Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 21, 2016

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရသစ္ လက္ထက္တြင္ မေလးရွား ေရာက္ ေရြ႕ေျပာင္း ျမန္မာ လုပ္သားမ်ား ျပည္ေတာ္ျပန္ၾက ရန္ စီစဥ္ေနၾကၿပီ

မေလးရွားေရာက္ ျမန္မာ ေရြ႕ေျပာင္းလုပ္သားမ်ား အေနျဖင့္ ေနာက္တက္လာမည့္ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရသစ္လက္ထက္တြင္ ျမန္မာျပည္သို႕ ျပည္ေတာ္ျပန္ရန္ ျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံ ရွိ ႏွလံုးလွ ပရဟိတ လူငယ္ေသြးလွဴရွင္ အဖြဲ႕မွ ဘ႑ာေရးမွဴး ဦးေအာ္စကာ က News Watch ဂ်ာနယ္သို႕ေျပာသည္။

“မေလးရွား ေရာက္ေနတဲ့ ျမန္မာ ေရြ႕ေျပာင္း အလုပ္သမားေတြ ေတာ္ေတာ္မ်ားမ်ား က ျပန္လာဖို႕ စီစဥ္ေနၾကၿပီ။ ေတာ္ေတာ္မ်ားမ်ားလည္း ျပန္ေရာက္ေနပါၿပီ။အားလံုးကေတာ့ ကိုယ့္ေျမမွာလည္း တုိင္းျပည္ အေျပာင္းအလဲေတြ ျဖစ္ေနၿပီ ဘာပဲေျပာေျပာ ကိုယ္ႏိုင္ငံကိုယ္ေတာ့ ယံုၾကည္ၾကပါတယ္။

ဒီေငြ ေလာက္ကလည္း ဗမာျပည္မွာ ရွာလို႕ရေနပါၿပီ။ ကြ်န္ေတာ္တို႕ ထြက္သြားတဲ့ အရင္ကာလ အခ်ိန္အခါက တစ္မ်ိဳးေပါ့။အခုခ်ိန္မွာ အရင္လို႕မဟုတ္ေတာ့ဘူး။

မေလးရွားမွာ ျဖစ္ေနတဲ့ ေရြ႕ေျပာင္းလုပ္သားေတြ ရဲ႕ အခက္အခဲအားလံုးကို ေနာက္တက္လာမဲ့ အစိုးရသစ္က ေဒၚေအာင္ဆန္းစုၾကည္ ေပ့ါ။ သူမ အမ်ားႀကီး ကူညီႏိုင္လိမ့္မယ္လို႕ယံုၾကည္တယ္။” ဟု ၄င္းကဆုိသည္။

မေလးရွားႏိုင္ငံတြင္ ျဖစ္ပြားလွ်က္ရွိေသာ ျမန္မာေရြ႕ေျပာင္းအလုပ္သမား မ်ား၏ အခက္အခဲမ်ား အား မၾကာခဏ လာေရာက္ ေဆြးေႏြး ေဟာေျပာ လွ်က္ရွိသည့္ ၈၈ ၿငိမ္းပြင့္မွ ကိုမင္းကိုႏိုင္၊ ကိုေဂ်မီ၊ ဦးကိုကိုႀကီး ႏွင့္ စာေရးဆရာ၊ ဆရာမ မ်ားမွာ အသိဆံုးျဖစ္ၿပီး ၄င္းတို႕အေနျဖင့္ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အား ေျပာျပထားရွိၿပီးျဖစ္သည့္အတြက္ မေလးရွားေရာက္ ျမန္မာ ေရြ႕ေျပာင္းအလုပ္သမားမ်ား အခက္အခဲမ်ားအတြက္ သူမ အား အျပည့္အ၀ ယံုၾကည္ေၾကာင္း ၄င္းကဆုိသည္။

“မေလးရွားမွာ ျဖစ္ေနတဲ့ အခက္အခဲအားလံုးကို ေနာက္ အစိုးရသစ္ တက္ခဲ့လို႕ရွိရင္ ေျဖရွင္းေပးႏုိင္မယ္လို႕ယံုၾကည္တယ္။ျဖစ္လည္း ျဖစ္လာမွာပါ။ မင္းကိုႏိုင္တို႕ ကိုဂ်င္မီတုိ႕ ကိုကိုႀကီး တုိ႕ ေဟာေျပာပြဲေတြ အၿမဲတမ္းလာတယ္။ ကိုယ္တို႕ပဲေခၚတာ။စာေရးဆရာေတြ ေဟာေျပာပြဲေတြ လုပ္ေပးတယ္။

သူတို႕အားလံုးက ဒီေရြ႕ေျပာင္းအလုပ္သမားေတြရဲ႕ အခက္အခ ဲေတြကို အားလံုး ေျပာျပထားတာျဖစ္တဲ့အတြက္ေၾကာင့္မို႕ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႕ ကူညီလိမ့္လို႕ ယံုၾကည္ပါတယ္။” ဟု ၄င္းကေျပာသည္။
မေလးရွားေရာက္ ျမန္မာ ေရြ႕ေျပာင္းအလုပ္သမားမ်ားသည္ ယခင္ႏွင့္ မတူဘဲ ျမန္မာလုပ္သားမ်ားအေပၚတြင္ တင္းၾကပ္မႈမ်ား ပို၍ရွိလာေၾကာင္း ၊ခြင့္ျပဳေၾကးမ်ား ျမင့္တက္လာေၾကာင္း ႏွင့္ ထိုင္းႏိုင္ငံတြင္ လက္ရွိ ရင္ဆိုင္ေနရသည့္ ျမန္မာေရြ႕ေျပာင္းလုပ္သားမ်ားကဲ့သုိ႕ မျဖစ္ေစရန္လည္း အဆုိပါ မေလးရွားႏိုင္ငံ ရွိ ႏွလံုးလွ ပရဟိတ လူငယ္ေသြးလွဴရွင္ အဖြဲ႕မွ ေဆာင္ရြက္လွ်က္ရွိေၾကာင္းသိရသည္။

“မေလးရွားရဲ႕ ၿမိဳ႕နယ္ေတြ ရပ္ကြက္ ေတြမွာ အသင္းသားေတြ အမ်ားႀကီးရွိတယ္။ နီးစပ္တဲ့ ပရဟိတ အသင္းျဖစ္ေစ ။ဘုန္းႀကီးေက်ာင္းျဖစ္ေစ။ဒီေနရာေတြမွာ သြားၿပီး ေတြ႕ဆံုပြဲ ေဆြးေႏြးပြဲေတြ လုပ္တယ္။အသင္းသားေတြနဲ႕ ေဆာင္ဖို႕ ေရွာင္ဖို႕ ၊ဘယ္လို ၀တ္စားဆင္ယင္ရမယ္။ အျပင္သြားရင္ ဖုန္းကဒ္ေတြ ျဖည့္ထားရမယ္။ အေရးအေၾကာင္းရွိရင္ ကိုယ့္လူ ကိုယ္ဆက္သြယ္ရမယ္။

သြားလို႕ရွိရင္ ႏွစ္ေယာက္မသြားရဘူး။ ၿပီးေတာ့ ကြမ္းစားမသြားရဘူး။ကတိပါ ဖိနပ္ေတြ စီးၿပီး မသြားရဘူး။အဲ့ဒါေတြကို သတိေပးခ်က္ေတြ ေဟာေျပာပြဲေတြ လုပ္ပါတယ္။” ဟု ဦးေအာ္စကာ ကဆိုသည္။

မေလးရွားႏိုင္ငံ ရွိ အဆုိပါ ႏွလံုးလွ ပရဟိတ လူငယ္ေသြးလွဴရွင္ အဖြဲ႕ အား ၂၀၁၂ခုႏွစ္တြင္စတင္ဖြဲ႕စည္းခဲ့ၿပီးမေလးရွားေရာက္ ျမန္မာႏိုင္ငံ ေရြ႕ေျပာင္းလုပ္သားမ်ား ၏ ရင္ဆိုင္ ေတြ႕ႀကံဳ ရသည့္ အခက္အခဲမ်ားအား ကူညီ ရန္ျဖစ္ၿပီး လက္ရွိ အခ်ိန္အထိ ေသြးလွဴသည့္ ပရဟိတ အျပင္ နာေရး ပါလိုက္ပါေဆာင္ရြက္လွ်က္ရွိၿပီး လက္ရွိအထိ အေလာင္း ၉၀ ေက်ာ္ အခမဲ့ ကူညီ ေဆာင္ရြက္ခဲ့ၿပီျဖစ္ၿပီး အဖြဲ႕သည္ ကြာလာလမ္ပူ ၿမိဳ႕ ၊ ျမန္မာဆိုင္တန္းမ်ားအနီးတြင္ ရံုးခန္းတည္ရွိၿပီး
ဖုန္းနံပါတ္ ၀၃၂၀၂၂၁၂၄၅ သို႕ ၂၄ နာရီ အခ်ိန္မေရြးဆက္သြယ္အကူညီေတာင္းခံႏိုင္ေၾကာင္းသိရသည္။

ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
..................
ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ် လက်ထက်တွင် မလေးရှား ရောက် ရွေ့ပြောင်း မြန်မာ လုပ်သားများ
ပြည်တော်ပြန်ကြ ရန် စီစဉ်နေကြပြီ
=====================
မလေးရှားရောက် မြန်မာ ရွေ့ပြောင်းလုပ်သားများ အနေဖြင့် နောက်တက်လာမည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်လက်ထက်တွင် မြန်မာပြည်သို့ ပြည်တော်ပြန်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ ရှိ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးအော်စကာ က News Watch ဂျာနယ်သို့ပြောသည်။

“မလေးရှား ရောက်နေတဲ့ မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေ တော်တော်များများ က ပြန်လာဖို့ စီစဉ်နေကြပြီ။ တော်တော်များများလည်း ပြန်ရောက်နေပါပြီ။အားလုံးကတော့ ကိုယ့်မြေမှာလည်း တိုင်းပြည် အပြောင်းအလဲတွေ ဖြစ်နေပြီ ဘာပဲပြောပြော ကိုယ်နိုင်ငံကိုယ်တော့ ယုံကြည်ကြပါတယ်။

ဒီငွေ လောက်ကလည်း ဗမာပြည်မှာ ရှာလို့ရနေပါပြီ။ ကျွန်တော်တို့ ထွက်သွားတဲ့ အရင်ကာလ အချိန်အခါက တစ်မျိုးပေါ့။အခုချိန်မှာ အရင်လို့မဟုတ်တော့ဘူး။

မလေးရှားမှာ ဖြစ်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေ ရဲ့ အခက်အခဲအားလုံးကို နောက်တက်လာမဲ့ အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည် ပေ့ါ။ သူမ အများကြီး ကူညီနိုင်လိမ့်မယ်လို့ယုံကြည်တယ်။” ဟု ၄င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော မြန်မာရွေ့ပြောင်းအလုပ်သမား များ၏ အခက်အခဲများ အား မကြာခဏ လာရောက် ဆွေးနွေး ဟောပြော လျှက်ရှိသည့် ၈၈ ငြိမ်းပွင့်မှ ကိုမင်းကိုနိုင်၊ ကိုဂျေမီ၊ ဦးကိုကိုကြီး နှင့် စာရေးဆရာ၊ ဆရာမ များမှာ အသိဆုံးဖြစ်ပြီး ၄င်းတို့အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြောပြထားရှိပြီးဖြစ်သည့်အတွက် မလေးရှားရောက် မြန်မာ ရွေ့ပြောင်းအလုပ်သမားများ အခက်အခဲများအတွက် သူမ အား အပြည့်အဝ ယုံကြည်ကြောင်း ၄င်းကဆိုသည်။

