Arakan Army AA ေခၚ ရကၡိဳင့္တပ္မေတာ္ စစ္ဦးစီးခ်ဳပ္နဲ႔ တပ္ဖြဲ႕ဝင္ တခ်ဳိ႕ကို ေတြ႕ရစဥ္။ Photo: Arakan Army
|
ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔က အစိုးရတပ္မေတာ္ပိုင္ ျမဝတီသတင္းစာမွာ ေဖာ္ျပခ်က္ေတြနဲ႔ပတ္သက္ၿပီး ရကၡိဳင့္တပ္မေတာ္အေနနဲ႔ အမ်ဳိးသားတန္းတူေရးနဲ႔ လြတ္ေျမာက္ေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးႏိုင္ေရးတို႔အတြက္ မလႊဲမေရွာင္သာ တိုက္ပြဲဝင္ေနရတာျဖစ္ၿပီး ရခိုင္ျပည္နဲ႔ ရခိုင္လူထုရဲ႕အက်ဳိးစီးပြားကို ပ်က္ျပားေအာင္ လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္လုိက္တဲ့ အဲ့ဒီေၾကညာခ်က္မွာ တုန္႔ျပန္ေရးသားထားပါတယ္။
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေရွ႕ဘက္ ရမ္းေခ်ာင္းေတာင္တန္းတစ္ဝိုက္မွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္တို႔အၾကား ၿပီးခဲ့တဲ့ဒီဇင္ဘာလ ၂၇ ရက္ေန႔ကစတင္ၿပီး တိုက္ပြဲေတြျဖစ္ပြားခဲ့တာပါ။
တိုက္ပြဲအတြင္း အစိုးရတပ္မေတာ္ဘက္က လူအင္အားနဲ႔ လက္နက္ႀကီးေတြကို အမ်ားအျပားသံုး တိုက္ခိုက္ခဲ့ၿပီး အရာရွိႀကီးမ်ားအပါအဝင္ အင္အား(၁၅ဝ)ေက်ာ္ က်ဆံုးၿပီး (၂ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဖာ္ျပထားၿပီး ရကၡိဳင့္တပ္မေတာ္ဘက္ကေတာ့ လူ ၂ ဦးက်ဆံုးခဲ့တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
RFA Burmese
http://www.rfa.org/burmese
..................
Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။ Photo: Arakan Army
ရက္ခိုင့်တပ်မတော် (AA) အနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုလားပြီး နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ပြဿနာတွေ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာရာမှာ အားလုံးပါဝင် တဲ့ နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးမှုတွေအတွက် ဖိတ်ခေါ်မယ်ဆိုရင် အဆင်သင့်ရှိနေကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ရ ရက်နေ့က အစိုးရတပ်မတော်ပိုင် မြဝတီသတင်းစာမှာ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်အနေနဲ့ အမျိုးသားတန်းတူရေးနဲ့ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မလွှဲမရှောင်သာ တိုက်ပွဲဝင်နေရတာဖြစ်ပြီး ရခိုင်ပြည်နဲ့ ရခိုင်လူထုရဲ့အကျိုးစီးပွားကို ပျက်ပြားအောင် လုပ်ဆောင်မှာမဟုတ်ဘူးလို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်မှာ တုန့်ပြန်ရေးသားထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အရှေ့ဘက် ရမ်းချောင်းတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း အစိုးရတပ်မတော်ဘက်က လူအင်အားနဲ့ လက်နက်ကြီးတွေကို အများအပြားသုံး တိုက်ခိုက်ခဲ့ပြီး အရာရှိကြီးများအပါအဝင် အင်အား(၁၅ဝ)ကျော် ကျဆုံးပြီး (၂ဝဝ)ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပြီး ရက္ခိုင့်တပ်မတော်ဘက်ကတော့ လူ ၂ ဦးကျဆုံးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment