Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ဘဝ၏အဆိုးဆံုးေန ့ရက္မ်ား

ဘဝ၏အဆိုးဆံုးေန ့ရက္မ်ား(၁)
ေသခ်င္ေစာနံတယ္ … ဆိုသည့္စကားကိုၾကားဘူးၾကေသာ္လည္းအဓိပၸါယ္ကိုေကာင္း စြာနားမလည္ၾကေခ်၊ အင္းစိန္ GTI စစ္ေၾကာေရးစခန္းေရာက္မွဘဲ ေသခ်င္ေစာ္နံ တယ္ဆိုတာကို နဖူးေတြ႕၊ဒူးေတြ႕
ကိုယ္ေတြ႕ႀကံဳရပါေတာ့တယ္။
အက်ဥ္းခ်ံဳးေျပာရ လွ်င္ မဂၢင္ေက်ာင္းမွ ဖမ္းဆီးေခၚေဆာင္သြားၿပီး အင္းစိန္ GTI ကို ည ၂နာရီေက်ာ္
 ေလာက္မွာေရာက္ပါတယ္။ သံုးနာရီးခဲြေလာက္မွာ ဆရာေတာ္ႀကီးေတြဖူးဘို႔လာ ေခၚေတာ့ ရန္ကုန္တိုင္းသံဃာ့နာယက အတြင္းေရးမွဴးေရာက္ေနပါတယ္။ အားလံုးလူ ဝတ္လဲေပးၾကပါဟုမိန္႔ၾကားၿပီး တိုင္း
သာသနာေရးဦးစီးမွဴးႏွင့္အဖဲြ႕ကဖိအာေပးကာလူ ဝတ္လဲလိုက္ၾကရပါတယ္။ ျပန္ထြက္လာသည္ႏွင့္
တပ္မ ၆၆ မွပုခံုးေပၚသံုးေစ့တင္ထား သူက မေအ - ေတြ၊ေခါင္းေပၚလက္တင္ထား။ ေခါင္းငံုထား
မင္းတို႔ဘုန္းႀကီးမဟုတ္ ေတာ့ဘူးနားလည္လား။ အကုန္ေသာက္ခြက္ျဖတ္ရိုက္ျပစ္မယ္ - ဟုစတင္ေစာ္ကားပါ ေတာ့တယ္။

ဒါထားေတာ့ ေနာက္ေန႔စစ္ေၾကာေရးမွွာ လမ္း ၅၀ ယာဥ္ထိန္းရံုးမွ ပုခံုး ေပၚတစ္ေစ့နဲ႔ေကာင္က “ မေအ - ဘုန္းႀကီးေတြ၊ ဗမာႏိုင္ငံမွာကိုးကြယ္စရာဘာသာ အမ်ားႀကီးရွိတယ္။ မင္းတို႔သပိတ္ေမွာက္လဲ - ီး ဘဲ”
ဆိုၿပီးထပ္မံေစာ္ကားပါတယ္။ မိ မိအေနျဖင့္သာသနာကို အထိပါးမခံႏိုင္သျဖင့္ မင္းတို႔ သပိတ္ေမွာက္တဲ့သံဃာေတြ မင္းတို႔လက္ထဲမွာႀကိဳက္သလိုလုပ္ႏိုင္တယ္။ ဘုရားသာသနာကို ထိပါးစရာမလုိဘူး ဟုေျပာေန
တုန္း မ်က္ႏွာေပၚျဖန္းကနဲ႔ အရိုက္ခံလိုက္ရၿပီးခံုေပၚမွလိမ့္က်သြားပါတယ္။ ေနာက္လက္ထိပ္ေနာက္ျပန္ခတ္ ဒူးေထာက္ခိုင္းကာ ရဲႏွစ္ေယာက္ မ်က္ႏွာကိုဝိုင္း ကန္ပါတယ္။ ေရွ႕သြား ၂ ေခ်ာင္း အင္းစိန္ GTI မွာထားခဲ့ရပါေတာ့တယ္။ ေနာက္စာ သင္ေဆာင္အခန္းေလးထဲမွာလူ ၃၀၀ ေက်ာ္ ေရမခ်ိဳးရဘဲ ေနရေတာ့ နံလိုက္တဲ့အနံ႔ အပူေငြ႕ေတြဟာေလွာင္ပိတ္ၿပီး အၿမဲလို အန္ခ်င္စိတ္ေပါက္ေနရပါတယ္။ အဆိုးဆံုး က ဆီးအျပင္မွာ သြားခြင့္မရဘဲ အခန္းေထာင့္မွာေပါက္ၾကရေတာ့ ေသးအိုင္ဟာတ ျဖည္းျဖည္းႀကီးလာၿပီး သဲနဲ႔တမံတုတ္ကာထားရပါတယ္။ ေသးကာတာ ေဆာက္ထား ရတာေပါ့။ ၾကာေတာ့ အခန္္းရဲ႕ငါးပံု ပံု တစ္ပံုဟာ ေသးကာတာ ျဖစ္ေနပါေရာ့လား။ အေရးထဲ စိတ္မႏွ႔ံသူတစ္ဦးက ေသးအိုင္ထဲ ဒိုင္ပင္ျပစ္လိုက္လို႔ ေသးကာတာက်ိဳးပါ ေလေရာ၊အိပ္ဘို႔ေနေနသာသာ ထိုင္စရာေနရာမရွိလို႔ အားလံုးမတ္တပ္ရပ္ေနၾကရပါ ေတာ့တယ္။
ဒီမွာတင္စစ္သားသံုးေယာက္ဝင္လာၿပီး ဒီမွာေပ်ာ္လို႔လာေနၾကတာ တစ္ ေယာက္မွမပါဘူးကြ လို႔ေျပာၿပီး.
စိတ္မႏွ႔ံသူကို ဝိုင္းထိုးႀကိတ္ ကန္လိုက္ၾကတာေနာက္ ၃နာရီေလာက္အႀကာမွာ အဲဒီစိတ္မေကာင္းတဲ့သူ
အခန္းထဲမွာေသသြားပါတယ္။ အ ထဲမွာရွိတဲ့သံဃာေတာ္ေတြကဘဲ သရဏဂုဏ္တင္ေပးလိုက္ရပါတယ္။
 ေနာက္အင္း စိန္ေထာင္ေရာက္ေတာ့သတင္းစာရွင္းလင္းပဲြမွာ ရဲခ်ဳပ္ခင္ရီက အျပင္ကပါလာတဲ့
 ေရာဂါနဲ႔ေသတာပါလို႔ AP သတင္းဌာနက ေဒၚေအးေအးဝင္းေမးတာကို ျပန္လည္ ေျဖ ၾကားသြားတာကို နားေထာင္လိုက္ရပါေသးတယ္။
(ဆက္ရန္)
ဘဝ၏အဆိုးဆံုးေနရရက္မ်ား(၂)
©©©©©©©©©©©©©©

အင္းစိန္GTI စစ္ေၾကာေရးစခန္းေရာက္သည့္ ၂၇ရက္ေန႔ႏွင့္၂၈ရက္(၂)ရက္လံုး၊ထ မင္းမစားရ၊ဘာမွလည္းမေကၽြး၊ ေရလည္းမတိုက္ပါ။ မနက္ပိုင္းမ်က္ႏွာသစ္ အိမ္သာ တက္ခ်ိန္တြင္ အုတ္ကန္မွ ေရကိုတစ္ေန႔စာအဝေသာက္ခဲ့ၾကရပါသည္။ ဗိုက္ဆာလြန္္း မကစာေတာ့ အေစာင့္စစ္သားမ်ားကိုေတာင္းပန္ၿပီးစားစရာဝယ္ခိုင္းၾကရပါသည္။ အ နားရွိေစ်းွဆိုင္မွ ကေလးမုန္႔ေလးမ်ားသာဝယ္ရၾကပါသည္။ ပိုတာခင္ဗ်ားယူလိုက္ဆို ျခင္းက သင္ေပးသလိုျဖစ္သြားၿပီး ေဆးေပါ့လိပ္သံုးလိပ္ကို တစ္ေထာင္၊ ၂၀၀ တန္မုန္႔ တစ္ထုပ္လည္းတစ္ေထာင္၊ ဘာဝယ္ဝယ္ တစ္ေထာင္သည္ၾကမ္းခင္းေဈးျဖစ္သြား ေတာ့သည္။
 ေအာက္လက္ငယ္သားစစ္သားမ်ားကသာ လုပ္သည္မဟုတ္၊ သံုးေစ့ႏွင့္ ဗိုလ္ႀကီးဆိုသူကလည္း ဖမ္းဆီးခံ ကားပဲြစားမ်ားထံမွာ ေငြမ်ားသိန္းႏွင့္ခ်ီကာ ေပ်ာက္ မွာစိုး၍သိမ္းသည္ဆိုၿပီးအေပ်ာက္ရိုက္ၾကသည္။
ပတ္ထားေသာ နာရီေကာင္းမ်ားကို လည္းခၽြတ္ယူၾကသည္။ ဝယ္စားစရာမရွိေတာ့၍ ျပန္ေတာင္းေသာအခါ တပ္ရင္းမွဴး ကိုယ္တိုင္က အဆိုပါရဲေဘာ္မ်ားမွာ အေရးေပၚတပ္ေျပာင္းသြား၍ပါသြားေၾကာင္း ေနာက္ဆက္သြယ္ရလွ်င္ျပန္ေတာင္းေပးမည္ျဖစ္ေၾကာင္းသာလာေျပာၿပီးဘာမွ လုပ္မ ေပးေခ်။ ထိုကားပဲြစားမ်ား၊ ေငြအသိမ္းခံရသူမ်ားကို အေဆာင္ေျပာင္းခိုင္းလိုက္ၿပီးသ တင္းကိုအေမွာင္ခ်ထားလိုက္ပါေတာ့သည္။
၂၉ ရက္ေန႔တြင္ ထမင္းလက္တစ္ဆုပ္ စာႏွင့္ေဂၚဖီထုတ္ကို လွီးၿပီးေလွာ္ထားေသာ ရိကၡာလာေဝပါသည္။ ေဂၚဖီမွာဆားပင္ မထည့္ထားသျဖင့္ အစိမ္းစားရသလိုပင္ျဖစ္ေနပါသည္။ လက္ေဆးစရာေရလည္းမရွိ
 ေသာက္စရာေရမရွိသျဖင့္ ကိုယ့္လက္ကို သန္႔ရွင္းေရးလုပ္ရင္း ေရအစားထုိး လက္ ေခ်ာင္းေလးမ်ားကိုစုပ္နရပါသည္။ မိမိတို႔သံဃာအမ်ားစုမွာအေဆာင္ထဲအခ်ိန္ျပည့္မ ေနရပါ။ မိမိသိသေလာက္ ရဲသတင္းတပ္ဖဲြ၊ အင္းစိန္ စီအိုင္ဒီ၊ ရန္ကုန္တိုင္းရဲတပ္ဖဲြ႕ စစ္ဖက္ေရးရာလံုၿခံဳေရးတပ္ဖဲြ႔(စရဖ) စသံုးလံုး စသည့္အဖဲြ႕မ်ားက အလွည့္က်ေခၚယူ စစ္ေဆးေနပါသည္။ ေန႔ညရယ္မရွိပါ။ အလွည့္က်စစ္ေနသျဖင့္အိပ္ရသည္လည္းမရွိ ပါ။ တစ္ခန္းလွ်င္ ၆ေယာက္ေခၚယူစစ္ေဆးပါသည္။ အခန္းတိုင္းမွာ အြတ္၊ ခြပ္၊ အားဆို ေသာအသံမ်ားမွာ အၿမဲညံေနပါသည္။
တိုင္းရဲတပ္ဖဲြ႕မွ ခပ္ဝဝ အရာရွိဆိုသူသည္ ေရာက္လာကတဲက မင္းတို႔အေမ့လင္ကိုစစ္ေနတာမဟုတ္ဘူး ပါးရိုက္ျပစ္၊ ဟိုေမ - ိုး ေစာက္ခြက္ကာဘာမ်က္ႏွာေပါက္တုန္းဆိုၿပီး အသားလြတ္သူကိုယ္တိုင္ထုိးျပလိုက္
 ေသးသည္။ ဆိုင္ကယ္ေမာင္းသည္ဆိုကာ သူတို႔ေမးသမွ်ကိုေျဖေနရသည္။ ဘယ္နား ေရာက္ၿပီလဲေမးလို႔ ေနရာေက်ာ္သြားရင္ အရိုက္ခံရေသးသည္။ မိမိမွာရန္ကုန္ေရာက္ တာမၾကာေသး၍လမ္းမသိသျဖင့္ခဏခဏအရိုက္ခံခဲ့ရပါသည္။ ဒူးေထာက္ထားၿပီးဒူး ေအာက္တြင္ဇီးေစ့ မ်ားထားက ဟယ္လီေကာ္ပတာစီး
ခိုင္းေသးသည္။ ၂ မိနစ္ေလာက္ ၾကာေတာ့ ဒူးကနာဘဲ ဂ်ိဳင္းေအာက္ကနာလာပါသည္။ ဘာမွလည္းမေမးဘဲ အသား လြတ္လုပ္ခိုင္းထားျခင္းျဖစ္ပါသည္။ အားလံုးေသာစစ္ေဆးသူတိုင္းမွာ အရက္နံ႕
တ ေထာင္းေထာင္းႏွင့္ပင္ျဖစ္သည္။ မေအ - ိုးေတြ မင္းတို႔ေစာက္ဘုန္းႀကီးေတြရွဳပ္လို႔ငါ တို႔မယားတကဲြသားတကဲြအိပ္ရတာဟုဆိုကာ အေၾကာင္းမဲ့အရိုက္ခံရတာကလည္းမ နည္းပါေခ်။ ေတာင္ဥကၠလာမွ သစ္ဆိုင္အေစာင့္ ကုလားေလးမ်ိဳးခိုင္ကို ညအခ်ိန္မ ေတာ္ဖမ္းလာၿပီး ပိုက္ဆံ ၃၀၀၀ ရ၍လိုက္ရပါသည္ဟုဝန္ခံခိုင္းသည္။ မ်ိဳးခင္ကလည္း သူဘာမွမရေၾကာင္း၊ စီတန္းလွည့္လည္သည့္အထဲတြင္လည္းမပါေၾကာင္း
သစ္ဆိုင္ ပိုင္ရွင္ကဘယ္မွမသြားရဆို၍ဘယ္မွအသြားေၾကာင္းမပါေၾကာင္းကိုအမွန္အတိုင္းေျဖ သည္။
ဒါကိုမတရားႏွိပ္စက္ၿပီး NLD ကပိုက္ဆံသံုးေထာင္ေပးပါသည္ဟုထြက္ခိုင္းရာ မ်ိဳးခိုင္ကလည္း
မဟုတ္ေၾကာင္းသာေျဖသည္။ဤသို႔ေျဖေလ ရိုက္ေလ၊ ထိုးေလ၊ ကန္ေလ ေနာက္ဆံုးမ်ိဳးခင္မွာအေၾကာက္လြန္ၿပီး GTI ပင္မေဆာင္အေပၚဆံုး ၃ထပ္မွခုန္ ခ်ပါေလေတာ့သည္။ သူတို႔ႏွိပ္စက္လို႔ေသမယ့္အတူတူ
ကိုယ္ဘာသာသတ္ေသမယ္ ဟုဆံုးျဖတ္ၿပီးခုန္ခ်လိုက္တာလို႔ ျပန္ေျပာျပပါသည္။ ကံေကာင္းတာက သူခုန္လိုက္ ခ်ိန္မွာအနားကလူကေျခေထာက္ဖမ္းဆဲြလိုက္ရာ ေဇာက္ထိုးတန္းလန္းႀကီးျဖစ္ေန ေတာ့သည္။ ထိုအခါမွ ကိုေရႊရဲမ်ားက ခုန္ခ်တာကိုဘယ္သူ႔မွျပန္မေျပာဘို႔၊ ေနာက္ခု လိုမစစ္ေတာ့ပါဘူးလို႔ေခ်ာ ့
လိုက္ၾကႏွင့္ မ်ိဳးခိုင္စစ္ေၾကာေရးအျပန္မုန္႔ေတြပါလာေတာ့ သည္။ မ်က္ျမင္သက္ေသ မိမိတို႔အားလည္း
ယခုကိစၥေပါက္ၾကားပါက ယခုစစ္ေၾကာ ေရးထက္ ၃ ဆပိုၾကမ္းေသာ စစ္ေၾကာေရးစခန္းကိုပို႔မည္
ဟုၿခိမ္းေျခာက္ၾကသည္။အ မွန္တိုင္းဝန္ခံရလွ်င္ ရွိေလာက္သည္ဟုထင္ၿပီးတစ္လခန္႔ဘယ္သူ႔ကိုမွ
မေျပာျဖစ္ၾက ပါ အင္းစိန္ေထာင္ေရာက္မွသာ ျပန္လည္ေဖာက္သည္ခ်ျဖစ္ၾကပါေတာ့သည္။
(ဆက္ရန္)
.......................

