Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 18, 2016

အစိုးရဘတ္ဂ်က္ က်ပ္ဘီလီယံေျခာက္ရာေက်ာ္ကို လႊတ္ေတာ္ျဖတ္ေတာက္

Byမင္းဟိန္းေက်ာ္On  Tue, 2016-01-19 06:30Locationေနျပည္ေတာ္Issue No.No.983 Tuesday, January 19, 2016
လာမည့္ ၂၀၁၆- ၁၇ ဘ႑ာႏွစ္အတြင္း ျပည္ ေထာင္စုအစိုးရအဖဲြ႕က ေဆာင္ ရြက္ရမည့္ အေဆာက္အအံု ေဆာက္လုပ္ျခင္း လုပ္ငန္းမ်ားႏွင့္ စီမံကိန္းမ်ားအတြက္ ေတာင္းခံ ထားသည့္ ေငြေၾကးပမာဏမ်ား အနက္ က်ပ္ေငြ ၆၁၃ ဘီလီယံ ေက်ာ္ကို ျဖတ္ေတာက္ရန္ ျပည္ ေထာင္စုလႊတ္ေတာ္က ဆံုးျဖတ္ လိုက္ေၾကာင္း သတင္းရရွိသည္။

ျပည္ေထာင္စုအစိုးရအဖဲြ႕က တင္ျပလာေသာ လာမည့္ ဘတ္ ဂ်က္ႏွစ္အတြက္ အမ်ိဳးသားစီမံ ကိန္းဥပေဒၾကမ္းႏွင့္ ဘ႑ာေငြ အရအသံုးဆိုင္ရာ ဥပေဒၾကမ္း မ်ားတြင္ ပါ၀င္သည့္ ေငြေၾကးပ မာဏမ်ားျဖတ္ေတာက္ရန္ ဥပ ေဒၾကမ္း ပူးေပါင္းေကာ္မတီ၊ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္ မတီ၊ အမ်ိဳးသားစီမံကိန္းပူးေပါင္း  ေကာ္မတီအပါအ၀င္ ဘတ္ဂ်က္ စိစစ္ျဖတ္ေတာက္ေရးအဖဲြ႕ခြဲ ၁၉ ဖြဲ႕၏ အဆိုျပဳခ်က္မ်ားအရ ျဖတ္ေတာက္ခဲ့ျခင္းျဖစ္သည္။

ဇန္န၀ါရီ ၁၈ ရက္က ျပဳ လုပ္သည့္ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေ၀းတြင္ ၂၀၁၆- ၁၇ အမ်ိဳးသားစီမံကိန္း၌ ဥပေဒ ၾကမ္းတြင္ပါ၀င္သည့္ ေငြေၾကး ပမာဏမ်ားကို ၀န္ႀကီးဌာနတစ္ခု ခ်င္းအလိုက္ လႊတ္ေတာ္၏ သ ေဘာတူညီခ်က္ရယူကာ ျဖတ္ ေတာက္ခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္က ဆံုးျဖတ္အ တည္ျပဳသည့္ ျဖတ္ေတာက္မႈသည္ လုပ္ငန္းႀကီးမ်ားတြင္ သံုး စြဲရမည့္ ေငြေၾကးပမာဏမ်ား ပါ ၀င္ေသာ အမ်ိဳးသားစီမံကိန္းဥပ ေဒၾကမ္းသာျဖစ္ၿပီး ၀န္ထမ္းမ်ား အားေပးအပ္ရသည့္ လုပ္ခ၊လစာ၊ ႐ံုးအသံုးစရိတ္မ်ား ပါ၀င္ေသာ ၂၀၁၆-၁၇ ဘ႑ာေငြအရအသံုး ဥပေဒၾကမ္းတြင္လည္း ထပ္မံ ျဖတ္ေတာက္ဦးမည္ျဖစ္သည္။ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ ျပည္ ေထာင္စုအစိုးရအဖြဲ႕အတြင္းမွ ၀န္ႀကီးဌာနမ်ား၊ ဗဟိုအဖဲြ႕မ်ားမွ သံုးစြဲရန္ ေတာင္းခံထားသည့္ ေငြ ေၾကးပမာဏ က်ပ္ေငြဘီလီယံ ေပါင္း ႏွစ္ေသာင္းတစ္ေထာင္ ေက်ာ္ရွိရာ လိုေငြ၊ ဘီလီယံေလး ေထာင္ခန္႔ရွိေနသည္။

