Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 28, 2016

ဦးေဇာ္မ်ိဳးညႊန္႔ကုိ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္

                           

 29 January 2016

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဓာတ္ပံုကို ေျခေထာက္နဲ႔ နင္းထားတဲ့ပံုကို အင္တာနက္ ေဖ့စ္ဘြတ္လူမႈ ကြန္ရက္စာမ်က္ႏွာမွာ ျဖန္႔ေဝတာေၾကာင့္ ဦးေဇာ္မ်ိဳးညႊန္႔ကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)၊ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅ဝ၅ (ခ) တို႔နဲ႔ မရမ္းကုန္းၿမိဳ႕နယ္ တရားရံုးက ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္လိုက္ပါတယ္။


ဆက္သြယ္ေရးပုဒ္မအတြက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၆ လ၊ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မအတြက္ ေထာင္ဒဏ္ ၆ လ စုစုေပါင္း တစ္ႏွစ္ခ်မွတ္ခဲ့တာျဖစ္တယ္လို႔ ဦးေဇာ္မ်ိဳးညႊန္႔ရဲ႕ ေရွ႕ေန ဦးျမင့္သန္းက ေျပာပါတယ္။

"ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)က အလုပ္နဲ႔ ေထာင္ဒဏ္ ၆ လ၊ ျပစ္မႈပုဒ္မ ၅ဝ၅(ခ)ကလည္း အလုပ္နဲ႔ေထာင္ဒဏ္ ၆ လခ်လိုက္ပါတယ္၊ ခ်ဳပ္ရက္ခံစားခြင့္ကေတာ့ ဥပေဒအရကေတာ့ ၁ မႈပဲခ်ဳပ္ရက္ ထုတ္ႏႈတ္ခံစားခြင့္ေပးတာေပါ့ေနာ္၊ အခုဟာက ၆ လစီဆိုေတာ့ သီျခားအေနနဲ႔ ၁ ႏွစ္က်ခံရမယ့္ သေဘာပါခင္ဗ်၊ ရံုးေတာ္ကေတာ့ ျပစ္မႈထင္ရွားေတြ႔ရွိတယ္လို႔ သံုးသပ္ၿပီးေတာ့ အခုလိုအျပစ္ေပး လိုက္တာေပါ့ေနာ္"

အဲဲ့ဒီပံုကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာ ၃ဝ ရက္ေန႔က ေဖ့စ္ဘြတ္မွာ တင္ခဲ့တဲ့အတြက္ ဦးေဇာ္မ်ိဳးညြန္႔ကို ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ ဒုတိယဗို္လ္မွဴးႀကီး စိုးဝင္းေမာ္က တရားလိုလုပ္ တုိင္ၾကားတာျဖစ္ၿပီး ေအာက္တုိဘာလက ဖမ္းဆီးခဲ့ တာျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဓာတ္ပံုကိုျပဳျပင္ၿပီး ေဖ့စ္ဘြတ္မွာတင္ခဲ့တာေၾကာင့္ ဧရာဝတီတုိင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္က ခ်စ္သမီးေခၚ ေခ်ာစႏၵီထြန္း၊ ရန္ကုန္တုိင္းေဒသႀကီး လိႈင္ၿမိဳ႕နယ္က ဦးပက္ထရစ္ခြန္ဂ်ာလီတုိ႔ကို ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆ ( ဃ) န႔ဲ သက္ဆုိင္ရာတရားရံုးေတြက ေထာင္ဒဏ္ ၆ လ စီ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................................

ဦးဇော်မျိုးညွှန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်
29 January 2016 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံကို အင်တာနက် ဖေ့စ်ဘွတ်လူမှု ကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေတာကြောင့် ဦးဇော်မျိုးညွှန့်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ပါတယ်။

ဆက်သွယ်ရေးပုဒ်မအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မအတွက် ထောင်ဒဏ် ၆ လ စုစုပေါင်း တစ်နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဦးဇော်မျိုးညွှန့်ရဲ့ ရှေ့နေ ဦးမြင့်သန်းက ပြောပါတယ်။

"ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)က အလုပ်နဲ့ ထောင်ဒဏ် ၆ လ၊ ပြစ်မှုပုဒ်မ ၅ဝ၅(ခ)ကလည်း အလုပ်နဲ့ထောင်ဒဏ် ၆ လချလိုက်ပါတယ်၊ ချုပ်ရက်ခံစားခွင့်ကတော့ ဥပဒေအရကတော့ ၁ မှုပဲချုပ်ရက် ထုတ်နှုတ်ခံစားခွင့်ပေးတာပေါ့နော်၊ အခုဟာက ၆ လစီဆိုတော့ သီခြားအနေနဲ့ ၁ နှစ်ကျခံရမယ့် သဘောပါခင်ဗျ၊ ရုံးတော်ကတော့ ပြစ်မှုထင်ရှားတွေ့ရှိတယ်လို့ သုံးသပ်ပြီးတော့ အခုလိုအပြစ်ပေး လိုက်တာပေါ့နော်"

အဲဲ့ဒီပုံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ဝ ရက်နေ့က ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့အတွက် ဦးဇော်မျိုးညွန့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗို်လ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ် တိုင်ကြားတာဖြစ်ပြီး အောက်တိုဘာလက ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုပြုပြင်ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ချစ်သမီးခေါ် ချောစန္ဒီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က ဦးပက်ထရစ်ခွန်ဂျာလီတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ( ဃ) နဲ့ သက်ဆိုင်ရာတရားရုံးတွေက ထောင်ဒဏ် ၆ လ စီ အမိန့်ချမှတ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment