Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 4, 2016

ပါတီ၀င္သာမဟုတ္ပဲအလုပ္လုပ္ႏိုင္သူသာ ၀န္ႀကီးခန္႔မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

သတင္း  ျပည္တြင္း  ႏိုင္ငံေရး
ဟိန္းကိုစိုး
၆၈ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ အခမ္းအနားတြင္ မိန္႔ခြန္းေျပာၾကားေနသာ အဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႔ရစဥ္။ ဓါတ္ပံု၊ ဟိန္းကိုစိုး။


ရန္ကုန္၊ ဇန္န၀ါရီ ၄။          ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၀င္သာမဟုတ္ပဲ အမွန္တကယ္အလုပ္လုပ္မည့္ သူမ်ားကို အစိုးရအဖြဲ႔ ၀န္ႀကီးမ်ားအျဖစ္ခန္႔အပ္ သြားမည္ဟု အမ်ိဳသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ဇန္န၀ါရီ ၄ရက္ေန႔တြင္က်င္းပသည့္ ၆၈ႀကိမ္ေျမာက္လြတ္လပ္ေရးေန႔ အခမ္းအနားတြင္ ေျပာၾကားလိုက္သည္။

အစိုးရအဖြဲ႔ဖြဲ႔ရာတြင္ ၀န္ႀကီးမ်ားေနရာမ်ားကို ေတာင္းခံျခင္းမ်ားကိုပါတီ၀င္မ်ားအေနျဖင့္ မျပဳလုပ္ရန္ႏွင့္ ျပဳလုပ္ပါကလည္း ခ်မွတ္ထားသည့္ စည္းကမ္းမ်ားျဖင့္ ထိထိေရာက္ေရာက္အေရးယူသြားမည္ဟုလည္း ၄င္းက သတိေပးေျပာၾကားေသးသည္။

"မေျပာပဲမေနႏိုင္လို႔ အခုေျပာကိုေျပာရမယ္။ ၀န္ႀကီးလုပ္ခ်င္တဲ့သူေတြေတာ္ေတာ္မွ ကြ်န္မမႀကိဳက္ဘူး။ ေနာက္တစ္ခါ၀န္ႀကီးျဖစ္ခ်င္လို႔ စာေရးၿပီးေတာင္းတဲ့သူေတြ စည္းမ်ဥ္းစည္းကမ္းအရအေရးယူမယ္ဆိုတာကို ျပတ္ျပတ္သားသားဒီကေနေျပာမယ္။ ၀န္ႀကီးဆိုတဲ့ေနရာကိုအလုပ္လုပ္မယ့္သူကိုေပးမွာပါ။ ပါတီ၀င္မို႔၀န္ႀကီး ေနရာ ေပးမွာမဟုတ္ပါဘူး။" ဟု NLD အစိုးရအဖြဲ႔ ဖြဲ႔စည္းရာတြင္ပါ၀င္မည့္ ၀န္ႀကီးေနရာ ခန္႔အပ္ႏိုင္မႈနဲ႔ ပက္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

NLD ပါတီ၀င္တစ္ခ်ိဳ႕က အစိုးရအဖြဲ႔ဖြဲ႔ပါကက ၀န္ႀကီးေနရာတြင္တာ၀န္ထမ္းေဆာင္လိုသည္ဟု မိမိသို႔စာေရး သားေတာင္းဆိုခဲ့မႈမ်ားရိွခဲ့သည္ဟုလည္း ၄င္းက ဒီဇင္ဘာ ၂၆ရက္၊ အေႏွးယာဥ္လုပ္သားမ်ားႏွင့္ ေတြ႔ဆံုခ်ိန္တြင္ ဖြင့္ဟေျပာဆိုထားသည္။

၂၀၁၀ေရြးေကာက္ပြဲအႏိုင္ရ ျပည္ခိုင္ၿဖိဳးပါတီအစိုးရထံမွ ေခ်ာေမြ႔စြာအာဏာလႊဲေျပာင္းရယူေရးအတြက္ ဦးသိန္းစိန္အစိုးရ ႏွင့္ NLD တို႔ကေဆြးေႏြးမႈမ်ားျပဳလုပ္ေနသည္။

ဖဲြဲ႔စည္းပံုအေျခခံဥပေဒအရလည္း ေရြးေကာက္ပြဲအႏိုင္ရပါတီကို သက္ဆိုင္ရာအစိုးရသက္တမ္း ၅ႏွစ္ျပည့္ခ်ိန္ႏွင့္ ေရြးေကာက္ပြဲမ်ာက်င္းပျပဳလုပ္ၿပီးသည့္ ရက္ေပါင္း ၆၀တြင္ လႊတ္ေတာ္သစ္ေခၚယူျခင္းႏွင့္ ေရြးေကာက္ပြဲအၿပီး ရက္ေပါင္း ၁၂၀ အတြင္း အႏိုင္ရပါတီထံသို႔ အာဏာလႊဲေျပာင္းရမည္ဟု ျပ႒ာန္းပါရိွသည္။

NLD သည္ ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလံုးမွ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ေနရာမ်ား၏ ၈၀ရာခိုင္ႏႈန္းေက်ာ္ကို အႏိုင္ရရိွထားသည့္ ပါတီလည္း ျဖစ္သည္။

- See more at: http://mizzimaburmese.com/article/9377#sthash.eu7GZU1r.dpuf
..................
ပါတီဝင်သာမဟုတ်ပဲအလုပ်လုပ်နိုင်သူသာ ၀န်ကြီးခန့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
သတင်း  ပြည်တွင်း  နိုင်ငံရေး
ဟိန်းကိုစိုး
၆၈နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။


ရန်ကုန်၊ ဇန်နဝါရီ ၄။          ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်သာမဟုတ်ပဲ အမှန်တကယ်အလုပ်လုပ်မည့် သူများကို အစိုးရအဖွဲ့ ၀န်ကြီးများအဖြစ်ခန့်အပ် သွားမည်ဟု အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၄ရက်နေ့တွင်ကျင်းပသည့် ၆၈ကြိမ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။

အစိုးရအဖွဲ့ဖွဲ့ရာတွင် ၀န်ကြီးများနေရာများကို တောင်းခံခြင်းများကိုပါတီဝင်များအနေဖြင့် မပြုလုပ်ရန်နှင့် ပြုလုပ်ပါကလည်း ချမှတ်ထားသည့် စည်းကမ်းများဖြင့် ထိထိရောက်ရောက်အရေးယူသွားမည်ဟုလည်း ၄င်းက သတိပေးပြောကြားသေးသည်။

"မပြောပဲမနေနိုင်လို့ အခုပြောကိုပြောရမယ်။ ၀န်ကြီးလုပ်ချင်တဲ့သူတွေတော်တော်မှ ကျွန်မမကြိုက်ဘူး။ နောက်တစ်ခါ၀န်ကြီးဖြစ်ချင်လို့ စာရေးပြီးတောင်းတဲ့သူတွေ စည်းမျဉ်းစည်းကမ်းအရအရေးယူမယ်ဆိုတာကို ပြတ်ပြတ်သားသားဒီကနေပြောမယ်။ ၀န်ကြီးဆိုတဲ့နေရာကိုအလုပ်လုပ်မယ့်သူကိုပေးမှာပါ။ ပါတီဝင်မို့ဝန်ကြီး နေရာ ပေးမှာမဟုတ်ပါဘူး။" ဟု NLD အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင်ပါ၀င်မည့် ၀န်ကြီးနေရာ ခန့်အပ်နိုင်မှုနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီဝင်တစ်ချို့က အစိုးရအဖွဲ့ဖွဲ့ပါကက ၀န်ကြီးနေရာတွင်တာဝန်ထမ်းဆောင်လိုသည်ဟု မိမိသို့စာရေး သားတောင်းဆိုခဲ့မှုများရှိခဲ့သည်ဟုလည်း ၄င်းက ဒီဇင်ဘာ ၂၆ရက်၊ အနှေးယာဉ်လုပ်သားများနှင့် တွေ့ဆုံချိန်တွင် ဖွင့်ဟပြောဆိုထားသည်။

၂၀၁၀ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီအစိုးရထံမှ ချောမွေ့စွာအာဏာလွှဲပြောင်းရယူရေးအတွက် ဦးသိန်းစိန်အစိုးရ နှင့် NLD တို့ကဆွေးနွေးမှုများပြုလုပ်နေသည်။

ဖွဲဲ့စည်းပုံအခြေခံဥပဒေအရလည်း ရွေးကောက်ပွဲအနိုင်ရပါတီကို သက်ဆိုင်ရာအစိုးရသက်တမ်း ၅နှစ်ပြည့်ချိန်နှင့် ရွေးကောက်ပွဲမျာကျင်းပပြုလုပ်ပြီးသည့် ရက်ပေါင်း ၆၀တွင် လွှတ်တော်သစ်ခေါ်ယူခြင်းနှင့် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၂၀ အတွင်း အနိုင်ရပါတီထံသို့ အာဏာလွှဲပြောင်းရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

NLD သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်နေရာများ၏ ၈၀ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားသည့် ပါတီလည်း ဖြစ်သည်။

- See more at: http://mizzimaburmese.com/article/9377#sthash.eu7GZU1r.dpuf

No comments:

Post a Comment