“မလေးရှားမှာ ဖြစ်နေတဲ့ အခက်အခဲအားလုံးကို နောက် အစိုးရသစ် တက်ခဲ့လို့ရှိရင် ဖြေရှင်းပေးနိုင်မယ်လို့ယုံကြည်တယ်။ဖြစ်လည်း ဖြစ်လာမှာပါ။ မင်းကိုနိုင်တို့ ကိုဂျင်မီတို့ ကိုကိုကြီး တို့ ဟောပြောပွဲတွေ အမြဲတမ်းလာတယ်။ ကိုယ်တို့ပဲခေါ်တာ။စာရေးဆရာတွေ ဟောပြောပွဲတွေ လုပ်ပေးတယ်။

သူတို့အားလုံးက ဒီရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခ ဲတွေကို အားလုံး ပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကူညီလိမ့်လို့ ယုံကြည်ပါတယ်။” ဟု ၄င်းကပြောသည်။
မလေးရှားရောက် မြန်မာ ရွေ့ပြောင်းအလုပ်သမားများသည် ယခင်နှင့် မတူဘဲ မြန်မာလုပ်သားများအပေါ်တွင် တင်းကြပ်မှုများ ပို၍ရှိလာကြောင်း ၊ခွင့်ပြုကြေးများ မြင့်တက်လာကြောင်း နှင့် ထိုင်းနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် မြန်မာရွေ့ပြောင်းလုပ်သားများကဲ့သို့ မဖြစ်စေရန်လည်း အဆိုပါ မလေးရှားနိုင်ငံ ရှိ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့မှ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“မလေးရှားရဲ့ မြို့နယ်တွေ ရပ်ကွက် တွေမှာ အသင်းသားတွေ အများကြီးရှိတယ်။ နီးစပ်တဲ့ ပရဟိတ အသင်းဖြစ်စေ ။ဘုန်းကြီးကျောင်းဖြစ်စေ။ဒီနေရာတွေမှာ သွားပြီး တွေ့ဆုံပွဲ ဆွေးနွေးပွဲတွေ လုပ်တယ်။အသင်းသားတွေနဲ့ ဆောင်ဖို့ ရှောင်ဖို့ ၊ဘယ်လို ၀တ်စားဆင်ယင်ရမယ်။ အပြင်သွားရင် ဖုန်းကဒ်တွေ ဖြည့်ထားရမယ်။ အရေးအကြောင်းရှိရင် ကိုယ့်လူ ကိုယ်ဆက်သွယ်ရမယ်။

သွားလို့ရှိရင် နှစ်ယောက်မသွားရဘူး။ ပြီးတော့ ကွမ်းစားမသွားရဘူး။ကတိပါ ဖိနပ်တွေ စီးပြီး မသွားရဘူး။အဲ့ဒါတွေကို သတိပေးချက်တွေ ဟောပြောပွဲတွေ လုပ်ပါတယ်။” ဟု ဦးအော်စကာ ကဆိုသည်။

မလေးရှားနိုင်ငံ ရှိ အဆိုပါ နှလုံးလှ ပရဟိတ လူငယ်သွေးလှူရှင် အဖွဲ့ အား ၂၀၁၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးမလေးရှားရောက် မြန်မာနိုင်ငံ ရွေ့ပြောင်းလုပ်သားများ ၏ ရင်ဆိုင် တွေ့ကြုံ ရသည့် အခက်အခဲများအား ကူညီ ရန်ဖြစ်ပြီး လက်ရှိ အချိန်အထိ သွေးလှူသည့် ပရဟိတ အပြင် နာရေး ပါလိုက်ပါဆောင်ရွက်လျှက်ရှိပြီး လက်ရှိအထိ အလောင်း ၉၀ ကျော် အခမဲ့ ကူညီ ဆောင်ရွက်ခဲ့ပြီဖြစ်ပြီး အဖွဲ့သည် ကွာလာလမ်ပူ မြို့ ၊ မြန်မာဆိုင်တန်းများအနီးတွင် ရုံးခန်းတည်ရှိပြီး
ဖုန်းနံပါတ် ၀၃၂၀၂၂၁၂၄၅ သို့ ၂၄ နာရီ အချိန်မရွေးဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်းသိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment