Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 25, 2016

အသက္၁၉ ႏွစ္အရြယ္ လူငယ္တစ္ဦးကို နယ္ျခားေစာင့္တပ္ဖြဲ႕၀င္မ်ားက ရိုက္ႏွက္ထိုးၾကိတ္



(ဓာတ္ပံုမွာ ေမာင္ေစာႏိုင္အား ဆရာ၀န္ထံတြင္ ျပသေနစဥ္)
နိရဥၥရာ၊ ဇန္န၀ါရီ ၂၆

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ေစတီျပင္ေက်းရြာမွ အသက္ (၁၉) ႏွစ္ အရြယ္ လူငယ္တစ္ဦးအား ဇန္န၀ါရီလ ၂၄ ရက္ေန႕က နယ္ျခားေစာင့္ တပ္ဖြဲ႕၀င္ သံုးဦးက အေၾကာင္းမဲ့ ရိုက္ႏွက္ ထိုးၾကိတ္သျဖင့္ ေျခေထာက္ႏွင့္ ဦးေခါင္းတြင္ ဒဏ္ရာ ရရွိသြားျပီး ယခုအခါ ဆရာ၀န္ထံ သြားေရာက္ျပသေနရ သည္ဟု သတင္း ရရွိသည္။

ရိုက္ႏွက္ ထိုးၾကိတ္ခံရသည့္ လူငယ္မွာ (ဘ) ဦးေမာင္ေကာင္းစံ၊ (မိ) ေဒၚမသိန္းႏုတို႕ ၏သား ေမာင္ေစာႏိုင္ (၁၉) ႏွစ္ျဖစ္သည္။

“ ကၽြန္ေတာ္ ခၽြတ္ျပင္တံတားနားမွာ စက္ေလွ စက္ပ်က္တဲ့ အတြက္ ေစတီျပင္ရြာကို ပစၥည္းေတြ ယူျပီး စက္ကို ျပန္ျပင္ပါတယ္။ အဲဒီစက္ေလွနားမွာ နယ္ျခားေစာင့္တပ္က တပ္သား တစ္ဦးရွိေနပါတယ္။ ဒီေရက်ေနေတာ့ ဒီေရ အမွီကၽြန္ေတာ္က ရြာကိုျပန္မယ္ဆိုျပီး စက္ေလွ ထြက္ေတာ့ မထြက္ရဘူးဆိုျပီး ေျပာပါတယ္။ အစကတည္းက မထြက္ရဘူးဆိုရင္လည္း မထြက္ရဘူးလို႕ မေျပာပါ။ ကမ္းကခြာျပီးမွ မထြက္ရဘူးဆိုျပီး ေျပာပါတယ္။ ကၽြန္ေတာ္ကလည္း စက္ေလွေပၚမွာ တစ္ေယာက္တည္းဆိုေတာ့ စက္ရပ္ရမလား၊ ကမ္းကပ္ရမလားနဲ႕ အလုပ္ရွဳပ္သြားပါတယ္။ သူက မရမေန ေခၚေတာ့ ကၽြန္ေတာ္က စက္ေလွကို မရမေန ျပန္ကပ္ပါတယ္။ ျပန္ကပ္တာနဲ႕ ဓနိပင္ အရိုးတံနဲ႕ ပထမ ရိုက္ပါတယ္။ ေနာက္ထပ္ နယ္ျခားေစာင့္ တပ္သားႏွစ္ဦး ေမာ္ေတာ္ ဆိုင္ကယ္နဲ႕ ေရာက္လာျပီး ကၽြန္ေတာ္ကို ၀ိုင္း၀န္းရိုက္ႏွက္ၾကပါတယ္။ ဦးေခါင္းနဲ႕ ေျခေထာက္မွာ ဒဏ္ရာ ရသြားတဲ့ အတြက္ အခု ဆရာ၀န္ဆီ မွာ ျပသေနရပါတယ္” ဟု အရိုက္ခံရသူ ေမာင္ေစာႏိုင္က နိရဥၥရာသို႕ ေျပာဆိုသည္။

၎ျပင္ စက္ေလွတြင္ လိုင္စင္ပါသလား၊ ဘယ္သူ႕ စက္ေလွ လည္း ေမးျမန္းေၾကာင္း၊ ေမာင္ေစာႏိုင္မွ စက္ေလွတြင္ လိုင္စင္ရွိေသာ စက္ေလွ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္ကို ပံုမွန္အခြန္ေဆာင္ျပီး လုပ္ကိုင္ စားေသာက္ေနျခင္း ျဖစ္သည္ဟု ေျပာဆိုေၾကာင္း၊ ေနာက္ပိုင္းတြင္ ရိုက္ႏွက္သတ္ပုတ္မႈအတြက္ နယ္ျခားေစာင့္ တပ္ဖြဲ႕၀င္သံုးဦး မွ ေတာင္းပန္သည္ဟု ေျပာၾကားေၾကာင္း သူကဆိုသည္။

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕၀င္မ်ားမွာ ေစတီျပင္ရြာ စခန္းမွ ျဖစ္ၾကျပီး နယ္ျခားေစာင့္ တပ္ဖြဲ႕၀င္မ်ားမွာ ေက်းရြာသူ ေက်းရြာသားမ်ားႏွင့္ ခ်စ္ခင္ရင္းႏွီးစြာ ေနထိုင္ၾကသူမ်ား ျဖစ္ၾကျပီး ယခုလို အႏိုင္က်င့္ ရိုက္ႏွက္မႈ ျဖစ္ပြားျခင္း အေပၚ အမ်ားက နားမလည္ေအာင္ ျဖစ္ေနၾ ကသည္ဟု ဆိုသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး စက္ေလွပိုင္ရွင္ အမ်ိဳးသမီး က ေစတီျပင္ ေက်းရြာ နယ္ျခားေစာင့္တပ္ဖြဲ႕ စခန္းမွဴး တင္ထြန္းဦးအား သြားေရာက္တိုင္ၾကားထားေသာ္လည္း တစ္စံုတစ္ရာ အေရးယူေဆာင္ရြက္ေပးျခင္း မရွိေသးေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး နိရဥၥရာသတင္းဌာနမွ ဇန္န၀ါရီလ ၂၆ ရက္ေန႕ နံနက္က အဆိုပါ စခန္းသို႕ ဆက္သြယ္ေမးျမန္းရာ ဖုန္းလက္ခံ ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ဖုန္းျပတ္ေတာက္သြားခဲ့ျပီး ဆက္လက္ ေမးျမန္းေသာ္လည္း ဆက္သြယ္ေရးျပင္ပ ဧရိယာသုိ႕ ေရာက္ေနသည္ဟု ဖုန္းထဲက အေၾကာင္း ျပန္သျဖင့္ ေမးျမန္းႏိုင္ျခင္း မရွိခဲ့ပါ။

ေစတီျပင္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးသုိ႕ ဆက္သြယ္ေမးျမန္းရာ အခင္းျဖစ္ပြားမႈမွာ မွန္ကန္ေၾကာင္း ေျပာဆိုျပီး သူအား တရား၀င္ တိုင္ၾကားျခင္း မရွိေသးေၾကာင္း ေျပာၾကားသည္။

Arakan State
https://www.facebook.com/NarinjaraNews/
.....................



(ဓာတ်ပုံမှာ မောင်စောနိုင်အား ဆရာဝန်ထံတွင် ပြသနေစဉ်)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ အသက် (၁၉) နှစ် အရွယ် လူငယ်တစ်ဦးအား ဇန်နဝါရီလ ၂၄ ရက်နေ့က နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးက အကြောင်းမဲ့ ရိုက်နှက် ထိုးကြိတ်သဖြင့် ခြေထောက်နှင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး ယခုအခါ ဆရာဝန်ထံ သွားရောက်ပြသနေရ သည်ဟု သတင်း ရရှိသည်။

ရိုက်နှက် ထိုးကြိတ်ခံရသည့် လူငယ်မှာ (ဘ) ဦးမောင်ကောင်းစံ၊ (မိ) ဒေါ်မသိန်းနုတို့ ၏သား မောင်စောနိုင် (၁၉) နှစ်ဖြစ်သည်။

“ ကျွန်တော် ချွတ်ပြင်တံတားနားမှာ စက်လှေ စက်ပျက်တဲ့ အတွက် စေတီပြင်ရွာကို ပစ္စည်းတွေ ယူပြီး စက်ကို ပြန်ပြင်ပါတယ်။ အဲဒီစက်လှေနားမှာ နယ်ခြားစောင့်တပ်က တပ်သား တစ်ဦးရှိနေပါတယ်။ ဒီရေကျနေတော့ ဒီရေ အမှီကျွန်တော်က ရွာကိုပြန်မယ်ဆိုပြီး စက်လှေ ထွက်တော့ မထွက်ရဘူးဆိုပြီး ပြောပါတယ်။ အစကတည်းက မထွက်ရဘူးဆိုရင်လည်း မထွက်ရဘူးလို့ မပြောပါ။ ကမ်းကခွာပြီးမှ မထွက်ရဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်ကလည်း စက်လှေပေါ်မှာ တစ်ယောက်တည်းဆိုတော့ စက်ရပ်ရမလား၊ ကမ်းကပ်ရမလားနဲ့ အလုပ်ရှုပ်သွားပါတယ်။ သူက မရမနေ ခေါ်တော့ ကျွန်တော်က စက်လှေကို မရမနေ ပြန်ကပ်ပါတယ်။ ပြန်ကပ်တာနဲ့ ဓနိပင် အရိုးတံနဲ့ ပထမ ရိုက်ပါတယ်။ နောက်ထပ် နယ်ခြားစောင့် တပ်သားနှစ်ဦး မော်တော် ဆိုင်ကယ်နဲ့ ရောက်လာပြီး ကျွန်တော်ကို ၀ိုင်းဝန်းရိုက်နှက်ကြပါတယ်။ ဦးခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာ ရသွားတဲ့ အတွက် အခု ဆရာဝန်ဆီ မှာ ပြသနေရပါတယ်” ဟု အရိုက်ခံရသူ မောင်စောနိုင်က နိရဥ္စရာသို့ ပြောဆိုသည်။

၎င်းပြင် စက်လှေတွင် လိုင်စင်ပါသလား၊ ဘယ်သူ့ စက်လှေ လည်း မေးမြန်းကြောင်း၊ မောင်စောနိုင်မှ စက်လှေတွင် လိုင်စင်ရှိသော စက်လှေ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ပုံမှန်အခွန်ဆောင်ပြီး လုပ်ကိုင် စားသောက်နေခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း၊ နောက်ပိုင်းတွင် ရိုက်နှက်သတ်ပုတ်မှုအတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင်သုံးဦး မှ တောင်းပန်သည်ဟု ပြောကြားကြောင်း သူကဆိုသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ စေတီပြင်ရွာ စခန်းမှ ဖြစ်ကြပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှာ ကျေးရွာသူ ကျေးရွာသားများနှင့် ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြသူများ ဖြစ်ကြပြီး ယခုလို အနိုင်ကျင့် ရိုက်နှက်မှု ဖြစ်ပွားခြင်း အပေါ် အများက နားမလည်အောင် ဖြစ်နြေ ကသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စက်လှေပိုင်ရှင် အမျိုးသမီး က စေတီပြင် ကျေးရွာ နယ်ခြားစောင့်တပ်ဖွဲ့ စခန်းမှူး တင်ထွန်းဦးအား သွားရောက်တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်က အဆိုပါ စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံ ခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်းပြတ်တောက်သွားခဲ့ပြီး ဆက်လက် မေးမြန်းသော်လည်း ဆက်သွယ်ရေးပြင်ပ ဧရိယာသို့ ရောက်နေသည်ဟု ဖုန်းထဲက အကြောင်း ပြန်သဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

စေတီပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားမှုမှာ မှန်ကန်ကြောင်း ပြောဆိုပြီး သူအား တရားဝင် တိုင်ကြားခြင်း မရှိသေးကြောင်း ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment