CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 27, 2016
ဘူးသီးေတာင္အမတ္ ဦးေ႐ႊေမာင္ကို လိမ္လည္မႈျဖင့္ အမႈဖြင္႔
႐ိႈင္းေဆာက္လုပ္ေရးကုမၸဏီက ရခိုင္ျပည္နယ္ ဘူးသီးေတာင္မဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေရႊေမာင္ကို က်ပ္သိန္း ၃၅၀ လိမ္လည္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း ႐ိႈင္းေဆာက္လုပ္ေရး ကုမၸဏီထံမွသိရသည္။
႐ိႈင္းေဆာက္လုပ္ေရးကုမၸဏီ ဥကၠ႒ျဖစ္သူ ဦးေအာင္ေဇာ္ဝင္းထံမွ ဦးေရႊေမာင္က ေငြေၾကး အကူအညီေတာင္းသျဖင့္ ၂၀၁၂ ခုနွစ္ ေဖေဖာ္ဝါရီလတြင္ ေငြက်ပ္သိန္း ၂၀၀၊ ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေငြက်ပ္သိန္း ၁၅၀၊ စုစုေပါင္းေငြက်ပ္သိန္း ၃၅၀ ကို သတ္မွတ္ရက္မ်ားအတြင္း ျပန္လည္ေပးဆပ္ပါမည္ဟု လက္မွတ္ေရးထိုးထုတ္ယူခဲ့ျပီး ယေန႔အခ်ိန္ထိ ျပန္လည္ေပးဆပ္ျခင္းမရိွဘဲ အေၾကာင္း အမ်ိဳမ်ိဳးျပကာတိမ္းေရွာင္ေနေသာေၾကာင္႔ ႐ိႈင္းေဆာက္လုပ္ေရးကုမၸဏီက ယခုလုိတိုင္ၾကားအမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
ယင္းကိစၥႏွင္႔ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊေမာင္ထံ ဖုန္းျဖင့္ဆက္သြယ္ခဲ႔ေသာ္လည္း စက္ပိတ္ထားသျဖင္႔ ေခၚဆို၍ မရခဲ႔ေပ။
ဦးေရႊေမာင္မွာ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုၾကံ႔ခိုင္ေရးနင့္ ဖြံ႔ျဖိဳးေရးပါတီကို ကိုယ္စားျပဳ၍ ဘူးသီးေတာင္မဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရရိွခဲ့ေသာ္လည္း ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေမြးဖြားခ်ိန္က မိဘႏွစ္ပါးမွာ နိုင္ငံသားမျဖစ္ဟုဆိုကာ လြတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ခ်ခံခဲ့ရသည္။
ဓာတ္ပံု - AS
The Voice Weekly
............
ဘူးသီးတောင်အမတ် ဦးရွှေမောင်ကို လိမ်လည်မှုဖြင့် အမှုဖွင့်
-----------------------------------------------------------------------
ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီက ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ကို ကျပ်သိန်း ၃၅၀ လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီထံမှသိရသည်။
ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဇော်ဝင်းထံမှ ဦးရွှေမောင်က ငွေကြေး အကူအညီတောင်းသဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကျပ်သိန်း ၂၀၀၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကျပ်သိန်း ၁၅၀၊ စုစုပေါင်းငွေကျပ်သိန်း ၃၅၀ ကို သတ်မှတ်ရက်များအတွင်း ပြန်လည်ပေးဆပ်ပါမည်ဟု လက်မှတ်ရေးထိုးထုတ်ယူခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ အကြောင်း အမျိုမျိုးပြကာတိမ်းရှောင်နေသောကြောင့် ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီက ယခုလိုတိုင်ကြားအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ခေါ်ဆို၍ မရခဲ့ပေ။
ဦးရွှေမောင်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ဘူးသီးတောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မွေးဖွားချိန်က မိဘနှစ်ပါးမှာ နိုင်ငံသားမဖြစ်ဟုဆိုကာ လွတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ချခံခဲ့ရသည်။
ဓာတ်ပုံ - AS
The Voice Weekly
ဘူးသီးေတာင္အမတ္ ဦးေ႐ႊေမာင္ကို လိမ္လည္မႈျဖင့္ အမႈဖြင္႔
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment