လက္ပံေတာင္းေတာင္ ဆည္တည္းရြာမွာ ၿခံစည္းရိုးလိုက္ခတ္ေနတဲ့ ဝမ္ေပါင္ကုမၸဏီဝန္ထမ္းေတြကို ၂ဝ၁၄ ခုႏွစ္ ဒီဇင္ဘာလ ၂၃ ရက္ေန႔က ေတြ႕ရစဥ္။ Photo: Kyaw Zaw Win/RFA |
ေဒသခံေတြက ကုမၸဏီတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုခြင့္ေပးဖို႔ ေတာင္းဆိုေပမယ့္ ေတြ႔ခြင့္မရဘူးလို႔ ဆည္တည္းရြာသူ မႏြယ္ႏြယ္ဝင္းက ေျပာပါတယ္။
"မိမိတို႔ရဲ႕ လယ္ယာေျမေတြေပၚမွာ သီႏွံစိုက္ခြင့္မရတဲ့အတြက္ သီႏွံေလ်ာ္ေၾကး လာေတာင္းခံရျခင္းျဖစ္တယ္၊ အခု သူတို႔က မံုရြာ ပုသိမ္လမ္းေရွ႕မွာ ရဲအင္အားေတြနဲ႔ေပါ့ေနာ္ ပိတ္ဆို႔ထားတာ၊ အခုက သြားလို႔လည္းမရဘူး၊ ဒီဘက္က ေျဖရွင္းဖို႔ကို ေတာင္းေတာ့လည္း သူတို႔က ဘာမွျပန္မေျပာဘူးေပါ့ေနာ္၊ အေျခအေနက တင္းမာသလိုျဖစ္ေနတယ္"
ၿပီးခဲ့တဲ့၂ဝ၁၄ ခုႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔မွာ ဝမ္ေပါင္ကုမၸဏီက ေလ်ာ္ေၾကးရယူထားမႈ မရွိေသးတဲ့ လယ္ယာေျမေတြကို ၿခံစည္းရိုးခတ္ခဲ့ၿပီး သီးႏွံေလ်ာ္ေၾကးအျဖစ္ တစ္ဧကကို က်ပ္ႏွစ္သိန္းကေန ေလးသိန္း အထိ ေပးအပ္ခဲ့တာျဖစ္ပါတယ္။
လယ္ယာေျမေတြကို ၿခံစည္းရိုးခတ္ထားတာေၾကာင့္ ေဒသခံေတြက ၂ဝ၁၅ ခုႏွစ္အတြက္ သီးႏွံေလ်ာ္ေၾကးေပးဖို႔ ထပ္မံေတာင္းဆိုၾကတာျဖစ္ၿပီး လက္ရွိအခ်ိန္ဟာ ပဲစင္းငံု၊ ေျပာင္းနဲ႔ ေနၾကာရိတ္သိမ္းခ်ိန္ျဖစ္တယ္လို႔ ေျပာ ပါတယ္။
စီမံကိန္းေၾကာင့္ လယ္ယာေျမသိမ္းဆည္းခံထားရတဲ့ ေတာေက်ာင္း၊ အလယ္ရြာ၊ ရြာသစ္၊ အလယ္ေတာ၊ မိုးႀကိဳးျပင္နဲ႔ ဆည္းတည္းရြာက ေဒသခံေတာင္သူလယ္သမား ၅ဝ ေက်ာ္ဟာ ဝမ္ေပါင္ကုမၸဏီရံုးေရွ႕ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၄ ရက္ေန႔ကလည္း သီးႏွံေလ်ာ္ေၾကး သြားေရာက္ေတာင္းခံခဲ့ၾကပါတယ္။
ၿခံစည္းရိုးခတ္လိုက္တဲ့ ေၾကးနီစီမံကိန္းဧရိယာဝင္းအတြင္း ေလ်ာ္ေၾကး ရယူမႈမရွိေသးတဲ့ လယ္ယာေျမ ဧက ၃ဝဝဝ ခန္႔ရွိတယ္လို႔သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
..................
လက်ပံတောင်းတောင် ဆည်တည်းရွာမှာ ခြံစည်းရိုးလိုက်ခတ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်မြေသိမ်းဆည်းခံထားရပြီး မြေလျော်ကြေးရယူထား ခြင်းမရှိသေး တဲ့ ဒေသခံတောင်သူ ၅ဝ ကျော်ဟာ ၂ဝ၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးရရှိဖို့ ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒေသခံတွေက ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပေမယ့် တွေ့ခွင့်မရဘူးလို့ ဆည်တည်းရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။
"မိမိတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ သီနှံစိုက်ခွင့်မရတဲ့အတွက် သီနှံလျော်ကြေး လာတောင်းခံရခြင်းဖြစ်တယ်၊ အခု သူတို့က မုံရွာ ပုသိမ်လမ်းရှေ့မှာ ရဲအင်အားတွေနဲ့ပေါ့နော် ပိတ်ဆို့ထားတာ၊ အခုက သွားလို့လည်းမရဘူး၊ ဒီဘက်က ဖြေရှင်းဖို့ကို တောင်းတော့လည်း သူတို့က ဘာမှပြန်မပြောဘူးပေါ့နော်၊ အခြေအနေက တင်းမာသလိုဖြစ်နေတယ်"
ပြီးခဲ့တဲ့၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးရယူထားမှု မရှိသေးတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုးခတ်ခဲ့ပြီး သီးနှံလျော်ကြေးအဖြစ် တစ်ဧကကို ကျပ်နှစ်သိန်းကနေ လေးသိန်း အထိ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လယ်ယာမြေတွေကို ခြံစည်းရိုးခတ်ထားတာကြောင့် ဒေသခံတွေက ၂ဝ၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးပေးဖို့ ထပ်မံတောင်းဆိုကြတာဖြစ်ပြီး လက်ရှိအချိန်ဟာ ပဲစင်းငုံ၊ ပြောင်းနဲ့ နေကြာရိတ်သိမ်းချိန်ဖြစ်တယ်လို့ ပြော ပါတယ်။
စီမံကိန်းကြောင့် လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ တောကျောင်း၊ အလယ်ရွာ၊ ရွာသစ်၊ အလယ်တော၊ မိုးကြိုးပြင်နဲ့ ဆည်းတည်းရွာက ဒေသခံတောင်သူလယ်သမား ၅ဝ ကျော်ဟာ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း သီးနှံလျော်ကြေး သွားရောက်တောင်းခံခဲ့ကြပါတယ်။
ခြံစည်းရိုးခတ်လိုက်တဲ့ ကြေးနီစီမံကိန်းဧရိယာဝင်းအတွင်း လျော်ကြေး ရယူမှုမရှိသေးတဲ့ လယ်ယာမြေ ဧက ၃ဝဝဝ ခန့်ရှိတယ်လို့သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment