Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 22, 2016

ေျမာက္ကိုရီးယား စပိုင္မယ္ ကင္ယြန္ေဟး၏ ဘဝဇာတ္ေၾကာင္း (အပိုင္း ၂၈ )

ရဲစခန္းတြင္ မည္မွ်ၾကာခဲ့သည္ကို ကြ်န္မ မမွတ္မိေတာ့။ ေဆးရံုတြင္ ကြ်န္မ မည္သည့္ေနရာသို႔ သြားသည္ျဖစ္ေစ သူနာျပဳ တစ္ေယာက္အၿမဲပါသည္။ က်ဴ းလြန္ခဲ့ေသာ ႀကီးေလးသည့္ ျပစ္မႈေၾကာင့္ေလာ ကြ်န္မ၏ ငယ္ရြယ္မႈေၾကာင့္လား မသိ လူတိုင္းလိုလို ကြ်န္မကို စိတ္ဝင္စားၾကသည္။ ညပိုင္းတြင္ အရာရွိ သံုးေယာက္ႏွင့္ သူနာျပဳ တစ္ေယာက္ကို တာဝန္ ခ်ထားသည္။ အၿမဲ လက္ထိပ္ခတ္ထားသျဖင့္ ဒဏ္ျဖစ္ကာ လက္ေကာက္ဝတ္သည္ ေရာင္ကိုင္းေနသည္။ ဒူးေခါင္းနာက်င္မႈကလည္း မေပ်ာက္ေသး။ ထိုနာက်င္မႈမ်ားကို မသိၾကေစရန္ ကြ်န္မဖံုးကြယ္ထားသည္။ ကြ်န္မအား ေပ်ာ့ညံသူ သတိၱမရွိသူအျဖစ္ အထင္မခံႏိုင္။

ေန႔တိုင္း ဆရာဝန္တစ္ေယာက္ ႀကီးၾကပ္လ်က္ လမ္းေလွ်ာက္ ေလ့က်င့္ခန္း လုပ္ရသည္။ ခန္းမထဲတြင္ အသြားအျပန္ ႏွစ္နာရီခန္႔ လမ္းေလွ်ာက္ရသည္။ သူနာျပဳကို အားျပဳလ်က္ ဘယ္ဘက္ေျခေထာက္ တရြတ္ဆြဲ ေလွ်ာက္သည္။
ကြ်န္မ၏ ေသြးခုန္ႏႈန္းႏွင့္ ကိုယ္အပူခ်ိန္ကို တစ္နာရီတစ္ခါ တိုင္းယူၾကသည္။ ကြ်န္မ၏ ေသြးနမူနာကို ယူသည့္အခါ ကြ်န္မက အေၾကာက္အကန္ ရုန္းကန္သည္။ ေတာင္ကုိရီးယား ေထာက္လွမ္းေရးက အသံုးျပဳ သည့္ အလိမ္ေဖာ္ေဆး (Truth serum) ဆိုသည္ကို သင္တန္းတက္စဥ္က ၾကားဖူးသည္။ အလိမ္ေဖာ္ေဆးထိုးလိုက္လွ်င္ အမွန္ကို ထုတ္ေဖာ္ ေျပာဆိုၾကသည္ဟု ဆ္ုိသည္။ ကြ်န္မ အေၾကာက္အကန္ ရုန္းကန္ေနသည္ကို ဆရာဝန္ ႏွင့္ သူနာျပဳမ်ားက နားမလည္ႏိုင္ၾက။ ေနာက္ဆံုး ကြ်န္မအား အတင္းခ်ဴ ပ္၍ ေသြးနမူနာကို စုပ္ယူသည္။

ေရငံုႏႈတ္ပိတ္ေနသေရြ႕ ကာလပတ္လံုး ကြ်န္မသည္ ေဆးရံုတြင္သာ ေနေနရမည္။ ထို႔ေၾကာင့္ သူတို႔အား စကားေျပာမွ ျဖစ္ေတာ့မည္ဟု ကြ်န္မ သေဘာေပါက္လာသည္။ ေရေတာင္းေသာက္ျခင္း လက္ေကာက္ဝတ္ နာက်င္ျခင္းတို႔ကို ကြ်န္မက ေျပာေသာအခါ အေစာင့္ႏွင့္ ေဆးရံုဝန္ထမ္းမ်ားသည္ အားတက္ ေပ်ာ္ရႊင္သြားသည္။ ကြ်န္မ စကားေျပာၿပီဆိုေသာ သတင္းသည္ ေဆးရံုတစ္ခုလံုး ပ်ံ႕ႏွံ႔သြားသည္။

ဟန္ဒါဆင္ႏွင့္ ဇနီးတို႔သည္ ေန႔စဥ္ ေန႔လယ္ပိုင္းတြင္ ကြ်န္မထံ ပံုမွန္ေရာက္လာသည္။ ေခ်ာကလက္ ဘီစကြတ္မုန္႔ စသည့္ လက္ေဆာင္မ်ား ယူလာတတ္သည္။ အလာပ သလႅာပမ်ားကို စကားေရာေဖာေရာ ေျပာေနရင္း ဗံုးေပါက္ကြဲမႈအေၾကာင္းကို ျဖတ္ေမးတတ္သည္။ ကြ်န္မက ဘာမွ်ျပန္မေျဖသည့္ အခါလည္း ရွိသလို ဘာမွ်မသိဟု ေျဖသည့္အခါလည္း ရွိတတ္သည္။

သူတို႔က တရုတ္ဘာသာျဖင့္ ေရးသားထားေသာ ေမးခြန္းတခ်ဴ ိ႕ကို ယူလာေပးသည္။
ေမး မင္းနာမည္ ဘယ္သူလဲ
ေျဖ ေပခ်ဴ ေဝ

ေမး မင္း ဘယ္ႏိုင္ငံသားလဲ
ေျဖ တရုတ္

ေမး ေမြးေန႔ သကၠရာဇ္
ေျဖ ဇန္နဝါရီလ ၂၇ ရက္ ၁၉၆၄

ေမး ေမြးရပ္ဇာတိ
ေျဖ ဟီလံုက်န္း ခရိုင္ ဝူခ်န္ၿမိဳ႕ တရုတ္ျပည္

ေမး ေနာက္ဆံုးေနထိုင္ခဲ့သည့္ လိပ္စာ
ေျဖ ၄-၁၀-၆ ရွင္ဘူယာ တိုက်ဴ ိ ဂ်ပန္

ေမး မိဘေတြ ရွိေသးလား
ေျဖ မရွိေတာ့ပါ

ေမး ညီအစ္ကို ေမာင္ႏွမ အမည္မ်ား
ေျဖ မရွိပါ

ကြ်န္မသည္ မိဘမဲ့တစ္ေယာက္ျဖစ္ၿပီး ေလယာဥ္ ေပါက္ကြဲမႈႏွင့္ မည္သို႔မွ် မပတ္သတ္ေၾကာင္း ေလယာဥ္ ေပါက္ကြဲမႈႏွင့္ ပတ္သတ္ၿပီး ကြ်န္မအား ေမးျမန္းေနျခင္းကို နားမလည္ႏိုင္ေၾကာင္း ေပါက္ကြဲသြားေသာ ေလယာဥ္ေပၚတြင္ လိုက္ပါမိရံုျဖင့္ ရာဇဝတ္ျပစ္မႈ သင့္သေလာ စသည္ျဖင့္ ကြ်န္မက သူတို႔ကိုေျပာျပသည္။
ကြ်န္မေျပာသမွွ်ကို သူတို႔က မယံု။ သို႔ေသာ္ ကြ်န္မကို အၿမဲ တေလးတစား ဆက္ဆံသည္။ ကြ်န္မ က်န္းမားေရးကို သူတို႔စိုးရိမ္သည္။

တစ္ေန႔ နံနက္ခင္း လက္ဖက္ရည္ ေသာက္ၿပီးခ်ိန္တြင္ ဟန္ဒါဆင္ ေရာက္လာသည္။ သူက ၿပံဳးၿပံဳးရယ္ရယ္ျဖင့္ ႏႈတ္ဆက္သည္။ သူ႔အား ျပန္ႏႈတ္ဆက္မည္ အျပဳတြင္ သူ႔ေနာက္တြင္ ပါလာေသာ လူတစ္အုပ္ကို ေတြ႕ရသျဖင့္ ကြ်န္္မ တန္႔သြားသည္။ သတင္းေထာက္မ်ားျဖစ္သည္။ ကြ်န္မ မ်က္လံုးမွိတ္ထားလိုက္သည္။ ဝမ္းဗိုက္ထဲ ေအာ္ဂလီဆန္သြားသည္။

လွ်ပ္တျပက္မီးမ်ား လင္းလက္သြားသည္။ သတင္ေထာက္ထားမ်ား ေျပာသည့္အတိုင္း ကိုယ္ဟန္အေနအထား ေနေပးရသည္။ မနက္ျဖန္တြင္ ကမာၻတလႊား ထုတ္ေဝၾကမည့္ သတင္းစားမ်ားတြင္ ကြ်န္မဓာတ္ပံု ပါလာေတာ့မည္။ အျပစ္မဲ့ ခရီးသည္ ၁၁၅ ေယာက္ကို သတ္ျဖတ္ခဲ့သည့္ လူသတ္မဟု ထိပ္စီးတင္ၾကေတာ့မည္။ ကြ်န္မ မိသားစုေတာ့ သိရွာမည္မဟုတ္။

အေမ့ထံမွ ေနာက္ဆံုးစာထဲ၌ အေဖသည္ အလုပ္ကိစၥျဖင့္ အင္ဂိုလာသို႔ တလခန္႔ သြားေနရမည္ဟု ေရးထားသည္။ အေဖသာ အင္ဂိုလာတြင္ ရွိေနေသးပါက ကြ်န္မက စိတ္ကူးျဖင့္ ပံုေဖာ္ၾကည့္သည္။

အေဖသည္ ဟိုတယ္ဧည့္ခန္းတြင္ တင္ထားေသာ သတင္းစားကို ေကာက္ယူ ဖတ္ရႈသည့္အခါ မ်က္ႏွာဖံုးတြင္ ကြ်န္မဓာတ္ပံုေအာက္၌ လူသတ္သမား ဟူေသာ စာလံုးမည္းႀကီးမ်ားကို ေတြ႕လွ်င္။ ကြ်န္မ ဆက္မစဥ္းစားရဲေတာ့။

သတင္းေထာက္မ်ား ထြက္သြားၿပီး ေတာင္ကိုရီးယား ေထာက္လွမ္းေရး အမ်ဴ ိးသမီး ႏွစ္ေယာက္ ဝင္လာၿပီး ကြ်န္မ တစ္ကိုယ္လံုးကို အေသးစိတ္စစ္ေဆးသည္။ ကြ်န္မက မ်က္ႏွာကို လက္ဝါးႏွစ္ဖက္အုပ္ကာ ငိုေတာ့သည္။ ေအးဂ်င့္မ်ား ထြက္သြားသည့္အခါ ဟန္ဒါဆင္က ခုတင္နား ေလွ်ာက္လာၿပီး

"မီယူမီ မင္းဘာျဖစ္လို႔ ကိုးရီးယားေတြကို ေၾကာက္ရတာလဲ "

"ကြ်န္မ မေၾကာက္ပါဘူး။ သူတို႔ ကြ်န္မအေပၚ ျပဳမူ ဆက္ဆံပံုကို မႀကိဳက္ဘူး"

"သူတို႔ေရာက္လာတာကို မင္း မအံ့ၾသဘူးေပါ့"

"ဘာကို အံ့ၾသရမွာလဲ။ ရွင္က ကြ်န္မကို ေလယာဥ္ ဗံုးခြဲတယ္လို႔ စြပ္စြဲတယ္။ ဒီေတာ့ ေတာင္ကိုရီးယားက ကြ်န္မကို စိတ္ဝင္စားမွာေပါ့"

ေနာက္တစ္ေန႔တြင္ ဂ်ပန္အရာရွိမ်ား ေရာက္လာၾကသည္။ သူတို႔က ကြ်န္မ ကိုးရီးယား လူမ်ဴ ိးျဖစ္သည္ကို မေသခ်ာၾက။ ထို႔ေၾကာင့္ သူတို႔ႏွင့္ စကားေျပာသည့္အခါ ဂ်ပန္ အပီသဆံုး အသံုးအႏႈန္းမ်ားကိုသာ အသံုးျပဳသည္။ သူတို႔ ျပန္ထြက္သြားေသာအခါ ကြ်န္မ မည္သည့္လူမ်ဴ ိး ျဖစ္သည္ကို သူတို႔ ယတိျပတ္ မဆံုးျဖတ္ႏိုင္ၾက။ ဇေဝဇဝါႏွင့္ ျပန္ထြက္သြားၾကသည္။

ကြ်န္မ အေတာ္ပင္ပန္းသြားေသာ္လည္း စိတ္သက္သာရသြားသည္။ ဘာရိန္း ဂ်ပန္ ကိုရီးယားတို႔၏ သံုးဖက္သံုးတန္မွ ဖိအားေပးမႈကို ကြ်န္မ ရင္ဆိုင္ေနရသည္။ အထူးသျဖင့္ ဘာရိန္းရဲသည္ ကြ်န္မအေပၚ စိတ္မရွည္ေတာ့။ သူတို႔က တရုတ္စကားျပန္ တစ္ေယာက္ကို ေခၚလာသည္။ မာရီယာ၏ သူငယ္ခ်င္းသည္ အဂၤလိပ္လူမ်ဴ ိးျဖစ္ၿပီး ကြမ္းတံုေဒသသံုး တရုတ္စာကို ကြ်မ္က်င္စြာ ေျပာဆိုႏိုင္သူ ျဖစ္သည္။ သူမသည္ တရုတ္အမ်ဴ ိးသားတစ္ဦးႏွင့္ အိမ္ေထာင္က်ၿပီး ဘာရိန္းတြင္ တရုတ္စားေသာက္ဆိုင္ ဖြင့္ထားသည္မွာ ၃ႏွစ္ရွိၿပီ ဟုဆိုသည္။ သူမ၏ အမည္မွာ ကာမီလာ ျဖစ္သည္။ ရုပ္ရည္ေခ်ာေမာလွပသူ ျဖစ္သည္။

စစ္ေဆးမႈ မစတင္မီတြင္ ကြ်န္မက ငိုခ်လိုက္သည္။ ထို႔ေၾကာင့္ သူတို႔က လိုရင္းကို မေမးပဲ တစ္ျခား အေၾကာင္းမ်ား လွည့္ေျပာၾကသည္။ စစ္ေမးသည့္ အပိုင္း ေရာက္လာသည့္အခါ

"မီယူမီ ငါတို႔ အစကေန စၾကရေအာင္။ မင္းကို ဘယ္မွာ ေမြးခဲ့တာလဲ"

"ကြ်န္မကို ဝူခ်န္ၿမိဳ႕မွာ ေမြးတယ္။ အေဖက ေဆာက္လုပ္ေရး ကုမၸဏီက အရာရွိပါ။ ယဥ္ေက်းမႈေတာ္လွန္ေရးမွာ အေဖကို သစၥာေဖာက္လို႔ စြပ္စြဲခံရၿပီး အဖမ္းခံရတယ္။ ၫွင္းပန္းႏွိပ္စက္ ခံရတယ္။ ျပန္လႊတ္ေပးလိုက္ၿပီး သိပ္မၾကာခင္မွာ အေဖ ကိုယ္ကိုကိုယ္ သတ္ေသသြားတယ္ ။ အေမက ကြ်န္မကို ထားခဲ့ၿပီး ေပက်င္းကို ထြက္သြားၿပီး ေနာက္အိမ္ေထာင္ျပဳသြားတယ္။ အဲ့ဒီကစၿပီး ကြ်န္မ ကိုယ့္ဘာသာ ရပ္တည္ဖို႔ ႀကိဳးစားရေတာ့တယ္" ကြ်န္မ ေျပာရင္း ငိုသည္။ ကြ်န္မက ဆက္၍

"ကြ်န္မမွာ ေနစရာမရွိတဲ့အတြက္ အဘြားက သူ႔ဆီ ေခၚထားတယ္။ အဘြားက လမ္းမေပၚမွာ သတင္းစာေရာင္းတယ္။ ကြ်န္မက စားေသာက္ဆိုင္မွာ စားပြဲထိုးတယ္။ အဲ့ဒီမွာ ဝူအန္းဆိုတဲ့ သူငယ္ခ်င္းနဲ႔ သိကြ်မ္းရတယ္။ သူနဲ႔ ကြ်န္မ မကာအိုက္ုိ ေလွနဲ႔ ထြက္ေျပးလာတယ္။ ကြ်န္မတို႔နဲ႔အတူ ေလွခိုးလာတဲ့ လူငယ္တခ်ဴ ိ႕ ပါလာတယ္"

သူတို႔သည္ ကြ်န္မ ေျပာဆိုေနသည္ကို ယံုၾကည္ပံု ရသည္။ ကြ်န္မကိုယ္တိုင္ပင္ ကြ်န္မ၏ ပံုျပင္ကို ယံုခ်င္သလိုလို ရွိလာသည္။

"မကာအိုက ေလာင္းကစားရံုတစ္ခုမွာ ကြ်န္မ အလုပ္ရတယ္ ။ ေလာင္းကစားရံုမွာ အလုပ္လုပ္ရင္း ဂ်ပန္ အဘိုးအို ရွင္နီခ်ီအာခ်ီယာနဲ႔ ေတြ႕တယ္။ သူဟာ တကယ္ပဲ ၾကင္နာတဲ့သူ ျဖစ္တယ္။ ကြ်န္မရဲ ဇာတ္ေၾကာင္းကို သိေတာ့ ကြ်န္မကို သူက ေမြးစားမယ့္အေၾကာင္း ေျပာတယ္။ အဲ့ဒီလိုနဲ႔ ကြ်န္မ ဂ်ပန္ကို ပါသြားတယ္"

"သူ႔အိမ္က တိုက်ဳဴ ိၿမိဳ႕ ရွင္ဘူယာခ်ဴ အီဘီခ်ဴ ခရိုင္မွာ ရွိတယ္။ မီယူမီဆိုတဲ့နာမည္ကို ကြ်န္္ကို ေပးထားတယ္။ ကြ်န္မကို သမီးတစ္ေယာက္လိုပဲ သူက သေဘာထားတယ္။ ဒါေပမယ့္ အျပင္ထြက္ခြင့္ေတာ့ မေပးဘူး။ ကြ်န္မဟာ ဂ်ပန္ျပည္မွာ ေနထိုင္ခြင့္ ပါမစ္မရွိတဲ့အတြက္ အျပင္ထြက္ရင္ အဖမ္းခံရမယ္လို႔ သူကေျပာတယ္"

"တစ္ႏွစ္ကို ႏွစ္ေခါက္ သံုးေခါက္ေလာက္ေတာ့ ဥေရာပ နဲ႔ ျဖစ္ႏိုင္ရင္ အေမရိကကို အလည္ ပို႔ေပးမယ္လို႔ ကတိေပးထားတယ္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ကြ်န္မတို႔ ဥေရာပကို ခရီး ထြက္လာတယ္။ ႏိုင္ငံကူူးလတ္မွတ္နဲ႔ ေလယာဥ္ လတ္မွတ္ေတြကို သူက ယူထားတယ္။ အခု ကြ်န္မ အခက္ေတြ႕တာက ကြ်န္မရဲ႕ ျဖစ္ရပ္မွန္ကို ေျပာႏိုင္တာ ကြ်န္မ တစ္ေယာက္တည္းပဲ ရွိေနတာပဲ ။ သူက ေသသြားၿပီ။ ကြ်န္မ
မက်ဴ းလြန္တဲ့ ျပစ္မႈအတြက္ အျပစ္ခံရမလို ျဖစ္ေနတယ္။ အခု ကြ်န္မကို ကိုးရီးယားက္ုိ ေခၚသြားၿပီး ႏွိပ္စက္ သတ္ျဖတ္ခံရေတာ့မယ္" ေျပာရင္း ကြ်န္မ ငိုခ်လိုက္သည္။ သူတို႔ ႏွစ္ေယာက္ပါ ငိုေနၾကသည္ကို အံ့ၾသစြာ ေတြ႕ရသည္။

ကာမီလာက ကြ်န္မအတြက္ အမွန္တကယ္ပင္ စိုးရိမ္ပူပန္ေနရွာသည္။ သူက တတ္ႏိုင္သမွ် လုပ္ေပးပါမည္ဟု ကတိေပးသည္။ သူမက ကြ်န္မ၏ တရုတ္နာမည္ကို ေခၚလ်က္

"ခ်ဴ ေဝ မင္းကို ကိုးရီးယားကို မလြဲေပးဖို႔ မင္းေတာင္းဆိုရမယ္။ ဒီေကာင္ေတြက မင္း အျပစ္ရွိတယ္ဆိုတာ ျဖစ္ေအာင္ မင္းဆီက ဝန္ခံခ်က္ကို မရရေအာင္ ယူလိမ့္မယ္။ ျဖစ္တဲ့နည္းနဲ႔ ယူလိမ့္မယ္"

ငိုယိုလ်က္ ကြ်န္မက "ကြ်န္မကို ေခၚမသြားေအာင္ ေျပာေပးၾကပါ" ကြ်န္မ လိမ္ေျပာေနရသည္ကို အားနာလာသည္။

စစ္ေဆးျခင္း ထိုေနရာတြင္ ရပ္တန္႔သြားသည္။ သူတို႔ ထြက္သြားၾကသည္။ အေစာင့္မ်ားႏွင့္ ကြ်န္မသာ က်န္ခဲ့သည္။

ကြ်န္မ.ညအိပ္ေသာအခါ အိပ္မက္ဆိုးမ်ား ဆက္တိုက္ မက္ေနသည္။ အိပ္ေနရင္း ကေယာင္ကတမ္း ကိုးရီးယားစကား ေျပာမိမည္ကို ကြ်န္မ စိုးရိမ္သည္။ ေခြ်းေစးမ်ားျပန္လ်က္ ကြ်န္မ ႏိုးလာသည္။ ကြ်န္မ ငိုခ်မိလိုက္သည္။ သူနာျပဳက ႏွစ္သိမ့္ေပးေသာ္လည္း ကြ်န္မက ဆက္ငိုေနသည္။

အမ်ဴ ိးသမီး အေစာင့္သည္ တစ္ေန႔လွ်င္ အႀကိမ္မ်ားစြာ ဘုရားဝတ္ျပဳသည္။ ပါရွင္း ေကာေဇာငယ္ကို ၾကမ္းခင္းတြင္ခ်ကာ မကၠာဘက္သို႔ လွည့္လ်က္ ဘုရားဝန္ျပဳသည္။ ထိုအျပဳအမူသည္ ကြ်န္မအတြက္ အထူးအဆန္း ျဖစ္သည္။ အေကာင္အထည္ မျမင္ရေသာ ဘုရား ဆိုသည္ကို ရွိခိုး ဝတ္ျပဳေနသည္ကို ကြ်န္မ နားမလည္ႏိုင္။

ေျမာက္ကိုရီးယားတြင္ ဘုရားကို ကိုးကြယ္ဆည္းကပ္ျခင္းသည္ ရြံ႕ရွာမုန္းတီးဖြယ္ ေကာင္းေသာ သဘာဝမက်ေသာ အရာသာ ျဖစ္ၿပီး ေဖာက္ျပန္ေသာ အျပဳအမူ ျဖစ္သည္ဟု ငယ္စဥ္ကတည္းက ကြ်န္မတို႔ကို ရိုက္သြင္းေပးထားသည္။

ဘာသာေရးသမားမ်ားသည္ အေျပာတမ်ဴ ိး အလုပ္တမ်ဴ ိး လူမ်ဴ ိးျဖစ္သည္ဟု သင္ၾကားထားသည္။ ထိုစဥ္က ဘာသာေရး ယံုၾကည္မႈ အေၾကာင္းေျပာလာလွ်င္ ကြ်န္မက ေျပာလာသူကို အထင္ေသးသည္။ ဘုရားကို ယံုၾကည္သည္ထက္ အေကာင္အထည္ရွိေသာ အတိုင္းမသ္ိ ႀကီးျမတ္ေသာ ေခါင္းေဆာင္ႀကီး ကင္အီဆြန္းကို အေလးအျမတ္ျပဳျခင္းက ပိုမို
အက်ဴ ိးေၾကာင္း ခိုင္လံုသည္။ ေခါင္းေဆာင္ႀကီးသည္ ကြ်န္မတို႔၏ သူရဲေကာင္း ကြ်န္မတို႔၏ ခြန္အားျဖစ္သည္။

သို႔ေသာ္ အမ်ဴ ိးသမီး ဘုရားဝတ္ျပဳသည့္အခါ သူ႔မ်က္ႏွာတြင္ ေအးေဆးတည္ၿငိမ္မႈ ၾကည္ညိဳ ေလးျမတ္မႈတို႔ကို အထင္အရွား ေတြ႕ေနရသည္။ ေျမာက္ကိုရီးယား ျပည္္သူမ်ားသည္ ကင္အီဆြန္း သို႔မဟုတ္ ကင္ဂ်ဴ ံအီလ္ကို အမွန္တကယ္ ၾကည္ညိဳ ျမတ္ႏိုးၾကပါ၏လားဟု ကြ်န္မ ေမးၾကည့္မိသည္။

ကေလးမ်ား စကားမေျပာတတ္မီ ကတည္းက ကင္အီဆြန္းအား ကိုးကြယ္ရန္ သင္ၾကားေပးထားသျဖင့္ အခက္အခဲမရွိ။ အရြယ္ေရာက္ၿပီးသူမ်ားသည္ ကင္အီဆြန္း ကိုးကြယ္ ဆည္းကပ္ၾကျခင္းသည္ ဟန္ျပ သက္သက္သာ ျဖစ္သည္။ အလုပ္ၾကမ္းစခန္းမ်ား ပို႔ခံရမည္ သို႔မဟုတ္ အရိုက္အႏွက္ခံရမည္ကို ေၾကာက္ရြ႕ံသျဖင့္ ေလးစားၾကည္ညိဳ ေနၾကျခင္းသာ ျဖစ္သည္။ ေျမာက္ကိုရီးယား ဥပေဒအရ ကင္အီဆြန္းမိသာစုကို ေစာ္ကားေမာ္ကား ျပဳလွ်င္ သံေခ်ာင္္းျဖင့္ ေသသည္အထိ ရိုက္ႏွက္အျပစ္ေပးရန္ ျပဒါန္း ထားသည္။

ဘုရားရွိခိုးၿပီးေသာအခါ သူနာျပဳသည္ ေကာေဇာ သိမ္းၿပီး ကြ်န္မႏွင့္ စကားလာေျပာေနသည္။

စစ္ေဆးေမးျမန္းျခင္းသည္ တိုးတက္မႈမရွိဟု ဟန္ဒါဆင္က ယူဆသျဖင့္ သူက နည္းစနစ္ အသစ္ေျပာင္းသည္။ ဂ်ပန္စကားျပန္ျဖင့္ စစ္ေဆးသည့္နည္းကို ေျပာင္းသံုးသည္။ ဂ်ပန္စကားျပန္ႏွင့္ ေမးျမန္းသည္မ်ားက္ုိ ကာမီလာ အား ေျဖထားသကဲ့သို႔ ျပန္ေျဖသည္။ သို႔ေသာ္ ကြ်န္မသည္ လုပ္ႀကံဇာတ္လမ္း ေျပာဆ္ုိေနသည့္ အတြက္ ေရွ႕ေနာက္မညီသည္မ်ား ရွိလာသည္။

တစ္ေနရာအေရာက္တြင္ ဟန္ဒါဆင္က ေမးျမန္းေနသည္ကို ရပ္ခိုင္းလိုက္ၿပီး ကြ်န္မအား ေသခ်ာစိုက္ၾကည့္ကာ
"ခ်ဴ ဝိီ အခုခ်ိန္မွာ ေတာင္ကိုရီးယားေအးဂ်င့္ေတြ အမ်ားႀကီး ဒီကိုေရာက္ေနတယ္။ မင္းကို သူတို႔ လက္ထဲ လႊဲေပးဖို႔ ေတာင္းဆိုေနတယ္။ ငါတို႔က ျဖစ္ႏိုင္သေလာက္ မင္းကို ကူညီဖို႔ လုပ္ေနတယ္။ မင္း ငါတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ရင္ တရုတ္လက္ထဲ မင္းကို လႊဲေပးမယ္။ မင္း ဆက္လိမ္ေနမယ္ဆိုရင္ေတာ့ ကိုရီးယားလက္ထဲ လႊဲေပးလိုက္ဖို႔ပဲရွိေတာ့တယ္။ အဲ့ဒါကို မင္း စဥ္းစားပါ"

ကြ်န္မက ေခါင္းညိမ့္ျပလိုက္သည္။ ဥေရာပတိုက္သို႔ ကြ်န္မ ေရာက္လာသည့္ ခရီးစဥ္ႏွင့္ ပတ္သတ္ၿပီး ကြ်န္မအား ေမးသည္။ ပ်ံသန္းအမွတ္စဥ္ ၈၅၈ သို႔ တက္ၾကစဥ္ အေသးစိတ္ကို ေမးသည္။ ကြ်န္မတို႔အား အေသးစိတ္ စစ္ေဆးသျဖင့္ ေဖာက္ခြဲေရး ပစၥည္းမ်ားကို ေလယာဥ္ေပၚသို႔ ယူရန္ မျဖစ္ႏိုင္ေၾကာင္း သူ႔အားေျပာျပသည္။ ကြ်န္မသည္ မိဘမဲ့ျဖစ္ေၾကာင္းကို သူက မယံုၾကည္။ မိသားစုဆိုသည့္ စကားလံုးၾကားတိုင္း ကြ်န္မ ငိုသျဖင့္ ကြ်န္မသည္ မိသားစု ရွိရမည္ဟု သူက ဆိုသည္။

"မင္း ဘာေၾကာင့္ အဆိပ္ေတာင့္ကို မ်ဴ ိခ်ဖို႔ လုပ္တာလဲ"

" ရွင္နီခ်ီက အဲ့လိုလုပ္ရမယ္ ေျပာထားလို႔ပါ"

"မင္းနဲ႔ ရွင္နီခ်ီ အေၾကာင္း ေျပာစမ္းပါဦး"

ကြ်န္မသည္ ရွင္နီခ်ီ ေျပာတိုင္း တေသြမတိမ္း လုပ္သည္ဆိုလွ်င္ ကြ်န္မတို႔ႏွစ္ဦး ဆက္ဆံေရးက သာမန္မဟုတ္ဟု ဆိုလိုဟန္ရွိသည္။ ကြ်န္မတို႔ ႏွစ္ဦးစလံုး မ်ဴ ိးပြားႏိုင္ေသာ အသက္အရြယ္မ်ား ျဖစ္ၾကသည္။ အတူေနၾကလွ်င္ မည္သို႔ေသာ ဆက္ဆံေရး ျဖစ္သနည္းဟု ေမးစရာ ရွိလာႏိုင္သည္။ ထိုကိစၥကို ၿပံဳးယမ္း ေထာက္လွမ္းေရး႒ာနခ်ဴ ပ္တြင္ ဥေရာပ ပထမခရီး မစတင္မီက ကြ်န္မ တင္ျပဖူးသည္။ ၫႊန္မွဴ းက

"တစ္ေယာက္တစ္ခန္ထားဖို႔ ငါတို႔မွာ ေငြမတတ္ႏိုင္ဘူး" ျပသာနာမဟုတ္သည့္ ျပသာနာ လာလုပ္ေနသည့္ ေလသံမ်ဴ ိးျဖင့္ အေျပာခံရသည္။ ကြ်န္မက လက္ေထာက္ေအးဂ်င့္ တစ္ေယာက္ ျဖစ္သည္။ ကင္ဆံုအီက ထိကပါး ရိကပါး ေစာ္ကားလွ်င္ ကြ်န္မ၏ လံုၿခံဳေရးကို ကြ်န္မဘာသာ တာဝန္ယူရမည့္ သေဘာျဖစ္သည္။

"မင္းတို႔ ခရီးသြားတဲ့အခါ တခန္းတည္း ႏွစ္ေယာက္ေနတာေတာင္ ဘာမွ ၿငိစြန္းမႈ မရွိဘူးလား"

"ဘာမွမျဖစ္ပါဘူး။ သူဟာ ကြ်န္မရဲ႕ ဖခင္လ္ုိပါပဲ"

"ဟိုတယ္ခန္းထဲမွာ ႏွစ္ေယာက္အိပ္ ခုတင္လား။ တစ္ေယာက္အိပ္ ႏွစ္လံုးလား။"

"တစ္ေယာက္အိပ္ ႏွစ္လံုးပါ"

"အဝတ္အစားလဲေတာ့ ဘယ္မွာလဲသလဲ"

"ေရခ်ဴ ိးခန္းထဲ ဝင္လဲပါတယ္"

"မင္း ေရခ်ဴ ိးတဲ့အခ်ိန္ တံခါးကို ဂ်က္ခ်ထားလား"

"သိပ္ဟုတ္တာေပါ့ရွင္"

"ရွင္နီခ်ီ မင္း ကိုယ္တံုးလံုး ျမင္ဖူးသလား"

"ဘာဆိုလ္ုိတာလဲ" ကြ်န္အ ျပန္ေမးသည္။

"ဆ္ုိလိုတာက သူ႔ဝမ္းဗိုက္မွာ ခြဲစိတ္ထားတဲ့
ခ်ဴ ပ္ရာကို မင္းေတြ႕ဖူးသလား"

"မျမင္ဖူးပါဘူး။ ဒါေပမယ့္ သူ ခြဲစိတ္ခံရဖူးတယ္ ဆိုတာေတာ့ သိတယ္"

"ရွင္နီခ်ီအျပင္ မင္း တျခားလူနဲ႔ လိင္ဆက္ဆံဖူးလား"

ေမးခြန္းေၾကာင့္ ကြ်န္မ လန္႔သြားသည္။ ဘာမွ် မေျပာႏိုင္ပဲ ၾကက္ေသ ေသသြားသည္။ သူက ထပ္ေမးသည္

"မင္း ေယာက္က်ား ဘယ္နေယာက္နဲ႔ လိင္ဆက္ဆံဖူးလဲ"

ကြ်န္မ ဘာမွျပန္မေျဖ။

"လိင္ဆက္ဆံတဲ့အခါ မင္း ဆႏၵ ျပည့္ရဲ႕လား"

ျပန္မေျဖ။

"စပိုင္တစ္ေယာက္အေနနဲ႔ ေယာက္က်ားေတြကို ေသြးေဆာင္ ျမဴ ဆြယ္ခဲ့ဖူးလား"

"ငိုးမ။ ရွင္နီခ်ီဟာ အဘိုးႀကီးဆိုတာ နင္မသိဖူးလား" ကြ်န္မက ေအာ္ေျပာလိုက္သည္။

"မင္းဆိုလိုတာက သူက ႀကိဳးစားေပမယ့္။ ကိစၥ မၿပီးေျမာက္ဖူးလို႔ဆိုတာလား"

ကြ်န္မ ဟန္ဒါဆင္ကို စူးစူးဝါးဝါး စိုက္ၾကည့္သည္။ ေသြးမ်ားလည္း ဆူပြက္ေနသည္။

"အဲ့ဒါဆိုးတာပဲ။ သူ႔ကို ခြဲစိတ္ၾကည့္ေတာ့ သူဟာ စြမ္းေဆာင္ႏိုင္ေသးတဲ့ ေယာက္က်ားဆ္ုိတာ သိရတယ္"

ကြ်န္မက စားပြဲခံုေပၚ ခုန္ေက်ာ္လ်က္ အေစာင့္ တစ္ေယာက္၏ ႏွာေခါင္းကို လက္ဖေနာင့္ျဖင့္ ရိုက္ခ်လိုက္သည္။ ႏွာႏုရိုး က်ဴ ိးသြားသံ ၾကားလိုက္ရသည္။ ေသြးမ်ား ျဖာက်သြားသည္။ အေစာင့္က ေအာ္ဟစ္ၿပီး ၾကမ္းျပင္ေပၚသို႔ ပက္လက္လန္ က်သြားသည္။ ဟန္ဒါဆင္က ကြ်န္မကို ေနာက္ေက်ာမွ ဆြဲလိမ္သည္။ သူ႔ေျခဖ်ား ေပၚသို႔ ေဆာင့္နင္းလိုက္ေသာအခါ လက္လိမ္အား ေလ်ာ့သြားသည့္အခ်ိန္ ဆီးစပ္သို႔ လက္သီးတစ္လံုး ပစ္သြင္းၿပီး နားထင္ကို တံေတာင္ျဖင့္ တြတ္လိုက္သည္။ သူ ယိုင္က်သြားသည္။ သူ႔ဆီမွ ေသနတ္ကိုယူကာ ကိုယ့္ကိုကုိယ္ သတ္ေသရန္ လုပ္မည္အျပဳ အေစာင့္မ်ား ေရာက္လာသည္။ ကြ်န္မအား ေနာက္မွခ်ဴ ပ္ၿပီး ဆြဲထုတ္လိုက္သည္။ ကြ်န္မလက္ကို လည္ပင္းေနာက္မွ လိမ္လ်က္
ခ်ဴ ပ္ထားလိုက္(Headlock) သည္။

"သူ႔ကို မပစ္နဲ႔ေနာ္။ သူက ေသခ်င္ေနတာ။ ငါတို႔က သူ႔ကို အရွင္လိုခ်င္တာ" ဟု ဟန္ဒါဆင္ ေအာ္ေျပာသံကို ၾကားလိုက္ရသည္။

လက္ခ်ဴ ပ္ထားျခင္းမွ မည္သို႔ ရုန္းထြက္ရမည္ကို ကြ်န္မ ေကာင္းေကာင္းသိသည္။ အႀကိမ္မ်ားစြာ ေလ့က်င့္ၿပီးျဖစ္သည္။ သူ႔ဆီးစပ္သို႔ လက္ဝါးေစာင္းျဖင့္ ခုတ္ခ်လိုက္သည့္အတြက္ လိမ္ထားေသာ လက္အေပၚတြင္ အားေလ်ာ့သြားသည္ႏွင့္ လက္မွ ရုန္းထြက္လိုက္ၿပီး ဆံပင္ကို ေနာက္လွန္ဆြဲၿပီး သူ႔ လည္ေခ်ာင္းေပၚ လက္ဝါးေစာင္း ခုတ္ခ်ရန္ ေျမွာက္လုိက္သည့္အခ်ိန္ ကြ်န္မ မိုးႀကိဳးပစ္ခံရသကဲ့သို႔ ေမွာင္အတိက်သြားသည္။ ကြ်န္မ ၾကမ္းျပင္ေပၚသို႔ ပံုက်သြားသည္။ တစ္ကိုယ္လံုး ထံုက်ဥ္ေနသည္။ ကိုယ္ကို တစ္ေစာင့္လွည့္လိုက္သည့္ အခ်ိန္တြင္ အေစာင့္ တစ္ေယာက္ ကြ်န္မအေပၚတြင္ မိုးၾကည့္ေနသည္ကို ေတြ႕ရသည္။ သူ႔လက္ထဲတြင္ က်င္စက္(Stungun) တစ္လက္ ကိုင္ထားသည္ကို ေတြ႕လိုက္ရသည္။ ေနာက္ထပ္ အေစာင့္တစ္ေယာက္ ေရာက္လာၿပီး ကြ်န္မအား လက္ျပန္ လက္ထိပ္ခက္လိုက္သည္။

ဟန္ဒါဆင္က လဲေနရာမွ ထလာသည္။ သူ႔မ်က္ႏွာ နီရဲေနသည္။ အသက္ျပင္းျပင္းရွဴ ေနရာမွ ၾကမ္းေပၚတြင္ ေရာက္ေနေသာ ကြ်န္မအား ၾကည့္ၿပီး

"မီယူမီ နင့္ကို အခြင့္အေရးေပးတယ္။ နင္မယူခဲ့ဘူး"

သူက ေဒါသတႀကီးေျပာကာ အေစာင့္တစ္ေယာက္္အား "သူက ေတာင္ကိုရီးယားနဲ႔ပဲ တန္တယ္"ဟု ေျပာသည္။

ဆက္ရန္
Swam Htet
January 22 ,2016
................
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း

အပိုင်း ၂၈

ရဲစခန်းတွင် မည်မျှကြာခဲ့သည်ကို ကျွန်မ မမှတ်မိတော့။ ဆေးရုံတွင် ကျွန်မ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူနာပြု တစ်ယောက်အမြဲပါသည်။ ကျူ းလွန်ခဲ့သော ကြီးလေးသည့် ပြစ်မှုကြောင့်လော ကျွန်မ၏ ငယ်ရွယ်မှုကြောင့်လား မသိ လူတိုင်းလိုလို ကျွန်မကို စိတ်ဝင်စားကြသည်။ ညပိုင်းတွင် အရာရှိ သုံးယောက်နှင့် သူနာပြု တစ်ယောက်ကို တာဝန် ချထားသည်။ အမြဲ လက်ထိပ်ခတ်ထားသဖြင့် ဒဏ်ဖြစ်ကာ လက်ကောက်ဝတ်သည် ရောင်ကိုင်းနေသည်။ ဒူးခေါင်းနာကျင်မှုကလည်း မပျောက်သေး။ ထိုနာကျင်မှုများကို မသိကြစေရန် ကျွန်မဖုံးကွယ်ထားသည်။ ကျွန်မအား ပျော့ညံသူ သတ္တိမရှိသူအဖြစ် အထင်မခံနိုင်။

နေ့တိုင်း ဆရာဝန်တစ်ယောက် ကြီးကြပ်လျက် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရသည်။ ခန်းမထဲတွင် အသွားအပြန် နှစ်နာရီခန့် လမ်းလျှောက်ရသည်။ သူနာပြုကို အားပြုလျက် ဘယ်ဘက်ခြေထောက် တရွတ်ဆွဲ လျှောက်သည်။
ကျွန်မ၏ သွေးခုန်နှုန်းနှင့် ကိုယ်အပူချိန်ကို တစ်နာရီတစ်ခါ တိုင်းယူကြသည်။ ကျွန်မ၏ သွေးနမူနာကို ယူသည့်အခါ ကျွန်မက အကြောက်အကန် ရုန်းကန်သည်။ တောင်ကိုရီးယား ထောက်လှမ်းရေးက အသုံးပြု သည့် အလိမ်ဖော်ဆေး (Truth serum) ဆိုသည်ကို သင်တန်းတက်စဉ်က ကြားဖူးသည်။ အလိမ်ဖော်ဆေးထိုးလိုက်လျှင် အမှန်ကို ထုတ်ဖော် ပြောဆိုကြသည်ဟု ဆ်ုိသည်။ ကျွန်မ အကြောက်အကန် ရုန်းကန်နေသည်ကို ဆရာဝန် နှင့် သူနာပြုများက နားမလည်နိုင်ကြ။ နောက်ဆုံး ကျွန်မအား အတင်းချူ ပ်၍ သွေးနမူနာကို စုပ်ယူသည်။

ရေငုံနှုတ်ပိတ်နေသရွေ့ ကာလပတ်လုံး ကျွန်မသည် ဆေးရုံတွင်သာ နေနေရမည်။ ထို့ကြောင့် သူတို့အား စကားပြောမှ ဖြစ်တော့မည်ဟု ကျွန်မ သဘောပေါက်လာသည်။ ရေတောင်းသောက်ခြင်း လက်ကောက်ဝတ် နာကျင်ခြင်းတို့ကို ကျွန်မက ပြောသောအခါ အစောင့်နှင့် ဆေးရုံဝန်ထမ်းများသည် အားတက် ပျော်ရွှင်သွားသည်။ ကျွန်မ စကားပြောပြီဆိုသော သတင်းသည် ဆေးရုံတစ်ခုလုံး ပျံ့နှံ့သွားသည်။

ဟန်ဒါဆင်နှင့် ဇနီးတို့သည် နေ့စဉ် နေ့လယ်ပိုင်းတွင် ကျွန်မထံ ပုံမှန်ရောက်လာသည်။ ချောကလက် ဘီစကွတ်မုန့် စသည့် လက်ဆောင်များ ယူလာတတ်သည်။ အလာပ သလ္လာပများကို စကားရောဖောရော ပြောနေရင်း ဗုံးပေါက်ကွဲမှုအကြောင်းကို ဖြတ်မေးတတ်သည်။ ကျွန်မက ဘာမျှပြန်မဖြေသည့် အခါလည်း ရှိသလို ဘာမျှမသိဟု ဖြေသည့်အခါလည်း ရှိတတ်သည်။

သူတို့က တရုတ်ဘာသာဖြင့် ရေးသားထားသော မေးခွန်းတချူ ိ့ကို ယူလာပေးသည်။
မေး မင်းနာမည် ဘယ်သူလဲ
ဖြေ ပေချူ ဝေ

မေး မင်း ဘယ်နိုင်ငံသားလဲ
ဖြေ တရုတ်

မေး မွေးနေ့ သက္ကရာဇ်
ဖြေ ဇန်နဝါရီလ ၂၇ ရက် ၁၉၆၄

မေး မွေးရပ်ဇာတိ
ဖြေ ဟီလုံကျန်း ခရိုင် ဝူချန်မြို့ တရုတ်ပြည်

မေး နောက်ဆုံးနေထိုင်ခဲ့သည့် လိပ်စာ
ဖြေ ၄-၁၀-၆ ရှင်ဘူယာ တိုကျူ ိ ဂျပန်

မေး မိဘတွေ ရှိသေးလား
ဖြေ မရှိတော့ပါ

မေး ညီအစ်ကို မောင်နှမ အမည်များ
ဖြေ မရှိပါ

ကျွန်မသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး လေယာဉ် ပေါက်ကွဲမှုနှင့် မည်သို့မျှ မပတ်သတ်ကြောင်း လေယာဉ် ပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ကျွန်မအား မေးမြန်းနေခြင်းကို နားမလည်နိုင်ကြောင်း ပေါက်ကွဲသွားသော လေယာဉ်ပေါ်တွင် လိုက်ပါမိရုံဖြင့် ရာဇဝတ်ပြစ်မှု သင့်သလော စသည်ဖြင့် ကျွန်မက သူတို့ကိုပြောပြသည်။
ကျွန်မပြောသမျှှကို သူတို့က မယုံ။ သို့သော် ကျွန်မကို အမြဲ တလေးတစား ဆက်ဆံသည်။ ကျွန်မ ကျန်းမားရေးကို သူတို့စိုးရိမ်သည်။

တစ်နေ့ နံနက်ခင်း လက်ဖက်ရည် သောက်ပြီးချိန်တွင် ဟန်ဒါဆင် ရောက်လာသည်။ သူက ပြုံးပြံုးရယ်ရယ်ဖြင့် နှုတ်ဆက်သည်။ သူ့အား ပြန်နှုတ်ဆက်မည် အပြုတွင် သူ့နောက်တွင် ပါလာသော လူတစ်အုပ်ကို တွေ့ရသဖြင့် ကျွန််မ တန့်သွားသည်။ သတင်းထောက်များဖြစ်သည်။ ကျွန်မ မျက်လုံးမှိတ်ထားလိုက်သည်။ ဝမ်းဗိုက်ထဲ အော်ဂလီဆန်သွားသည်။

လျှပ်တပြက်မီးများ လင်းလက်သွားသည်။ သတင်ထောက်ထားများ ပြောသည့်အတိုင်း ကိုယ်ဟန်အနေအထား နေပေးရသည်။ မနက်ဖြန်တွင် ကမ္ဘာတလွှား ထုတ်ဝေကြမည့် သတင်းစားများတွင် ကျွန်မဓာတ်ပုံ ပါလာတော့မည်။ အပြစ်မဲ့ ခရီးသည် ၁၁၅ ယောက်ကို သတ်ဖြတ်ခဲ့သည့် လူသတ်မဟု ထိပ်စီးတင်ကြတော့မည်။ ကျွန်မ မိသားစုတော့ သိရှာမည်မဟုတ်။

အမေ့ထံမှ နောက်ဆုံးစာထဲ၌ အဖေသည် အလုပ်ကိစ္စဖြင့် အင်ဂိုလာသို့ တလခန့် သွားနေရမည်ဟု ရေးထားသည်။ အဖေသာ အင်ဂိုလာတွင် ရှိနေသေးပါက ကျွန်မက စိတ်ကူးဖြင့် ပုံဖော်ကြည့်သည်။

အဖေသည် ဟိုတယ်ဧည့်ခန်းတွင် တင်ထားသော သတင်းစားကို ကောက်ယူ ဖတ်ရှုသည့်အခါ မျက်နှာဖုံးတွင် ကျွန်မဓာတ်ပုံအောက်၌ လူသတ်သမား ဟူသော စာလုံးမည်းကြီးများကို တွေ့လျှင်။ ကျွန်မ ဆက်မစဉ်းစားရဲတော့။

သတင်းထောက်များ ထွက်သွားပြီး တောင်ကိုရီးယား ထောက်လှမ်းရေး အမျူ ိးသမီး နှစ်ယောက် ဝင်လာပြီး ကျွန်မ တစ်ကိုယ်လုံးကို အသေးစိတ်စစ်ဆေးသည်။ ကျွန်မက မျက်နှာကို လက်ဝါးနှစ်ဖက်အုပ်ကာ ငိုတော့သည်။ အေးဂျင့်များ ထွက်သွားသည့်အခါ ဟန်ဒါဆင်က ခုတင်နား လျှောက်လာပြီး

"မီယူမီ မင်းဘာဖြစ်လို့ ကိုးရီးယားတွေကို ကြောက်ရတာလဲ "

"ကျွန်မ မကြောက်ပါဘူး။ သူတို့ ကျွန်မအပေါ် ပြုမူ ဆက်ဆံပုံကို မကြိုက်ဘူး"

"သူတို့ရောက်လာတာကို မင်း မအံ့သြဘူးပေါ့"

"ဘာကို အံ့သြရမှာလဲ။ ရှင်က ကျွန်မကို လေယာဉ် ဗုံးခွဲတယ်လို့ စွပ်စွဲတယ်။ ဒီတော့ တောင်ကိုရီးယားက ကျွန်မကို စိတ်ဝင်စားမှာပေါ့"

နောက်တစ်နေ့တွင် ဂျပန်အရာရှိများ ရောက်လာကြသည်။ သူတို့က ကျွန်မ ကိုးရီးယား လူမျူ ိးဖြစ်သည်ကို မသေချာကြ။ ထို့ကြောင့် သူတို့နှင့် စကားပြောသည့်အခါ ဂျပန် အပီသဆုံး အသုံးအနှုန်းများကိုသာ အသုံးပြုသည်။ သူတို့ ပြန်ထွက်သွားသောအခါ ကျွန်မ မည်သည့်လူမျူ ိး ဖြစ်သည်ကို သူတို့ ယတိပြတ် မဆုံးဖြတ်နိုင်ကြ။ ဇဝေဇဝါနှင့် ပြန်ထွက်သွားကြသည်။

ကျွန်မ အတော်ပင်ပန်းသွားသော်လည်း စိတ်သက်သာရသွားသည်။ ဘာရိန်း ဂျပန် ကိုရီးယားတို့၏ သုံးဖက်သုံးတန်မှ ဖိအားပေးမှုကို ကျွန်မ ရင်ဆိုင်နေရသည်။ အထူးသဖြင့် ဘာရိန်းရဲသည် ကျွန်မအပေါ် စိတ်မရှည်တော့။ သူတို့က တရုတ်စကားပြန် တစ်ယောက်ကို ခေါ်လာသည်။ မာရီယာ၏ သူငယ်ချင်းသည် အင်္ဂလိပ်လူမျူ ိးဖြစ်ပြီး ကွမ်းတုံဒေသသုံး တရုတ်စာကို ကျွမ်ကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။ သူမသည် တရုတ်အမျူ ိးသားတစ်ဦးနှင့် အိမ်ထောင်ကျပြီး ဘာရိန်းတွင် တရုတ်စားသောက်ဆိုင် ဖွင့်ထားသည်မှာ ၃နှစ်ရှိပြီ ဟုဆိုသည်။ သူမ၏ အမည်မှာ ကာမီလာ ဖြစ်သည်။ ရုပ်ရည်ချောမောလှပသူ ဖြစ်သည်။

စစ်ဆေးမှု မစတင်မီတွင် ကျွန်မက ငိုချလိုက်သည်။ ထို့ကြောင့် သူတို့က လိုရင်းကို မမေးပဲ တစ်ခြား အကြောင်းများ လှည့်ပြောကြသည်။ စစ်မေးသည့် အပိုင်း ရောက်လာသည့်အခါ

"မီယူမီ ငါတို့ အစကနေ စကြရအောင်။ မင်းကို ဘယ်မှာ မွေးခဲ့တာလဲ"

"ကျွန်မကို ဝူချန်မြို့မှာ မွေးတယ်။ အဖေက ဆောက်လုပ်ရေး ကုမ္ပဏီက အရာရှိပါ။ ယဉ်ကျေးမှုတော်လှန်ရေးမှာ အဖေကို သစ္စာဖောက်လို့ စွပ်စွဲခံရပြီး အဖမ်းခံရတယ်။ ညှင်းပန်းနှိပ်စက် ခံရတယ်။ ပြန်လွှတ်ပေးလိုက်ပြီး သိပ်မကြာခင်မှာ အဖေ ကိုယ်ကိုကိုယ် သတ်သေသွားတယ် ။ အမေက ကျွန်မကို ထားခဲ့ပြီး ပေကျင်းကို ထွက်သွားပြီး နောက်အိမ်ထောင်ပြုသွားတယ်။ အဲ့ဒီကစပြီး ကျွန်မ ကိုယ့်ဘာသာ ရပ်တည်ဖို့ ကြိုးစားရတော့တယ်" ကျွန်မ ပြောရင်း ငိုသည်။ ကျွန်မက ဆက်၍

"ကျွန်မမှာ နေစရာမရှိတဲ့အတွက် အဘွားက သူ့ဆီ ခေါ်ထားတယ်။ အဘွားက လမ်းမပေါ်မှာ သတင်းစာရောင်းတယ်။ ကျွန်မက စားသောက်ဆိုင်မှာ စားပွဲထိုးတယ်။ အဲ့ဒီမှာ ဝူအန်းဆိုတဲ့ သူငယ်ချင်းနဲ့ သိကျွမ်းရတယ်။ သူနဲ့ ကျွန်မ မကာအိုက်ုိ လှေနဲ့ ထွက်ပြေးလာတယ်။ ကျွန်မတို့နဲ့အတူ လှေခိုးလာတဲ့ လူငယ်တချူ ိ့ ပါလာတယ်"

သူတို့သည် ကျွန်မ ပြောဆိုနေသည်ကို ယုံကြည်ပုံ ရသည်။ ကျွန်မကိုယ်တိုင်ပင် ကျွန်မ၏ ပုံပြင်ကို ယုံချင်သလိုလို ရှိလာသည်။

"မကာအိုက လောင်းကစားရုံတစ်ခုမှာ ကျွန်မ အလုပ်ရတယ် ။ လောင်းကစားရုံမှာ အလုပ်လုပ်ရင်း ဂျပန် အဘိုးအို ရှင်နီချီအာချီယာနဲ့ တွေ့တယ်။ သူဟာ တကယ်ပဲ ကြင်နာတဲ့သူ ဖြစ်တယ်။ ကျွန်မရဲ ဇာတ်ကြောင်းကို သိတော့ ကျွန်မကို သူက မွေးစားမယ့်အကြောင်း ပြောတယ်။ အဲ့ဒီလိုနဲ့ ကျွန်မ ဂျပန်ကို ပါသွားတယ်"

"သူ့အိမ်က တိုကျုူ ိမြို့ ရှင်ဘူယာချူ အီဘီချူ ခရိုင်မှာ ရှိတယ်။ မီယူမီဆိုတဲ့နာမည်ကို ကျွန််ကို ပေးထားတယ်။ ကျွန်မကို သမီးတစ်ယောက်လိုပဲ သူက သဘောထားတယ်။ ဒါပေမယ့် အပြင်ထွက်ခွင့်တော့ မပေးဘူး။ ကျွန်မဟာ ဂျပန်ပြည်မှာ နေထိုင်ခွင့် ပါမစ်မရှိတဲ့အတွက် အပြင်ထွက်ရင် အဖမ်းခံရမယ်လို့ သူကပြောတယ်"

