Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 9, 2016

၀ဋ္ဆုိတာ ဘ၀မကူးပါဘူး ဦးဆန္းဆင့္ရယ္ (စစ္ဆင္ေရးဒုကိၡတ အၿငိမ္းစား အရာရွိတစ္ဦး)

ကၽြန္ေတာ္ တပ္မေတာ္က ဒုကိၡတဘ၀နဲ႔ ပင္စင္ယူခဲ့ရတဲ့ အရာရွိတစ္ဦးပါ။ ၿပီးခဲ့တဲ့ အပတ္က ဂ်ာနယ္ တစ္ေစာင္မွာ သာသနာေရး ၀န္ႀကီးေဟာင္း ဦးဆန္းဆင့္ကုိ ဒုတိယအႀကိမ္ ႐ုံးထုတ္လာေတာ့ မတရား ခံရတာပါလို႔ ငယ္သံပါေအာင္ ေအာ္ေနတာကုိ ဖတ္လိုက္ ျမင္လိုက္ရတယ္။ လူအမ်ားကုိ မတရားလုပ္ခဲ့တဲ့ လူတစ္ေယာက္ဟာ ကုိယ့္အလွည့္က်မွ ေၾကာက္လန္႔ ေနတာကုိ ျမင္ရေတာ့ ကၽြန္ေတာ္ ၿပံဳးမိလိုက္ပါတယ္။ မဟုတ္တာေတြ လုပ္ခဲ့တဲ့ အက်ဳိးဆက္အျဖစ္ ေလာကီငရဲမွာ ဘ၀မကူးပဲ ခံရေတာ့မွာကုိ သိေနတဲ့ ေၾကာက္စိတ္နဲ႔ သူေအာ္ခဲ့တာျဖစ္တယ္။

သူမတရားလုပ္ ခံခဲ့ရသူေတြထဲမွာ တစ္ေယာက္ အပါအ၀င္ျဖစ္တဲ့ ကၽြန္ေတာ္က ဟုိးတုန္းက အေျခအေနေတြကုိ မေန႔တစ္ေန႔ကလိုပဲ မ်က္စိထဲ ျပန္ျမင္ေယာင္မိတယ္။ ကၽြန္ေတာ္ဟာ ဗုိလ္ခ်ဳပ္ ဆန္းဆင့္ စစ္ရာထူးခန္႔ခ်ဳပ္တုန္းက ဘ၀ပ်က္ခဲ့ရတဲ့ အရာရွိေတြထဲက တစ္ေယာက္ေပါ့။ သူ႔သားနဲ႔ စီးပြားယွဥ္ဘက္ ျဖစ္ခဲ့တဲ့ ကၽြန္ေတာ့္ကုိ ေသရြာပုိ႔ပစ္မယ္လို႔ ႀကိမ္း၀ါးၿပီး စစ္ေထာက္ခ်ဳပ္႐ုံးကေန အဲဒီ့ ကာလက စစ္ဆင္ေရး အၾကမ္းတမ္းဆံုးျဖစ္တဲ့ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ခလရ(၃၉)ကုိ ေျပာင္းပစ္တာ ခံခ့ဲရပါတယ္။ အဲဒီမွာပဲ စစ္ဆင္ေရး တစ္ခုမွာ မုိင္းထိၿပီး ကၽြန္ေတာ္ ဒုကိၡတဘ၀ ေရာက္ခဲ့ရပါတယ္။
သူ႔သားနဲ႔ စီးပြားေရးတစ္ခုတည္း ဆုိတာလည္း မသိပါဘူး။ စီးပြားၿပိဳင္ဖက္ ျဖစ္သြားတယ္ဆုိတာလည္း ကၽြန္ေတာ္ မသိပါဘူးလို႔ ေတာင္းပန္ၿပီး သိန္း ၁၅၀တန္ ျခင္းေတာင္းတစ္ေတာင္းနဲ႔ ကန္ေတာ့ပန္းဆင္ၿပီး ကတိေပးခဲ့ရပါတယ္။ အဲဒါေၾကာင့္ ပုိ႔ေဆာင္ေရး ၀န္ႀကီးဌာနကုိ ဒုကိၡတဘ၀နဲ႔ ေျပာင္းေရႊ႕ တာ၀န္ ထမ္းေဆာင္ေစလို႔ ဦးဆန္းဆင့္က အမိန္႔ေတာ္ ခ်မွတ္လိုက္ပါေတာ့တယ္။
ပုိ႔ေဆာင္ေရး ၀န္ႀကီးဌာနကုိ ေရာက္ၿပီး တာ၀န္ထမ္းေဆာင္ခ်ိန္မွာ ကုိယ္ပုိင္ စီးပြားေရးေလးတစ္ခုေတာ့ လုပ္မွ မိသားစု အဆင္ေျပမယ္ဆုိၿပီး ေရသန္႔စက္ေလးတစ္ခု ေထာင္လုိက္ပါတယ္။ ကံဆုိးမ သြားေလရာ မုိးလိုက္လို႔ ရြာတာပဲလား။ ဦးဆန္းဆင့္ သားကပဲ ရွိသမွ် စီးပြားေရး အကုန္လုပ္ေနသလားေတာ့ မသိပါဘူး။ သူ႔သားနဲ႔ ေနာက္တစ္ေက်ာ့ စီးပြားေရးတူေန ျပန္တာေၾကာင့္ အရပ္ဖက္ ၀န္ႀကီးဌာနကုိ ေရာက္ၿပီးကာမွ တပ္မေတာ္ကုိ ျပန္လည္ေခၚတဲ့ အမိန္႔ထုတ္ၿပီး စစ္တရား႐ုံးနဲ႔ ေထာင္ခုနစ္ႏွစ္ ခ်ပစ္မယ္လို႔ ေႂကြးေၾကာ္ၿပီး စစ္တရား႐ုံးဖဲြ႕ၿပီး ကၽြန္ေတာ့္ကုိ စစ္ျပန္ပါေတာ့တယ္။ ေနာက္ဆံုးမေတာ့ ကၽြန္ေတာ့္ေရသန္႔စက္ကုိ သူ႔ကုိထိုးအပ္ရတဲ့အျပင္ သိန္းေပါင္းမ်ားစြာ သူ႔ကုိကန္ေတာ့ၿပီး ရန္ၿငိဳးရွိရင္ ေျပပါေစေတာ့ရယ္လို႔ နယ္ဘက္ ၀န္ႀကီးဌာနကုိလည္း မေျပာင္းရဲေတာ့ပဲ သူသနားလို႔ေပးတဲ့ ေဆးပင္စင္နဲ႔ပဲ စစ္ဆင္ေရး ဒုကိၡတဘ၀နဲ႔ ကၽြန္ေတာ့္ဘ၀ အဆံုးသတ္ ခဲ့ရပါတယ္။
ကၽြန္ေတာ့္နာမည္ကုိ မေဖာ္ျပေပမယ့္ သူ႔ရဲ႕မတရား လုပ္ေဆာင္မႈေတြေၾကာင့္ တပ္မေတာ္က အရာရွိႀကီးေတြေရာ၊ ၀န္ႀကီးဌာနက အရာရွိႀကီးေတြပါ။ ဒီစာဖတ္ရင္ သိေလာက္ေအာင္ မတရား ေဆာင္ရြက္ခဲ့တဲ့ ဗုိလ္ခ်ဳပ္ဆန္းဆင့္ဟာ ဘ၀မကူးပဲ ၀ဋ္လည္ေနၿပီးလားဆုိတာ ကၽြန္ေတာ္ လက္ညိႇဳးထုိးၿပီး အဘ ဗုိလ္ခ်ဳပ္ ဆန္းဆင့္နဲ႔ ဇနီး အန္တီနန္းကုိ ေမးလိုက္ခ်င္ပါရဲ႕ဗ်ာ။
စစ္ဆင္ေရးဒုကိၡတ အၿငိမ္းစား အရာရွိတစ္ဦး
(Tomorrow မွကူးယူေဖာ္ျပပါသည္။)
..................
၀ဋ်ဆိုတာ ဘဝမကူးပါဘူး ဦးဆန်းဆင့်ရယ်
-စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး
ကျွန်တော် တပ်မတော်က ဒုက္ခိတဘဝနဲ့ ပင်စင်ယူခဲ့ရတဲ့ အရာရှိတစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်က ဂျာနယ် တစ်စောင်မှာ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒုတိယအကြိမ် ရုံးထုတ်လာတော့ မတရား ခံရတာပါလို့ ငယ်သံပါအောင် အော်နေတာကို ဖတ်လိုက် မြင်လိုက်ရတယ်။ လူအများကို မတရားလုပ်ခဲ့တဲ့ လူတစ်ယောက်ဟာ ကိုယ့်အလှည့်ကျမှ ကြောက်လန့် နေတာကို မြင်ရတော့ ကျွန်တော် ပြုံးမိလိုက်ပါတယ်။ မဟုတ်တာတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် လောကီငရဲမှာ ဘဝမကူးပဲ ခံရတော့မှာကို သိနေတဲ့ ကြောက်စိတ်နဲ့ သူအော်ခဲ့တာဖြစ်တယ်။
သူမတရားလုပ် ခံခဲ့ရသူတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ကျွန်တော်က ဟိုးတုန်းက အခြေအနေတွေကို မနေ့တစ်နေ့ကလိုပဲ မျက်စိထဲ ပြန်မြင်ယောင်မိတယ်။ ကျွန်တော်ဟာ ဗိုလ်ချုပ် ဆန်းဆင့် စစ်ရာထူးခန့်ချုပ်တုန်းက ဘဝပျက်ခဲ့ရတဲ့ အရာရှိတွေထဲက တစ်ယောက်ပေါ့။ သူ့သားနဲ့ စီးပွားယှဉ်ဘက် ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို သေရွာပို့ပစ်မယ်လို့ ကြိမ်းဝါးပြီး စစ်ထောက်ချုပ်ရုံးကနေ အဲဒီ့ ကာလက စစ်ဆင်ရေး အကြမ်းတမ်းဆုံးဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၉)ကို ပြောင်းပစ်တာ ခံခဲ့ရပါတယ်။ အဲဒီမှာပဲ စစ်ဆင်ရေး တစ်ခုမှာ မိုင်းထိပြီး ကျွန်တော် ဒုက္ခိတဘဝ ရောက်ခဲ့ရပါတယ်။
သူ့သားနဲ့ စီးပွားရေးတစ်ခုတည်း ဆိုတာလည်း မသိပါဘူး။ စီးပွားပြိုင်ဖက် ဖြစ်သွားတယ်ဆိုတာလည်း ကျွန်တော် မသိပါဘူးလို့ တောင်းပန်ပြီး သိန်း ၁၅၀တန် ခြင်းတောင်းတစ်တောင်းနဲ့ ကန်တော့ပန်းဆင်ပြီး ကတိပေးခဲ့ရပါတယ်။ အဲဒါကြောင့် ပို့ဆောင်ရေး ၀န်ကြီးဌာနကို ဒုက္ခိတဘဝနဲ့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေလို့ ဦးဆန်းဆင့်က အမိန့်တော် ချမှတ်လိုက်ပါတော့တယ်။
ပို့ဆောင်ရေး ၀န်ကြီးဌာနကို ရောက်ပြီး တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုတော့ လုပ်မှ မိသားစု အဆင်ပြေမယ်ဆိုပြီး ရေသန့်စက်လေးတစ်ခု ထောင်လိုက်ပါတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာတာပဲလား။ ဦးဆန်းဆင့် သားကပဲ ရှိသမျှ စီးပွားရေး အကုန်လုပ်နေသလားတော့ မသိပါဘူး။ သူ့သားနဲ့ နောက်တစ်ကျော့ စီးပွားရေးတူနေ ပြန်တာကြောင့် အရပ်ဖက် ၀န်ကြီးဌာနကို ရောက်ပြီးကာမှ တပ်မတော်ကို ပြန်လည်ခေါ်တဲ့ အမိန့်ထုတ်ပြီး စစ်တရားရုံးနဲ့ ထောင်ခုနစ်နှစ် ချပစ်မယ်လို့ ကြွေးကြော်ပြီး စစ်တရားရုံးဖွဲ့ပြီး ကျွန်တော့်ကို စစ်ပြန်ပါတော့တယ်။ နောက်ဆုံးမတော့ ကျွန်တော့်ရေသန့်စက်ကို သူ့ကိုထိုးအပ်ရတဲ့အပြင် သိန်းပေါင်းများစွာ သူ့ကိုကန်တော့ပြီး ရန်ငြိုးရှိရင် ပြေပါစေတော့ရယ်လို့ နယ်ဘက် ၀န်ကြီးဌာနကိုလည်း မပြောင်းရဲတော့ပဲ သူသနားလို့ပေးတဲ့ ဆေးပင်စင်နဲ့ပဲ စစ်ဆင်ရေး ဒုက္ခိတဘဝနဲ့ ကျွန်တော့်ဘဝ အဆုံးသတ် ခဲ့ရပါတယ်။
ကျွန်တော့်နာမည်ကို မဖော်ပြပေမယ့် သူ့ရဲ့မတရား လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အရာရှိကြီးတွေရော၊ ၀န်ကြီးဌာနက အရာရှိကြီးတွေပါ။ ဒီစာဖတ်ရင် သိလောက်အောင် မတရား ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ဆန်းဆင့်ဟာ ဘဝမကူးပဲ ၀ဋ်လည်နေပြီးလားဆိုတာ ကျွန်တော် လက်ညှိုးထိုးပြီး အဘ ဗိုလ်ချုပ် ဆန်းဆင့်နဲ့ ဇနီး အန်တီနန်းကို မေးလိုက်ချင်ပါရဲ့ဗျာ။
စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး
(Tomorrow မှကူးယူဖော်ပြပါသည်။)

No comments:

Post a Comment