတယ္။ အဲဒီမတိုင္မိီက ပို႔တာ အမ်ားႀကီးပဲ အၿမဲပယ္ခံခဲ့ရတာခ်ည္းပဲ။
၁၉၇၀ မိုးေဝစာေပမဂၢဇင္း ေအာက္တိုဘာလထုတ္မွာ ကိုယ့္ဝတၳဳေလး ရန္ကုန္ၿမိဳ႕လယ္ဆိုတာေလး စပါလာေတာ့ အမေလး ဝမ္းသာလိုက္တာ။ အဲဒီကစၿပီးေတာ့ ေရအားေတြ အရွိန္က ေကာင္းလာၿပီးေတာ့ ဆက္တိုက္ေရး ေနာက္႐ႈမဝေရးေပါ့ေနာ္။ အဲဒီလိုနဲ႔ ဘာသာျပန္ဝတၳဳေတြေရးတယ္။ ေဆာင္းပါးေတြေရးတယ္။ ပင္ကိုယ္ေရး ဝတၳဳေတြ ေရးတယ္။ အဲဒီကေနၿပီးေတာ့ ေနာက္တစ္ခါ ဘဝလမ္းေၾကာင္းက ကံၾကမၼာ ဇာတ္ဆရာအေခၚေပါ့။ မ်က္စိလည္ၿပီးေတာ့ ေနာက္ တကၠသိုလ္မွာ နည္းျပဆရာ ျဖစ္တယ္။ philosophy ဌာနမွာ က်ဳတာျဖစ္တယ္။ အဲဒီကေန စစ္ေတြေျပာင္းတယ္။ အဲဒီကေန သမဝါယမ ဌာနေျပာင္းတယ္။ အမ်ားႀကီးပဲ ေလာကဓံတရား အနိမ့္အျမင့္ေတြ အဲဒီကေနၿပီးေတာ့ စႏၵာဦးဆုိတဲ့ ယဥ္ေက်းမႈ ကဇာတ္အဖြဲ႔တစ္ခုမွာ ဇာတ္ညြန္းဒါ႐ိုက္တာ လုပ္တယ္။
အဲဒီကေနျပန္ထြက္ၿပီးေတာ့ လူက ခ်ံဳးခ်ံဳးက်ေနတဲ့ အခ်ိန္မွာ ငုတ္မိသဲတိုင္နဲ႔ တူပါရဲ႕ ဒုတ္ဆိုၿပီးေတာ့ ေအာက္သဲတိုင္ထိၿပီးေတာ့ ထပ္ျမွုဳပ္စရာ မရွိေတာ့ေျခကန္ၿပီး ျပန္တက္တာ အဲဒီမွာ ဘြားကနဲ ေပၚတဲ့ အခ်ိ္န္ေလးမွာ ငါဘာလုပ္မလဲေပါ့။ ကိုယ့္ကိုကိုယ္ အဲဒီမွာ ဆံုးျဖတ္ၿပီးေတာ့ အလကၤာဒီပ ခ်စ္သူဆိုတဲ့ ဝတၳဳကို ေရး ျဖစ္တာပဲ။ ဘယ္သူမွ တိုက္တြန္းလို႔လဲ မဟုတ္ဘူး။ ထုတ္ေပးမယ့္သူလဲ မရွိဘူး။ ကိုယ္ေရးခ်င္တာေရး။ ၿပီးေတာ့ မွ သူငယ္ခ်င္းတစ္ေယာက္က ထုတ္ေပးေတာ့မွ စာအုပ္ျဖစ္။ အဲဒီစာအုပ္က စာေပနယ္ထဲကို ပထမဆံုးေရာက္တဲ့ စာအုပ္ပါပဲ။
ဆရာ အခုနတုန္းကလိုေပါ့။ ဆရာရဲ႕ဘဝျဖတ္သန္းပံုကို ၾကည့္မယ္ဆိုရင္ အဲဒိအခ်ိန္အဲဒီအခါတုန္းက ဆရာက စာလည္းေရးတာ ဝါသနာပါတယ္။ အျခားဆရာ အခုနကေျပာသလို တကၠသိုလ္ ဆရာေတြလည္း လုပ္ေနရေသးတယ္ဆိုေတာ့ အဲဒီအခ်ိန္မွာ ဆရာမွာ တကယ္ျဖစ္ခ်င္တဲ့ ဆႏၵက စာေရးဆရာတစ္ေယာက္လား ဒါမွမဟုတ္ ဆရာ့မွာ တျခားျဖစ္ခ်င္တဲ့ ဆႏၵေတြ ရွိလား ဆရာ။
တကၠသိုလ္ကေန ဘြဲ႔ရတဲ့ အခ်ိန္မွာ အဲဒီတုန္းကလည္း စာႀကိဳးစားၿပီး စာေတာ္ခဲ့တယ္ေပါ့ေနာ္။ အဲဒီမွာ မာစတာ စတက္၊ က်ဳတာလုပ္ရင္းနဲ႔ နယ္လႊင့္သြားတယ္။ အဲေတာ့ ငါဟာ ပညာတတ္ႀကီးတစ္ေယာက္အေနနဲ႔ ဘြဲ႕ေတြထပ္ယူ PhD ေတြယူ အဲဒီက်ဳတာကေနၿပီးေတာ့ အဆင့္ဆင့္ ကထိက အဲလို Scolar ဘဝမွာ ေနမလား တစ္ခ်ိန္တည္းမွာပဲ အဲလို ဝတၳဳတိုေလးေတြကလည္း ပါလာေတာ့ စာေပနယ္ထဲလည္း ေတာ္ေတာ္ေလး စိတ္ပါလာၿပီ Scolar တစ္ေယာက္အေနနဲ႔ပဲ ပညာတတ္ ေလာကမွာ ေနမလား။ သို႔မဟုတ္ အႏုပညာသမား စာေရးဆရာ တစ္ေယာက္အေနနဲ႔ အႏုပညာေလာကထဲမွာ ႐ုန္းကန္မလား။ ဟိုဘဝကေတာ့ ၿငိမ္တယ္။ မွန္မွန္တက္သြားမယ္။ ဒီအႏုပညာေလာက စာေရးဆရာဘဝကေတာ့ ေတာ္ေတာ္လႈပ္ခတ္မႈေတြနဲ႔ ေတာ္ေတာ္ ရင္ဆိုင္ရလိမ့္မယ္။ အဲဒီႏွစ္ခု ပဋိပကၡျဖစ္တာ။ ကိုယ့္ဟာကိုယ္ျဖစ္တဲ့ ပဋိပကၡ ျဖစ္ေနတာ။ ဘယ္သူနဲ႔မွ မဟုတ္ဘူး။ ကိုယ့္ရဲ႕ ထည့္ရမလား ေလ်ာ့ရမလား ဒီဘက္ကို နည္းရမလား ဟိုဘက္ကို နည္းရမလား အဲတာ ေတာ္ေတာ္ႀကီးမားတဲ့ ပဋိပကၡ ဘယ္သူမွ မသိလိုက္ဘူး။ အဲဒီမွာ ေနာက္ဆံုးက်ေတာ့ ကဲငါဘာျဖစ္ျဖစ္ကြာ စာေပနယ္ထဲ ေျခစံုပစ္ဝင္ေတာ့မယ္ ဆိုၿပီးေတာ့ အဲဒီဘက္က အႏိုင္ရသြားေတာ့ ဒီဘက္ကိုစြန္႔လႊတ္လိုက္တယ္။ အလုပ္ပါ ထြက္ပစ္လိုက္တယ္။
မိမိရဲ႕စိတ္မွာ ဆံုးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာ ခ်မွတ္ၿပီး စာေရးျခင္း အလုပ္ကို လုပ္ကိုင္ခဲ့တဲ့ အခ်ိန္မွာ အခက္ခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ေနာက္ဆုတ္ဖို႔ ေၾကာက္တဲ့ စိတ္နဲ႔ ေနာင္တဆုိတာ မျဖစ္ခဲ့ဘူးလို႔ ဆရာခ်စ္ဦးညိဳက ေျပာျပပါတယ္။
ဒီလိုအခက္ခဲေတြကို သတၱိရွိရွိနဲ႔ ရင္ဆိုင္ျဖတ္သန္းတယ္ဆိ္ုတာ တကယ့္ေတာ့ သတၱိရွိလို႔ မဟုတ္ဘူး ခင္ဗ်။ ကိုယ့္ကို ျပန္ၾကည့္ေတာ့ေလ ငါ့ကြဆိုၿပီးေတာ့ အဲလို သတၱိရွိရွိ ခ်ီတက္တာ မဟုတ္ဘူး။ ေနာက္ဆုတ္ရမွာကို ေၾကာက္သြားတာ။ အဲေၾကာက္စိတ္လည္း ပါတယ္။ ေၾကာက္စိတ္ကလည္း Drive လုပ္တယ္။ ေၾကာက္စိတ္ကလည္း Drive လုပ္ရယ္ ဆံုးျဖတ္ခ်က္က အေရွ႕ကေန ဆြဲေခၚတာရယ္။ အဲForce ႏွစ္ခုေပါင္းသြားၿပီးေတာ့ အဲလို ေရွ႕ဆက္သြားတာလို႔ ယူဆတယ္။
စီးပြားေရး မ်က္စီနဲ႔ၾကည့္မယ္ဆိုရင္ေတာ့ နည္းနည္းမိုက္မဲတယ္ ေခၚႏိုင္တာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အၿမဲတမ္း ႏိုင္ငံေရး၊ စစ္ေရး စီးပြားေရးမွာ Plan A, Plan B, Plan C ဆိုတာ ရွိတယ္။ Plan A အေၾကာင္းတစ္ခုေၾကာင့္ ပ်က္သြားတယ္ဆိုရင္ Plan B နဲ႔ ဆက္ကိုင္မယ္။ အဲလို result အၿမဲတမ္းထားၾကတယ္ေျပာတယ္။ ဒါေနာက္ပိုင္းမွ သိရတာ ဘုရင္ေနာင္ ေဖာင္ပ်က္ကိန္း ႀကီးပဲ အဲလို ေပါ့။ ဘုရင့္ေနာင္ ေဖာင္ဖ်က္တာက ေနာင္႐ိုးတစ္ဖက္ ဟိုဘက္လည္း ေရာက္ေရာ သိတဲ့ အတိုင္း မင္းတို႔ ေဖာင္ေတြ ဖ်က္ပစ္ၾက။ စစ္႐ံႈးရင္ ျပန္စရာ ေဖာင္မရွိ မခက္ဘူးလား။ ေအး စစ္႐ံႈးရင္ေတာ့ မင္းတုိ႔ ေသမွာပဲ။ ျပန္သြားလည္း ဘုရင္က သတ္ ေသမွာပဲ။ အဲေတာ့ စိတ္ဒြိဟ မျဖစ္ေအာင္ မင္းတို႔ ေဖာင္ေတြဖ်က္ဆို ဒါေပမယ့္ ဘုရင့္ေနာင္က အပိုင္တြက္ၿပီးသား ဒီဗ်ဴဟာကို ရန္သူအင္အား ဘယ္ေလာက္ရွိတယ္။ ေထာက္လွန္းၿပီးသား ဆင္ဘယ္ႏွစ္ေကာင္ ျမင္းဘယ္ႏွစ္ေကာင္ ငါတို႔ဘက္ အင္အား ဘယ္ေလာက္ရွိတယ္။ ဝင္တ္ိုက္ရင္ ဘယ္လိုႏုိင္တယ္။ ႏိုင္မယ္ဆိုတာ ေသခ်ာေပါက္သိလုိ႔ ဘုရင့္ေနာင္က ေဖာင္ဖ်က္ တိုက္တာ။ ဘုရင့္ေနာင္က အဲလို။
ကိုယ့္က်ေတာ့ အဲလိုမဟုတ္ဘူး မိုက္မိုက္ကန္းကန္း ေဖာင္ဖ်က္ၿပီး ခ်တာ။ ဒါေပမယ့္ ကုသိုလ္ကံေလး အေထာက္အကူ ျပဳသလား စိတ္ကလည္း စိတ္ယုတ္မွာ မထားဘူးေလ။ လိပ္ျပာသန္႔စြာ လုပ္တယ္ေလ။ ၿပီးေတာ့ အျမတ္ထုတ္လို စိတ္နဲ႔ လုပ္တာ မဟုတ္ဘူး။ စာေပနယ္ထဲလည္း ငါနာမည္ႀကီးေအာင္ကြ ပိုက္ဆံေတြ အျမတ္ထြက္ေအာင္ကြ ဆိုၿပီးလည္း ဝင္တာ မဟုတ္ဘူး။ တအားကိုယ္ ေရးခ်င္းလြန္းလြန္းလို႔ ဝင္လိုက္တာ။ အဲတာေလးက အေထာက္ကူ ျပဳသလားေတာ့ မသိပါဘူးကြယ္။ အဲလို စိတ္ဓာတ္က်ၿပီးေတာ့ အခက္ခဲေတြ ေတြ႕ၿပီးေတာ့ ငိုင္သြားတာေတာ့ ခဏခဏပဲ။ ဒါေပမယ့္ အဲလို အခ်ိန္မွာ ေနာင္တဆိုတာလဲ မေပၚဘူး။ ဒီအျပင္ ငါေျပာင္းလုိက္ရင္ ေကာင္းမလား ဥပမာ အႏုပညာ ဝါသနာပါတယ္။ စာေပ မေအာင္ျမင္လို႔ ငါဂီတ ေျပာင္းလိုက္ရင္ ေကာင္းမလား။ သဘင္ေျပာင္းရင္ ေကာငး္မလားဆိုတဲ့ အဲတာမ်ိဳး မေပၚခဲ့ဘူး။ ေျပာရင္ေတာ့ ဇာတ္သဘင္မ်ိဳး႐ိုး ဆိုင္းမ်ိဳး႐ိုးဆိုေတာ့ ငယ္ငယ္တုန္းကလည္းကတယ္။ ဟိုငယ္ငယ္ကတည္းက ေနာက္ စႏၵာဝင္းမွာလည္း ျပဇာတ္ေတြ ဘာေတြ ဝင္ကတယ္။ ရာမဇာတ္ထဲမွာလည္း ရာမေတြ ဘာေတြ ဝင္ကတယ္။ ေတာ္ၿပီကြာ ငါအကပဲ ေျပာင္းရင္ေကာငး္မလား မရွိခဲ့ဘူး။ ဆိုင္းမ်ိဳး႐ိုးဆိုေတာ့ နည္းနည္းပါးပါး တစ္ခါတေလ တီးတာေလး ရွိတယ္။ ေတာ္ၿပီကြာ ဂီတနဲ႔ အသက္ေမြးေတာ့မယ္ ဒါမ်ိဳးလည္း မရွိဘူး။ ကိုင္းကြာ ေရးမယ္ကြာ ဆိုၿပီး အဲဒီအတိုင္းပဲ ထားခဲ့တယ္။ ဒြိဟ မျဖစ္ဘူးေပါ့ေနာ္။
ဒီလိုနဲ႔ပဲ ေနာက္ဆုတ္ဖို႔ ခက္ခဲတယ္ဆိုတဲ့ အေျခေနေတြကေန ႐ုန္းကန္ ႀကိဳးစားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ဘဝ အလွည့္အေျပာင္းတစ္ခုကို ျဖစ္ေစခဲ့တဲ့ လကၤာဒီပ ခ်စ္သူဆိုတဲ့ ဝတၳဳ ေရးျဖစ္ခဲ့ပံု အေၾကာင္းကိုလည္း ရွင္းျပခဲ့ပါတယ္။
လကၤာဒီပခ်စ္သူကေတာ့ မွတ္မွတ္ရရ အသက္ ၃၀ အရြယ္မွာ ၂၉ ည ထိုင္ေရးတာ။ ထုတ္ေဝသူ မရွိဘူး။ အဲဒီအခ်ိန္မွာက အစိုးရအလုပ္ကလည္း ထြက္ခဲ့ၿပီ သမဝါယမ မွာလည္း ေျပာင္းၿပီး အဲဒီက ထြက္ခဲ့ၿပီ ၾကားထဲ က်ဳရွင္ျပလိုက္ေသးတယ္။ စာသင္ရတာ ဝါသနာပါတယ္။ သို႔ေသာ္ အဲဒီကလည္း ျဖစ္ျဖစ္ေျမာက္ေျမာက္ မရဘူး။ သူမ်ားေထာင္တဲ့ က်ဳရွင္မွာ ကိုယ္က ဝင္သင္တာကိုး။ အဲေတာ့ ဘာမွ မလုပ္ေတာ့ဘူးကြာဆိုၿပီး ပစ္ခ်ၿပီးေတာ့ ကဲ ငါဘာလုပ္မလဲ စာေရးမယ္။ ဒါကလြဲၿပီး အျခားအလုပ္ မလုပ္ေတာ့ဘူး။ အဲေတာ့ ဝင္ေငြမရွိဘူး ရတယ္။ ကြယ္လြန္သူ အဘိုးထားခဲ့တဲ့ တရားစာအုပ္ေတြ သြားေရာင္းပစ္လိုက္တယ္။ အဲဒီအထဲကေနၿပီးေတာ့ အေမ့ကို စာအုပ္ဖိုး ပိုက္ဆံေတြ သြားေပးလိုက္တယ္။ ဒါအေမ့ကို ေထာက္ပံ့တာ။ ကိုယ္ကို္ယ္တိုင္ကေတာ့ ေရေသာက္ ဗိုက္ေမွာက္ၿပီး ခ်တာပဲ။ ၂၉ည ထိုင္ေရးၿပီးေတာ့ သူငယ္ခ်င္းတစ္ေယာက္ ေရာက္လာၿပီးေတာ့ ကိုထြန္းဝင္းတဲ့ ေနလသား စာေပ ေတာင္သာၿမိဳ႕က သူကေန မင္းစာအုပ္ငါႀကိဳက္တယ္ကြာ သူထုတ္ေပးမယ္ဆို သူထုတ္ေပးလုိ႔ စာအုပ္ကေလး ျဖစ္လာတယ္။
ဆရာျမသန္းတင့္နဲ႔ ဆရာပါတို႔ရဲ႕(ပါရဂူ)အမွာေလးကုိ ယူလိုက္တယ္။ အဲဒီဝတၳဳေလးနဲ႔ ေနရာေလး တစ္ေနရာေပါ့ေလ။ အဲဒီဝတၳဳက ခ်စ္ဦးညိဳဆိုတဲ့ ကေလာင္တစ္ေခ်ာင္းကို ေမြးဖြားေပးလိုက္တယ္လို႔ ေျပာလို႔ရတယ္။ ဆရာပါရဂူတို႔ ဆရာျမသန္းတင့္ တို႔ အမွာစာရဲ႕ ဝိတ္ေတြလည္း ပါပါတယ္။ တစ္ဖက္ကလည္း ေၾကာ္ျငာအားလည္း ဖိသံုးတယ္။ ႐ႈမဝ မဂၢဇင္းမွာ ၿပီးေတာ့ တစ္ဘက္ကလည္း ေျပာရရင္ေတာ့ သူမ်ားေျပာတဲ့ စကားလံုးပါ ကိုယ့္စကားလံုး မဟုတ္ပါဘူး။ တစ္ကမၻာလံုးက ယူဆထားတဲ့ အယူအဆႀကီးကို ဒီဘက္ကေန လွည့္ၾကည့္လိုက္တာ။ BC ၄ရာစုနဲ႔ ၆ရာစုၾကားေပါ့ ၾကာလွပါၿပီ။ အဲဒီမွာေပၚခဲ့တဲ့ ဝါရမိကိအမည္ရွိတဲ့ ကဝိႀကီးက စတင္ခဲ့တဲ့ ရာမာရဏ ဆိုတာ ႀကီးက အၿမဲတမး္ႀကီး ဒီအတိုင္း အေရွ႕ေတာင္အာရွမွာ ျပန္႔တယ္။ ကမၻာမွာ ျပန္႔တယ္။ ျမန္မာျပည္ေရာက္တယ္။ အိႏၵိယ ေရာက္တယ္။ ထိုင္းေရာက္တယ္။ အဲလုိ ကေနၾကတယ္။ တီးၾကတယ္။ ဆိုၾကတယ္။ ေရးၾကတယ္။ ဖြဲ႕ၾကတယ္။ အဲဒီ မွာ ေျပာင္းျပန္လွန္ၾကည့္လိုက္တာ မဟုတ္ပါဘူး ကိုယ္က ႐ႈေထာင့္ တစ္ခ်က္ေလး ေျပာင္းၾကည့္လိုက္တဲ့ အခ်ိန္မွာ တစ္မ်ိဳးတစ္မည္ ျဖစ္သြားတယ္ေပါ့။ အဲတာကလည္း တကၠသိုလ္တုန္းက သင္ခဲ့တဲ့ philosophy ေပါ့။ အဲတာရဲ႕ အက်ိဳးအာနိသင္လို႔လဲ ေျပာလို႔ရပါတယ္။ ဒီလို ေတာက္ေလ်ာက္ ျမင္လာခဲ့တဲ့ အျမင္ကေန ေဖာက္ထြက္ၿပီးေတာ့ ဟိုဘက္ကေန လွည့္ၾကည့္လိုက္တဲ့ အခ်ိန္မွာ တစ္မ်ိဳး ျဖစ္လာတာေပါ့။ ဒီစာအုပ္နဲ႔ စာေပနယ္ကို ေရာက္ရွိလာၿပီးေတာ့ ေနာက္ထပ္ အဲဒီမွာ နာမည္ႀကီးသြားတယ္။ အသိမွတ္ျပဳၾကတယ္ေပါ့ကြယ္။ ဆန္႔က်င္တဲ့သူလည္း အမ်ားႀကီးေပၚလာတယ္။ ဒီအေပၚမွာေဝဖန္တဲ့ သူေတြ ႀကိဳက္တဲ့သူလည္း ေပၚလာတယ္။ အဲေတာ့ ေနာက္တစ္ခါ စာအုပ္တိုက္ေတြကေနၿပီးေတာ့ ဒါကို အမွီျပဳၿပီးေတာ့ စာခ်ဳပ္ဖို႔ ႀကိဳးစားတယ္။ စာခ်ဳပ္ လက္မခံဘူး။ တစ္အုပ္ခ်င္းပဲ ေရးတယ္။ အဲလို ေအာင္ျမင္ေနတဲ့ အခ်ိန္မွာ မြဲလိုက္တာမွ ၁၉၇၀/၈၀ၾကား လူက အဆင္းရဲဆံုး အစုတ္ျပတ္ဆံုးပဲ။
လကၤာဒီပ ခ်စ္သူ ေအာင္ျမင္ခဲ့ၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီဝတၳဳနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္သက္အားေပးတဲ့ ပရိတ္သတ္ေတြလည္း ရွိခဲ့သလို ေဝဖန္မူေတြလည္း ႀကံဳခဲ့ရပါတယ္။ ဒီလိုေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီး ဆရာခ်စ္ဦးညိဳက သူ႔ရဲ႕ သေဘာထားကိုလည္း အခုလိုေျပာျပပါတယ္။