‘‘၂၀၁၆ ဇန္န၀ါရီ ၁၈ ရက္ တြင္အမ်ိဳးသားစီမံကိန္း ဥပေဒ ၾကမ္းကိုျပည္ေထာင္စုလႊတ္ေတာ္ ကို အဆိုျပဳတင္ျပခဲ့ပါတယ္။ဘယ္သူ႔မ်က္ႏွာမွမေထာက္ဘဲ တိုင္း ျပည္မ်က္ႏွာကိုၾကည့္ၿပီး ဥပေဒ ၾကမ္း ပူးေပါင္းေကာ္မတီ၊ ျပည္ သူ႔ေငြစာရင္း ပူးေပါင္းေကာ္ မတီ၊ အမ်ိဳးသားစီမံကိန္းပူးေပါင္း ေကာ္မတီနဲ႔ အဖြဲ႕ခြဲ ၁၉ ဖြဲ႕ရဲ႕ အ ဆိုျပဳခ်က္ေတြအရ ျဖတ္ေတာက္ ျခင္းျဖစ္ပါတယ္။ ဒီထက္ပိုၿပီး ေတာ့ မေျပာလိုပါဘူး။ ဆီးသီးဗန္းဆိုတဲ့အေျပာမ်ိဳးကိုလည္း ဘယ္ သူ႔ကိုမွ အေျပာမခံေစခ်င္ပါဘူး’’ ဟုျပည္ေထာင္စုလႊတ္ေတာ္ ဥပ ေဒၾကမ္း ပူးေပါင္းေကာ္မတီအ တြင္းေရးမွဴး ဦးေစာလွထြန္းက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေျပာၾကားထားသည္။

ထိုသို႔ျဖတ္ေတာက္ရာတြင္ ျပည္ထဲေရး၀န္ႀကီးဌာနက တင္ျပ ထားေသာျမန္မာ-ဘဂၤလားေဒ့ရွ္၊  ျမန္မာ-အိႏိၵယနယ္စပ္ ၿခံစည္း႐ိုး မ်ား ကာရံျခင္းအပါအ၀င္ လုပ္ငန္း ၂၁ ခုအတြက္ က်ပ္၁၉ ဘီလီယံ ေက်ာ္ ျဖတ္ေတာက္ေရး အဆိုကို ဒုတိယ၀န္ႀကီး ဗိုလ္မွဴးခ်ဳပ္ ေက်ာ္ ဇံျမင့္က လက္ခံျခင္းမျပဳသျဖင့္ မဲ ခြဲဆံုးျဖတ္ခဲ့ရာ ျဖတ္ေတာက္ရန္ ေထာက္ခံသူမ်ားျပားသျဖင့္ ေဖာ္ ျပပါ ေငြေၾကးပမာဏကို ျဖတ္ ေတာက္ေရး အတည္ျပဳျဖစ္ခဲ့ သည္။ထို႔အတူ လယ္ယာစိုက္ပ်ိဳး ေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန က ေဆာင္ရြက္မည့္ လုပ္ငန္း၂၂ခုမွ က်ပ္ဘီလီယံ ၁၀၀  ေက်ာ္ကိုျဖတ္ ေတာက္ေရး အဆိုျပဳတင္ျပခ်က္ ကို ဒုတိယ၀န္ႀကီးက သေဘာမတူ ခဲ့သျဖင့္ မဲခြဲဆံုးျဖတ္ရာ လႊတ္ ေတာ္က ျဖတ္ေတာက္ေရးဘက္မွ ေထာက္ခံမဲေပးခဲ့သျဖင့္ ယင္းေငြ ေၾကးပမာဏကို ျဖတ္ေတာက္ခဲ့ သည္။

၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စုအစိုးရအဖဲြ႕အတြင္း မွ ၀န္ႀကီးဌာနမ်ား၊ ဗဟိုအဖြဲ႕အ စည္းမ်ားက သံုးစြဲရန္ ေတာင္းခံ ထားသည့္ အသံုးစရိတ္သည္က်ပ္ ေငြ ဘီလီယံေပါင္း ၂၁,၀၀၀ ေက်ာ္ ရွိသည္။ ယင္းအသံုးစရိတ္ မ်ားကို မူလက က်ပ္ ၃၇ ဘီလီ ယံသာျဖတ္ေတာက္ရန္ လ်ာထား ခဲ့ေသာ္လည္း အဆ ၂၀ ခန္႔ တိုး ျမႇင့္ကာ က်ပ္ ၆၁၃ ဘီလီယံျဖတ္ ေတာက္ရန္ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။
7Daydaily
.......................
အစိုးရဘတ်ဂျက် ကျပ်ဘီလီယံခြောက်ရာကျော်ကို လွှတ်တော်ဖြတ်တောက်

အစိုးရဘတ်ဂျက် ကျပ်ဘီလီယံခြောက်ရာကျော်ကို လွှတ်တော်ဖြတ်တောက်

Byမင်းဟိန်းကျော်On  Tue, 2016-01-19 06:30Locationနေပြည်တော်Issue No.No.983 Tuesday, January 19, 2016
လာမည့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ပြည် ထောင်စုအစိုးရအဖွဲ့က ဆောင် ရွက်ရမည့် အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် စီမံကိန်းများအတွက် တောင်းခံ ထားသည့် ငွေကြေးပမာဏများ အနက် ကျပ်ငွေ ၆၁၃ ဘီလီယံ ကျော်ကို ဖြတ်တောက်ရန် ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာသော လာမည့် ဘတ် ဂျက်နှစ်အတွက် အမျိုးသားစီမံ ကိန်းဥပဒေကြမ်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း များတွင် ပါ၀င်သည့် ငွေကြေးပ မာဏများဖြတ်တောက်ရန် ဥပ ဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီ၊ အမျိုးသားစီမံကိန်းပူးပေါင်း  ကော်မတီအပါအဝင် ဘတ်ဂျက် စိစစ်ဖြတ်တောက်ရေးအဖွဲ့ခွဲ ၁၉ ဖွဲ့၏ အဆိုပြုချက်များအရ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက်က ပြု လုပ်သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ၂၀၁၆- ၁၇ အမျိုးသားစီမံကိန်း၌ ဥပဒေ ကြမ်းတွင်ပါ၀င်သည့် ငွေကြေး ပမာဏများကို ၀န်ကြီးဌာနတစ်ခု ချင်းအလိုက် လွှတ်တော်၏ သ ဘောတူညီချက်ရယူကာ ဖြတ် တောက်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်က ဆုံးဖြတ်အ တည်ပြုသည့် ဖြတ်တောက်မှုသည် လုပ်ငန်းကြီးများတွင် သုံး စွဲရမည့် ငွေကြေးပမာဏများ ပါ ၀င်သော အမျိုးသားစီမံကိန်းဥပ ဒေကြမ်းသာဖြစ်ပြီး ၀န်ထမ်းများ အားပေးအပ်ရသည့် လုပ်ခ၊လစာ၊ ရုံးအသုံးစရိတ်များ ပါ၀င်သော ၂၀၁၆-၁၇ ဘဏ္ဍာငွေအရအသုံး ဥပဒေကြမ်းတွင်လည်း ထပ်မံ ဖြတ်တောက်ဦးမည်ဖြစ်သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စုအစိုးရအဖွဲ့အတွင်းမှ ၀န်ကြီးဌာနများ၊ ဗဟိုအဖွဲ့များမှ သုံးစွဲရန် တောင်းခံထားသည့် ငွေ ကြေးပမာဏ ကျပ်ငွေဘီလီယံ ပေါင်း နှစ်သောင်းတစ်ထောင် ကျော်ရှိရာ လိုငွေ၊ ဘီလီယံလေး ထောင်ခန့်ရှိနေသည်။

‘‘၂၀၁၆ ဇန်နဝါရီ ၁၈ ရက် တွင်အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းကိုပြည်ထောင်စုလွှတ်တော် ကို အဆိုပြုတင်ပြခဲ့ပါတယ်။ဘယ်သူ့မျက်နှာမှမထောက်ဘဲ တိုင်း ပြည်မျက်နှာကိုကြည့်ပြီး ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၊ ပြည် သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၊ အမျိုးသားစီမံကိန်းပူးပေါင်း ကော်မတီနဲ့ အဖွဲ့ခွဲ ၁၉ ဖွဲ့ရဲ့ အ ဆိုပြုချက်တွေအရ ဖြတ်တောက် ခြင်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး တော့ မပြောလိုပါဘူး။ ဆီးသီးဗန်းဆိုတဲ့အပြောမျိုးကိုလည်း ဘယ် သူ့ကိုမှ အပြောမခံစေချင်ပါဘူး’’ ဟုပြည်ထောင်စုလွှတ်တော် ဥပ ဒေကြမ်း ပူးပေါင်းကော်မတီအ တွင်းရေးမှူး ဦးစောလှထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ပြောကြားထားသည်။

ထိုသို့ဖြတ်တောက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြ ထားသောမြန်မာ-ဘင်္ဂလားဒေ့ရှ်၊  မြန်မာ-အိန္ဒိယနယ်စပ် ခြံစည်းရိုး များ ကာရံခြင်းအပါအဝင် လုပ်ငန်း ၂၁ ခုအတွက် ကျပ်၁၉ ဘီလီယံ ကျော် ဖြတ်တောက်ရေး အဆိုကို ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော် ဇံမြင့်က လက်ခံခြင်းမပြုသဖြင့် မဲ ခွဲဆုံးဖြတ်ခဲ့ရာ ဖြတ်တောက်ရန် ထောက်ခံသူများပြားသဖြင့် ဖော် ပြပါ ငွေကြေးပမာဏကို ဖြတ် တောက်ရေး အတည်ပြုဖြစ်ခဲ့ သည်။ထို့အတူ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆောင်ရွက်မည့် လုပ်ငန်း၂၂ခုမှ ကျပ်ဘီလီယံ ၁၀၀  ကျော်ကိုဖြတ် တောက်ရေး အဆိုပြုတင်ပြချက် ကို ဒုတိယဝန်ကြီးက သဘောမတူ ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ လွှတ် တော်က ဖြတ်တောက်ရေးဘက်မှ ထောက်ခံမဲပေးခဲ့သဖြင့် ယင်းငွေ ကြေးပမာဏကို ဖြတ်တောက်ခဲ့ သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း မှ ၀န်ကြီးဌာနများ၊ ဗဟိုအဖွဲ့အ စည်းများက သုံးစွဲရန် တောင်းခံ ထားသည့် အသုံးစရိတ်သည်ကျပ် ငွေ ဘီလီယံပေါင်း ၂၁,၀၀၀ ကျော် ရှိသည်။ ယင်းအသုံးစရိတ် များကို မူလက ကျပ် ၃၇ ဘီလီ ယံသာဖြတ်တောက်ရန် လျာထား ခဲ့သော်လည်း အဆ ၂၀ ခန့် တိုး မြှင့်ကာ ကျပ် ၆၁၃ ဘီလီယံဖြတ် တောက်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
7Daydaily

No comments:

Post a Comment