ဘဝ၏အဆိုးဆုံးနေ ့ရက်များ(၁)
သေချင်စောနံတယ် … ဆိုသည့်စကားကိုကြားဘူးကြသော်လည်းအဓိပ္ပါယ်ကိုကောင်း စွာနားမလည်ကြချေ၊ အင်းစိန် GTI စစ်ကြောရေးစခန်းရောက်မှဘဲ သေချင်စော်နံ တယ်ဆိုတာကို နဖူးတွေ့၊ဒူးတွေ့
ကိုယ်တွေ့ကြုံရပါတော့တယ်။
အကျဉ်းချံုးပြောရ လျှင် မဂ္ဂင်ကျောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အင်းစိန် GTI ကို ည ၂နာရီကျော်
 လောက်မှာရောက်ပါတယ်။ သုံးနာရီးခွဲလောက်မှာ ဆရာတော်ကြီးတွေဖူးဘို့လာ ခေါ်တော့ ရန်ကုန်တိုင်းသံဃာ့နာယက အတွင်းရေးမှူးရောက်နေပါတယ်။ အားလုံးလူ ဝတ်လဲပေးကြပါဟုမိန့်ကြားပြီး တိုင်း
သာသနာရေးဦးစီးမှူးနှင့်အဖွဲ့ကဖိအာပေးကာလူ ဝတ်လဲလိုက်ကြရပါတယ်။ ပြန်ထွက်လာသည်နှင့်
တပ်မ ၆၆ မှပုခုံးပေါ်သုံးစေ့တင်ထား သူက မအေ - တွေ၊ခေါင်းပေါ်လက်တင်ထား။ ခေါင်းငုံထား
မင်းတို့ဘုန်းကြီးမဟုတ် တော့ဘူးနားလည်လား။ အကုန်သောက်ခွက်ဖြတ်ရိုက်ပြစ်မယ် - ဟုစတင်စော်ကားပါ တော့တယ်။

ဒါထားတော့ နောက်နေ့စစ်ကြောရေးမှှာ လမ်း ၅၀ ယာဉ်ထိန်းရုံးမှ ပုခုံး ပေါ်တစ်စေ့နဲ့ကောင်က “ မအေ - ဘုန်းကြီးတွေ၊ ဗမာနိုင်ငံမှာကိုးကွယ်စရာဘာသာ အများကြီးရှိတယ်။ မင်းတို့သပိတ်မှောက်လဲ - ီး ဘဲ”
ဆိုပြီးထပ်မံစော်ကားပါတယ်။ မိ မိအနေဖြင့်သာသနာကို အထိပါးမခံနိုင်သဖြင့် မင်းတို့ သပိတ်မှောက်တဲ့သံဃာတွေ မင်းတို့လက်ထဲမှာကြိုက်သလိုလုပ်နိုင်တယ်။ ဘုရားသာသနာကို ထိပါးစရာမလိုဘူး ဟုပြောနေ
တုန်း မျက်နှာပေါ်ဖြန်းကနဲ့ အရိုက်ခံလိုက်ရပြီးခုံပေါ်မှလိမ့်ကျသွားပါတယ်။ နောက်လက်ထိပ်နောက်ပြန်ခတ် ဒူးထောက်ခိုင်းကာ ရဲနှစ်ယောက် မျက်နှာကိုဝိုင်း ကန်ပါတယ်။ ရှေ့သွား ၂ ချောင်း အင်းစိန် GTI မှာထားခဲ့ရပါတော့တယ်။ နောက်စာ သင်ဆောင်အခန်းလေးထဲမှာလူ ၃၀၀ ကျော် ရေမချိုးရဘဲ နေရတော့ နံလိုက်တဲ့အနံ့ အပူငွေ့တွေဟာလှောင်ပိတ်ပြီး အမြဲလို အန်ချင်စိတ်ပေါက်နေရပါတယ်။ အဆိုးဆုံး က ဆီးအပြင်မှာ သွားခွင့်မရဘဲ အခန်းထောင့်မှာပေါက်ကြရတော့ သေးအိုင်ဟာတ ဖြည်းဖြည်းကြီးလာပြီး သဲနဲ့တမံတုတ်ကာထားရပါတယ်။ သေးကာတာ ဆောက်ထား ရတာပေါ့။ ကြာတော့ အခန််းရဲ့ငါးပုံ ပုံ တစ်ပုံဟာ သေးကာတာ ဖြစ်နေပါရော့လား။ အရေးထဲ စိတ်မနှ့ံသူတစ်ဦးက သေးအိုင်ထဲ ဒိုင်ပင်ပြစ်လိုက်လို့ သေးကာတာကျိုးပါ လေရော၊အိပ်ဘို့နေနေသာသာ ထိုင်စရာနေရာမရှိလို့ အားလုံးမတ်တပ်ရပ်နေကြရပါ တော့တယ်။
ဒီမှာတင်စစ်သားသုံးယောက်ဝင်လာပြီး ဒီမှာပျော်လို့လာနေကြတာ တစ် ယောက်မှမပါဘူးကွ လို့ပြောပြီး.
စိတ်မနှ့ံသူကို ဝိုင်းထိုးကြိတ် ကန်လိုက်ကြတာနောက် ၃နာရီလောက်အကြာမှာ အဲဒီစိတ်မကောင်းတဲ့သူ
အခန်းထဲမှာသေသွားပါတယ်။ အ ထဲမှာရှိတဲ့သံဃာတော်တွေကဘဲ သရဏဂုဏ်တင်ပေးလိုက်ရပါတယ်။
 နောက်အင်း စိန်ထောင်ရောက်တော့သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ခင်ရီက အပြင်ကပါလာတဲ့
 ရောဂါနဲ့သေတာပါလို့ AP သတင်းဌာနက ဒေါ်အေးအေးဝင်းမေးတာကို ပြန်လည် ဖြေ ကြားသွားတာကို နားထောင်လိုက်ရပါသေးတယ်။
(ဆက်ရန်)
ဘဝ၏အဆိုးဆုံးနေရရက်များ(၂)
©©©©©©©©©©©©©©

အင်းစိန်GTI စစ်ကြောရေးစခန်းရောက်သည့် ၂၇ရက်နေ့နှင့်၂၈ရက်(၂)ရက်လုံး၊ထ မင်းမစားရ၊ဘာမှလည်းမကျွေး၊ ရေလည်းမတိုက်ပါ။ မနက်ပိုင်းမျက်နှာသစ် အိမ်သာ တက်ချိန်တွင် အုတ်ကန်မှ ရေကိုတစ်နေ့စာအဝသောက်ခဲ့ကြရပါသည်။ ဗိုက်ဆာလွန််း မကစာတော့ အစောင့်စစ်သားများကိုတောင်းပန်ပြီးစားစရာဝယ်ခိုင်းကြရပါသည်။ အ နားရှိစျေးှဆိုင်မှ ကလေးမုန့်လေးများသာဝယ်ရကြပါသည်။ ပိုတာခင်ဗျားယူလိုက်ဆို ခြင်းက သင်ပေးသလိုဖြစ်သွားပြီး ဆေးပေါ့လိပ်သုံးလိပ်ကို တစ်ထောင်၊ ၂၀၀ တန်မုန့် တစ်ထုပ်လည်းတစ်ထောင်၊ ဘာဝယ်ဝယ် တစ်ထောင်သည်ကြမ်းခင်းဈေးဖြစ်သွား တော့သည်။
 အောက်လက်ငယ်သားစစ်သားများကသာ လုပ်သည်မဟုတ်၊ သုံးစေ့နှင့် ဗိုလ်ကြီးဆိုသူကလည်း ဖမ်းဆီးခံ ကားပွဲစားများထံမှာ ငွေများသိန်းနှင့်ချီကာ ပျောက် မှာစိုး၍သိမ်းသည်ဆိုပြီးအပျောက်ရိုက်ကြသည်။
