CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 17, 2016
၁၇..၁..၁၆
-
-
-
-
-
-
============
Credit : 7Day
......................
နေပြည်တော်စီမံကိန်း ကုန်ကျစရိတ် အစိုးရက လွှတ်တော်သို့ လာရောက်ရှင်းလင်း စေလိုကြောင်း ဒီချုပ်အမတ်တင်ပြ
==========================
၁၇..၁..၁၆
-
နေပြည်တော်မြို့ သစ်စီမံကိန်း စတင်တည်ဆောက် ချိန်မှစ၍ လက်ရှိအချိန်ထိ သုံးစွဲ ခဲ့သည့် ဘဏ္ဍာငွေ ကုန်ကျစရိတ် ကို အစိုးရက လွှတ်တော်သို့ လာ ရောက်ရှင်းလင်းစေလိုကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ် ဦးမင်းသူက တင်ပြလိုက် သည်။
-
‘‘နေပြည်တော်ကောင်စီ နယ်မြေအတွက် လုပ်ငန်းစီမံကိန်း များသည် နေပြည်တော်မြို့သစ်စီ မံကိန်းနဲ့အတူ နိုင်ငံတော်ဘဏ္ဍာ ငွေကုန်ကျစရိတ် ကြီးမားစွာဖြစ် ပေါ်နေသဖြင့် နေပြည်တော်တည် ဆောက်ရေး
စီမံကိန်းအကြောင်း (City Plan)ကို စတင်ချိန်မှစ၍ ယခုအချိန်ထိ ကုန်ကျသုံးစွဲခဲ့ပြီး မည်မျှဆောင်ရွက်ခဲ့သည်၊ မည်သို့ ဆောင်ရွက်ထားသည်၊
-
အခြေအ နေများနှင့် အနာဂတ်စီမံကိန်းများ ကို ပြည်သူများသိရှိစေရန် တာဝန်ရှိသူများက လာရောက်ရှင်းပြအ သိပေးစေလိုပါကြောင်း တောင်း ဆိုအပ်ပါတယ်’’ဟု ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်သော ပြည် ထောင်စုလွှတ်တော်တွင် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏မူနှင့် အခြေခံသ ဘောအပါအဝင် စီမံကိန်းလုပ် ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး ရာတွင် ဦးမင်းသူက ထည့်သွင်း တင်ပြခဲ့ခြင်းဖြစ်သည်။
-
နေပြည်တော်တည်ဆောက် ရေးစီမံကိန်းများကို အုပ်ချုပ်သူ မင်းအစိုးရအတွက်မဟုတ်ဘဲ ပြည်သူများအတွက် မြို့တော်အ သစ် နေပြည်တော် ဖြစ်စေရန် ဆောင်ရွက်စေလိုသည်ဟု ၎င်းက ဆိုသည်။
နေပြည်တော်လမ်းများကို ကွန်ကရစ်လမ်းဖောက်လုပ်ရာ တွင် အကျယ် ၁၂ ပေ၊ ထုအမြင့် ၈ ပေလမ်း(One Lane)တစ်မိုင် အတွက် ကျပ်သိန်း ၁,၃၀၀ ခန့် ကုန်ကျနေပြီး ပုံမှန်အားဖြင့် (Twolane)တစ်မိုင်အတွက် ကျပ်သိန်း ၂,၅၀၀ မှ ၃,၀၀၀ အထိ ကုန်ကျနေ သည်ဟု ဦးမင်းသူက ဆိုသည်။
-
ထို့အပြင် နေပြည်တော် ကောင်စီနယ်မြေအတွက် အမျိုး သားစီမံကိန်းပါ လုပ်ငန်းရင်းနှီး မြှုပ်နှံမှုလျာထားချက်များသည် နေပြည်တော်ကောင်စီနှင့် နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီတို့၏စီမံကိန်းများသည် ထပ်တူသဘောဆောင်နေသဖြင့် တစ်နေရာတည်းကို စီမံကိန်းနှစ် ခါ လုပ်သည့် သဘောဆောင်နေ သဖြင့် စိစစ်သင့်သည်ဟု ဦးမင်း သူက ထောက်ပြပြောဆိုခဲ့သည်။
-
လာမည့် ဘဏ္ဍာနှစ်အတွက် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီက လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ်သန်း တစ်ထောင်ခန့် လျာထားမှုကို ထက်ဝက်လျှော့ချရန်နှင့်ကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ ပေးသင့်သည်ဟုလည်း ဇန်နဝါရီ ၁၃ ရက် ပြည်ထောင်စု
လွှတ်တော် တွင် ဦးမင်းသူက တင်ပြခဲ့သေး သည်။
============
Credit : 7Day
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 17, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment