၂၀၀၇ေရႊဝါေရာင္ေတာ္လွန္ေရးကိုဦးေဆာင္စီစဥ္သည္ဟူေသာအစိုးရ၏စြဲခ်က္ျဖင့္သံဃာေတာ္(၅)
ပါး၊လူပုဂၢိဳလ္(၆)ဦးတို႔ကိုအင္းစိန္ေထာင္တြင္းတရားရုံးမ်ားတြင္အက်ဥ္းနည္းျဖင့္တရားစီရင္စြဲဆိုထား
ေသာ၂၀၀၈ခုႏွစ္အခါကာလသမယျဖစ္ေပသည္။
တေန႔သ၌
တရားရုံးနားေနခန္းတြင္မဂၢင္ဆရာေတာ္ဦးအိႏၵကႏွင့္က်ေနာ္စကားစျမည္ေျပာဆိုေနစဥ္ရူးရူးရွားရွား
ျဖင့္ေဂ်ာင္းေဂ်ာင္းဟုလူသိမ်ားလွေသာဆရာေတာ္ဦးဣႆိ ရိယသည္ေျခက်င္းသံတခၽြင္ခၽြင္အသံေပးကာအခန္းတြင္းသို႔ဝင္ေရာက္လာေပသည္။သင္းပိုင္ကဲ့သို႔လိပ္ဝတ္ထားေသာေထာင္ပုဆိုးကိုဆြဲမလိုက္၍သံေျခက်င္းကိုလည္ပင္းတြင္ဆြဲထားရာမွျဖဳတ္ၿပီးသမံတလင္းေပၚသို႔ဂြမ္းကနဲပစ္ခ်ကာမေက်မနပ္ျမည္တမ္းေျပာဆိုလာ၏။
"က်ဳပ္မေက်နပ္ဘူးဗ်ာ"
"ဘာေတြျဖစ္လာတာလဲဦးဇင္း"
"ယုဇနပလာဇာကဟြန္ဒီေငြလႊဲလုပ္ငန္းလုပ္တဲ့ေအးေအးဝင္းဆိုတဲ့အမ်ိဳးသမီးကလိုျပသက္ေသ
အေနနဲ႔ထြက္မလို႔တဲ့ဗ်"
"ထြက္ပေစေပါ့ဦးဇင္းရယ္၊သူ႔ကိုSBကဖိအားေပးလို႔ေနမွာေပါ့"
"အဲေကာင္မကဗိုလ္ခ်ဳပ္တေယာက္ရဲ႕မယားငယ္လို႔လဲက်ဳပ္သတင္းရတယ္"
"ဟဲ ဟဲ၊ဟုတ္ခ်င္ဟုတ္မွာေပါ့"
"က်ဳပ္မေက်နပ္ဘူး။က်ဳပ္ကိုယ္တိုင္ျပန္လွန္ေမးခြန္းေမးမယ္။ေရွ႕ေနကိုအေမးမခိုင္းဘူး"
"ဦးဇင္းကဘယ္လိုေမးမွာလဲ"
"က်ဳပ္ဗိုလ္ေအာင္ဒင္ေလသံနဲ႔ေမးမွာ"
ဆရာေတာ္ဦးအိႏၵကမ်က္ႏွာကျပံဳးစိစိျဖစ္သြား၏။
"ဂလိုဆိုရင္လည္းတျပည့္ေတာ္တို႔ကိုနမူနာေလးေမးျပပါလား"
"ဒီမွာမိန္းကေလး၊မင္းကဟိုးလြန္ခဲ့တဲ့၂ႏွစ္ေလာက္ကကိုယ္ေငြထုတ္သြားခဲ့တဲ့ကိစၥကိုအခုခ်ိန္ထိသတိ
ရေနေသးတယ္ဆိုေတာ့ကာမင္းကိုယ့္အေပၚမွာမရိုးမသားစိတ္ေတြမ်ားျဖစ္ေနသလား၊ေျဖပါမိန္း
ကေလး၊ေျဖပါ။"
မဂၢင္ဆရာေတာ္ဦးအိႏၵကနားေထာင္ေနရာကဟက္ဟက္ပက္ပက္ရယ္ေမာေတာ့သည္။က်ေနာ္သည္
လည္းရယ္ေမာရင္း........။
"အဲဒါေတာ့မသင့္ေတာ္ဘူးထင္တယ္၊ဦးဇင္းတို႔ကရဟန္းအေနဘဲရွိေသးတယ္။သိကၡာခ်ထားတာလဲ
မရွိဘူး။ဝိနည္းနဲ႔အညီေနတဲ့သံဃာေတြလို႔တျပည့္ေတာ္တို႔ကရိုေသလၽွက္ပါဘဲဘုရာ့။ဦးဇင္းတို႔ညစာ