ပတ်ထားသော နာရီကောင်းများကို လည်းချွတ်ယူကြသည်။ ဝယ်စားစရာမရှိတော့၍ ပြန်တောင်းသောအခါ တပ်ရင်းမှူး ကိုယ်တိုင်က အဆိုပါရဲဘော်များမှာ အရေးပေါ်တပ်ပြောင်းသွား၍ပါသွားကြောင်း နောက်ဆက်သွယ်ရလျှင်ပြန်တောင်းပေးမည်ဖြစ်ကြောင်းသာလာပြောပြီးဘာမှ လုပ်မ ပေးချေ။ ထိုကားပွဲစားများ၊ ငွေအသိမ်းခံရသူများကို အဆောင်ပြောင်းခိုင်းလိုက်ပြီးသ တင်းကိုအမှောင်ချထားလိုက်ပါတော့သည်။
၂၉ ရက်နေ့တွင် ထမင်းလက်တစ်ဆုပ် စာနှင့်ဂေါ်ဖီထုတ်ကို လှီးပြီးလှော်ထားသော ရိက္ခာလာဝေပါသည်။ ဂေါ်ဖီမှာဆားပင် မထည့်ထားသဖြင့် အစိမ်းစားရသလိုပင်ဖြစ်နေပါသည်။ လက်ဆေးစရာရေလည်းမရှိ
 သောက်စရာရေမရှိသဖြင့် ကိုယ့်လက်ကို သန့်ရှင်းရေးလုပ်ရင်း ရေအစားထိုး လက် ချောင်းလေးများကိုစုပ်နရပါသည်။ မိမိတို့သံဃာအများစုမှာအဆောင်ထဲအချိန်ပြည့်မ နေရပါ။ မိမိသိသလောက် ရဲသတင်းတပ်ဖွဲ၊ အင်းစိန် စီအိုင်ဒီ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ဖက်ရေးရာလုံခြံုရေးတပ်ဖွဲ့(စရဖ) စသုံးလုံး စသည့်အဖွဲ့များက အလှည့်ကျခေါ်ယူ စစ်ဆေးနေပါသည်။ နေ့ညရယ်မရှိပါ။ အလှည့်ကျစစ်နေသဖြင့်အိပ်ရသည်လည်းမရှိ ပါ။ တစ်ခန်းလျှင် ၆ယောက်ခေါ်ယူစစ်ဆေးပါသည်။ အခန်းတိုင်းမှာ အွတ်၊ ခွပ်၊ အားဆို သောအသံများမှာ အမြဲညံနေပါသည်။
တိုင်းရဲတပ်ဖွဲ့မှ ခပ်ဝဝ အရာရှိဆိုသူသည် ရောက်လာကတဲက မင်းတို့အမေ့လင်ကိုစစ်နေတာမဟုတ်ဘူး ပါးရိုက်ပြစ်၊ ဟိုမေ - ိုး စောက်ခွက်ကာဘာမျက်နှာပေါက်တုန်းဆိုပြီး အသားလွတ်သူကိုယ်တိုင်ထိုးပြလိုက်
 သေးသည်။ ဆိုင်ကယ်မောင်းသည်ဆိုကာ သူတို့မေးသမျှကိုဖြေနေရသည်။ ဘယ်နား ရောက်ပြီလဲမေးလို့ နေရာကျော်သွားရင် အရိုက်ခံရသေးသည်။ မိမိမှာရန်ကုန်ရောက် တာမကြာသေး၍လမ်းမသိသဖြင့်ခဏခဏအရိုက်ခံခဲ့ရပါသည်။ ဒူးထောက်ထားပြီးဒူး အောက်တွင်ဇီးစေ့ များထားက ဟယ်လီကော်ပတာစီး
ခိုင်းသေးသည်။ ၂ မိနစ်လောက် ကြာတော့ ဒူးကနာဘဲ ဂျိုင်းအောက်ကနာလာပါသည်။ ဘာမှလည်းမမေးဘဲ အသား လွတ်လုပ်ခိုင်းထားခြင်းဖြစ်ပါသည်။ အားလုံးသောစစ်ဆေးသူတိုင်းမှာ အရက်နံ့
တ ထောင်းထောင်းနှင့်ပင်ဖြစ်သည်။ မအေ - ိုးတွေ မင်းတို့စောက်ဘုန်းကြီးတွေရှုပ်လို့ငါ တို့မယားတကွဲသားတကွဲအိပ်ရတာဟုဆိုကာ အကြောင်းမဲ့အရိုက်ခံရတာကလည်းမ နည်းပါချေ။ တောင်ဥက္ကလာမှ သစ်ဆိုင်အစောင့် ကုလားလေးမျိုးခိုင်ကို ညအချိန်မ တော်ဖမ်းလာပြီး ပိုက်ဆံ ၃၀၀၀ ရ၍လိုက်ရပါသည်ဟုဝန်ခံခိုင်းသည်။ မျိုးခင်ကလည်း သူဘာမှမရကြောင်း၊ စီတန်းလှည့်လည်သည့်အထဲတွင်လည်းမပါကြောင်း
သစ်ဆိုင် ပိုင်ရှင်ကဘယ်မှမသွားရဆို၍ဘယ်မှအသွားကြောင်းမပါကြောင်းကိုအမှန်အတိုင်းဖြေ သည်။
ဒါကိုမတရားနှိပ်စက်ပြီး NLD ကပိုက်ဆံသုံးထောင်ပေးပါသည်ဟုထွက်ခိုင်းရာ မျိုးခိုင်ကလည်း
မဟုတ်ကြောင်းသာဖြေသည်။ဤသို့ဖြေလေ ရိုက်လေ၊ ထိုးလေ၊ ကန်လေ နောက်ဆုံးမျိုးခင်မှာအကြောက်လွန်ပြီး GTI ပင်မဆောင်အပေါ်ဆုံး ၃ထပ်မှခုန် ချပါလေတော့သည်။ သူတို့နှိပ်စက်လို့သေမယ့်အတူတူ
ကိုယ်ဘာသာသတ်သေမယ် ဟုဆုံးဖြတ်ပြီးခုန်ချလိုက်တာလို့ ပြန်ပြောပြပါသည်။ ကံကောင်းတာက သူခုန်လိုက် ချိန်မှာအနားကလူကခြေထောက်ဖမ်းဆွဲလိုက်ရာ ဇောက်ထိုးတန်းလန်းကြီးဖြစ်နေ တော့သည်။ ထိုအခါမှ ကိုရွှေရဲများက ခုန်ချတာကိုဘယ်သူ့မှပြန်မပြောဘို့၊ နောက်ခု လိုမစစ်တော့ပါဘူးလို့ချော ့
လိုက်ကြနှင့် မျိုးခိုင်စစ်ကြောရေးအပြန်မုန့်တွေပါလာတော့ သည်။ မျက်မြင်သက်သေ မိမိတို့အားလည်း
ယခုကိစ္စပေါက်ကြားပါက ယခုစစ်ကြော ရေးထက် ၃ ဆပိုကြမ်းသော စစ်ကြောရေးစခန်းကိုပို့မည်
ဟုခြိမ်းခြောက်ကြသည်။အ မှန်တိုင်းဝန်ခံရလျှင် ရှိလောက်သည်ဟုထင်ပြီးတစ်လခန့်ဘယ်သူ့ကိုမှ
မပြောဖြစ်ကြ ပါ အင်းစိန်ထောင်ရောက်မှသာ ပြန်လည်ဖောက်သည်ချဖြစ်ကြပါတော့သည်။
(ဆက်ရန်)

No comments:

Post a Comment