"တစ်နှစ်ကို နှစ်ခေါက် သုံးခေါက်လောက်တော့ ဥရောပ နဲ့ ဖြစ်နိုင်ရင် အမေရိကကို အလည် ပို့ပေးမယ်လို့ ကတိပေးထားတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မတို့ ဥရောပကို ခရီး ထွက်လာတယ်။ နိုင်ငံကူူးလတ်မှတ်နဲ့ လေယာဉ် လတ်မှတ်တွေကို သူက ယူထားတယ်။ အခု ကျွန်မ အခက်တွေ့တာက ကျွန်မရဲ့ ဖြစ်ရပ်မှန်ကို ပြောနိုင်တာ ကျွန်မ တစ်ယောက်တည်းပဲ ရှိနေတာပဲ ။ သူက သေသွားပြီ။ ကျွန်မ
မကျူ းလွန်တဲ့ ပြစ်မှုအတွက် အပြစ်ခံရမလို ဖြစ်နေတယ်။ အခု ကျွန်မကို ကိုးရီးယားက်ုိ ခေါ်သွားပြီး နှိပ်စက် သတ်ဖြတ်ခံရတော့မယ်" ပြောရင်း ကျွန်မ ငိုချလိုက်သည်။ သူတို့ နှစ်ယောက်ပါ ငိုနေကြသည်ကို အံ့သြစွာ တွေ့ရသည်။

ကာမီလာက ကျွန်မအတွက် အမှန်တကယ်ပင် စိုးရိမ်ပူပန်နေရှာသည်။ သူက တတ်နိုင်သမျှ လုပ်ပေးပါမည်ဟု ကတိပေးသည်။ သူမက ကျွန်မ၏ တရုတ်နာမည်ကို ခေါ်လျက်

"ချူ ဝေ မင်းကို ကိုးရီးယားကို မလွဲပေးဖို့ မင်းတောင်းဆိုရမယ်။ ဒီကောင်တွေက မင်း အပြစ်ရှိတယ်ဆိုတာ ဖြစ်အောင် မင်းဆီက ဝန်ခံချက်ကို မရရအောင် ယူလိမ့်မယ်။ ဖြစ်တဲ့နည်းနဲ့ ယူလိမ့်မယ်"

ငိုယိုလျက် ကျွန်မက "ကျွန်မကို ခေါ်မသွားအောင် ပြောပေးကြပါ" ကျွန်မ လိမ်ပြောနေရသည်ကို အားနာလာသည်။

စစ်ဆေးခြင်း ထိုနေရာတွင် ရပ်တန့်သွားသည်။ သူတို့ ထွက်သွားကြသည်။ အစောင့်များနှင့် ကျွန်မသာ ကျန်ခဲ့သည်။

ကျွန်မ.ညအိပ်သောအခါ အိပ်မက်ဆိုးများ ဆက်တိုက် မက်နေသည်။ အိပ်နေရင်း ကယောင်ကတမ်း ကိုးရီးယားစကား ပြောမိမည်ကို ကျွန်မ စိုးရိမ်သည်။ ချွေးစေးများပြန်လျက် ကျွန်မ နိုးလာသည်။ ကျွန်မ ငိုချမိလိုက်သည်။ သူနာပြုက နှစ်သိမ့်ပေးသော်လည်း ကျွန်မက ဆက်ငိုနေသည်။

အမျူ ိးသမီး အစောင့်သည် တစ်နေ့လျှင် အကြိမ်များစွာ ဘုရားဝတ်ပြုသည်။ ပါရှင်း ကောဇောငယ်ကို ကြမ်းခင်းတွင်ချကာ မက္ကာဘက်သို့ လှည့်လျက် ဘုရားဝန်ပြုသည်။ ထိုအပြုအမူသည် ကျွန်မအတွက် အထူးအဆန်း ဖြစ်သည်။ အကောင်အထည် မမြင်ရသော ဘုရား ဆိုသည်ကို ရှိခိုး ဝတ်ပြုနေသည်ကို ကျွန်မ နားမလည်နိုင်။

မြောက်ကိုရီးယားတွင် ဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ရွံ့ရှာမုန်းတီးဖွယ် ကောင်းသော သဘာဝမကျသော အရာသာ ဖြစ်ပြီး ဖောက်ပြန်သော အပြုအမူ ဖြစ်သည်ဟု ငယ်စဉ်ကတည်းက ကျွန်မတို့ကို ရိုက်သွင်းပေးထားသည်။

ဘာသာရေးသမားများသည် အပြောတမျူ ိး အလုပ်တမျူ ိး လူမျူ ိးဖြစ်သည်ဟု သင်ကြားထားသည်။ ထိုစဉ်က ဘာသာရေး ယုံကြည်မှု အကြောင်းပြောလာလျှင် ကျွန်မက ပြောလာသူကို အထင်သေးသည်။ ဘုရားကို ယုံကြည်သည်ထက် အကောင်အထည်ရှိသော အတိုင်းမသ်ိ ကြီးမြတ်သော ခေါင်းဆောင်ကြီး ကင်အီဆွန်းကို အလေးအမြတ်ပြုခြင်းက ပိုမို
အကျူ ိးကြောင်း ခိုင်လုံသည်။ ခေါင်းဆောင်ကြီးသည် ကျွန်မတို့၏ သူရဲကောင်း ကျွန်မတို့၏ ခွန်အားဖြစ်သည်။

သို့သော် အမျူ ိးသမီး ဘုရားဝတ်ပြုသည့်အခါ သူ့မျက်နှာတွင် အေးဆေးတည်ငြိမ်မှု ကြည်ညို လေးမြတ်မှုတို့ကို အထင်အရှား တွေ့နေရသည်။ မြောက်ကိုရီးယား ပြည််သူများသည် ကင်အီဆွန်း သို့မဟုတ် ကင်ဂျူ ံအီလ်ကို အမှန်တကယ် ကြည်ညို မြတ်နိုးကြပါ၏လားဟု ကျွန်မ မေးကြည့်မိသည်။

ကလေးများ စကားမပြောတတ်မီ ကတည်းက ကင်အီဆွန်းအား ကိုးကွယ်ရန် သင်ကြားပေးထားသဖြင့် အခက်အခဲမရှိ။ အရွယ်ရောက်ပြီးသူများသည် ကင်အီဆွန်း ကိုးကွယ် ဆည်းကပ်ကြခြင်းသည် ဟန်ပြ သက်သက်သာ ဖြစ်သည်။ အလုပ်ကြမ်းစခန်းများ ပို့ခံရမည် သို့မဟုတ် အရိုက်အနှက်ခံရမည်ကို ကြောက်ရွ့ံသဖြင့် လေးစားကြည်ညို နေကြခြင်းသာ ဖြစ်သည်။ မြောက်ကိုရီးယား ဥပဒေအရ ကင်အီဆွန်းမိသာစုကို စော်ကားမော်ကား ပြုလျှင် သံချောင််းဖြင့် သေသည်အထိ ရိုက်နှက်အပြစ်ပေးရန် ပြဒါန်း ထားသည်။

ဘုရားရှိခိုးပြီးသောအခါ သူနာပြုသည် ကောဇော သိမ်းပြီး ကျွန်မနှင့် စကားလာပြောနေသည်။

စစ်ဆေးမေးမြန်းခြင်းသည် တိုးတက်မှုမရှိဟု ဟန်ဒါဆင်က ယူဆသဖြင့် သူက နည်းစနစ် အသစ်ပြောင်းသည်။ ဂျပန်စကားပြန်ဖြင့် စစ်ဆေးသည့်နည်းကို ပြောင်းသုံးသည်။ ဂျပန်စကားပြန်နှင့် မေးမြန်းသည်များက်ုိ ကာမီလာ အား ဖြေထားသကဲ့သို့ ပြန်ဖြေသည်။ သို့သော် ကျွန်မသည် လုပ်ကြံဇာတ်လမ်း ပြောဆ်ုိနေသည့် အတွက် ရှေ့နောက်မညီသည်များ ရှိလာသည်။

တစ်နေရာအရောက်တွင် ဟန်ဒါဆင်က မေးမြန်းနေသည်ကို ရပ်ခိုင်းလိုက်ပြီး ကျွန်မအား သေချာစိုက်ကြည့်ကာ
"ချူ ဝိီ အခုချိန်မှာ တောင်ကိုရီးယားအေးဂျင့်တွေ အများကြီး ဒီကိုရောက်နေတယ်။ မင်းကို သူတို့ လက်ထဲ လွှဲပေးဖို့ တောင်းဆိုနေတယ်။ ငါတို့က ဖြစ်နိုင်သလောက် မင်းကို ကူညီဖို့ လုပ်နေတယ်။ မင်း ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ရင် တရုတ်လက်ထဲ မင်းကို လွှဲပေးမယ်။ မင်း ဆက်လိမ်နေမယ်ဆိုရင်တော့ ကိုရီးယားလက်ထဲ လွှဲပေးလိုက်ဖို့ပဲရှိတော့တယ်။ အဲ့ဒါကို မင်း စဉ်းစားပါ"

ကျွန်မက ခေါင်းညိမ့်ပြလိုက်သည်။ ဥရောပတိုက်သို့ ကျွန်မ ရောက်လာသည့် ခရီးစဉ်နှင့် ပတ်သတ်ပြီး ကျွန်မအား မေးသည်။ ပျံသန်းအမှတ်စဉ် ၈၅၈ သို့ တက်ကြစဉ် အသေးစိတ်ကို မေးသည်။ ကျွန်မတို့အား အသေးစိတ် စစ်ဆေးသဖြင့် ဖောက်ခွဲရေး ပစ္စည်းများကို လေယာဉ်ပေါ်သို့ ယူရန် မဖြစ်နိုင်ကြောင်း သူ့အားပြောပြသည်။ ကျွန်မသည် မိဘမဲ့ဖြစ်ကြောင်းကို သူက မယုံကြည်။ မိသားစုဆိုသည့် စကားလုံးကြားတိုင်း ကျွန်မ ငိုသဖြင့် ကျွန်မသည် မိသားစု ရှိရမည်ဟု သူက ဆိုသည်။

"မင်း ဘာကြောင့် အဆိပ်တောင့်ကို မျူ ိချဖို့ လုပ်တာလဲ"

" ရှင်နီချီက အဲ့လိုလုပ်ရမယ် ပြောထားလို့ပါ"

"မင်းနဲ့ ရှင်နီချီ အကြောင်း ပြောစမ်းပါဦး"

ကျွန်မသည် ရှင်နီချီ ပြောတိုင်း တသွေမတိမ်း လုပ်သည်ဆိုလျှင် ကျွန်မတို့နှစ်ဦး ဆက်ဆံရေးက သာမန်မဟုတ်ဟု ဆိုလိုဟန်ရှိသည်။ ကျွန်မတို့ နှစ်ဦးစလုံး မျူ ိးပွားနိုင်သော အသက်အရွယ်များ ဖြစ်ကြသည်။ အတူနေကြလျှင် မည်သို့သော ဆက်ဆံရေး ဖြစ်သနည်းဟု မေးစရာ ရှိလာနိုင်သည်။ ထိုကိစ္စကို ပြံုးယမ်း ထောက်လှမ်းရေးဋ္ဌာနချူ ပ်တွင် ဥရောပ ပထမခရီး မစတင်မီက ကျွန်မ တင်ပြဖူးသည်။ ညွှန်မှူ းက

"တစ်ယောက်တစ်ခန်ထားဖို့ ငါတို့မှာ ငွေမတတ်နိုင်ဘူး" ပြသာနာမဟုတ်သည့် ပြသာနာ လာလုပ်နေသည့် လေသံမျူ ိးဖြင့် အပြောခံရသည်။ ကျွန်မက လက်ထောက်အေးဂျင့် တစ်ယောက် ဖြစ်သည်။ ကင်ဆုံအီက ထိကပါး ရိကပါး စော်ကားလျှင် ကျွန်မ၏ လုံခြံုရေးကို ကျွန်မဘာသာ တာဝန်ယူရမည့် သဘောဖြစ်သည်။

"မင်းတို့ ခရီးသွားတဲ့အခါ တခန်းတည်း နှစ်ယောက်နေတာတောင် ဘာမှ ငြိစွန်းမှု မရှိဘူးလား"

"ဘာမှမဖြစ်ပါဘူး။ သူဟာ ကျွန်မရဲ့ ဖခင်လ်ုိပါပဲ"

"ဟိုတယ်ခန်းထဲမှာ နှစ်ယောက်အိပ် ခုတင်လား။ တစ်ယောက်အိပ် နှစ်လုံးလား။"

"တစ်ယောက်အိပ် နှစ်လုံးပါ"

"အဝတ်အစားလဲတော့ ဘယ်မှာလဲသလဲ"

"ရေချူ ိးခန်းထဲ ဝင်လဲပါတယ်"

"မင်း ရေချူ ိးတဲ့အချိန် တံခါးကို ဂျက်ချထားလား"

"သိပ်ဟုတ်တာပေါ့ရှင်"

"ရှင်နီချီ မင်း ကိုယ်တုံးလုံး မြင်ဖူးသလား"

"ဘာဆိုလ်ုိတာလဲ" ကျွန်အ ပြန်မေးသည်။

"ဆ်ုိလိုတာက သူ့ဝမ်းဗိုက်မှာ ခွဲစိတ်ထားတဲ့
ချူ ပ်ရာကို မင်းတွေ့ဖူးသလား"

"မမြင်ဖူးပါဘူး။ ဒါပေမယ့် သူ ခွဲစိတ်ခံရဖူးတယ် ဆိုတာတော့ သိတယ်"

"ရှင်နီချီအပြင် မင်း တခြားလူနဲ့ လိင်ဆက်ဆံဖူးလား"

မေးခွန်းကြောင့် ကျွန်မ လန့်သွားသည်။ ဘာမျှ မပြောနိုင်ပဲ ကြက်သေ သေသွားသည်။ သူက ထပ်မေးသည်

"မင်း ယောက်ကျား ဘယ်နယောက်နဲ့ လိင်ဆက်ဆံဖူးလဲ"

ကျွန်မ ဘာမှပြန်မဖြေ။

"လိင်ဆက်ဆံတဲ့အခါ မင်း ဆန္ဒ ပြည့်ရဲ့လား"

ပြန်မဖြေ။

"စပိုင်တစ်ယောက်အနေနဲ့ ယောက်ကျားတွေကို သွေးဆောင် မြူ ဆွယ်ခဲ့ဖူးလား"

"ငိုးမ။ ရှင်နီချီဟာ အဘိုးကြီးဆိုတာ နင်မသိဖူးလား" ကျွန်မက အော်ပြောလိုက်သည်။

"မင်းဆိုလိုတာက သူက ကြိုးစားပေမယ့်။ ကိစ္စ မပြီးမြောက်ဖူးလို့ဆိုတာလား"

ကျွန်မ ဟန်ဒါဆင်ကို စူးစူးဝါးဝါး စိုက်ကြည့်သည်။ သွေးများလည်း ဆူပွက်နေသည်။

"အဲ့ဒါဆိုးတာပဲ။ သူ့ကို ခွဲစိတ်ကြည့်တော့ သူဟာ စွမ်းဆောင်နိုင်သေးတဲ့ ယောက်ကျားဆ်ုိတာ သိရတယ်"

ကျွန်မက စားပွဲခုံပေါ် ခုန်ကျော်လျက် အစောင့် တစ်ယောက်၏ နှာခေါင်းကို လက်ဖနောင့်ဖြင့် ရိုက်ချလိုက်သည်။ နှာနုရိုး ကျူ ိးသွားသံ ကြားလိုက်ရသည်။ သွေးများ ဖြာကျသွားသည်။ အစောင့်က အော်ဟစ်ပြီး ကြမ်းပြင်ပေါ်သို့ ပက်လက်လန် ကျသွားသည်။ ဟန်ဒါဆင်က ကျွန်မကို နောက်ကျောမှ ဆွဲလိမ်သည်။ သူ့ခြေဖျား ပေါ်သို့ ဆောင့်နင်းလိုက်သောအခါ လက်လိမ်အား လျော့သွားသည့်အချိန် ဆီးစပ်သို့ လက်သီးတစ်လုံး ပစ်သွင်းပြီး နားထင်ကို တံတောင်ဖြင့် တွတ်လိုက်သည်။ သူ ယိုင်ကျသွားသည်။ သူ့ဆီမှ သေနတ်ကိုယူကာ ကိုယ့်ကိုကိုယ် သတ်သေရန် လုပ်မည်အပြု အစောင့်များ ရောက်လာသည်။ ကျွန်မအား နောက်မှချူ ပ်ပြီး ဆွဲထုတ်လိုက်သည်။ ကျွန်မလက်ကို လည်ပင်းနောက်မှ လိမ်လျက်
ချူ ပ်ထားလိုက်(Headlock) သည်။

"သူ့ကို မပစ်နဲ့နော်။ သူက သေချင်နေတာ။ ငါတို့က သူ့ကို အရှင်လိုချင်တာ" ဟု ဟန်ဒါဆင် အော်ပြောသံကို ကြားလိုက်ရသည်။

လက်ချူ ပ်ထားခြင်းမှ မည်သို့ ရုန်းထွက်ရမည်ကို ကျွန်မ ကောင်းကောင်းသိသည်။ အကြိမ်များစွာ လေ့ကျင့်ပြီးဖြစ်သည်။ သူ့ဆီးစပ်သို့ လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည့်အတွက် လိမ်ထားသော လက်အပေါ်တွင် အားလျော့သွားသည်နှင့် လက်မှ ရုန်းထွက်လိုက်ပြီး ဆံပင်ကို နောက်လှန်ဆွဲပြီး သူ့ လည်ချောင်းပေါ် လက်ဝါးစောင်း ခုတ်ချရန် မြှောက်လိုက်သည့်အချိန် ကျွန်မ မိုးကြိုးပစ်ခံရသကဲ့သို့ မှောင်အတိကျသွားသည်။ ကျွန်မ ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ တစ်ကိုယ်လုံး ထုံကျဉ်နေသည်။ ကိုယ်ကို တစ်စောင့်လှည့်လိုက်သည့် အချိန်တွင် အစောင့် တစ်ယောက် ကျွန်မအပေါ်တွင် မိုးကြည့်နေသည်ကို တွေ့ရသည်။ သူ့လက်ထဲတွင် ကျင်စက်(Stungun) တစ်လက် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ နောက်ထပ် အစောင့်တစ်ယောက် ရောက်လာပြီး ကျွန်မအား လက်ပြန် လက်ထိပ်ခက်လိုက်သည်။

ဟန်ဒါဆင်က လဲနေရာမှ ထလာသည်။ သူ့မျက်နှာ နီရဲနေသည်။ အသက်ပြင်းပြင်းရှူ နေရာမှ ကြမ်းပေါ်တွင် ရောက်နေသော ကျွန်မအား ကြည့်ပြီး

"မီယူမီ နင့်ကို အခွင့်အရေးပေးတယ်။ နင်မယူခဲ့ဘူး"

သူက ဒေါသတကြီးပြောကာ အစောင့်တစ်ယောက််အား "သူက တောင်ကိုရီးယားနဲ့ပဲ တန်တယ်"ဟု ပြောသည်။

ဆက်ရန်
Swam Htet
January 22 ,2016




No comments:

Post a Comment