ဆရာမႀကီးတစ္ေယာက္ကဆိုရင္ စာတမ္းဖတ္ပြဲမွာ စာတမ္းကို ထည့္ဖတ္တယ္။ ဒီခ်စ္ဦးညိဳရဲ႕ အလကၤာဒီပ ခ်စ္သူ ဖတ္ၿပီးေတာ့ ေနာင္အႏွစ္ငါးဆယ္ တစ္ရာၾကတဲ့ အခါမွာ ရာမဇာတ္ႀကီးဟာ မူလဇာတ္ေၾကာင္းကေန ေသြဖီသြားမွာ စိုးရိမ္လွပါတယ္။ စာေရးေကာင္းသူမ်ားရဲ႕ အႏၱရာယ္ကလည္း မေသးပါလားဆိုၿပီးေတာ့ ဟာ ခ်ၿပီေပါ့။ ေနာက္ခ်တဲ့ သူေတြလည္း အမ်ားႀကီးပဲ။ ဆရာေမာင္စြမ္းရည္တို႔ဆိုလည္း တီးတာပဲ။ ထားေတာ့။ ေနာက္တစ္ခါ ရာဇဝင္သမိုင္းမွာပဲ ျဖစ္ျဖစ္ လူဆိုးေတြ ရွိသလား ခ်စ္ဦးညိဳဆီ လႊတ္လိုက္ သူက လူေကာင္းျဖစ္ေအာင္ လုပ္ေပးလိမ့္မယ္။ ကိုယ့္မွာ လူဆိုးကို လူေကာင္းျဖစ္ေအာင္ထုတ္လုပ္တဲ့ စက္ႀကီး က်ေနတာပဲ။ အဲတာမ်ိဳးလည္း ခံရတာ ရွိတယ္ကြယ့္။
ေနာက္တစ္ခါ ရာဇကုမာရ ဆိုတဲ့ ဝတၳဳေရးေသးတယ္။ အဲဒီမွာလည္း ဝိုင္းေျပာၾကတယ္။ ဒါေပမယ့္ စိတ္က အခုထိ လိပ္ျပာသန္႔တယ္။ အခုထက္ထိလည္း ဒီအလကၤာဒီပခ်စ္သူ စာအုပ္က ၁၉၇၀ ကတည္းဆိုေတာ့ ႏွစ္ေပါင္း ၃၈/၃၉ ႏွစ္ ရွိသြားၿပီ။ ႏွစ္ေပါင္း ၄၀ေလာက္ရွိသြားၿပီ ကိုယ္စာေရးသက္တမ္းေတာင္ ၃၉ ႏွစ္ ရွိသြားၿပီ။ ဆိုေတာ့ အခုထိေအာင္ ဒီဝတၳဳနဲ႔ ပတ္သက္လို႔ ေနာင္တ မရဘူး။ ေနာင္တဆိုတာက ငါအဲဒီလို လုပ္ခဲ့ရမွာ မလုပ္လိုက္မိေလျခင္း၊ ငါအဲဒီတုန္းက မလုပ္ရမွာ ဘာေၾကာင့္ငါလုပ္ျဖစ္သြားလဲ မသိဘူး။ အဲတာမွ ေနာင္တ။ ကိုယ္က အခုထိ ဒီဝတၳဳနဲ႔ ပတ္သက္လို႔ လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္တစ္ခုကို စာေရးဆရာတစ္ေယာက္အေနနဲ႔ လိပ္ျပာသန္႔စြာ ေရးခဲ့တဲ့ အတြက္ ဒီအေပၚမွာ clear concepts ျဖစ္တယ္။ ျဖစ္တဲ့ အတြက္ ဘယ္သူဘာေျပာေျပာ ဘာမွ မျဖစ္ဘူး။ စိတ္ထဲမွာ မတုန္လႈပ္သြားဘူး။ ေျပာတဲ့သူကိုလည္း တစ္ခ်ိန္က် သိသြားမွာပါေလ။ မသိေတာ့လည္း သူစိတ္နဲ႔သူ သြားေတာ့ေပါ့ေလ ဘယ္တတ္ႏုိင္မလဲ။ စိတ္ထဲအဲလိုပဲ ထားလိုက္တယ္။ စိတ္လည္း မဆိုးပါဘူး။ ဒီအေပၚမွာလည္း နာက်င္သြားတာ မရွိပါဘူး။
ဆရာ ဒါဆိုရင္ ဆရာ့ဘဝမွာ ေအာင္ျမင္မႈ တစ္ခုကို ရဖို႔အတြက္ကို သူမ်ားေတြနဲ႔ မတူညီတဲ့ လမ္းေၾကာင္းကလည္း ေလ်ာက္ခ့ဲ ၿပီးၿပီ ေဝဖန္မႈေတြလည္း ခံခဲ့ၿပီ။ အားေပးမႈေတြလည္း ခံခဲ့ၿပီဆိုေတာ့ ေလာကဓံေတြကို ဆရာ အမ်ားႀကီး ခံခဲ့ရတာေပါ့ေနာ္။ အဲဒီလိုမ်ိဳး ေလာကဓံ အနိမ့္အျမင့္ေတြ ႀကံဳတဲ့ အခါမွာ ဆရာ့စိတ္ကို ဘယ္လိုမ်ိဳး အားေမြးၿပီးေတာ့ ေရွ႕ဆက္ခဲ့လဲ ေအာင္ျမင္မႈ တစ္ခု ရဖို႔ အတြက္ေပါ့ေနာ္။
အဲဒီေမးခြန္းေလး ေမးတဲ့အတြက္ ေက်းဇူးတင္တယ္။ ဝမ္းသာတယ္။ ေၾကာ္ျငာထိုးခြင့္လည္း ရသြားတယ္။ ေလာကဓံႏွင့္ လမ္းေလ်ာက္အတူထြက္ျခင္းဆိုၿပီးေတာ့ စာအုပ္ကေလး ထြက္ထားတာ ရွိတယ္။ အႀကိမ္ႀကိမ္ ႐ိုက္ေနတာ ၿပီးရင္ လက္ေဆာင္ေလး ေပးလိုက္မယ္ေနာ္။ ေလာကဓံဆိုိတာက ေလာက ဓမၼ။ ေလာၾကီးမွာ ျဖစ္တတ္ပ်က္တတ္တ့ဲ့ သေဘာတရား ျမတ္စြာဘုရားေတာင္ မေရွာင္ႏိုင္ဘူး။ ဘယ္သူမွ ေရွာင္လြဲလို႔မရဘူး။ ေလာက ဓမၼမွာ အေကာင္းေလးမ်ိဳး အဆိုးေလးမ်ိဳး ဒါပဲ ရွိတယ္။ ယေသာ၊ အယေသာ၊ လာေဘာ၊ အလာေဘာ၊ နိႏၷံ မသႏၷံ၊ သုခံ၊ ဒုကံၡ။ နာမည္ႀကီးျခင္း နာမည္ပ်က္ျခင္းေပါ့။ ေနာက္တစ္ခါ အေခၽြအရံမ်ားျခင္း၊ အေခၽြအရံမရွိျခင္း၊ ေနာက္တစ္ခါ ဝင္ေငြမ်ားျခင္း၊ ဝင္ေငြနည္းျခင္းေပါ့ ၊ ေနာက္တစ္ခါ ခ်မ္းသာမ်ားျခင္း၊ ခ်မ္းသာမရွိျခင္းေပါ့။ ေလာကဓံတရား ရွစ္ပါးရွိတယ္။ အေကာင္းေလးပါး၊ အဆုိးေလးပါး။
အဲဒီအေပၚမွာ မ်ားေသာအားျဖင့္ ျဖစ္တတ္တာက ပုထုဇဥ္္ သဘာဝ အေကာင္းေလးပါနဲ႔ ေတြ႕တဲ့ အခါမွာ ပစၥည္းဥစၥာေတြရတယ္ လဒ္ေတြရတယ္။ အေခၽြရံေတြမ်ားတယ္။ ခ်မ္းသာမႈနဲ႔ေတြ႕တဲ့အခါမွာ တစ္ခါတည္း လူူကအဲလိုျဖစ္သြားတယ္။ အဆုိုးေလးပါးနဲ႔ေတြ႕တဲ့အခါမွာ လူေတြက စိုက္ဆင္းသြားတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ အဆိုး (၄) ပါးနဲ႔ႀကံဳတဲ့အခါမွာ ေတာင့္ခံတယ္။ တစ္ခ်ိဳ႕က်ေတာ့ အေကာင္း (၄ )ပါးနဲ႔ ႀကံဳတဲ့အခါမွာ ေျမာက္တက္သြားတယ္။ အမ်ိဳးမ်ိဳးေပါ့ ေလာကဓံနဲ႔ ပါတ္သက္ၿပီး အဲလို ျဖစ္ေနတာ။ အဲေတာ့ အေရးႀကီးတာက ေယာနိေသာ မနသီကာရ ေခၚတာေပါ့ သင့္တင့္ေလ်ာက္ပတ္စြာ ႏွလံုးသြင္းျခင္း ဘယ္အရာကိုမဆို တစ္ဆံုးတစ္စမဟုတ္ဘဲနဲ႔ ေလ်ာက္ပတ္စြာ သင့္တင့္စြာ ႏွလံုးသြင္းျခင္း အဲဒါေယာနိေသာ မနသာရ ေခၚတယ္။ အဲစိတ္ကေလးက ဘယ္ကရလိုက္လဲဆိုေတာ့ ဗုဒၶစာေပေတြ ဖတ္ရင္းနဲ႔ ရလာတာ။ ၿပီးေတာ့ အခုနကေျပာတဲ့ ဆရာေတာ္ႀကီးမ်ားရဲ႕ အတၳဳပၸတၱိ ဖတ္ျခင္းအားျဖင့္ ရတယ္။ ေအာ္ ဒီလိုခံခဲ့ရတာပဲ။ ဒီလိုျဖတ္သန္းခဲ့တာပဲဆိုေတာ့ ကိုယ့္မွာ အတက္ပိုင္းေရာက္လို႔လဲ သိပ္ၿပီး မတုန္လႈပ္လိုက္ဘူး။ အက်ပိုင္းေရာက္လို႔လဲ သိပ္ၿပီး မတုန္လႈပ္ခဲ့ဘူး ႐ုတ္တရတ္ အငိုက္မိၿပီးေတာ့ ဒိုင္းကနဲ ထိတာပဲေနာ္။ ဒါေပမယ့္ ခ်က္ခ်င္းျပန္ၿပီးေတာ့ သတိေလးနဲ႔ ျပန္ဆယ္တယ္။
အဲေတာ့ ေလာကဓံတရားဆိုတာ တစ္ခ်ိဳ႕က ေျပာတာက ေလာကဓံကို စိန္ေခၚၿပီးေတာ့ တိုက္ခိုက္မယ္ကြ ဆုိၿပီးေတာ့ ေၾကြးေၾကာ္တာ ရွိတယ္။ ေကာင္းပါတယ္။ ဒါငယ္ရြယ္သူေတြရဲ႕ တက္ၾကြတဲ့ဟာ ။ ငါေလာကဓံတရားေတာ့ Sorry ပါကြာဆို မဟုတ္ဘူးေလ။ ေလာကဓံတရာကို Fight လုပ္ၿပီးေတာ့ သူက Successful ျဖစ္ေအာင္လုပ္မယ္။ သို႔ေသာ္ အဲလိုလုပ္လြန္းအားႀကီးရင္ ဘာျဖစ္တတ္လဲဆိုေတာ့ ရာဇသႀကၤန္အမတ္ႀကီး ႀကံဳရသလိုေပါ့။ သစ္ပင္အႀကီးေတြက ေလတိုက္ရင္ ေျဖာင္းကနဲ႔ ေျဖာင္းကနဲ က်ိဳးသြားတယ္။ သစ္ပင္ငယ္ေလးေတြက ဒီလိုမ်ိဳး ကပ္ေနရင္ ဘာမွမျဖစ္ဘူး တစ္ခါတေလမွာ သိပ္ႀကံႀကံခံရင္ သိပ္ၿပီးေတာ့ ဆန္႔က်င္ရင္ ေျဖာင္းကနဲ က်ိဳးသြားတတ္တယ္။ ဒါေပမယ့္နံျပားငပင္ေလးေတြလို ေလယူရာသိမ္း ယိမ္းႏြဲ႔ၿပီးေတာ့ ၿပီးေတာ့ သူတို႔က ဘာမွ မျဖစ္ဘူးကြာ အဲတာက်ေတာ့လည္း သူတို႔က ေခ်ာင္သမား ဆန္လြန္းတယ္။ ေပ်ာ့ညံလြန္းအားႀကီးတယ္။ ဒီႏွစ္ခုၾကားမွာ ရပ္တည္ႏိုင္ဖို႔က ဘယ္လိုစိတ္သြင္းလဲ ဆိုေတာ့ ေလာကဓံတရားဆိုတာ စိန္ေခၚၿပီး တိုက္ခိုက္ရမယ့္ အရာလည္း မဟုတ္ဘူး။ အမေလး ေၾကာက္စရာႀကီးဗ်ာဆိုၿပီးေတာ့လည္း အ႐ံႈးေပးရမယ့္ အရာမဟုတ္ဘူး။ သူ႔ကို လမ္းေလ်ာက္ေဖာ္ လမ္းေလ်ာက္ဖက္လို မိတ္ေဆြလို သေဘာထားၿပီးေတာ့ လာခဲ့ အတူတူသြားမယ္ ေလာကႀကီးထဲေနတဲ့ငါ ေလာကဓံတရားနဲ႔ေတြ႕ရမွာပဲ မင္းတက္မလားတက္ ဆုတ္မလားဆုတ္ မင္းအလုပ္ မင္းလုပ္ ငါလည္းပါတယ္။ ကဲသြားၾကစို႔၊ တက္ၾကစို႔ ၊ က်ၾကစို႔။ အဲသလိုမ်ိဳး ေလာကဓံႏွင့္လမ္းေလ်ာက္အတူထြက္ျခင္းဆိုၿပီးေတာ့ စာအုပ္ကေလး ထြက္ထားတယ္။ အဲလိုေလးနဲ႔ က်င့္သံုးတယ္။
ဥပမာေလး တစ္ခု အဲထဲမွာ ပါတာေလး ေျပာျပမယ္ေနာ္။ ရွားေလာ့ဟုမ္းေပါ့ စံုေထာက္ဦးစံရွားေပါ့ေနာ္။ သူကအင္မတန္ေလးနက္တဲ့ ႀကီးက်ယ္တဲ့ အမႈႀကီးေတြ လိုက္ၿပီးေပၚသြားၿပီ အဲဒီအေပၚ သူက ငါကြဆိုၿပီး မရွိဘူး။ ဘာလို႔လဲ ေမာင္စံရွားထဲလည္း ပါတယ္။ ရွားေလာ့ဟုမ္းထဲလည္း ပါတယ္။ အဲဒါႀကီးၿပီးသြားရင္ ဒါႀကီးနဲ႔ ပတ္သက္ၿပီး ဂုဏ္ယူခ်င္တဲ့ အင္စပက္တာတို႔ ေအာ္ဖစ္ဆာတို႔က သူတို႔မွာ ပ်ာယာခတ္ေနတာ ေထာက္ခံစာတို႔ တံဆိပ္ ေတြ ရခ်င္လုိ႔ ဒါႀကီး ဘယ္လုိလုပ္ပါတယ္။ ဦးစံရွားက သူကိုယ္တိုင္ ေျဖရွင္းေပးတာ။ ဘာမွ ဂ႐ုမစိုက္ဘူး။ ကဲၿပီးသြားၿပီး က်ဳပ္တို႔ ဒီညေန ဘာေလး သြားစားရေအာင္ ကိုသိန္းေမာင္ေရ အဲေခါင္းရင္းက က်ဳပ္တေယာေလး လွမ္းေပးစမ္းပါဗ်ာ ကၽြန္ေတာ္ ပတ္ပ်ိဳးေလး ေမ့ေနတာ က်ဳပ္ထိုးမလု႔ိ ဒါပဲ။ သာသာေလး ျဖတ္သန္းသြားတာ။ ေကာင္းရင္လည္း သာသာေလးပဲ။ ေအာင္ျမင္ရင္လည္္း သာသာေလးပဲ။ က်ဆံုးရင္လည္း သာသာေလးပဲ။ အဲလိုျဖတ္သန္းရင္ လူကႏွလံုးေရာဂါလည္း မျဖစ္ဘူး။ ၿပီးေတာ့ အင္အားလည္း ေလ်ာ့မသြားဘူး။ ဒီအတိုင္းပဲ သြားေနတာ အခုအဲလိုေလးနဲ႔ ျဖတ္သန္းေနတာေပါ့ေနာ္။
ကၽြန္ေတာ္တို႔ ဒီMeet the Successful အစီစဥ္ကို ၾကည့္ေနတဲ့ လူငယ္ ပရိတ္သတ္ေတြ အတြက္လည္း ေပ့ါေနာ္။ ေအာင္ျမင္မႈကို ဘဝမွာ ႀကိဳးစားေနတဲ့ သူေတြ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ကို သူတို႔အေနနဲ႔ ဘယ္လိုမ်ိဳး စိတ္ထားနဲ႔ ႀကိဳးစားသင့္လဲ ဆိုတာ စကားလက္ေဆာင္ ေျပာေပးဆရာ ။
အင္းေျပာျပေပးပါ့မယ္။ အထူးသျဖင့္ လူငယ္မ်ားေပါ့ေနာ္။ တို႔ ထားရမွာ ေလးခုရွိတယ္။ ေအာင္ျမင္မႈအတြက္ထားရမွာ ဘာလဲဆိုေတာ့ ဆႏၵ။ ဆႏၵာ အဓိပတိလို႔ ေခၚတယ္။ ငါျဖစ္ကိုယ္ျဖစ္ရမယ္ ဒါမျဖစ္လို႔ကို မျဖစ္ဘူး။ ငါဒါကို ျဖစ္ကိုျဖစ္ရမယ္ဆိုၿပီးးေတာ့ ဆႏၵကို အဓိပတိတပ္ရတယ္။ တစ္ခါတုန္းက ဆိုကေရးတီး မွာ ပညာသင္ခ်င္တဲ့ ေကာင္းေလးတစ္ေယာက္ ေရာက္လာတယ္။ ဂရိေတြးေခၚရွင္ ပညာသင္ဖို႔ ဆိုကေရးတီး က ပင္လယ္ကမ္းစပ္ ကို ေခၚသြားတယ္။ တစ္ေျဖးေျဖး ေနာက္ကလိုက္ခဲ့ ။ ဟုိေကာင္ကလည္း လိုက္တာ ငါ့ပညာေတာ့ ေကာင္းေကာင္း သင္ေပးေတာ့မွာပဲ ဆို ၿပီး ေရက ခါးေက်ာ္ေက်ာ္ေလာက္လဲေရာက္တဲ့ အခါမွာ ဆိုကေရးတီးက အဲေကာင္ေလးကို ေခါင္းကေန ကိုင္ၿပီး ေရထဲျမွဳပ္လိုက္တယ္။ အေတာ္ၾကာမွ အေပၚကို ေဖာ္တယ္။ ေနာက္ဒုတိယ အႀကိမ္ ျပန္ျမွဳပ္ အေမာမေျပေသးဘူး။ ေနာက္တတိယႀကိမ္ ျပန္ျမွဳပ္ ဒီတစ္ခါ ဆက္ျမွဳပ္ထားရင္ ေသေတာ့မေလာက္ အေျခေန ေရာက္သြားၿပီ အဲဒီအခါက်မွ အေပၚကို ေဖာ္လိုက္ေတာ့ ဟိုေကာင္က ေပၚလာၿပီး ေမာေမာေန ဆရာႀကီး ကၽြန္ေတာ့္ကို ဘယ္လိုလုပ္လိုက္တာလဲ ။ ငါေမးမယ္ တတိယ အႀကိမ္ မင္းကို ငါျမွဳပ္ထားတုန္းက မင္းစိတ္ထဲမွာ ေပၚလာတဲ့ အႀကီးမားဆံုး ဆႏၵက ဘာလဲ။ ကၽြန္ေတာ္ အေပၚတက္ၿပီး ေလ႐ွဴခ်င္တာတဲ့။ အဲမွ မ႐ွဴရရင္ ကၽြန္ေတာ္ေသမွာ သိတယ္တဲ့။ ေအး မင္းပညာလိုခ်င္တဲ့ ဆႏၵကလည္း မင္းအဲဒါမွ မရရင္ ေသမယ္ဆိုတဲ့ စိတ္မ်ိဳးေပၚလာရင္ မင္းငါ့ဆီျပန္လာခဲ့ ႐ိုး႐ိုးဆႏၵနဲ႔ေတာ့ မလာနဲ႔။
နာမည္ႀကီးတဲ့ မင္းသားျဖစ္ခ်င္လိုက္တာ အဆိုေတာ္ ျဖစ္ခ်င္လိုက္တာ။ မလုပ္နဲ႔ ။ အဲဒါကေတာ့ ပိုက္ဆံေတြ ရမွာပဲ နာမည္ႀကီးမွာပဲ။ အဲလိုေတာ့ မလုပ္နဲ႔ တကယ္ ဆႏၵရွိမွလုပ္။ ဆႏၵ တကယ္ႀကီးမားလာရင္ ေနာက္က ဝီရိယဆိုတာလိုက္လာတယ္။ အားထုတ္လာတယ္။ ႀကိဳးပမ္းလာတယ္။ ေတာ္႐ံုတန္႐ံု ဝီရိယ မဟုတ္ဘူးေနာ္။ အႀကိမ္ႀကိမ္လဲ အႀကိမ္ႀကိမ္ ျပန္ထ ဒီဘက္ကမရရင္ ဟိုဘက္က အဲလိုေပါ့။ ဆႏၵာအဓိပတိ။ ဝီရီယအဓိပတိ။ ေနာက္္တစ္ခါ စိတၱာ အဓိပတိ။ စိတ္ဓာတ္ခြန္အားေတြလည္း တက္လာတယ္။ ေနာက္ထပ္ ေဝမာလာ အဓိပတိေခၚတယ္။ ေတြးေခၚ ဆင္ျခင္မႈ အားေတြလည္း တက္လာတယ္။ အဲဒီ အဓိပတိ (၄) ပါးနဲ႔ ျပည့္စံုရင္ မေအာင္ျမင္စရာ အေၾကာင္းမရွိဘူး။
အက်ယ္သိခ်င္ရင္ စာေတြ ဖတ္ၾကည့္လိုက္ စာအုပ္ေတြထဲမွာ အမ်ားႀကီး ပါတယ္။ အကယ္၍ အဲဒီအဓိပတိ (၄) ပါးတက္လို႔ ဝီရိယေသာ္လည္းေကာင္း စိတၱေသာ္လည္းေကာင္း ခ်ိဳ႕တဲ့ၿပီးေတာ့ ေအာင္ျမင္မႈ မရဘူးထား အခုနကလို စိတ္ထားၿပီးေတာ့ ေလာကဓံနဲ႔ အတူ လမ္းေလ်ာက္ အတူထြက္လိုက္ အဲတာ စိတ္ဓာတ္ခြန္အား ျပန္ရလိမ့္မယ္။ လူငယ္ေတြအတြက္ လက္ေဆာင္ေပါ့ေနာ္။
- See more at: http://mizzimaburmese.com/article/10159#sthash.FvGfmYQ1.dpuf
...................
လင်္ကာဒီပချစ်သူ ၀တ္ထုနဲ့အတွက် အခုအချိန်အထိ နောင်တမရဘူးလို့ ဆိုတဲ့ ချစ်ဦးညို
အထူးကဏ္ဍ အောင်မြင်သူများနှင့် တွေ့ဆုံခြင်း
ပိုင်သိင်္ခ
ဒီတစ်ပါတ် Meet the Successful အစီစဉ်မှာ ကျွန်တော်တွေ့ဆုံ မေးမြန်းသွားမယ့် သူကတော့ လင်္ကာဒီပ ချစ်သူဇာတ်လမ်းကို စတင် အသက်သွင်းပြီး ရာမာရဏ ဇာတ်တော်ကြီးကို ရှုထောင့်အသစ်က တွေးပြီး မြန်မာပြည်သူတွေကြား ချပြခဲ့သူ စာရေးဆရာချစ်ဦးညိုပဲ ဖြစ်ပါတယ်။
သူဟာငယ်စဉ်ကတည်းက စာရေးတဲ့ အလုပ်ကို ဝါသနာပါပေမယ့်လည်း ဘဝရဲ့အခြေနေကြောင့် မလုပ်ဖြစ်ခဲ့သေးပဲနဲ့ အခြားအလုပ်တွေဖြစ်တဲ့ တက္ကသိုလ် ဆရာဘဝ ဇာတ်ညွန်းရေး ဆရာဘဝနဲ့ ကျုရှင်ဆရာဘဝ စတဲ့ အလုပ်တွေကို လုပ်ကိုင် ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပြီး စာရေးတဲ့ အလုပ်ကို ဇောက်ချလုပ်တဲ့ အချိန်မှ စလို့ စာရေးဆရာ ချစ်ဦးညိုရယ်လို့ ပရိတ်သတ်တွေ အသိမှတ်ပြုပြီး အောင်မြင်မှုကို ရရှိလာတာ ဖြစ်ပါတယ်။ အောင်မြင်မှုက်ို ရရှိဖို့အတွက် ဘဝမှာ ဘယ်လိုခံယူချက်တွေနဲ့ ကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ သိရှိစေဖို့ ဒီတစ်ပါတ်မှာလည်း အောင်မြင်သူနဲ့အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။
ဆရာမင်္ဂလာပါခင်ဗျ။ ဒီနေ့အစီစဉ်မှာတော့ ဆရာရဲ့ ဘဝဖြတ်သန်းမှု အတွေ့ကြုံလေးတွေ ကျွန်တော်မေးချင်ပါတယ် ခင်ဗျ။ ဆရာစာရေးတယ်ဆိုတာ စာရေးဆရာတစ်ယောက် မဖြစ်ခင်မှာ ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ စာရေးတာကို ဝါသနာ ပါခဲ့ပါသလဲ ဆရာ။
စာရေးတာကို စပြီးဝါသနာပါတာ ၈တန်းကျောင်းသား အရွယ်ပဲ။ အဲဒီမတိုင်မိီက ဘာကြောင့်ဝါသနာပါလဲဆိုတဲ့ အကြောင်းလေး ရှိတယ်လေ။ မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသား ဘဝအရွယ်မှာ နေခဲ့တဲ့ ကျောင်းတွေမှာ ပုံပြင်တွေ နားထောင်ရတယ်။ နောက်ပြီးတော့ ဘာသာပြန်စာပေကထုတ်တဲ့ ကလေးများအတွက် ရေးထားတဲ့ စာပေတွေ အများကြီး ရှိတယ်။ အဲတာတွေ အရှုးအမှုး ဖတ်ခဲ့တယ်။ ပြီးတော့ ရာဇဝင်ဆရာကြီးပြောပြတဲ့ ရာဇဝင်သမိုင်း ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ နားထောင်ခဲ့ရတယ်။ အဲဒီကစပြီးတော့ စာဖတ်ဝါသနာပါပြီးတော့ စာတွေဖတ်ရင်း ဖတ်ရင်းနဲ့ သူများရေးတာကို ကိုယ်ဖတ်ရသလို သူများဖတ်ဖို့အတွက်လည်း ကိုယ်ရေးမယ်ဆိုတဲ့ အဲဒီစိတ်က ပေါ်လာပြီးတော့ အဲဒီမှာ စာစရေးတော့ ၈တန်းကျောင်းသား ဘဝမှာ စာစရေးတာပဲ။ သို့သော်လည်း ဘယ်မှ မပို့ဘူး။ ရှိတဲ့ သူငယ်ချင်း နှစ်ယောက်သုံးယောက်ပဲ လှည့်ပြီးတော့ ဖတ်ခိုင်းတာ။ အများကတော့ ရယ်စရာပြောတယ်ထင်မယ်။ မဟုတ်ဘူး ကိုယ့်စာကို ကိုယ့်ဝတ္ထုလေးကို ဖတ်ရအောင် သူတို့ကို မုန့်ဖိုးပေးပြီးတော့ စည်းရုံးရတယ်။ ကိုယ်က ပေးပြီးတော့ဖတ်ခိုင်းရတယ်။ အဲဒီဘဝပေါ့လေ။ အဲဒီကတည်းက စတာပဲ။
ဆရာအနေနဲ့ ရှစ်တန်းကျောင်းသား လောက်ကတည်းကိုက စာရေးတာကို ဝါသနာပါလာပြီဆိုတော့ တကယ်တမ်းပေါ့နော်။ လက်တွေ့ပေါ့။ တကယ်တမ်း ထဲထဲဝင်ဝင်ဝင်စပြီး စာစပြီးရေးဖြစ်ခဲ့တဲ့ အချိန်က ဘယ်အချိန်လောက်များ ဖြစ်မလဲဆရာ။
စပြီးရေးဖြစ်တဲ့ အချိန်က အမှန်တော့ အမြဲရေးတာပဲ။ သို့သော် ပြောက်ကျားစာရေးဆရာပေါ့လေ။ professional လုပ်မယ်လို့လဲ စိတ်ထဲ မကူးမိပါဘူး။ သို့သော် မရေးရ မနေနိုင် ရေးချင်တာ ရှိတယ်။ အဲလိုနဲ့ တက္ကသိုလ်ရောက်။ အဲဒီအချိန်မှာ Second Year / Third Yeaer ဘွဲ့ရပြီးတဲ့ အချိန်လောက်မှာ ၁၉၇၀ အဲဒီအချိန်မှာ မိုးဝေစာပေ မဂ္ဂဇင်းမှာ ပထမဦးဆုံး ဝတ္ထုတိုလေး ပါလာတယ်။ အဲဒီမတိုင်မိီက ပို့တာ အများကြီးပဲ အမြဲပယ်ခံခဲ့ရတာချည်းပဲ။
၁၉၇၀ မိုးဝေစာပေမဂ္ဂဇင်း အောက်တိုဘာလထုတ်မှာ ကိုယ့်ဝတ္ထုလေး ရန်ကုန်မြို့လယ်ဆိုတာလေး စပါလာတော့ အမလေး ဝမ်းသာလိုက်တာ။ အဲဒီကစပြီးတော့ ရေအားတွေ အရှိန်က ကောင်းလာပြီးတော့ ဆက်တိုက်ရေး နောက်ရှုမဝရေးပေါ့နော်။ အဲဒီလိုနဲ့ ဘာသာပြန်ဝတ္ထုတွေရေးတယ်။ ဆောင်းပါးတွေရေးတယ်။ ပင်ကိုယ်ရေး ဝတ္ထုတွေ ရေးတယ်။ အဲဒီကနေပြီးတော့ နောက်တစ်ခါ ဘဝလမ်းကြောင်းက ကံကြမ္မာ ဇာတ်ဆရာအခေါ်ပေါ့။ မျက်စိလည်ပြီးတော့ နောက် တက္ကသိုလ်မှာ နည်းပြဆရာ ဖြစ်တယ်။ philosophy ဌာနမှာ ကျုတာဖြစ်တယ်။ အဲဒီကနေ စစ်တွေပြောင်းတယ်။ အဲဒီကနေ သမဝါယမ ဌာနပြောင်းတယ်။ အများကြီးပဲ လောကဓံတရား အနိမ့်အမြင့်တွေ အဲဒီကနေပြီးတော့ စန္ဒာဦးဆိုတဲ့ ယဉ်ကျေးမှု ကဇာတ်အဖွဲ့တစ်ခုမှာ ဇာတ်ညွန်းဒါရိုက်တာ လုပ်တယ်။
အဲဒီကနေပြန်ထွက်ပြီးတော့ လူက ချံုးချံုးကျနေတဲ့ အချိန်မှာ ငုတ်မိသဲတိုင်နဲ့ တူပါရဲ့ ဒုတ်ဆိုပြီးတော့ အောက်သဲတိုင်ထိပြီးတော့ ထပ်မြှုုပ်စရာ မရှိတော့ခြေကန်ပြီး ပြန်တက်တာ အဲဒီမှာ ဘွားကနဲ ပေါ်တဲ့ အချိ်န်လေးမှာ ငါဘာလုပ်မလဲပေါ့။ ကိုယ့်ကိုကိုယ် အဲဒီမှာ ဆုံးဖြတ်ပြီးတော့ အလင်္ကာဒီပ ချစ်သူဆိုတဲ့ ဝတ္ထုကို ရေး ဖြစ်တာပဲ။ ဘယ်သူမှ တိုက်တွန်းလို့လဲ မဟုတ်ဘူး။ ထုတ်ပေးမယ့်သူလဲ မရှိဘူး။ ကိုယ်ရေးချင်တာရေး။ ပြီးတော့ မှ သူငယ်ချင်းတစ်ယောက်က ထုတ်ပေးတော့မှ စာအုပ်ဖြစ်။ အဲဒီစာအုပ်က စာပေနယ်ထဲကို ပထမဆုံးရောက်တဲ့ စာအုပ်ပါပဲ။
ဆရာ အခုနတုန်းကလိုပေါ့။ ဆရာရဲ့ဘဝဖြတ်သန်းပုံကို ကြည့်မယ်ဆိုရင် အဲဒိအချိန်အဲဒီအခါတုန်းက ဆရာက စာလည်းရေးတာ ဝါသနာပါတယ်။ အခြားဆရာ အခုနကပြောသလို တက္ကသိုလ် ဆရာတွေလည်း လုပ်နေရသေးတယ်ဆိုတော့ အဲဒီအချိန်မှာ ဆရာမှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒက စာရေးဆရာတစ်ယောက်လား ဒါမှမဟုတ် ဆရာ့မှာ တခြားဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိလား ဆရာ။
တက္ကသိုလ်ကနေ ဘွဲ့ရတဲ့ အချိန်မှာ အဲဒီတုန်းကလည်း စာကြိုးစားပြီး စာတော်ခဲ့တယ်ပေါ့နော်။ အဲဒီမှာ မာစတာ စတက်၊ ကျုတာလုပ်ရင်းနဲ့ နယ်လွှင့်သွားတယ်။ အဲတော့ ငါဟာ ပညာတတ်ကြီးတစ်ယောက်အနေနဲ့ ဘွဲ့တွေထပ်ယူ PhD တွေယူ အဲဒီကျုတာကနေပြီးတော့ အဆင့်ဆင့် ကထိက အဲလို Scolar ဘဝမှာ နေမလား တစ်ချိန်တည်းမှာပဲ အဲလို ဝတ္ထုတိုလေးတွေကလည်း ပါလာတော့ စာပေနယ်ထဲလည်း တော်တော်လေး စိတ်ပါလာပြီ Scolar တစ်ယောက်အနေနဲ့ပဲ ပညာတတ် လောကမှာ နေမလား။ သို့မဟုတ် အနုပညာသမား စာရေးဆရာ တစ်ယောက်အနေနဲ့ အနုပညာလောကထဲမှာ ရုန်းကန်မလား။ ဟိုဘဝကတော့ ငြိမ်တယ်။ မှန်မှန်တက်သွားမယ်။ ဒီအနုပညာလောက စာရေးဆရာဘဝကတော့ တော်တော်လှုပ်ခတ်မှုတွေနဲ့ တော်တော် ရင်ဆိုင်ရလိမ့်မယ်။ အဲဒီနှစ်ခု ပဋိပက္ခဖြစ်တာ။ ကိုယ့်ဟာကိုယ်ဖြစ်တဲ့ ပဋိပက္ခ ဖြစ်နေတာ။ ဘယ်သူနဲ့မှ မဟုတ်ဘူး။ ကိုယ့်ရဲ့ ထည့်ရမလား လျော့ရမလား ဒီဘက်ကို နည်းရမလား ဟိုဘက်ကို နည်းရမလား အဲတာ တော်တော်ကြီးမားတဲ့ ပဋိပက္ခ ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာ နောက်ဆုံးကျတော့ ကဲငါဘာဖြစ်ဖြစ်ကွာ စာပေနယ်ထဲ ခြေစုံပစ်ဝင်တော့မယ် ဆိုပြီးတော့ အဲဒီဘက်က အနိုင်ရသွားတော့ ဒီဘက်ကိုစွန့်လွှတ်လိုက်တယ်။ အလုပ်ပါ ထွက်ပစ်လိုက်တယ်။
မိမိရဲ့စိတ်မှာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ပြီး စာရေးခြင်း အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ အချိန်မှာ အခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုတ်ဖို့ ကြောက်တဲ့ စိတ်နဲ့ နောင်တဆိုတာ မဖြစ်ခဲ့ဘူးလို့ ဆရာချစ်ဦးညိုက ပြောပြပါတယ်။
ဒီလိုအခက်ခဲတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြတ်သန်းတယ်ဆိ်ုတာ တကယ့်တော့ သတ္တိရှိလို့ မဟုတ်ဘူး ခင်ဗျ။ ကိုယ့်ကို ပြန်ကြည့်တော့လေ ငါ့ကွဆိုပြီးတော့ အဲလို သတ္တိရှိရှိ ချီတက်တာ မဟုတ်ဘူး။ နောက်ဆုတ်ရမှာကို ကြောက်သွားတာ။ အဲကြောက်စိတ်လည်း ပါတယ်။ ကြောက်စိတ်ကလည်း Drive လုပ်တယ်။ ကြောက်စိတ်ကလည်း Drive လုပ်ရယ် ဆုံးဖြတ်ချက်က အရှေ့ကနေ ဆွဲခေါ်တာရယ်။ အဲForce နှစ်ခုပေါင်းသွားပြီးတော့ အဲလို ရှေ့ဆက်သွားတာလို့ ယူဆတယ်။
စီးပွားရေး မျက်စီနဲ့ကြည့်မယ်ဆိုရင်တော့ နည်းနည်းမိုက်မဲတယ် ခေါ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း နိုင်ငံရေး၊ စစ်ရေး စီးပွားရေးမှာ Plan A, Plan B, Plan C ဆိုတာ ရှိတယ်။ Plan A အကြောင်းတစ်ခုကြောင့် ပျက်သွားတယ်ဆိုရင် Plan B နဲ့ ဆက်ကိုင်မယ်။ အဲလို result အမြဲတမ်းထားကြတယ်ပြောတယ်။ ဒါနောက်ပိုင်းမှ သိရတာ ဘုရင်နောင် ဖောင်ပျက်ကိန်း ကြီးပဲ အဲလို ပေါ့။ ဘုရင့်နောင် ဖောင်ဖျက်တာက နောင်ရိုးတစ်ဖက် ဟိုဘက်လည်း ရောက်ရော သိတဲ့ အတိုင်း မင်းတို့ ဖောင်တွေ ဖျက်ပစ်ကြ။ စစ်ရှုံးရင် ပြန်စရာ ဖောင်မရှိ မခက်ဘူးလား။ အေး စစ်ရှုံးရင်တော့ မင်းတို့ သေမှာပဲ။ ပြန်သွားလည်း ဘုရင်က သတ် သေမှာပဲ။ အဲတော့ စိတ်ဒွိဟ မဖြစ်အောင် မင်းတို့ ဖောင်တွေဖျက်ဆို ဒါပေမယ့် ဘုရင့်နောင်က အပိုင်တွက်ပြီးသား ဒီဗျူဟာကို ရန်သူအင်အား ဘယ်လောက်ရှိတယ်။ ထောက်လှန်းပြီးသား ဆင်ဘယ်နှစ်ကောင် မြင်းဘယ်နှစ်ကောင် ငါတို့ဘက် အင်အား ဘယ်လောက်ရှိတယ်။ ဝင်တ်ိုက်ရင် ဘယ်လိုနိုင်တယ်။ နိုင်မယ်ဆိုတာ သေချာပေါက်သိလို့ ဘုရင့်နောင်က ဖောင်ဖျက် တိုက်တာ။ ဘုရင့်နောင်က အဲလို။
ကိုယ့်ကျတော့ အဲလိုမဟုတ်ဘူး မိုက်မိုက်ကန်းကန်း ဖောင်ဖျက်ပြီး ချတာ။ ဒါပေမယ့် ကုသိုလ်ကံလေး အထောက်အကူ ပြုသလား စိတ်ကလည်း စိတ်ယုတ်မှာ မထားဘူးလေ။ လိပ်ပြာသန့်စွာ လုပ်တယ်လေ။ ပြီးတော့ အမြတ်ထုတ်လို စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ စာပေနယ်ထဲလည်း ငါနာမည်ကြီးအောင်ကွ ပိုက်ဆံတွေ အမြတ်ထွက်အောင်ကွ ဆိုပြီးလည်း ဝင်တာ မဟုတ်ဘူး။ တအားကိုယ် ရေးချင်းလွန်းလွန်းလို့ ဝင်လိုက်တာ။ အဲတာလေးက အထောက်ကူ ပြုသလားတော့ မသိပါဘူးကွယ်။ အဲလို စိတ်ဓာတ်ကျပြီးတော့ အခက်ခဲတွေ တွေ့ပြီးတော့ ငိုင်သွားတာတော့ ခဏခဏပဲ။ ဒါပေမယ့် အဲလို အချိန်မှာ နောင်တဆိုတာလဲ မပေါ်ဘူး။ ဒီအပြင် ငါပြောင်းလိုက်ရင် ကောင်းမလား ဥပမာ အနုပညာ ဝါသနာပါတယ်။ စာပေ မအောင်မြင်လို့ ငါဂီတ ပြောင်းလိုက်ရင် ကောင်းမလား။ သဘင်ပြောင်းရင် ကောငး်မလားဆိုတဲ့ အဲတာမျိုး မပေါ်ခဲ့ဘူး။ ပြောရင်တော့ ဇာတ်သဘင်မျိုးရိုး ဆိုင်းမျိုးရိုးဆိုတော့ ငယ်ငယ်တုန်းကလည်းကတယ်။ ဟိုငယ်ငယ်ကတည်းက နောက် စန္ဒာဝင်းမှာလည်း ပြဇာတ်တွေ ဘာတွေ ဝင်ကတယ်။ ရာမဇာတ်ထဲမှာလည်း ရာမတွေ ဘာတွေ ဝင်ကတယ်။ တော်ပြီကွာ ငါအကပဲ ပြောင်းရင်ကောငး်မလား မရှိခဲ့ဘူး။ ဆိုင်းမျိုးရိုးဆိုတော့ နည်းနည်းပါးပါး တစ်ခါတလေ တီးတာလေး ရှိတယ်။ တော်ပြီကွာ ဂီတနဲ့ အသက်မွေးတော့မယ် ဒါမျိုးလည်း မရှိဘူး။ ကိုင်းကွာ ရေးမယ်ကွာ ဆိုပြီး အဲဒီအတိုင်းပဲ ထားခဲ့တယ်။ ဒွိဟ မဖြစ်ဘူးပေါ့နော်။
ဒီလိုနဲ့ပဲ နောက်ဆုတ်ဖို့ ခက်ခဲတယ်ဆိုတဲ့ အခြေနေတွေကနေ ရုန်းကန် ကြိုးစားခဲ့ရတာကြောင့် သူ့ရဲ့ဘဝ အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့တဲ့ လင်္ကာဒီပ ချစ်သူဆိုတဲ့ ဝတ္ထု ရေးဖြစ်ခဲ့ပုံ အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
လင်္ကာဒီပချစ်သူကတော့ မှတ်မှတ်ရရ အသက် ၃၀ အရွယ်မှာ ၂၉ ည ထိုင်ရေးတာ။ ထုတ်ဝေသူ မရှိဘူး။ အဲဒီအချိန်မှာက အစိုးရအလုပ်ကလည်း ထွက်ခဲ့ပြီ သမဝါယမ မှာလည်း ပြောင်းပြီး အဲဒီက ထွက်ခဲ့ပြီ ကြားထဲ ကျုရှင်ပြလိုက်သေးတယ်။ စာသင်ရတာ ဝါသနာပါတယ်။ သို့သော် အဲဒီကလည်း ဖြစ်ဖြစ်မြောက်မြောက် မရဘူး။ သူများထောင်တဲ့ ကျုရှင်မှာ ကိုယ်က ဝင်သင်တာကိုး။ အဲတော့ ဘာမှ မလုပ်တော့ဘူးကွာဆိုပြီး ပစ်ချပြီးတော့ ကဲ ငါဘာလုပ်မလဲ စာရေးမယ်။ ဒါကလွဲပြီး အခြားအလုပ် မလုပ်တော့ဘူး။ အဲတော့ ဝင်ငွေမရှိဘူး ရတယ်။ ကွယ်လွန်သူ အဘိုးထားခဲ့တဲ့ တရားစာအုပ်တွေ သွားရောင်းပစ်လိုက်တယ်။ အဲဒီအထဲကနေပြီးတော့ အမေ့ကို စာအုပ်ဖိုး ပိုက်ဆံတွေ သွားပေးလိုက်တယ်။ ဒါအမေ့ကို ထောက်ပံ့တာ။ ကိုယ်ကို်ယ်တိုင်ကတော့ ရေသောက် ဗိုက်မှောက်ပြီး ချတာပဲ။ ၂၉ည ထိုင်ရေးပြီးတော့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီးတော့ ကိုထွန်းဝင်းတဲ့ နေလသား စာပေ တောင်သာမြို့က သူကနေ မင်းစာအုပ်ငါကြိုက်တယ်ကွာ သူထုတ်ပေးမယ်ဆို သူထုတ်ပေးလို့ စာအုပ်ကလေး ဖြစ်လာတယ်။
ဆရာမြသန်းတင့်နဲ့ ဆရာပါတို့ရဲ့(ပါရဂူ)အမှာလေးကို ယူလိုက်တယ်။ အဲဒီဝတ္ထုလေးနဲ့ နေရာလေး တစ်နေရာပေါ့လေ။ အဲဒီဝတ္ထုက ချစ်ဦးညိုဆိုတဲ့ ကလောင်တစ်ချောင်းကို မွေးဖွားပေးလိုက်တယ်လို့ ပြောလို့ရတယ်။ ဆရာပါရဂူတို့ ဆရာမြသန်းတင့် တို့ အမှာစာရဲ့ ဝိတ်တွေလည်း ပါပါတယ်။ တစ်ဖက်ကလည်း ကြော်ငြာအားလည်း ဖိသုံးတယ်။ ရှုမဝ မဂ္ဂဇင်းမှာ ပြီးတော့ တစ်ဘက်ကလည်း ပြောရရင်တော့ သူများပြောတဲ့ စကားလုံးပါ ကိုယ့်စကားလုံး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ယူဆထားတဲ့ အယူအဆကြီးကို ဒီဘက်ကနေ လှည့်ကြည့်လိုက်တာ။ BC ၄ရာစုနဲ့ ၆ရာစုကြားပေါ့ ကြာလှပါပြီ။ အဲဒီမှာပေါ်ခဲ့တဲ့ ဝါရမိကိအမည်ရှိတဲ့ ကဝိကြီးက စတင်ခဲ့တဲ့ ရာမာရဏ ဆိုတာ ကြီးက အမြဲတမး်ကြီး ဒီအတိုင်း အရှေ့တောင်အာရှမှာ ပြန့်တယ်။ ကမ္ဘာမှာ ပြန့်တယ်။ မြန်မာပြည်ရောက်တယ်။ အိန္ဒိယ ရောက်တယ်။ ထိုင်းရောက်တယ်။ အဲလို ကနေကြတယ်။ တီးကြတယ်။ ဆိုကြတယ်။ ရေးကြတယ်။ ဖွဲ့ကြတယ်။ အဲဒီ မှာ ပြောင်းပြန်လှန်ကြည့်လိုက်တာ မဟုတ်ပါဘူး ကိုယ်က ရှုထောင့် တစ်ချက်လေး ပြောင်းကြည့်လိုက်တဲ့ အချိန်မှာ တစ်မျိုးတစ်မည် ဖြစ်သွားတယ်ပေါ့။ အဲတာကလည်း တက္ကသိုလ်တုန်းက သင်ခဲ့တဲ့ philosophy ပေါ့။ အဲတာရဲ့ အကျိုးအာနိသင်လို့လဲ ပြောလို့ရပါတယ်။ ဒီလို တောက်လျောက် မြင်လာခဲ့တဲ့ အမြင်ကနေ ဖောက်ထွက်ပြီးတော့ ဟိုဘက်ကနေ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တစ်မျိုး ဖြစ်လာတာပေါ့။ ဒီစာအုပ်နဲ့ စာပေနယ်ကို ရောက်ရှိလာပြီးတော့ နောက်ထပ် အဲဒီမှာ နာမည်ကြီးသွားတယ်။ အသိမှတ်ပြုကြတယ်ပေါ့ကွယ်။ ဆန့်ကျင်တဲ့သူလည်း အများကြီးပေါ်လာတယ်။ ဒီအပေါ်မှာဝေဖန်တဲ့ သူတွေ ကြိုက်တဲ့သူလည်း ပေါ်လာတယ်။ အဲတော့ နောက်တစ်ခါ စာအုပ်တိုက်တွေကနေပြီးတော့ ဒါကို အမှီပြုပြီးတော့ စာချုပ်ဖို့ ကြိုးစားတယ်။ စာချုပ် လက်မခံဘူး။ တစ်အုပ်ချင်းပဲ ရေးတယ်။ အဲလို အောင်မြင်နေတဲ့ အချိန်မှာ မွဲလိုက်တာမှ ၁၉၇၀/၈၀ကြား လူက အဆင်းရဲဆုံး အစုတ်ပြတ်ဆုံးပဲ။
လင်္ကာဒီပ ချစ်သူ အောင်မြင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီဝတ္ထုနဲ့ ပတ်သက်ပြီးတော့ နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေလည်း ရှိခဲ့သလို ဝေဖန်မူတွေလည်း ကြံုခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုက သူ့ရဲ့ သဘောထားကိုလည်း အခုလိုပြောပြပါတယ်။
ဆရာမကြီးတစ်ယောက်ကဆိုရင် စာတမ်းဖတ်ပွဲမှာ စာတမ်းကို ထည့်ဖတ်တယ်။ ဒီချစ်ဦးညိုရဲ့ အလင်္ကာဒီပ ချစ်သူ ဖတ်ပြီးတော့ နောင်အနှစ်ငါးဆယ် တစ်ရာကြတဲ့ အခါမှာ ရာမဇာတ်ကြီးဟာ မူလဇာတ်ကြောင်းကနေ သွေဖီသွားမှာ စိုးရိမ်လှပါတယ်။ စာရေးကောင်းသူများရဲ့ အန္တရာယ်ကလည်း မသေးပါလားဆိုပြီးတော့ ဟာ ချပြီပေါ့။ နောက်ချတဲ့ သူတွေလည်း အများကြီးပဲ။ ဆရာမောင်စွမ်းရည်တို့ဆိုလည်း တီးတာပဲ။ ထားတော့။ နောက်တစ်ခါ ရာဇဝင်သမိုင်းမှာပဲ ဖြစ်ဖြစ် လူဆိုးတွေ ရှိသလား ချစ်ဦးညိုဆီ လွှတ်လိုက် သူက လူကောင်းဖြစ်အောင် လုပ်ပေးလိမ့်မယ်။ ကိုယ့်မှာ လူဆိုးကို လူကောင်းဖြစ်အောင်ထုတ်လုပ်တဲ့ စက်ကြီး ကျနေတာပဲ။ အဲတာမျိုးလည်း ခံရတာ ရှိတယ်ကွယ့်။
နောက်တစ်ခါ ရာဇကုမာရ ဆိုတဲ့ ဝတ္ထုရေးသေးတယ်။ အဲဒီမှာလည်း ဝိုင်းပြောကြတယ်။ ဒါပေမယ့် စိတ်က အခုထိ လိပ်ပြာသန့်တယ်။ အခုထက်ထိလည်း ဒီအလင်္ကာဒီပချစ်သူ စာအုပ်က ၁၉၇၀ ကတည်းဆိုတော့ နှစ်ပေါင်း ၃၈/၃၉ နှစ် ရှိသွားပြီ။ နှစ်ပေါင်း ၄၀လောက်ရှိသွားပြီ ကိုယ်စာရေးသက်တမ်းတောင် ၃၉ နှစ် ရှိသွားပြီ။ ဆိုတော့ အခုထိအောင် ဒီဝတ္ထုနဲ့ ပတ်သက်လို့ နောင်တ မရဘူး။ နောင်တဆိုတာက ငါအဲဒီလို လုပ်ခဲ့ရမှာ မလုပ်လိုက်မိလေခြင်း၊ ငါအဲဒီတုန်းက မလုပ်ရမှာ ဘာကြောင့်ငါလုပ်ဖြစ်သွားလဲ မသိဘူး။ အဲတာမှ နောင်တ။ ကိုယ်က အခုထိ ဒီဝတ္ထုနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို စာရေးဆရာတစ်ယောက်အနေနဲ့ လိပ်ပြာသန့်စွာ ရေးခဲ့တဲ့ အတွက် ဒီအပေါ်မှာ clear concepts ဖြစ်တယ်။ ဖြစ်တဲ့ အတွက် ဘယ်သူဘာပြောပြော ဘာမှ မဖြစ်ဘူး။ စိတ်ထဲမှာ မတုန်လှုပ်သွားဘူး။ ပြောတဲ့သူကိုလည်း တစ်ချိန်ကျ သိသွားမှာပါလေ။ မသိတော့လည်း သူစိတ်နဲ့သူ သွားတော့ပေါ့လေ ဘယ်တတ်နိုင်မလဲ။ စိတ်ထဲအဲလိုပဲ ထားလိုက်တယ်။ စိတ်လည်း မဆိုးပါဘူး။ ဒီအပေါ်မှာလည်း နာကျင်သွားတာ မရှိပါဘူး။
ဆရာ ဒါဆိုရင် ဆရာ့ဘဝမှာ အောင်မြင်မှု တစ်ခုကို ရဖို့အတွက်ကို သူများတွေနဲ့ မတူညီတဲ့ လမ်းကြောင်းကလည်း လျောက်ခဲ့ ပြီးပြီ ဝေဖန်မှုတွေလည်း ခံခဲ့ပြီ။ အားပေးမှုတွေလည်း ခံခဲ့ပြီဆိုတော့ လောကဓံတွေကို ဆရာ အများကြီး ခံခဲ့ရတာပေါ့နော်။ အဲဒီလိုမျိုး လောကဓံ အနိမ့်အမြင့်တွေ ကြံုတဲ့ အခါမှာ ဆရာ့စိတ်ကို ဘယ်လိုမျိုး အားမွေးပြီးတော့ ရှေ့ဆက်ခဲ့လဲ အောင်မြင်မှု တစ်ခု ရဖို့ အတွက်ပေါ့နော်။
အဲဒီမေးခွန်းလေး မေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဝမ်းသာတယ်။ ကြော်ငြာထိုးခွင့်လည်း ရသွားတယ်။ လောကဓံနှင့် လမ်းလျောက်အတူထွက်ခြင်းဆိုပြီးတော့ စာအုပ်ကလေး ထွက်ထားတာ ရှိတယ်။ အကြိမ်ကြိမ် ရိုက်နေတာ ပြီးရင် လက်ဆောင်လေး ပေးလိုက်မယ်နော်။ လောကဓံဆိိုတာက လောက ဓမ္မ။ လောကြီးမှာ ဖြစ်တတ်ပျက်တတ်တဲ့့ သဘောတရား မြတ်စွာဘုရားတောင် မရှောင်နိုင်ဘူး။ ဘယ်သူမှ ရှောင်လွဲလို့မရဘူး။ လောက ဓမ္မမှာ အကောင်းလေးမျိုး အဆိုးလေးမျိုး ဒါပဲ ရှိတယ်။ ယသော၊ အယသော၊ လာဘော၊ အလာဘော၊ နိန္နံ မသန္နံ၊ သုခံ၊ ဒုက္ခံ။ နာမည်ကြီးခြင်း နာမည်ပျက်ခြင်းပေါ့။ နောက်တစ်ခါ အချွေအရံများခြင်း၊ အချွေအရံမရှိခြင်း၊ နောက်တစ်ခါ ဝင်ငွေများခြင်း၊ ဝင်ငွေနည်းခြင်းပေါ့ ၊ နောက်တစ်ခါ ချမ်းသာများခြင်း၊ ချမ်းသာမရှိခြင်းပေါ့။ လောကဓံတရား ရှစ်ပါးရှိတယ်။ အကောင်းလေးပါး၊ အဆိုးလေးပါး။
အဲဒီအပေါ်မှာ များသောအားဖြင့် ဖြစ်တတ်တာက ပုထုဇဉ်် သဘာဝ အကောင်းလေးပါနဲ့ တွေ့တဲ့ အခါမှာ ပစ္စည်းဥစ္စာတွေရတယ် လဒ်တွေရတယ်။ အချွေရံတွေများတယ်။ ချမ်းသာမှုနဲ့တွေ့တဲ့အခါမှာ တစ်ခါတည်း လူူကအဲလိုဖြစ်သွားတယ်။ အဆိုုးလေးပါးနဲ့တွေ့တဲ့အခါမှာ လူတွေက စိုက်ဆင်းသွားတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ အဆိုး (၄) ပါးနဲ့ကြံုတဲ့အခါမှာ တောင့်ခံတယ်။ တစ်ချို့ကျတော့ အကောင်း (၄ )ပါးနဲ့ ကြံုတဲ့အခါမှာ မြောက်တက်သွားတယ်။ အမျိုးမျိုးပေါ့ လောကဓံနဲ့ ပါတ်သက်ပြီး အဲလို ဖြစ်နေတာ။ အဲတော့ အရေးကြီးတာက ယောနိသော မနသီကာရ ခေါ်တာပေါ့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း ဘယ်အရာကိုမဆို တစ်ဆုံးတစ်စမဟုတ်ဘဲနဲ့ လျောက်ပတ်စွာ သင့်တင့်စွာ နှလုံးသွင်းခြင်း အဲဒါယောနိသော မနသာရ ခေါ်တယ်။ အဲစိတ်ကလေးက ဘယ်ကရလိုက်လဲဆိုတော့ ဗုဒ္ဓစာပေတွေ ဖတ်ရင်းနဲ့ ရလာတာ။ ပြီးတော့ အခုနကပြောတဲ့ ဆရာတော်ကြီးများရဲ့ အတ္ထုပ္ပတ္တိ ဖတ်ခြင်းအားဖြင့် ရတယ်။ အော် ဒီလိုခံခဲ့ရတာပဲ။ ဒီလိုဖြတ်သန်းခဲ့တာပဲဆိုတော့ ကိုယ့်မှာ အတက်ပိုင်းရောက်လို့လဲ သိပ်ပြီး မတုန်လှုပ်လိုက်ဘူး။ အကျပိုင်းရောက်လို့လဲ သိပ်ပြီး မတုန်လှုပ်ခဲ့ဘူး ရုတ်တရတ် အငိုက်မိပြီးတော့ ဒိုင်းကနဲ ထိတာပဲနော်။ ဒါပေမယ့် ချက်ချင်းပြန်ပြီးတော့ သတိလေးနဲ့ ပြန်ဆယ်တယ်။
အဲတော့ လောကဓံတရားဆိုတာ တစ်ချို့က ပြောတာက လောကဓံကို စိန်ခေါ်ပြီးတော့ တိုက်ခိုက်မယ်ကွ ဆိုပြီးတော့ ကြွေးကြော်တာ ရှိတယ်။ ကောင်းပါတယ်။ ဒါငယ်ရွယ်သူတွေရဲ့ တက်ကြွတဲ့ဟာ ။ ငါလောကဓံတရားတော့ Sorry ပါကွာဆို မဟုတ်ဘူးလေ။ လောကဓံတရာကို Fight လုပ်ပြီးတော့ သူက Successful ဖြစ်အောင်လုပ်မယ်။ သို့သော် အဲလိုလုပ်လွန်းအားကြီးရင် ဘာဖြစ်တတ်လဲဆိုတော့ ရာဇသင်္ကြန်အမတ်ကြီး ကြံုရသလိုပေါ့။ သစ်ပင်အကြီးတွေက လေတိုက်ရင် ဖြောင်းကနဲ့ ဖြောင်းကနဲ ကျိုးသွားတယ်။ သစ်ပင်ငယ်လေးတွေက ဒီလိုမျိုး ကပ်နေရင် ဘာမှမဖြစ်ဘူး တစ်ခါတလေမှာ သိပ်ကြံကြံခံရင် သိပ်ပြီးတော့ ဆန့်ကျင်ရင် ဖြောင်းကနဲ ကျိုးသွားတတ်တယ်။ ဒါပေမယ့်နံပြားငပင်လေးတွေလို လေယူရာသိမ်း ယိမ်းနွဲ့ပြီးတော့ ပြီးတော့ သူတို့က ဘာမှ မဖြစ်ဘူးကွာ အဲတာကျတော့လည်း သူတို့က ချောင်သမား ဆန်လွန်းတယ်။ ပျော့ညံလွန်းအားကြီးတယ်။ ဒီနှစ်ခုကြားမှာ ရပ်တည်နိုင်ဖို့က ဘယ်လိုစိတ်သွင်းလဲ ဆိုတော့ လောကဓံတရားဆိုတာ စိန်ခေါ်ပြီး တိုက်ခိုက်ရမယ့် အရာလည်း မဟုတ်ဘူး။ အမလေး ကြောက်စရာကြီးဗျာဆိုပြီးတော့လည်း အရှုံးပေးရမယ့် အရာမဟုတ်ဘူး။ သူ့ကို လမ်းလျောက်ဖော် လမ်းလျောက်ဖက်လို မိတ်ဆွေလို သဘောထားပြီးတော့ လာခဲ့ အတူတူသွားမယ် လောကကြီးထဲနေတဲ့ငါ လောကဓံတရားနဲ့တွေ့ရမှာပဲ မင်းတက်မလားတက် ဆုတ်မလားဆုတ် မင်းအလုပ် မင်းလုပ် ငါလည်းပါတယ်။ ကဲသွားကြစို့၊ တက်ကြစို့ ၊ ကျကြစို့။ အဲသလိုမျိုး လောကဓံနှင့်လမ်းလျောက်အတူထွက်ခြင်းဆိုပြီးတော့ စာအုပ်ကလေး ထွက်ထားတယ်။ အဲလိုလေးနဲ့ ကျင့်သုံးတယ်။
ဥပမာလေး တစ်ခု အဲထဲမှာ ပါတာလေး ပြောပြမယ်နော်။ ရှားလော့ဟုမ်းပေါ့ စုံထောက်ဦးစံရှားပေါ့နော်။ သူကအင်မတန်လေးနက်တဲ့ ကြီးကျယ်တဲ့ အမှုကြီးတွေ လိုက်ပြီးပေါ်သွားပြီ အဲဒီအပေါ် သူက ငါကွဆိုပြီး မရှိဘူး။ ဘာလို့လဲ မောင်စံရှားထဲလည်း ပါတယ်။ ရှားလော့ဟုမ်းထဲလည်း ပါတယ်။ အဲဒါကြီးပြီးသွားရင် ဒါကြီးနဲ့ ပတ်သက်ပြီး ဂုဏ်ယူချင်တဲ့ အင်စပက်တာတို့ အော်ဖစ်ဆာတို့က သူတို့မှာ ပျာယာခတ်နေတာ ထောက်ခံစာတို့ တံဆိပ် တွေ ရချင်လို့ ဒါကြီး ဘယ်လိုလုပ်ပါတယ်။ ဦးစံရှားက သူကိုယ်တိုင် ဖြေရှင်းပေးတာ။ ဘာမှ ဂရုမစိုက်ဘူး။ ကဲပြီးသွားပြီး ကျုပ်တို့ ဒီညနေ ဘာလေး သွားစားရအောင် ကိုသိန်းမောင်ရေ အဲခေါင်းရင်းက ကျုပ်တယောလေး လှမ်းပေးစမ်းပါဗျာ ကျွန်တော် ပတ်ပျိုးလေး မေ့နေတာ ကျုပ်ထိုးမလို့ ဒါပဲ။ သာသာလေး ဖြတ်သန်းသွားတာ။ ကောင်းရင်လည်း သာသာလေးပဲ။ အောင်မြင်ရင်လည််း သာသာလေးပဲ။ ကျဆုံးရင်လည်း သာသာလေးပဲ။ အဲလိုဖြတ်သန်းရင် လူကနှလုံးရောဂါလည်း မဖြစ်ဘူး။ ပြီးတော့ အင်အားလည်း လျော့မသွားဘူး။ ဒီအတိုင်းပဲ သွားနေတာ အခုအဲလိုလေးနဲ့ ဖြတ်သန်းနေတာပေါ့နော်။
ကျွန်တော်တို့ ဒီMeet the Successful အစီစဉ်ကို ကြည့်နေတဲ့ လူငယ် ပရိတ်သတ်တွေ အတွက်လည်း ပေ့ါနော်။ အောင်မြင်မှုကို ဘဝမှာ ကြိုးစားနေတဲ့ သူတွေ အောင်မြင်မှု ရရှိဖို့အတွက်ကို သူတို့အနေနဲ့ ဘယ်လိုမျိုး စိတ်ထားနဲ့ ကြိုးစားသင့်လဲ ဆိုတာ စကားလက်ဆောင် ပြောပေးဆရာ ။
အင်းပြောပြပေးပါ့မယ်။ အထူးသဖြင့် လူငယ်များပေါ့နော်။ တို့ ထားရမှာ လေးခုရှိတယ်။ အောင်မြင်မှုအတွက်ထားရမှာ ဘာလဲဆိုတော့ ဆန္ဒ။ ဆန္ဒာ အဓိပတိလို့ ခေါ်တယ်။ ငါဖြစ်ကိုယ်ဖြစ်ရမယ် ဒါမဖြစ်လို့ကို မဖြစ်ဘူး။ ငါဒါကို ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးးတော့ ဆန္ဒကို အဓိပတိတပ်ရတယ်။ တစ်ခါတုန်းက ဆိုကရေးတီး မှာ ပညာသင်ချင်တဲ့ ကောင်းလေးတစ်ယောက် ရောက်လာတယ်။ ဂရိတွေးခေါ်ရှင် ပညာသင်ဖို့ ဆိုကရေးတီး က ပင်လယ်ကမ်းစပ် ကို ခေါ်သွားတယ်။ တစ်ဖြေးဖြေး နောက်ကလိုက်ခဲ့ ။ ဟိုကောင်ကလည်း လိုက်တာ ငါ့ပညာတော့ ကောင်းကောင်း သင်ပေးတော့မှာပဲ ဆို ပြီး ရေက ခါးကျော်ကျော်လောက်လဲရောက်တဲ့ အခါမှာ ဆိုကရေးတီးက အဲကောင်လေးကို ခေါင်းကနေ ကိုင်ပြီး ရေထဲမြှုပ်လိုက်တယ်။ အတော်ကြာမှ အပေါ်ကို ဖော်တယ်။ နောက်ဒုတိယ အကြိမ် ပြန်မြှုပ် အမောမပြေသေးဘူး။ နောက်တတိယကြိမ် ပြန်မြှုပ် ဒီတစ်ခါ ဆက်မြှုပ်ထားရင် သေတော့မလောက် အခြေနေ ရောက်သွားပြီ အဲဒီအခါကျမှ အပေါ်ကို ဖော်လိုက်တော့ ဟိုကောင်က ပေါ်လာပြီး မောမောနေ ဆရာကြီး ကျွန်တော့်ကို ဘယ်လိုလုပ်လိုက်တာလဲ ။ ငါမေးမယ် တတိယ အကြိမ် မင်းကို ငါမြှုပ်ထားတုန်းက မင်းစိတ်ထဲမှာ ပေါ်လာတဲ့ အကြီးမားဆုံး ဆန္ဒက ဘာလဲ။ ကျွန်တော် အပေါ်တက်ပြီး လေရှူချင်တာတဲ့။ အဲမှ မရှူရရင် ကျွန်တော်သေမှာ သိတယ်တဲ့။ အေး မင်းပညာလိုချင်တဲ့ ဆန္ဒကလည်း မင်းအဲဒါမှ မရရင် သေမယ်ဆိုတဲ့ စိတ်မျိုးပေါ်လာရင် မင်းငါ့ဆီပြန်လာခဲ့ ရိုးရိုးဆန္ဒနဲ့တော့ မလာနဲ့။
နာမည်ကြီးတဲ့ မင်းသားဖြစ်ချင်လိုက်တာ အဆိုတော် ဖြစ်ချင်လိုက်တာ။ မလုပ်နဲ့ ။ အဲဒါကတော့ ပိုက်ဆံတွေ ရမှာပဲ နာမည်ကြီးမှာပဲ။ အဲလိုတော့ မလုပ်နဲ့ တကယ် ဆန္ဒရှိမှလုပ်။ ဆန္ဒ တကယ်ကြီးမားလာရင် နောက်က ဝီရိယဆိုတာလိုက်လာတယ်။ အားထုတ်လာတယ်။ ကြိုးပမ်းလာတယ်။ တော်ရုံတန်ရုံ ဝီရိယ မဟုတ်ဘူးနော်။ အကြိမ်ကြိမ်လဲ အကြိမ်ကြိမ် ပြန်ထ ဒီဘက်ကမရရင် ဟိုဘက်က အဲလိုပေါ့။ ဆန္ဒာအဓိပတိ။ ဝီရီယအဓိပတိ။ နောက််တစ်ခါ စိတ္တာ အဓိပတိ။ စိတ်ဓာတ်ခွန်အားတွေလည်း တက်လာတယ်။ နောက်ထပ် ဝေမာလာ အဓိပတိခေါ်တယ်။ တွေးခေါ် ဆင်ခြင်မှု အားတွေလည်း တက်လာတယ်။ အဲဒီ အဓိပတိ (၄) ပါးနဲ့ ပြည့်စုံရင် မအောင်မြင်စရာ အကြောင်းမရှိဘူး။
အကျယ်သိချင်ရင် စာတွေ ဖတ်ကြည့်လိုက် စာအုပ်တွေထဲမှာ အများကြီး ပါတယ်။ အကယ်၍ အဲဒီအဓိပတိ (၄) ပါးတက်လို့ ဝီရိယသော်လည်းကောင်း စိတ္တသော်လည်းကောင်း ချို့တဲ့ပြီးတော့ အောင်မြင်မှု မရဘူးထား အခုနကလို စိတ်ထားပြီးတော့ လောကဓံနဲ့ အတူ လမ်းလျောက် အတူထွက်လိုက် အဲတာ စိတ်ဓာတ်ခွန်အား ပြန်ရလိမ့်မယ်။ လူငယ်တွေအတွက် လက်ဆောင်ပေါ့နော်။
- See more at: http://mizzimaburmese.com/article/10159#sthash.FvGfmYQ1.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment