Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 5, 2016

အဆုိေတာ္စုိးသူရဲ႕ ေရွ႕ေနမွ ေၾကညာခ်က္တေစာင္ ထုတ္ျပန္

မစပ္စု| January 5, 2016 |
မႏၱေလးတြင္ျပဳလုပ္ခဲ့သည့္ တကို္ယ္ေတာ္ေဖ်ာ္ေျဖပြဲမွ အဆုိေတာ္စုိသူ(ဓာတ္ပုံ – ေတဇလိႈင္/ The Irrawaddy)
လတ္တေလာ ေဖ့ဘုတ္စာမ်က္ႏွာထက္တြင္ သရုပ္ေဆာင္ အဆုိေတာ္ စုိးသူရဲ႕ေရွ႕ေနမွ သူ႔အမႈသည္နဲ႔ ပတ္သက္လုိ႔ ေၾကညာခ်က္တေစာင္ကုိ ဇန္န၀ါရီ ၁ ရက္ေန႔က ႏုိင္ငံပုိင္သတင္းစာမွတဆင့္ ထုတ္ျပန္ေၾကညာ ခဲ့ပါတယ္။

အဲ့ဒီေၾကညာခ်က္စာတမ္းဟာ ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႕ေနပါတယ္။ ဧရာ၀တီပရိတ္သတ္ေတြ ဖတ္ရႈႏုိင္ဖုိ႔အတြက္ ျပန္လည္ေဖာ္ျပေပးလုိက္ပါတယ္။

“ကြ်ႏု္ပ္၏အမႈသည္ ဦးစုိးသူလြင္သည္ မိခင္၏က်န္းမာေရးအတြက္ ၂၀၁၂ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စုမွ သမီးျဖစ္သူ အိန္ဂ်ယ္စုိးသူလြင္ႏွင့္အတူ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေရာက္ရွိခဲ့သည္။ ဦးစုိးသူလြင္သည္ ျမန္မာႏုိင္ငံတြင္ ယခုထိအေျခခ်ေနထုိင္၍ မူလ အႏုပညာလုပ္ငန္းမ်ားကုိ ျပန္လည္လုပ္ကုိင္ခဲ့သည္။


























ကြ်ႏု္ပ္၏(၂၄-၁၂-၂၀၁၅)ရက္ေန႔ထုတ္ Daily Eleven သတင္းစာေၾကျငာခ်က္အေပၚ ဦးစုိသူလြင္၏ ဇနီးေဟာင္းျဖစ္သူ – ေဒၚခင္ျမျမ၀တ္မႈံေဆြ(Khin M Swe) သည္ ၎ေၾကျငာခ်က္ႏွင့္ တစုံတရာ ပတ္သက္မႈမရွိဘဲ ထုိေၾကျငာခ်က္အား Post တင္၍ ဦးစုိးသူလြင္ႏွင့္ အျခားသူမ်ားအားနစ္နာထိခုိက္ေစမည့္ အမ်ားျပည္သူအထင္လြဲမွားေစႏုိင္ေသာ Status ကုိ သူမ၏ Facebook တြင္ သူမ၏အမည္ရွင္းေဖာ္ျပ၍ ေရးသားခဲ့သည္။ မီဒီယာမ်ားအၾကား ပ်ံ႕ႏွံ႔ေစခဲ့သည္။

ဦးစုိးသူလြင္ႏွင့္ ေဒၚခင္ျမျမ၀တ္မႈံေဆြတုိ႔သည္(၂၆-၉-၂၀၀၁)တြင္ လက္ထပ္ခဲ့ၿပီး ယင္းေန႔တြင္ပင္ ဦးစုိးသူလြင္သည္ အေမရိကန္ျပည္ေထာင္စုသုိ႔ ထြက္ခြာခဲ့သည္။ ေဒၚခင္ျမျမ၀တ္မႈံေဆြသည္ ၂၀၀၂ ခုႏွစ္ ႏွစ္ကုန္ပုိင္းတြင္ ဦးစုိးသူလြင္ရွိရာ အေမရိကန္ ျပည္ေထာင္စုသုိ႔ လုိက္လာခဲ့သည္။ ၂၀၀၆ ခုႏွစ္တြင္ သမီးတဦးထြန္းကားခဲ့သည္။

ဦးစုိးသူလြင္ႏွင့္ ေဒၚခင္ျမျမ၀တ္မႈံေဆြ၏ အိမ္ေထာင္ေရးအေျခအေနသည္ ၂၀၀၇ ခုႏွစ္မွစ၍ လူသိရွင္ၾကားမျဖစ္ခဲ့ေသာ္လည္း အဆင္မေျပမႈမ်ားစြာရွိခဲ့သည္ကုိ ကာယကံရွင္မ်ားသာ အသိဆုံးျဖစ္သည္။ အရြယ္မေရာက္ေသးေသာ သမီးငယ္စိတ္ဆင္းရဲမႈမျဖစ္ေစရန္ႏွင့္ ႏွစ္ဖက္မိဘတုိ႔အား ေထာက္ထား၍ ကြာရွင္းျပတ္စဲျခင္းအဆင့္သုိ႔ မေရာက္ရွိခဲ့ေသာ္လည္း သူမအား လြတ္လပ္ခြင့္ေပးရန္ေတာင္းဆုိခဲ့ေသာေၾကာင့္ အခ်ိန္တခုထိ ကိုယ့္လမ္းကုိယ္ေလွ်ာက္ၾကရန္ ႏွစ္ဖက္သေဘာတူညီခဲ့ၾကသည္။ သုိ႔အတြက္လည္း ဦးစုိးသူလြင္သည္ အိမ္ေထာင္အတြင္းေရး အဆင္မေျပမႈမ်ားကုိ ေဖာ္ထုတ္ေျပာဆုိခဲ့ျခင္းမျပဳခဲ့ဘဲ ထုိအခ်ိန္မွစ၍ သမီးေလး၏ ကိစၥမ်ားမွအပ ေဒၚခင္ျမျမ၀တ္မႈံေဆြႏွင့္ ကုိယ္ေရးကုိယ္တာ ဆက္သြယ္ျခင္းမျပဳၾကေတာပါ။ အေမရိကန္ျပည္ေထာင္စုတြင္ရွိေသာ မိမိႏွင့္ ပုိင္ဆုိင္မႈမ်ားအား သူမလုိသလုိအသုံးျပဳႏုိင္ရန္ ေဒၚခင္ျမျမ၀တ္မႈံေဆြအား အၿပီးလႊဲေျပာင္းေပးခဲ့ၿပီးလည္းျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕တြင္ ပညာသင္ၾကားေနေသာ သမီးျဖစ္သူ၏ ေက်ာင္းစရိတ္အား ယခုထိတုိင္ ဦးစုိးသူလြင္မွ အျပည့္အ၀တာ၀န္ယူထားပါသည္။”
Irrawaddy
.......................
အဆိုတော်စိုးသူရဲ့ ရှေ့နေမှ ကြေညာချက်တစောင် ထုတ်ပြန်
မစပ်စု| January 5, 2016 |
မန္တလေးတွင်ပြုလုပ်ခဲ့သည့် တကို်ယ်တော်ဖျော်ဖြေပွဲမှ အဆိုတော်စိုသူ(ဓာတ်ပုံ – တေဇလှိုင်/ The Irrawaddy)
လတ်တလော ဖေ့ဘုတ်စာမျက်နှာထက်တွင် သရုပ်ဆောင် အဆိုတော် စိုးသူရဲ့ရှေ့နေမှ သူ့အမှုသည်နဲ့ ပတ်သက်လို့ ကြေညာချက်တစောင်ကို ဇန်နဝါရီ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်စာတမ်းဟာ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပျံ့နှံ့နေပါတယ်။ ဧရာဝတီပရိတ်သတ်တွေ ဖတ်ရှုနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ကျွနု်ပ်၏အမှုသည် ဦးစိုးသူလွင်သည် မိခင်၏ကျန်းမာရေးအတွက် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ သမီးဖြစ်သူ အိန်ဂျယ်စိုးသူလွင်နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးစိုးသူလွင်သည် မြန်မာနိုင်ငံတွင် ယခုထိအခြေချနေထိုင်၍ မူလ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခဲ့သည်။

ကျွနု်ပ်၏(၂၄-၁၂-၂၀၁၅)ရက်နေ့ထုတ် Daily Eleven သတင်းစာကြေငြာချက်အပေါ် ဦးစိုသူလွင်၏ ဇနီးဟောင်းဖြစ်သူ – ဒေါ်ခင်မြမြဝတ်မှုံဆွေ(Khin M Swe) သည် ၎င်းကြေငြာချက်နှင့် တစုံတရာ ပတ်သက်မှုမရှိဘဲ ထိုကြေငြာချက်အား Post တင်၍ ဦးစိုးသူလွင်နှင့် အခြားသူများအားနစ်နာထိခိုက်စေမည့် အများပြည်သူအထင်လွဲမှားစေနိုင်သော Status ကို သူမ၏ Facebook တွင် သူမ၏အမည်ရှင်းဖော်ပြ၍ ရေးသားခဲ့သည်။ မီဒီယာများအကြား ပျံ့နှံ့စေခဲ့သည်။

ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြဝတ်မှုံဆွေတို့သည်(၂၆-၉-၂၀၀၁)တွင် လက်ထပ်ခဲ့ပြီး ယင်းနေ့တွင်ပင် ဦးစိုးသူလွင်သည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ဒေါ်ခင်မြမြဝတ်မှုံဆွေသည် ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးစိုးသူလွင်ရှိရာ အမေရိကန် ပြည်ထောင်စုသို့ လိုက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သမီးတဦးထွန်းကားခဲ့သည်။

ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြဝတ်မှုံဆွေ၏ အိမ်ထောင်ရေးအခြေအနေသည် ၂၀၀၇ ခုနှစ်မှစ၍ လူသိရှင်ကြားမဖြစ်ခဲ့သော်လည်း အဆင်မပြေမှုများစွာရှိခဲ့သည်ကို ကာယကံရှင်များသာ အသိဆုံးဖြစ်သည်။ အရွယ်မရောက်သေးသော သမီးငယ်စိတ်ဆင်းရဲမှုမဖြစ်စေရန်နှင့် နှစ်ဖက်မိဘတို့အား ထောက်ထား၍ ကွာရှင်းပြတ်စဲခြင်းအဆင့်သို့ မရောက်ရှိခဲ့သော်လည်း သူမအား လွတ်လပ်ခွင့်ပေးရန်တောင်းဆိုခဲ့သောကြောင့် အချိန်တခုထိ ကိုယ့်လမ်းကိုယ်လျှောက်ကြရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ သို့အတွက်လည်း ဦးစိုးသူလွင်သည် အိမ်ထောင်အတွင်းရေး အဆင်မပြေမှုများကို ဖော်ထုတ်ပြောဆိုခဲ့ခြင်းမပြုခဲ့ဘဲ ထိုအချိန်မှစ၍ သမီးလေး၏ ကိစ္စများမှအပ ဒေါ်ခင်မြမြဝတ်မှုံဆွေနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ခြင်းမပြုကြတောပါ။ အမေရိကန်ပြည်ထောင်စုတွင်ရှိသော မိမိနှင့် ပိုင်ဆိုင်မှုများအား သူမလိုသလိုအသုံးပြုနိုင်ရန် ဒေါ်ခင်မြမြဝတ်မှုံဆွေအား အပြီးလွှဲပြောင်းပေးခဲ့ပြီးလည်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ပညာသင်ကြားနေသော သမီးဖြစ်သူ၏ ကျောင်းစရိတ်အား ယခုထိတိုင် ဦးစိုးသူလွင်မှ အပြည့်အဝတာဝန်ယူထားပါသည်။”
Irrawaddy

No comments:

Post a Comment