Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 20, 2016

ျပည္နယ္အစိုးရဖြဲ႕စည္းေရးကိစၥ အေျခခံဥပေဒအရသာ လုပ္ေဆာင္မည္ဟု အင္အန္လ္ဒီတံု႔ျပန္

သတင္း ျပည္တြင္း
မ်ိဳးသူေအာင္

ရန္ကုန္၊ ဇန္န၀ါရီလ ၂၀ ။                ။ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကို ၂၀၀၈ ဖြဲ႔စည္းပံုႏွင့္ အညီသာ ဖြဲ႔စည္းသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ျပန္လည္တုန္႔ျပန္ေျပာၾကား လိုက္သည္။

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ ျပည္နယ္အစိုးရအဖြဲ႔အား ဦးေဆာင္ဖြဲ႔စည္းခြင့္ မရပါက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ႏွင့္ အတိုက္အခံပါတီအျဖစ္ ရပ္တည္မည္ျဖစ္ေၾကာင္း ဇန္န၀ါရီလ( ၁၉ရက္က ထုတ္ျပန္ခဲ့သည့္ အေပၚ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္မႈေကာ္မတီဝင္ ဦးထြန္ထြန္းဟိန္က ယခုကဲ့သို႔ ျပန္လည္တံု႔ျပန္လုိက္ျခင္းျဖစ္သည္။

"ငါတို႔က ငါတို႔ သေဘာက်ဖြဲ႔လို႔ရတာမဟုတ္ဘူးေလ။ ၂၀၀၈ခုႏွစ္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒအရပဲ ဖြဲ႔လို႔ရတာေလ။ ရခိုင္ျပည္နယ္မွာ အစိုးရဖြဲ႔ရင္ ဘယ္လိုဖြဲ႔ရမလည္းဆိုတာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုမွာ ညႊန္ျပထားတာရိွတယ္။ အဲဒီအတိုင္း လိုက္နာၿပီး ငါတို႔က ဖြဲ႔ရတာ။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒမွ မျပင္ေသးပဲနဲ႔"ဟု ဦးထြန္းထြန္းဟိန္က ေျပသည္။

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ တိုင္းႏွင့္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ႏိုင္ငံေတာ္သမၼတမွ တိုက္ရိုက္ ေရြးျခယ္ခြင့္ရရိွထားျခင္း ျဖစ္သည္။

ဇန္နဝါရီလ ၁၅ရက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၏ ရခိုင္ျပည္နယ္ အလုပ္မႈေဆာင္အဖြဲ႔ ဥကၠ႒ ဦးညီပုႏွင့္ ေတြ႔ဆံုစဥ္တြင္လည္း ဦးညီပုက ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဦးေဆာင္ဖြဲ႔စည္းမည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သကပ္၍ ရခိုင္အမ်ိဳးသားပါတီက ဇန္နဝါရီလ ၁၉ရက္တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ရခိုင္ျပည္နယ္အတြင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၂၃)ဦး အႏိုင္ရခဲ့သည့္ ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ ျပည္နယ္အစိုးရအဖြဲ႔ကို ဦးေဆာင္ဖြဲ႔စည္းခြင့္မရရိွပါက မည္သည့္ အစိုးရအဖြဲ႔တြင္မွ လံုးဝမပါဝင္ဘဲ ရခိုင္အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အတိုက္အခံပါတီအေနျဖင့္ ရပ္တည္မည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေနျဖင့္ ရခိုင္ျပည္နယ္အစိုးရ ဖြဲ႔စည္းႏိုင္ေရးေဆြးေႏြးမည္ဆိုပါက  လက္ခံေဆြးေႏြးသြားမည္ဟုလည္း ထည့္သြင္း ေဖာ္ျပထားသည္။

ယင္းအခ်က္ႏွင့္ ပတ္သက္၍ ဦးထြန္းထြန္းဟိန္က "ေဆြးေႏြးတာက သူတို႔က အခုမွေျပာတာေလ။ ငါတို႔က ခ်က္ခ်င္း သူတို႔နဲ႔ ေဆြးေႏြးတယ္ဆိုတာက တစ္ဦးေကာင္း တစ္ေယာက္ခ်င္း သြားေတြ႔လို႔ရတာမွ မဟုတ္ဘဲ။ စီအီးစီ ဆံုးျဖတ္ခ်က္နဲ႔မွ ေတြ႔လို႔ရတာေလ"ဟု ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစဥ္တစိုက္ ရပ္တည္ခဲ့ေသာ ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စုမူအရ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ဖြဲ႔စည္းရာတြင္ ျပည္နယ္၀န္ႀကီးခ်ဳပ္ကို ရခိုင္အမ်ိဳးသားပါတီ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲမွသာ ျဖစ္ရမည္ဟုရပ္တည္ဆံုးျဖတ္ထားေၾကာင္းႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ျပည္နယ္အစိုးရအဖြဲ႔ကို ဦးေဆာင္ဖြဲ႔စည္းမည္ဆိုသည့္ တင္ျပခ်က္မွ ပါတီႏွစ္ခုအၾကား ဒီမိုကေရစီအသြင္  ကူး ေျပာင္းေရးကို သိမ္ေမြ႔စြာေလ်ာက္လွမ္းရမည့္ လမ္းေၾကာင္းကို အဟန္႔အထား ျဖစ္ႏိုင္ေၾကာင္းလည္း ထည့္သြင္းေဖာ္ျပထားသည္။
- See more at: http://mizzimaburmese.com/article/10133#sthash.H0ZIvQo1.bxoJcKal.dpuf
...................
ပြည်နယ်အစိုးရဖွဲ့စည်းရေးကိစ္စ အခြေခံဥပဒေအရသာ လုပ်ဆောင်မည်ဟု အင်အန်လ်ဒီတုံ့ပြန်

သတင်း ပြည်တွင်း

မျိုးသူအောင်

ရန်ကုန်၊ ဇန်နဝါရီလ ၂၀ ။                ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီသာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်တုန့်ပြန်ပြောကြား လိုက်သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အတိုက်အခံပါတီအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ဇန်နဝါရီလ( ၁၉ရက်က ထုတ်ပြန်ခဲ့သည့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုကော်မတီဝင် ဦးထွန်ထွန်းဟိန်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

"ငါတို့က ငါတို့ သဘောကျဖွဲ့လို့ရတာမဟုတ်ဘူးလေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရပဲ ဖွဲ့လို့ရတာလေ။ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ရင် ဘယ်လိုဖွဲ့ရမလည်းဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ညွှန်ပြထားတာရှိတယ်။ အဲဒီအတိုင်း လိုက်နာပြီး ငါတို့က ဖွဲ့ရတာ။ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မပြင်သေးပဲနဲ့"ဟု ဦးထွန်းထွန်းဟိန်က ပြေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက် ရွေးခြယ်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးညီပုနှင့် တွေ့ဆုံစဉ်တွင်လည်း ဦးညီပုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သကပ်၍ ရခိုင်အမျိုးသားပါတီက ဇန်နဝါရီလ ၁၉ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၃)ဦး အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရရှိပါက မည်သည့် အစိုးရအဖွဲ့တွင်မှ လုံးဝမပါဝင်ဘဲ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အတိုက်အခံပါတီအနေဖြင့် ရပ်တည်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးဆွေးနွေးမည်ဆိုပါက  လက်ခံဆွေးနွေးသွားမည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းအချက်နှင့် ပတ်သက်၍ ဦးထွန်းထွန်းဟိန်က "ဆွေးနွေးတာက သူတို့က အခုမှပြောတာလေ။ ငါတို့က ချက်ချင်း သူတို့နဲ့ ဆွေးနွေးတယ်ဆိုတာက တစ်ဦးကောင်း တစ်ယောက်ချင်း သွားတွေ့လို့ရတာမှ မဟုတ်ဘဲ။ စီအီးစီ ဆုံးဖြတ်ချက်နဲ့မှ တွေ့လို့ရတာလေ"ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစဉ်တစိုက် ရပ်တည်ခဲ့သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုမူအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ဖြစ်ရမည်ဟုရပ်တည်ဆုံးဖြတ်ထားကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းမည်ဆိုသည့် တင်ပြချက်မှ ပါတီနှစ်ခုအကြား ဒီမိုကရေစီအသွင်  ကူး ပြောင်းရေးကို သိမ်မွေ့စွာလျောက်လှမ်းရမည့် လမ်းကြောင်းကို အဟန့်အထား ဖြစ်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
- See more at: http://mizzimaburmese.com/article/10133#sthash.H0ZIvQo1.bxoJcKal.dpuf

No comments:

Post a Comment