ဝမ္ေပါင္ကုမၼဏီမွ လိုင္စင္မဲ့ ကားမ်ား
Byမိုးျမင့္ေဇာ္On Mon, 2016-01-04 06:30Location ရန္ကုန္Issue No.No.968 Monday, January 4, 2016
၂၀၁၅-၁၆ ဘ႑ာေရးႏွစ္တြင္ ဖမ္းဆီးထားေသာ တရားမ၀င္လိုင္စင္မဲ့ ကားအစီး ၄၀၀ခန္႔ကို ေလလံတင္ရန္ သမၼတ႐ုံးသို႔ တင္ျပထားေၾကာင္း တရားမ၀င္ကုန္သြယ္မႈတားဆီးေရးဗဟိုဌာနမွ သတင္းရရွိသည္။
တရားမ၀င္ကုန္သြယ္မႈတား ဆီးေရးအဖြဲ႕ လရ-၁ (ေနာင္ခ်ဳိ) ႏွင့္ လရ-၂ (ေညာင္ခါးရွည္)တို႔တြင္ ဖမ္းဆီးရမိေသာ တရားမ၀င္လိုင္ စင္မဲ့ကားမ်ားကို ေလလံတင္သြားမည္ျဖစ္သည္။ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးစီးပြားေရးရာေကာ္မတီသို႔ ၀န္ႀကီး႐ုံးမွတစ္ဆင့္ အဆိုပါကားမ်ားကို ေလလံပစ္ရန္ တင္ျပထားၿပီး ခြင့္ျပဳမိန္႔က်လွ်င္ ေလလံတင္သြားမည္ ျဖစ္ေၾကာင္း တာ၀န္ရိွသူကေျပာသည္။
‘‘အေကာက္ခြန္လုပ္ထံုးလုပ္ နည္းနဲ႔အညီ ႏိုင္ငံေတာ္သမၼတ႐ုံး ကို တင္ျပလုပ္ေဆာင္သြားမယ္။ အခုကားေတြ ေလလံပစ္ဖို႔ကို ေတာ့ အမ်ဳိးအစား၊ အတန္းအစား ခြဲျခားေနတယ္။ ကားအမ်ဳိးအစား ေမာ္ဒယ္ကလည္း အမ်ဳိးစံုရွိေတာ့ သတ္မွတ္ခ်က္ ႏွစ္ ၂၀ ေက်ာ္တဲ့ ကားကိုလည္း ေလလံပစ္လို႔မရ ဘူး။ ဒါေၾကာင့္ အတန္းအစားခြဲ ျခားစစ္ေဆးေဆာင္ရြက္ေနတယ္’’ဟု တရားမ၀င္ကုန္သြယ္မႈတား ဆီးေရးဗဟိုဌာနၫႊန္ၾကားေရးမွဴး က ေျပာသည္။
အသံုးျပဳရန္သင့္ေလ်ာ္ေသာကားမ်ားကို ေလလံတင္ေရာင္းခ်သြားမည္ျဖစ္ၿပီး အသံုးျပဳရန္အဆင္မေျပေသာ သက္တမ္း ႏွစ္ ၂၀ေက်ာ္ ကားမ်ားကို သံရည္က်ဳိဖ်က္သိမ္းရန္စီစဥ္ထားေၾကာင္း တရားမ၀င္ကုန္သြယ္မႈတားဆီးေရးအဖြဲ႕ (ဗဟို)မွ သတင္းရရွိသည္။
လက္ရွိအစိုးရလက္ထက္ တြင္ တရားမ၀င္ကုန္သြယ္မႈတား ဆီးေရးေရြ႕လ်ားစစ္ေဆးေရးအ ဖြဲ႕ (Mobile Team) ကို သမၼတက အမိန္႔ျဖင့္ ၂၀၁၂ ႏို၀င္ဘာ၌ စတင္ဖြဲ႕စည္းခဲ့ၿပီး အဆိုပါအဖြဲ႔ကို ႏိုင္ငံေတာ္သမၼတ၏ၫႊန္ၾကားခ်က္ျဖင့္ ဒီဇင္ဘာ ၃၀ ရက္၌ ဖ်က္သိမ္းခဲ့သည္။
7Daydaily
..................
တရားမဝင်လိုင်စင်မဲ့ ကား ၄၀၀ ခန့် လေလံတင်ရန်စီစဉ်
Byမိုးမြင့်ဇော်On Mon, 2016-01-04 06:30Location ရန်ကုန်Issue No.No.968 Monday, January 4, 2016
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးထားသော တရားမဝင်လိုင်စင်မဲ့ ကားအစီး ၄၀၀ခန့်ကို လေလံတင်ရန် သမ္မတရုံးသို့ တင်ပြထားကြောင်း တရားမဝင်ကုန်သွယ်မှုတားဆီးရေးဗဟိုဌာနမှ သတင်းရရှိသည်။
တရားမဝင်ကုန်သွယ်မှုတား ဆီးရေးအဖွဲ့ လရ-၁ (နောင်ချို) နှင့် လရ-၂ (ညောင်ခါးရှည်)တို့တွင် ဖမ်းဆီးရမိသော တရားမဝင်လိုင် စင်မဲ့ကားများကို လေလံတင်သွားမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးစီးပွားရေးရာကော်မတီသို့ ၀န်ကြီးရုံးမှတစ်ဆင့် အဆိုပါကားများကို လေလံပစ်ရန် တင်ပြထားပြီး ခွင့်ပြုမိန့်ကျလျှင် လေလံတင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
‘‘အကောက်ခွန်လုပ်ထုံးလုပ် နည်းနဲ့အညီ နိုင်ငံတော်သမ္မတရုံး ကို တင်ပြလုပ်ဆောင်သွားမယ်။ အခုကားတွေ လေလံပစ်ဖို့ကို တော့ အမျိုးအစား၊ အတန်းအစား ခွဲခြားနေတယ်။ ကားအမျိုးအစား မော်ဒယ်ကလည်း အမျိုးစုံရှိတော့ သတ်မှတ်ချက် နှစ် ၂၀ ကျော်တဲ့ ကားကိုလည်း လေလံပစ်လို့မရ ဘူး။ ဒါကြောင့် အတန်းအစားခွဲ ခြားစစ်ဆေးဆောင်ရွက်နေတယ်’’ဟု တရားမဝင်ကုန်သွယ်မှုတား ဆီးရေးဗဟိုဌာနညွှန်ကြားရေးမှူး က ပြောသည်။
အသုံးပြုရန်သင့်လျော်သောကားများကို လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး အသုံးပြုရန်အဆင်မပြေသော သက်တမ်း နှစ် ၂၀ကျော် ကားများကို သံရည်ကျိုဖျက်သိမ်းရန်စီစဉ်ထားကြောင်း တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ (ဗဟို)မှ သတင်းရရှိသည်။
လက်ရှိအစိုးရလက်ထက် တွင် တရားမဝင်ကုန်သွယ်မှုတား ဆီးရေးရွေ့လျားစစ်ဆေးရေးအ ဖွဲ့ (Mobile Team) ကို သမ္မတက အမိန့်ဖြင့် ၂၀၁၂ နိုဝင်ဘာ၌ စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့ကို နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်ဖြင့် ဒီဇင်ဘာ ၃၀ ရက်၌ ဖျက်သိမ်းခဲ့သည်။
7Daydaily
လက္ပေတာင္းေတာင္ေဒသ လက္ပေတာင္းေတာင္ေၾကးနီစီမံကိန္းဝမ္ေပါင္ကုမၼဏီမွ လိုင္စင္မဲ့ ကားမ်ား
Posted by The Melting Pot 4 U on Monday, 4 January 2016
No comments:
Post a Comment