လဲမစားဘူး။ေထာင္ပုဆိုးကိုေတာင္ဦးဇင္းတို႔သင္းပိုင္လိုလိပ္ဝတ္ေနၾကတာဘဲ။ေမးမေနပါနဲ႔ဦးဇင္း
ရယ္၊သီးခံလိုက္ပါေနာ"
"ေအး-ခင္ဗ်ားတို႔ကတားလို႔က်ဳပ္မေမးေတာ့ဘူး။"ၿပိဳမေယာင္မိူင္းမိူင္းမူန္ေနေသာမ်က္ႏွာႏွင့္ဦးဇင္း
ေဂ်ာင္းကတိေပးရွာ၏။
ဤသို႔ျဖင့္ေထာင္ေတြအသီးသီးက်သြားေသာအခါစစ္အစိုးရမွက်ေနာ္တို႔ကိုေဝးလံေခါင္သီသာေထာင္
မ်ားဆီသို႔ပို႔လိုက္ေပေတာ့သည္။ေဂ်ာင္းေဂ်ာင္းကသီေပါေထာင္၊ဦးအိႏၵကလားရိူးေထာင္ဦးဂမ႓ီရက
ခႏၲီးေထာင္၊က်ေနာ္ကေတာင္ႀကီးေထာင္၊ကိုေက်ာ္ေက်ာ္ႏိုင္ဖားအံေထာင္ကိုသန္းႏိုင္မအူပင္ေထာင္မ်ားသို႔တကြဲတျပားစီေရာက္သြားေပေတာ့သည္။ေထာင္ေတြထဲ၌ေလးႏွစ္သုံးလေက်ာ္ေက်ာ္
ေနခဲ့ၾကၿပီးေနာက္၂၀၁၂ဇႏၷဝါရီလ၁၃ရက္တြင္ႏိုင္ငံေတာ္လြတ္ၿငိမ္းခ်မ္းသာျဖင့္က်ေနာ္တို႔ျပန္လည္
လြတ္ေျမာက္လာၾကေပ၏။
တေန႔သ၌
မေကြးၿမိဳ႕၊ျပည္ေတာ္သာလမ္းေပၚရွိေတာ့ကဖီးတြင္ေဂ်ာင္းေဂ်ာင္းႏွင့္က်ေနာ္ျပန္လည္ဆုံေတြ႕ၾကသည္
ေရွးေဟာင္းေႏွာင္းျဖစ္မ်ားေျပာမဝႏိုင္ေအာင္ေျပာဆိုေနရင္း၊ရုတ္တရက္ေဂ်ာင္းေဂ်ာင္းမွ
"မေအးေအးဝင္းကိုမင္းကျပန္လွန္ေမးခြန္းမေမးပါနဲ႔လို႔တားခဲ့တာငါကေမးခဲ့တယ္ဗ်။"
"အယ္ ဘယ္လိုမ်ားေမးခဲ့တာလဲဦးဇင္း"
"ဗိုလ္ေအာင္ဒင္ေလသံနဲ႔ေတာ့မေမးခဲ့ပါဘူး။ရိုးရိုးတန္းတန္းကေလးဘဲေမးခဲ့တာပါ"
"ဘယ္လိုကေလးေမးခဲ့တာလဲဖ်ာ့"
"ညီမေလးနာမည္ဘယ္လိုေခၚပါသလဲ"
"မေအးေအးဝင္းပါရွင့္"
"ညီမတို႔ကုမၸဏီနာမည္ကေရာဘယ္လိုေခၚပါသလဲ"
"သေျပထေရးဒင္းကုမၸဏီလီမိတက္ပါရွင့္"
"တရက္ကိုညီမတို႔ကုမၸဏီထဲလူအဝင္အထြက္ခန္႔မွန္းဘယ္ေလာက္ရွိႏိုင္သလဲ"
"(၁၀၀)ေလာက္ရွိႏိုင္ပါတယ္"
"တရက္(၁၀၀)ဆိုရင္တလကို(၃၀၀၀)ေလာက္အဝင္အထြက္ရွိမွာေပါ့။တႏွစ္ကိုဘယ္ေလာက္ရွိမလဲ"
"တႏွစ္ကိုလူ(၃၆၀၀၀)ေလာက္ရွိႏိုင္ပါတယ္ရွင့္"
"ညီမတို႔ကုမၸဏီမွာကိုယ္ေငြထုတ္သြားတာ(၂)ႏွစ္ရွိၿပီဆိုေတာ့ကာ၊ဒီအဝင္အထြက္လူေပါင္း(၇၀၀၀၀)
ေလာက္ထဲကကိုယ့္ကိုေရြးမွတ္မိေနေတာ့မင္းကိုယ့္အေပၚမရိုးမသားစိတ္ေတြမ်ားျဖစ္ေနသလားအမွန္
အတိုင္းေျဖေပးပါမိန္းကေလး"
"မဟုတ္ပါဘူးရွင့္။မျဖစ္မိပါဘူးရွင့္"
"ဒါဆိုမင္းကိုယ့္ကိုဘာလို႔ေရြးမွတ္မိေနရတာလဲကြဲ႕"
ဥပေဒဝန္ထမ္းကတရားရုံးဟုသတ္မွတ္ထားေသာအခန္းအတြင္းမွေျပးထြက္ကာတဟားဟားႏွင့္ေအာ္
ရယ္ေလေတာ့၏။စင္ေပၚမွအမ်ိဳးသမီးတရားသူႀကီးကရယ္ခ်င္စိတ္ကိုႀကိတ္မွိတ္ၿမိဳသိပ္ကာလက္ထဲက
ေဘာလ္ပင္ကိုအတင္းလိမ္ညစ္ေန၏။တရားရံုးစာေရးမေလးကားမ်က္ႏွာေအာက္သို႔ငုံ႔ကာတခြိခြိႏွင့္
ရယ္ေန၏။အာဏာပိုင္မ်ား၏ဖိအားေပး၍သာလာေရာက္ထြက္ဆိုရျခင္းကိုဟာသညဏ္ဗလပြျဖင့္
အမွန္တရားကိုလွလွပပေဖာ္ထုတ္ႏိုင္ေသာေဂ်ာင္းေဂ်ာင္းပါတကားရီေမာေပ်ာ္ရႊင္ရက်ေနာ္တို႔
ရဲ႕ေထာင္က်ခဲ့ရေသာဘဝမ်ားပါေပ။
(ေထာင္မွလြတ္ေျမာက္သည့္(၄)ႏွစ္ျပည့္အမွတ္တရအျဖစ္ျဖစ္ရပ္မွန္တခုကိုျပန္လည္ေရးဖြဲ႕ပါသည္)
၁၃.၁.၂၀၁၆ ေန႔လည္-၃:၃၆နာရီ မေကြးၿမိဳ႕
Aung Kyawkyaw
.......................
"နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့အင်းစိန်ထောင်မှာ
ဆြာတော်ဂျောင်းနဲ့ရယ်မောပျှော်ရွှင်ခဲ့ရတာ"
---------------------
၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကိုဦးဆောင်စီစဉ်သည်ဟူသောအစိုးရ၏စွဲချက်ဖြင့်သံဃာတော်(၅)
ပါး၊လူပုဂ္ဂိုလ်(၆)ဦးတို့ကိုအင်းစိန်ထောင်တွင်းတရားရုံးများတွင်အကျဉ်းနည်းဖြင့်တရားစီရင်စွဲဆိုထား
သော၂၀၀၈ခုနှစ်အခါကာလသမယဖြစ်ပေသည်။
တနေ့သ၌
တရားရုံးနားနေခန်းတွင်မဂ္ဂင်ဆရာတော်ဦးအိန္ဒကနှင့်ကျနော်စကားစမြည်ပြောဆိုနေစဉ်ရူးရူးရှားရှား
ဖြင့်ဂျောင်းဂျောင်းဟုလူသိများလှသောဆရာတော်ဦးဣဿိရိယသည်ခြေကျင်းသံတချွင်ချွင်အသံပေးကာအခန်းတွင်းသို့ဝင်ရောက်လာပေသည်။သင်းပိုင်ကဲ့သို့လိပ်ဝတ်ထားသောထောင်ပုဆိုးကိုဆွဲမလိုက်၍သံခြေကျင်းကိုလည်ပင်းတွင်ဆွဲထားရာမှဖြုတ်ပြီးသမံတလင်းပေါ်သို့ဂွမ်းကနဲပစ်ချကာမကျေမနပ်မြည်တမ်းပြောဆိုလာ၏။
"ကျုပ်မကျေနပ်ဘူးဗျာ"
"ဘာတွေဖြစ်လာတာလဲဦးဇင်း"
"ယုဇနပလာဇာကဟွန်ဒီငွေလွှဲလုပ်ငန်းလုပ်တဲ့အေးအေးဝင်းဆိုတဲ့အမျိုးသမီးကလိုပြသက်သေ
အနေနဲ့ထွက်မလို့တဲ့ဗျ"
"ထွက်ပစေပေါ့ဦးဇင်းရယ်၊သူ့ကိုSBကဖိအားပေးလို့နေမှာပေါ့"
"အဲကောင်မကဗိုလ်ချုပ်တယောက်ရဲ့မယားငယ်လို့လဲကျုပ်သတင်းရတယ်"
"ဟဲ ဟဲ၊ဟုတ်ချင်ဟုတ်မှာပေါ့"
"ကျုပ်မကျေနပ်ဘူး။ကျုပ်ကိုယ်တိုင်ပြန်လှန်မေးခွန်းမေးမယ်။ရှေ့နေကိုအမေးမခိုင်းဘူး"
"ဦးဇင်းကဘယ်လိုမေးမှာလဲ"
"ကျုပ်ဗိုလ်အောင်ဒင်လေသံနဲ့မေးမှာ"
ဆရာတော်ဦးအိန္ဒကမျက်နှာကပြုံးစိစိဖြစ်သွား၏။
"ဂလိုဆိုရင်လည်းတပြည့်တော်တို့ကိုနမူနာလေးမေးပြပါလား"
"ဒီမှာမိန်းကလေး၊မင်းကဟိုးလွန်ခဲ့တဲ့၂နှစ်လောက်ကကိုယ်ငွေထုတ်သွားခဲ့တဲ့ကိစ္စကိုအခုချိန်ထိသတိ
ရနေသေးတယ်ဆိုတော့ကာမင်းကိုယ့်အပေါ်မှာမရိုးမသားစိတ်တွေများဖြစ်နေသလား၊ဖြေပါမိန်း
ကလေး၊ဖြေပါ။"
မဂ္ဂင်ဆရာတော်ဦးအိန္ဒကနားထောင်နေရာကဟက်ဟက်ပက်ပက်ရယ်မောတော့သည်။ကျနော်သည်
လည်းရယ်မောရင်း........။
"အဲဒါတော့မသင့်တော်ဘူးထင်တယ်၊ဦးဇင်းတို့ကရဟန်းအနေဘဲရှိသေးတယ်။သိက္ခာချထားတာလဲ
မရှိဘူး။ဝိနည်းနဲ့အညီနေတဲ့သံဃာတွေလို့တပြည့်တော်တို့ကရိုသေလျှက်ပါဘဲဘုရာ့။ဦးဇင်းတို့ညစာ
လဲမစားဘူး။ထောင်ပုဆိုးကိုတောင်ဦးဇင်းတို့သင်းပိုင်လိုလိပ်ဝတ်နေကြတာဘဲ။မေးမနေပါနဲ့ဦးဇင်း
ရယ်၊သီးခံလိုက်ပါနော"
"အေး-ခင်ဗျားတို့ကတားလို့ကျုပ်မမေးတော့ဘူး။"ပြိုမယောင်မိူင်းမိူင်းမူန်နေသောမျက်နှာနှင့်ဦးဇင်း
ဂျောင်းကတိပေးရှာ၏။
ဤသို့ဖြင့်ထောင်တွေအသီးသီးကျသွားသောအခါစစ်အစိုးရမှကျနော်တို့ကိုဝေးလံခေါင်သီသာထောင်
များဆီသို့ပို့လိုက်ပေတော့သည်။ဂျောင်းဂျောင်းကသီပေါထောင်၊ဦးအိန္ဒကလားရိူးထောင်ဦးဂမ႓ီရက
ခန္တီးထောင်၊ကျနော်ကတောင်ကြီးထောင်၊ကိုကျော်ကျော်နိုင်ဖားအံထောင်ကိုသန်းနိုင်မအူပင်ထောင်များသို့တကွဲတပြားစီရောက်သွားပေတော့သည်။ထောင်တွေထဲ၌လေးနှစ်သုံးလကျော်ကျော်
နေခဲ့ကြပြီးနောက်၂၀၁၂ဇန္နဝါရီလ၁၃ရက်တွင်နိုင်ငံတော်လွတ်ငြိမ်းချမ်းသာဖြင့်ကျနော်တို့ပြန်လည်
လွတ်မြောက်လာကြပေ၏။
တနေ့သ၌
မကွေးမြို့၊ပြည်တော်သာလမ်းပေါ်ရှိတော့ကဖီးတွင်ဂျောင်းဂျောင်းနှင့်ကျနော်ပြန်လည်ဆုံတွေ့ကြသည်
ရှေးဟောင်းနှောင်းဖြစ်များပြောမဝနိုင်အောင်ပြောဆိုနေရင်း၊ရုတ်တရက်ဂျောင်းဂျောင်းမှ
"မအေးအေးဝင်းကိုမင်းကပြန်လှန်မေးခွန်းမမေးပါနဲ့လို့တားခဲ့တာငါကမေးခဲ့တယ်ဗျ။"
"အယ် ဘယ်လိုများမေးခဲ့တာလဲဦးဇင်း"
"ဗိုလ်အောင်ဒင်လေသံနဲ့တော့မမေးခဲ့ပါဘူး။ရိုးရိုးတန်းတန်းကလေးဘဲမေးခဲ့တာပါ"
"ဘယ်လိုကလေးမေးခဲ့တာလဲဖျာ့"
"ညီမလေးနာမည်ဘယ်လိုခေါ်ပါသလဲ"
"မအေးအေးဝင်းပါရှင့်"
"ညီမတို့ကုမ္ပဏီနာမည်ကရောဘယ်လိုခေါ်ပါသလဲ"
"သပြေထရေးဒင်းကုမ္ပဏီလီမိတက်ပါရှင့်"
"တရက်ကိုညီမတို့ကုမ္ပဏီထဲလူအဝင်အထွက်ခန့်မှန်းဘယ်လောက်ရှိနိုင်သလဲ"
"(၁၀၀)လောက်ရှိနိုင်ပါတယ်"
"တရက်(၁၀၀)ဆိုရင်တလကို(၃၀၀၀)လောက်အဝင်အထွက်ရှိမှာပေါ့။တနှစ်ကိုဘယ်လောက်ရှိမလဲ"
"တနှစ်ကိုလူ(၃၆၀၀၀)လောက်ရှိနိုင်ပါတယ်ရှင့်"
"ညီမတို့ကုမ္ပဏီမှာကိုယ်ငွေထုတ်သွားတာ(၂)နှစ်ရှိပြီဆိုတော့ကာ၊ဒီအဝင်အထွက်လူပေါင်း(၇၀၀၀၀)
လောက်ထဲကကိုယ့်ကိုရွေးမှတ်မိနေတော့မင်းကိုယ့်အပေါ်မရိုးမသားစိတ်တွေများဖြစ်နေသလားအမှန်
အတိုင်းဖြေပေးပါမိန်းကလေး"
"မဟုတ်ပါဘူးရှင့်။မဖြစ်မိပါဘူးရှင့်"
"ဒါဆိုမင်းကိုယ့်ကိုဘာလို့ရွေးမှတ်မိနေရတာလဲကွဲ့"
ဥပဒေဝန်ထမ်းကတရားရုံးဟုသတ်မှတ်ထားသောအခန်းအတွင်းမှပြေးထွက်ကာတဟားဟားနှင့်အော်
ရယ်လေတော့၏။စင်ပေါ်မှအမျိုးသမီးတရားသူကြီးကရယ်ချင်စိတ်ကိုကြိတ်မှိတ်မြိုသိပ်ကာလက်ထဲက
ဘောလ်ပင်ကိုအတင်းလိမ်ညစ်နေ၏။တရားရုံးစာရေးမလေးကားမျက်နှာအောက်သို့ငုံ့ကာတခွိခွိနှင့်
ရယ်နေ၏။အာဏာပိုင်များ၏ဖိအားပေး၍သာလာရောက်ထွက်ဆိုရခြင်းကိုဟာသညဏ်ဗလပွဖြင့်
အမှန်တရားကိုလှလှပပဖော်ထုတ်နိုင်သောဂျောင်းဂျောင်းပါတကားရီမောပျော်ရွှင်ရကျနော်တို့
ရဲ့ထောင်ကျခဲ့ရသောဘဝများပါပေ။
(ထောင်မှလွတ်မြောက်သည့်(၄)နှစ်ပြည့်အမှတ်တရအဖြစ်ဖြစ်ရပ်မှန်တခုကိုပြန်လည်ရေးဖွဲ့ပါသည်)
၁၃.၁.၂၀၁၆ နေ့လည်-၃:၃၆နာရီ မကွေးမြို့
Aung Kyawkyaw
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment