Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 29, 2016

ျမန္မာေတြ ဒစ္ဂ်စ္တယ္ “အ” သံုးလံုး ေၾကဖို႕ လိုတယ္

မြန္မြန္ျမတ္| January 19, 2016

၂၀၁၄ ခုႏွစ္ဦးပိုင္းေလာက္ကစၿပီး မိုဘိုင္းဖုန္းျဖင့္ ဆိုရွယ္မီဒီယာ သံုးစြဲသူဦးေရ တရွိန္ထိုး ျမင့္တက္လာခဲ့သည္။

ဂရိအေတြးအေခၚပညာရွင္ “အရစၥတိုတယ္”က လူေတြဟာ လူမႈေရးသတၱ၀ါေတြလို႔ ဆိုခဲ့ဖူးသည္။ ေဖ့(စ)ဘြတ္ဆိုရွယ္မီဒီယာတီထြင္သူ “ဇူကာဘတ္” လက္ထက္က်ေတာ့ လူေတြကို လူမႈကြန္ယက္သတၱ၀ါေတြျဖစ္ကုန္ေအာင္ ဖန္တီးပစ္သည္။

“ဇူကာဘတ္”က ယေန႔လူသံုးအမ်ားဆံုး ေဖ့(စ)ဘြတ္လူမႈကြန္ယက္ကို ၂၀၀၄ ခုႏွစ္ေလာက္ကမွ စတင္ထူေထာင္ခဲ့သည္။ ၂၀၀၆ ခုႏွစ္ေလာက္ကစလို႔ ဆိုရွယ္မီဒီယာကို လူသံုးမ်ား လာခဲ့ၿပီး ဆယ္ႏွစ္အတြင္းမွာပင္ ကမၻာ့လူဦးေရ၏ သံုးပံုတစ္ပံုနီးပါးက လူမႈကြန္ယက္သတၱ၀ါမ်ားျဖစ္လာၾကသည္။

တကယ္ေတာ့ ဆိုရွယ္မီဒီယာဟူသည္ မိမိေရွ႕က ဖန္သားျပင္ေပၚတြင္ မ်က္၀ါးထင္ထင္ ျမင္ေနရသည့္ လူမႈကမၻာႀကီးတခုပဲ ျဖစ္သည္ေလ။ သို႔ေပမယ့္ သကၠရာဇ္ ၂၀၀၀ ေနာက္ပိုင္းက်ကာမွ အင္တာနက္ေတာအုပ္ႀကီးထဲသို႔ ခိုးေၾကာင္ခိုး၀ွက္ စမ္းတ၀ါး၀ါးျဖင့္ေရာက္ရွိလာခဲ့ရသည့္ ျမန္မာႏိုင္ငံအေနျဖင့္ အေတာ္ပင္ ေခတ္ေနာက္က်ေနခဲ့ေပၿပီ။

အတိအက်ဆိုရလွ်င္ ဆိုရွယ္မီဒီယာဆိုသည့္ ေမွာ္ရံုေတာထဲသို႔ မ်က္စိသူငယ္ နားသူငယ္ႏွင့္  ၀င္ေရာက္ခဲ့ရသည့္အခ်ိန္က ၂၀၁၂ ႏွစ္ဦးပိုင္းေလာက္ကမွျဖစ္သည္။ မွတ္မွတ္ရရ ထိုအခ်ိန္ကျပန္ၾကားေရးဒု၀န္ႀကီး ဦးရဲထြ႗္က သမၼတႀကီးရဲ့ ျပည္သူ႔ဗဟိုျပဳမူ၀ါဒေတြကို အေကာင္အထည္ေဖၚဖို႔ ေဖ႔(စ)ဘြတ္ကို နာမည္ရင္းႏွင့္ ဖြင့္လွစ္ေၾကာင္း ေရးသားခဲ့သည့္ေန႔က (Screen Shot မွတ္တမ္းအရ) ၂၀၁၂ ဇန္န၀ါရီလ ၃၁ ရက္….။ ဤသို႔ျဖင့္ ျပန္ၾကားေရး၀န္ႀကီး႒ာနက စစ္ဗိုလ္လူထြက္ အႀကီးတန္းအရာရွိမ်ားအေတာ္မ်ားမ်ား ဆိုရွယ္မီဒီယာေပၚ အမည္ရင္းႏွင့္ အလံုးအရင္းေရာက္လာၾကသည္။

ထိုနည္းတူပင္ ေဖ့(စ)ဘြတ္လူမႈကြန္ယက္သည္ ျမန္မာႏိုင္ငံက သတင္းဂ်ာနယ္မီဒီယာမ်ား လက္ေပြ႕ေရာင္းေလ့ရွိသည့္ လမ္းဆံုလမ္းခြတခု ျဖစ္လာခဲ့သည္မွာလည္း ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲမတိုင္မီ ကာလမ်ားကမွ ျဖစ္သည္။

ျမန္မာေဖ့(စ)ဘြတ္သံုးသူမ်ားအၾကား ယေန႔ေရပန္းအစားဆံုးႏွင့္ စာဖတ္ပရိသတ္ ၅ သန္းေက်ာ္ေနၿပီျဖစ္သည့္ သတင္းမီဒီယာမ်ားျဖစ္သည့္ 7 Day News Journal ႏွင့္ Eleven Media Group တို႔မွာ ၂၀၁၂ တုန္းက ေဖ့(စ)ဘြတ္ ပရိသတ္ ၂ သိန္းပါတ္၀န္းက်င္သာရွိခဲ့သည္။  ယခုအခါ ပရိသတ္၃သန္းေက်ာ္ရွိၿပီး ဆိုရွယ္မီဒီယာတြင္ တတိယစာဖတ္ပရိသတ္အမ်ားဆံုး ျဖစ္ေနသည့္ The Irrawaddy (Burmese Version) ကေတာ့ ၂၀၁၂ တုန္းက ၀က္(ဘ)ဆိုဒ္စာမ်က္ႏွာသာရွိခဲ့ၿပီး ေဖ႔(စ)ဘြတ္ေပၚသို႔ပင္ ေရာက္မလာေသးေပ။

ဆိုရွယ္မီဒီယာအစ အင္တာနက္က

အေမရိကန္ ကာကြယ္ေရး၀န္ႀကီး႒ာနအတြက္ စစ္ေရးသုေတသနမ်ားျပဳလုပ္ရန္ ရည္ရြယ္ခ်က္ျဖင့္ ၁၉၆၀ အေစာပိုင္းကာလမ်ားမွစၿပီး  အင္တာနက္ကို စတင္သံုးစြဲခဲ့သည္။ လူတို႔အတြက္ အသံုးတည့္မွန္းသိလာၾက၍ အင္တာနက္ကို ကမၻာသံုးနည္းပညာ ကြန္ရက္တခုအျဖစ္ ၁၉၈၀ ေနာက္ပိုင္းမွစ၍ စီးပြားျဖစ္ စတင္သံုးစြဲလာၾကသည္။

ဆိုရွယ္မီဒီယာသည္ အင္တာနက္အသံုးျပဳၿပီး ႏွစ္ေပါင္း၂၀ နီးပါးၾကာမွ ထြက္ေပၚလာသည့္ ကမၻာသံုး လူမႈကြန္ယက္တစ္ခုျဖစ္သည္။ အင္တာနက္ေပၚထြန္းလာၿပီး ႏွစ္ေပါင္းအေတာ္ၾကာကာမွ စတင္သံုးစြဲဖို႔ အခြင့္အလမ္းမ်ား ေပၚေပါက္လာသည့္ ျမန္မာပရိသတ္ အမ်ားစုအဖို႔မူ သံုးစြဲကာစ ကာလမ်ားတြင္ ဆုိရွယ္မီဒီယာႏွင့္ပတ္သက္သည့္ ေကာင္းက်ိဳးဆိုးပစ္မ်ားကို အေသအခ်ာ မသိခဲ့ၾကေသးေပ။

ျမန္မာျပည္တြင္ ဒစ္ဂ်စ္တယ္မီဒီယာ “အ”သံုးလံုး မေၾကေသးသည့္ ထိုကာလအပိုင္းအျခား တစ္ခုအတြင္း ဆိုရွယ္မီဒီယာသည္ ႏိုင္ငံေရးသမားတို႔၏ ၀ါဒျဖန္႔ခ်ီေရးယႏၱရားျဖစ္ခဲ့သလို လူမ်ိဳးေရး ဘာသာေရး အစြန္းေရာက္သူတို႔၏ အသံုးခ်ခံ တရားေဟာစင္ျမင့္တခုလည္း ျဖစ္လာခဲ့သည္။

လက္မဲႀကီးကို ေျခရာခံျခင္း

ဆိုရွယ္မီဒီယာဆိုတိုင္း ေဖ႔(စ)ဘြတ္တခုတည္း ျမင္လို႔ မရႏိုင္ေပ။ ဘေလာ့(ဂ)ေတြ ဘေလာ့ဂါေတြ ေခတ္စားခဲ့သည့္ ကာလတခုလည္း ရွိခဲ့ေသးသည္။ ၂၀၀၇ သံဃာ့အေရးအခင္းကာလက အင္တာနက္လိုင္းမ်ား တင္းက်ပ္ပိတ္ဆို႔ထားသည့္ၾကားမွ ဆႏၵျပသည့္ဓာတ္ပံုမ်ားကို သူ႔ဘေလာ့(ဂ)ေပၚမွတစ္ဆင့္ မီဒီယာမ်ားတြင္ ျပန္႔ႏွံ႔ေအာင္လုပ္ခဲ့သည့္ ဘေလာ့ဂါေနဘုန္းလတ္သည္ ျမန္မာျပည္မွ အင္တာနက္သံုးစြဲသူမ်ားအၾကား ထင္ရွားသူတစ္ဦးျဖစ္ခဲ့သည္။ သူ၏ အီးေမးလ္ စာတိုက္ေသတၱာထဲတြင္ ေရာက္ရွိေနခဲ့သည့္ ပစ္စာမ်ားေၾကာင့္  ႏိုင္ငံေတာ္အၾကည္ညိုပ်က္ေစသည့္ပုဒ္မ တပ္ကာ အဖမ္းဆီးခံခဲ့ရသည္။

၂၀၁၀ ေရြးေကာက္ပြဲ မတိုင္မီကာလက တင္းက်ပ္သည့္ စစ္အုပ္ခ်ဳပ္ေရးစနစ္ေအာက္တြင္ အကန္႔အသတ္ျဖင့္ သံုးခဲ့ရသည့္ အင္တာနက္ႏွင့္ ဆိုရွယ္မီဒီယာတို႕ကို သတင္းျဖန္႔ခ်ိရန္ႏွင့္ လြတ္လပ္စြာေျပာေရးဆိုခြင့္တို႔အတြက္ ပလက္ေဖါင္းတခုအျဖစ္ အသံုးျပဳခဲ့သည့္ ဘေလာ့ဂါမ်ားရွိခဲ့သလို၊ မမွန္သတင္းမ်ား ထုတ္လႊင့္ကာ အတိုက္အခံ ႏိုင္ငံေရး အင္အားစုမ်ားႏွင့္ ျပည္ပအေျခစိုက္ သတင္း႒ာနမ်ားကို ပုဂၢိဳလ္ေရးထိုးႏွက္တိုက္ခိုက္ရန္ စာမ်က္ႏွာမ်ားအျဖစ္ အသံုးျပဳခဲ့ေသာ စစ္အစိုးရေလာ္ဘီ ဘေလာ့ဂါအုပ္စုတစုလည္း ရွိခဲ့သည္။

ထိုအုပ္စုက ပံုစံတူ ဘေလာ့(ဂ) စာမ်က္ႏွာမ်ား ဖန္တီးကာ ထင္ရွားသည့္ ႏိုင္ငံေရးေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ၈၈ မ်ိဳးဆက္ေက်ာင္းသားမ်ား အုပ္စုမွ ႏိုင္ငံေရးသမားမ်ား၊ စစ္အစိုးရကို ေထာက္ျပေ၀ဖန္ေလ့ရွိသည့္ မီဒီယာသမားမ်ားႏွင့္ လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားကို အဓိက ပစ္မွတ္ထားကာ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈမ်ား အစဥ္တစိုက္ ျပဳလုပ္ခဲ့ၾကသည္။

ျမန္မာ စာဖတ္ပရိသတ္မ်ားအၾကား လူသိမ်ားသည့္ myanmarexpress.net သည္လည္း ၂၀၁၀ ဧၿပီလက ျမန္မာႏိုင္ငံသားတေယာက္၏အမည္ လိပ္စာ ဖုန္းနံပါတ္တို႔ျဖင့္ မွတ္ပံုတင္ခဲ့သည့္ (Domain Name) ဒိုမိန္းအမည္တခုျဖစ္သည္။ ထိုဒိုမိန္းအမည္ျဖင့္ ဘေလာ့(ဂ)စာမ်က္ႏွာ တခုဖန္တီးကာ အျခားဒိုမိန္းအမည္ ၁၀၀ ခန္႔ျဖင့္ခ်ိတ္ဆက္၍ IP Address ေပါင္း ၇၀ ေက်ာ္ သံုးၿပီး ၀ါဒျဖန္႔ခ်ိမႈမ်ား ျပဳလုပ္ခဲ့သည္မွာ ၂၀၁၁ ခုႏွစ္ကတည္းက ျဖစ္သည္။

ထိုအုပ္စု၏ အင္တာနက္စာမ်က္ႏွာမ်ားေပၚတြင္ ေရးသားၾကသည့္ အေၾကာင္းအရာ အမ်ားစုမွာ စစ္အစိုးရလက္ထက္က ထုတ္ေ၀သည့္ သတင္းစာမ်ား၏ အာေဘာ္အတိုင္းျဖစ္သည္။ လူမ်ိဳးေရး အဓိကရုဏ္းျဖစ္ရန္  လႈံ႕ေဆာ္သည့္အေရးအသားမ်ား၊ တိုင္းရင္းသား စည္းလံုး ညီညြတ္မႈ ပ်က္ျပားေစရန္ ဖန္တီးသည့္ အေရးအသားမ်ား၊ ျမန္မာ့တပ္မေတာ္ အသားေပး အေရးအသားမ်ား၊ အညွီအေဟာက္သတင္းမ်ား၊ ပုဂၢိဳလ္ေရးအတင္းအဖ်င္းမ်ားကို လႈိင္လႈိင္ထည့္ကာ လူစိတ္၀င္စားေအာင္ လုပ္ေလ့ရွိသည္။

ထိုစာမ်က္ႏွာမ်ားေပၚတြင္ ေရးသားၾကသူ ဘေလာ့ဂါမ်ား၏ နာမည္မွာလည္း စစ္အစိုးရသတင္းစာေကာ္လံစားမ်ား၏ အမည္မ်ားႏွင့္ ခပ္ဆင္ဆင္ပင္။ ေမာင္ေက်ာက္ခဲ (ျမန္မာျပည္)၊ လူထုေမာင္ကာဠဳ၊ ျပည္ခ်စ္သား၊ မ်ိဳးခ်စ္ျမန္မာ၊ မ်ိဳးခ်စ္သူရဲေကာင္းမ်ား စသည့္အမည္မ်ား သံုးကာဖြင့္ထားသည့္ ဒိုမိန္းနာမည္မ်ားျဖစ္ၾကၿပီး IP Address တခုတည္းကို သံုးကာ အုပ္စုလိုက္ တျပိဳင္တည္း ၀ါဒျဖန္႔ေနသည့္ အေထာက္အထားေပါင္းမ်ားစြာကိုလည္း ေတြ႕ရွိရသည္။

လူမ်ိဳးေရးအဓိကရုဏ္းႏွင့္ ဆိုရွယ္မီဒီယာ

လူမ်ိဳးေရး အဓိကရုဏ္းျဖစ္ေစရန္ လႈံ႕ေဆာ္သည့္ ပထမဆံုးေျခလွမ္းသည္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲအၿပီး ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ အႏိုင္ရ NLD အမတ္မ်ား လႊတ္ေတာ္သို႔ ၀င္ေရာက္ရေတာ့မည့္ အခ်ိန္ေလာက္ကပင္ စတင္ခဲ့သည္။

၂၀၁၂ ေမလ၂၈ရက္က ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕ေက်ာက္နီေမာ္ရြာကေလးတြင္ ျဖစ္ပြါးခဲ့သည့္ ရခိုင္အမ်ိဳးသမီးငယ္ မသီတာေထြးအား မတရားျပဳက်င့္ခံရသည့္ အမႈသည္ ေနာက္ ၂ ရက္အၾကာ ေမလ ၃၀ ရက္ေန႔မွာပင္ “ေမာင္ေက်ာက္ခဲ (ျမန္မာျပည္)” ႏွင့္ “မ်ိဳးခ်စ္သူရဲေကာင္းမ်ား” ဆိုသည့္ ဘေလာ့စာမ်က္ႏွာမ်ားေပၚတြင္ ေသြးသံရဲရဲ မႈခင္းဓာတ္ပံုမ်ားႏွင့္အတူ တက္လာသည္။ ထိုမႈခင္းဓါတ္ပံုကို အႀကိမ္ေပါင္း ၁၁၅ ႀကိမ္ခန္႔ အင္တာနက္၊ ဘေလာ့(ဂ)ႏွင့္ ဆိုရွယ္မီဒီယာ စာမ်က္ႏွာမ်ားႏွင့္ သတင္းမီဒီယာအခ်ိဳ႕ တို႔တြင္ ေဖာ္ျပခဲ့ၾကသည္။

ယင္းေနာက္ ရခိုင္ျပည္နယ္အတြင္း ႀကီးမားျပင္းထန္ေသာ လူမ်ိဳးေရးပဋိပကၡ တခုကို စတင္မီးေမႊးခဲ့့ၿပီး ထိုအဓိကရုဏ္း၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနျဖင့္ လူ ၂၀၀ ေက်ာ္ေသဆံုးကာ လူေပါင္း ၇ ေသာင္းေက်ာ္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရသည္။

၂၀၁၃ ခု မတ္လက မိထၳီလာတြင္ ျဖစ္ပြားခဲ့သည့္ လူမ်ိဳးေရး ပဋိပကၡအတြင္း မီးရႈိ႕သတ္ျဖတ္ခံခဲ့ရသည့္ ဘုန္းေတာ္ႀကီး ဦးေသာဘိတ၏ ဓာတ္ပံုကို အင္တာနက္စာမ်က္ႏွာမ်ားတြင္ အႀကိမ္ေပါင္း ၆၀ ေက်ာ္ ေဖာ္ျပခဲ့သည္ကုိ ေတြ႕ရွိရၿပီး ဘာသာေရးအဓိကရုဏ္း အသြင္ျဖစ္ေအာင္ လႈံ႕ေဆာ္ခဲ့ၾကသည္။ ထိုဓာတ္ပံုကို အင္တာနက္ေပၚတြင္ အေစာဆံုးျဖန္႔ေ၀ခဲ့ၾကသည့္ ဘေလာ့(ဂ)စာမ်က္ႏွာမ်ားထဲတြင္ Myanmar Express ႏွင့္ အမ်ိဳးတူဘေလာ့ဂါမ်ားျဖစ္သည့္ ေမာင္ကာဠဳ ျမန္မာ (mgkarlu-mymanar.blogspot.com) ႏွင့္ oppositeyes.info တို႔ပါ၀င္သည္ကို ေတြ႕ရသည္။

မိထၳီလာ အဓိကရုဏ္းအၿပီး ဧၿပီလမွ ေအာက္တိုဘာလအတြင္း ဥကၠံ၊ လားရႈိး၊ ကန္႔ဘလူ၊ သံတြဲ စသည့္အျခားၿမိဳ႕မ်ားသို႔ ဆင့္ကဲဆင့္ကဲ ကူးစက္သြားခဲ့ရာ လူ ၄၀ ေက်ာ္ေသဆံုးခဲ့ၿပီး အိမ္ေထာင္စုေပါင္း ၂၀၀၀ ေက်ာ္အိုးအိမ္မဲ့ျဖစ္ခဲ့ရသည္။

ဦး၀ီရသူႏွင့္ ၉၆၉ ၀ါဒျဖန္႔ခ်ီေရး

၂၀၁၂ ေနာက္ပိုင္းမွစ၍ မွတ္ပံုတင္သည့္ ဒိုမိန္းအမည္မ်ားထဲတြင္ virathu.com၊  wiradhamma.com ၊ myittaryik.com ၊ phonephonetauk.com ၊ ganadharama969.com အစရွိသည့္ ပါ႒ိအမည္မ်ားႏွင့္ ဒိုမိန္းမ်ားကို ဆာဗာတခုတည္းေပၚတြင္ မွတ္ပံုတင္မႈမ်ား ျပဳလုပ္လာခဲ့ၾကသည္ကို ေတြ႕ရွိရသည္။

မိထၳီလာအေရးအခင္း မေပၚေပါက္မီကတည္းက “အမ်ိဳးဘာသာ သာသနာ အဓြန္႔ရွည္ တည္တန္႔ခိုင္ျမဲေရး” ဆိုသည့္ေခါင္းစဥ္ျဖင့္ ၉၆၉ လႈပ္ရွားမႈမ်ားကို လူထုအၾကား စတင္ခဲ့ၾကသည္။
မစိုးရိမ္ဆရာေတာ္ အရွင္၀ီရသူ၏ ေဖ့ဘြတ္စာမ်က္ႏွာေပၚတြင္ ဗုဒၶဘာသာဝင္/တိုင္းရင္းသား အခ်င္းခ်င္းသာ အိမ္ေထာင္ျပဳရန္၊ အိမ္/ေျမ အငွားထား ေရာင္းခ်ရန္၊ ဗုဒၶဘာသာဝင္/တိုင္းရင္းသားပုိင္ ေစ်းဆိုင္မ်ားမွာသာ ေစ်းဝယ္ရန္ စသည့္ ၉၆၉ လုပ္ငန္းစဥ္မ်ားအား အတိအလင္းေရးသားကာ ေဟာေျပာစည္းရံုးခဲ့သည္။

ဦး၀ီရသူ၏ မြတ္ဆလင္ဆန္႔က်င္ေရးလႈပ္ရွားမႈမ်ားႏွင့္ လူမ်ိဳးေရးေသြးထိုး လႈံ႕ေဆာ္မႈမ်ားေၾကာင့္ တိုင္း(မ)မဂၢဇင္းက “The Face of Buddhist Terror” ေခါင္းစဥ္ျဖင့္ မ်က္ႏွာဖုံး ေဆာင္းပါးတေစာင္ကို ၂၀၁၃ ဇူလိုင္လက ေဖၚျပခဲ့သည္။

တျပိဳင္တည္းမွာပင္ ဗုဒၶဘာသာဝင္ အမ်ိဳးသမီးမ်ားကို လက္ထပ္မည့္  ဘာသာျခားမ်ား၊ လူမ်ိဳးျခား အမ်ိဳးသားမ်ားက ဗုဒၶဘာသာသို႔ ကူးေျပာင္းၿပီးမွသာ တရားဝင္လက္ထပ္ခြင့္ရမည့္ မ်ိဳးေစာင့္ ဥပေဒမူၾကမ္းအား လႊတ္ေတာ္တင္သြင္းရန္ ေထာက္ခံလက္မွတ္ေကာက္ခံမႈမ်ားကို သံဃာေတာ္မ်ားဦးေဆာင္ကာ ႏိုင္ငံတ၀ွမ္းလံုးတြင္ ျပဳလုပ္ခဲ့ၾကသည္။

ေထာက္ခံလက္မွတ္ေပါင္း ၂ သန္းေက်ာ္ရရွိခဲ့သည့္အတြက္ မ်ိဳးေစာင့္ဥပေဒမူၾကမ္းကို သမၼတဦးသိန္းစိန္ထံမွတဆင့္ လႊတ္ေတာ္သုိ႔ တင္သြင္းခဲ့ၿပီး ၂၀၁၅ေရြးေကာက္ပြဲ မတိုင္မီမွာပင္ ဥပေဒကို အတည္ျပဳႏိုင္ခဲ့သည္။

ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္မႈ

၂၀၁၀ ပတ္၀န္းက်င္က ဆိုရွယ္မီဒီယာ သံုးစြဲသူအေရအတြက္မွာ ႏိုင္ငံလူဦးေရ၏ တစ္ရာႏႈန္းေအာက္မွာသာ ရွိခဲ့ေသာ္လည္း တယ္လီေနာႏွင့္ ေအာ္ရီဒူးတို႔လို ႏိုင္ငံတကာ တယ္လီကြန္းကုမၸဏီႀကီးမ်ား စတင္၀င္ေရာက္လာခဲ့သည့္ ၂၀၁၄ ခုႏွစ္ဦးပိုင္းေလာက္ကစၿပီး ဆက္သြယ္ေရးကြန္ရက္ ပိုမိုျမန္ဆန္လာခဲ့သလို မိုဘိုင္းဖုန္းျဖင့္ ဆိုရွယ္မီဒီယာ သံုးစြဲသူဦးေရ တရွိန္ထိုး ျမင့္တက္လာခဲ့သည္။

တၿပိဳင္နက္တည္းမွာပင္ လူမ်ိဳးေရးဘာသာေရး အမုန္းပြားမႈမ်ား မျဖစ္ပြားေစရန္ အသိပညာေပးမႈမ်ားကို ဆိုရွယ္မီဒီယာသံုးစြဲသူမ်ားႏွင့္ သတင္းမီဒီယာမ်ားအၾကား ျပန္႔ပြားရန္ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းအခ်ိဳ႕က လုပ္ေဆာင္ခဲ့ၾကသည္။ ဘေလာ့ဂါေနဘုန္းလတ္ ဦးေဆာင္သည့္ ပန္းစကားလႈပ္ရွားမႈမွာ ေအာင္ျမင္သည့္ လႈပ္ရွားမႈတခုျဖစ္သည္။

အသံုးျပဳသူ မ်ားလာေလေလ အသိပညာေပးမႈ မ်ားလာေလေလ ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္မႈႏႈန္းက ျမင့္မားလာေလေလျဖစ္ရာ ၂၀၁၄ ဇူလိုင္လက မႏၱေလးၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ လူမ်ိဳးေရးျပသနာကို ရပ္ရြာအေျချပဳ လူမႈေရးအဖြဲ႕အစည္းမ်ားက မက်ယ္ျပန္႕ေအာင္ အခ်ိန္မီ ထိန္းခ်ဳပ္ထားႏိုင္ခဲ့သည္။

မီးပြားေလးတခုကို အေျခတည္၍ ႀကီးမားသည့္ လူမ်ိဳးေရးဘာသာေရး အဓိကရုဏ္းႀကီးမ်ားကို ဖန္တီးလိုသည့္ ဆိုရွယ္မီဒီယာမွ မီးေမႊးသူမ်ားအေနျဖင့္ ျပသနာရထားႀကီးကို စိတ္တိုင္းက် မခုတ္ေမာင္းႏိုင္ခဲ့ေတာ့ေပ။

ဒစ္ဂ်စ္တယ္မီဒီယာဖြံ႕ၿဖိဳးမႈမွာ ၂၀၁၅ ခုႏွစ္ထဲတြင္ အရွိန္အဟုန္ႏွင့္ တိုးျမင့္လာခဲ့သည္။ စကၤာပူအေျခစိုက္ “We Are Social in Asia” ေစ်းကြက္သုေတသနအဖြဲ႕၏ ရွာေဖြေတြ႕ရွိခ်က္အရ ၂၀၁၅ ႏို၀င္ဘာတြင္ ျမန္မာႏိုင္ငံရွိလူဦးေရ၏ ထက္၀က္ေက်ာ္က မိုဘိုင္းဖုန္းသံုးစြဲလာခဲ့ၿပီး ဆိုရွယ္မီဒီယာသံုးစြဲသူေပါင္း ၇ သန္းေက်ာ္ရွိလာခဲ့သည္ကို သိရွိရသည္။ ၂၀၁၄ႏွစ္ဆန္းပိုင္းႏွင့္ယွဥ္လွ်င္ တႏွစ္အတြင္း သံုးစြဲသူ ၃ ဆနီးပါးအထိ တိုးျမင့္လာခဲ့ေလသည္။

ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္မႈေအာင္ပြဲ

၂၀၁၅ ေရြးေကာက္ပြဲကာလတြင္ လူထုအမ်ားစုေထာက္ခံသည့္  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရခဲ့ျခင္းသည္ လူထု၏ ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္မႈ စြမ္းရည္ျမင့္္မားလာျခင္းႏွင့္လည္း တစိတ္တပိုင္း သက္ဆိုင္ခဲ့သည္။

ဆိုရွယ္မီဒီယာေပၚမွတဆင့္ မဲဆႏၵရွင္ ပညာေပးမႈမ်ား၊ တဦးခ်င္း၏ မဲမ်ားက အေရးပါေၾကာင္း လႈံ႕ေဆာ္မႈမ်ား အသီးသီးလုပ္ေဆာင္ႏိုင္ခဲ့ၾကသည္။ ႏိုင္ငံရပ္ျခားတြင္ ေနထိုင္သူျမန္မာမ်ား၏ ႀကိဳတင္မဲရလာဒ္မ်ားကို အေျခခံ၍ ေရြးေကာက္ပြဲရလာဒ္ႏွင့္ ပတ္သက္သည့္ ေလ့လာမႈစစ္တမ္းမ်ား ျပဳလုပ္ႏိုင္ခဲ့သည္။ ေရြးေကာက္ပြဲမဲဆြယ္ပြဲမ်ားမွ မိန္႔ခြန္းမ်ားကို အခ်ိန္မွီထုတ္လႊင့္ကာ အမတ္ေလာင္းမ်ား၏ အရည္အေသြးကို အကဲခတ္ႏိုင္ခြင့္ရခဲ့သည္။ မဲမသမာမႈမ်ားကို ေဖာ္ထုတ္ တားဆီးႏိုင္ခဲ့သည္။

ေရြးေကာက္ပြဲမတိုင္မီက ဆိုရွယ္မီဒီယာတြင္ တင္ခဲ့ မွ်ေ၀ခဲ့သည့္ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစသည့္ ပို႔(စ)မ်ားေၾကာင့္ အဖမ္းဆီးခံခဲ့ရသူမ်ား ရွိသလို လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို အသေရပ်က္ေစသည့္ ဓါတ္ပံုမ်ား ဖန္တီးမႈေၾကာင့္ တရားစြဲဆိုခံရသည့္သူမ်ားလည္း ရွိခဲ့သည္။

ထိုကဲ့သို႔ အမႈအခင္းမ်ား စျဖစ္လာကတည္းက ဆိုရွယ္မီဒီယာေပၚရွိ လက္သီးပုန္း အေကာင့္အတုမ်ား တျဖဳတ္ျဖဳတ္ႏွင့္ ေပ်ာက္ကြယ္စ ျပဳလာသည္။ Myanmar Express က ေဖ့(စ)ဘြတ္ေပၚတြင္ National Defense League ဟု အမည္ေျပာင္း သံုးစြဲလာခဲ့ေသာ္လည္း ေရြးေကာက္ပြဲအၿပီး သိပ္မၾကာမီမွာပင္ ကိုယ္ေရာင္ေဖ်ာက္ သြားခဲ့ျပန္သည္။ သို႔တည္းမဟုတ္ အျခားေဖ့(စ)ဘြတ္သံုးစြဲသူမ်ားက Report ထုခံလိုက္ရျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။

မည္သို႔ပင္ျဖစ္ေစ သူတို႔တင္ခဲ့သည့္ စာမ်က္ႏွာမ်ား၊ မွတ္ပံုတင္ခဲ့သည့္ ဒိုမိန္းအမည္မ်ား၊ မွတ္ပံုတင္ခဲ့သူတို႔၏ ေနာက္ေၾကာင္းရာဇ၀င္မ်ား၊ အမည္ လိပ္စာ ဖုန္းနံပါတ္မ်ားသည္ ဒစ္ဂ်စ္တယ္ စာတတ္ေျမာက္သူတို႔၏ တကိုယ္ေတာ္သုေတသနမ်ားအတြက္ Screen Shot မ်ားအျဖစ္ မွတ္တမ္းတင္ က်န္ရစ္ေနေတာ့မွာ အေသအခ်ာပင္ျဖစ္သည္။

တကယ္ေတာ့ သူတို႔အုပ္စုသည္ အၿပီးအပိုင္ ထြက္ခြာသြားျခင္း မဟုတ္ေပ။ အင္တာနက္ေပၚတြင္ ေခတၱခဏ ကိုယ္ေရာင္ေဖ်ာက္ထားေသာ္လည္း ဒိုမိန္းအမည္မ်ားကို အသီးသီး သက္တမ္းတိုးထားၾကျပန္သည္။ တခ်ိန္မဟုတ္ တခ်ိန္တြင္ ဆိုရွယ္မီဒီယာ ေမွာ္ရံုေတာထဲသို႔ျပန္လာၾကဦးမည့္ ၀ါရင့္မုဆိုးမ်ားျဖစ္ၾကသည္။ ျမန္မာဆိုရွယ္မီဒီယာသံုးသူမ်ား ကိုယ္ခံအားေကာင္းေစရန္ စြမ္းရည္ျမွင့္တင္ အသင့္ျပင္ထားၾကမွျဖစ္လိမ့္မည္။

(မြန္မြန္ျမတ္သည္ ရန္ကုန္အေျခစိုက္ လူ႕အခြင့္အေရး မွတ္တမ္း႐ုပ္ရွင္ ထုတ္လုပ္သူျဖစ္ျပီး ျမန္မာျပည္ရွိ ဒစ္ဂ်စ္တယ္ မီဒီယာမ်ားအေၾကာင္း သုေတသနျပဳလုပ္ေနသူလည္း ျဖစ္သည္)
Irrawaddy
.......................
မြန်မာတွေ ဒစ်ဂျစ်တယ် “အ” သုံးလုံး ကြေဖို့ လိုတယ်
မွန်မွန်မြတ်| January 19, 2016

၂၀၁၄ ခုနှစ်ဦးပိုင်းလောက်ကစပြီး မိုဘိုင်းဖုန်းဖြင့် ဆိုရှယ်မီဒီယာ သုံးစွဲသူဦးရေ တရှိန်ထိုး မြင့်တက်လာခဲ့သည်။

ဂရိအတွေးအခေါ်ပညာရှင် “အရစ္စတိုတယ်”က လူတွေဟာ လူမှုရေးသတ္တဝါတွေလို့ ဆိုခဲ့ဖူးသည်။ ဖေ့(စ)ဘွတ်ဆိုရှယ်မီဒီယာတီထွင်သူ “ဇူကာဘတ်” လက်ထက်ကျတော့ လူတွေကို လူမှုကွန်ယက်သတ္တဝါတွေဖြစ်ကုန်အောင် ဖန်တီးပစ်သည်။

“ဇူကာဘတ်”က ယနေ့လူသုံးအများဆုံး ဖေ့(စ)ဘွတ်လူမှုကွန်ယက်ကို ၂၀၀၄ ခုနှစ်လောက်ကမှ စတင်ထူထောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်လောက်ကစလို့ ဆိုရှယ်မီဒီယာကို လူသုံးများ လာခဲ့ပြီး ဆယ်နှစ်အတွင်းမှာပင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးက လူမှုကွန်ယက်သတ္တဝါများဖြစ်လာကြသည်။

တကယ်တော့ ဆိုရှယ်မီဒီယာဟူသည် မိမိရှေ့က ဖန်သားပြင်ပေါ်တွင် မျက်ဝါးထင်ထင် မြင်နေရသည့် လူမှုကမ္ဘာကြီးတခုပဲ ဖြစ်သည်လေ။ သို့ပေမယ့် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကျကာမှ အင်တာနက်တောအုပ်ကြီးထဲသို့ ခိုးကြောင်ခိုးဝှက် စမ်းတဝါးဝါးဖြင့်ရောက်ရှိလာခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် အတော်ပင် ခေတ်နောက်ကျနေခဲ့ပေပြီ။

အတိအကျဆိုရလျှင် ဆိုရှယ်မီဒီယာဆိုသည့် မှော်ရုံတောထဲသို့ မျက်စိသူငယ် နားသူငယ်နှင့်  ၀င်ရောက်ခဲ့ရသည့်အချိန်က ၂၀၁၂ နှစ်ဦးပိုင်းလောက်ကမှဖြစ်သည်။ မှတ်မှတ်ရရ ထိုအချိန်ကပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ္ဋ်က သမ္မတကြီးရဲ့ ပြည်သူ့ဗဟိုပြုမူဝါဒတွေကို အကောင်အထည်ဖေါ်ဖို့ ဖေ့(စ)ဘွတ်ကို နာမည်ရင်းနှင့် ဖွင့်လှစ်ကြောင်း ရေးသားခဲ့သည့်နေ့က (Screen Shot မှတ်တမ်းအရ) ၂၀၁၂ ဇန်နဝါရီလ ၃၁ ရက်….။ ဤသို့ဖြင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာနက စစ်ဗိုလ်လူထွက် အကြီးတန်းအရာရှိများအတော်များများ ဆိုရှယ်မီဒီယာပေါ် အမည်ရင်းနှင့် အလုံးအရင်းရောက်လာကြသည်။

ထိုနည်းတူပင် ဖေ့(စ)ဘွတ်လူမှုကွန်ယက်သည် မြန်မာနိုင်ငံက သတင်းဂျာနယ်မီဒီယာများ လက်ပွေ့ရောင်းလေ့ရှိသည့် လမ်းဆုံလမ်းခွတခု ဖြစ်လာခဲ့သည်မှာလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကာလများကမှ ဖြစ်သည်။

မြန်မာဖေ့(စ)ဘွတ်သုံးသူများအကြား ယနေ့ရေပန်းအစားဆုံးနှင့် စာဖတ်ပရိသတ် ၅ သန်းကျော်နေပြီဖြစ်သည့် သတင်းမီဒီယာများဖြစ်သည့် 7 Day News Journal နှင့် Eleven Media Group တို့မှာ ၂၀၁၂ တုန်းက ဖေ့(စ)ဘွတ် ပရိသတ် ၂ သိန်းပါတ်ဝန်းကျင်သာရှိခဲ့သည်။  ယခုအခါ ပရိသတ်၃သန်းကျော်ရှိပြီး ဆိုရှယ်မီဒီယာတွင် တတိယစာဖတ်ပရိသတ်အများဆုံး ဖြစ်နေသည့် The Irrawaddy (Burmese Version) ကတော့ ၂၀၁၂ တုန်းက ၀က်(ဘ)ဆိုဒ်စာမျက်နှာသာရှိခဲ့ပြီး ဖေ့(စ)ဘွတ်ပေါ်သို့ပင် ရောက်မလာသေးပေ။

ဆိုရှယ်မီဒီယာအစ အင်တာနက်က

အမေရိကန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက် စစ်ရေးသုတေသနများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၀ အစောပိုင်းကာလများမှစပြီး  အင်တာနက်ကို စတင်သုံးစွဲခဲ့သည်။ လူတို့အတွက် အသုံးတည့်မှန်းသိလာကြ၍ အင်တာနက်ကို ကမ္ဘာသုံးနည်းပညာ ကွန်ရက်တခုအဖြစ် ၁၉၈၀ နောက်ပိုင်းမှစ၍ စီးပွားဖြစ် စတင်သုံးစွဲလာကြသည်။

ဆိုရှယ်မီဒီယာသည် အင်တာနက်အသုံးပြုပြီး နှစ်ပေါင်း၂၀ နီးပါးကြာမှ ထွက်ပေါ်လာသည့် ကမ္ဘာသုံး လူမှုကွန်ယက်တစ်ခုဖြစ်သည်။ အင်တာနက်ပေါ်ထွန်းလာပြီး နှစ်ပေါင်းအတော်ကြာကာမှ စတင်သုံးစွဲဖို့ အခွင့်အလမ်းများ ပေါ်ပေါက်လာသည့် မြန်မာပရိသတ် အများစုအဖို့မူ သုံးစွဲကာစ ကာလများတွင် ဆိုရှယ်မီဒီယာနှင့်ပတ်သက်သည့် ကောင်းကျိုးဆိုးပစ်များကို အသေအချာ မသိခဲ့ကြသေးပေ။

မြန်မာပြည်တွင် ဒစ်ဂျစ်တယ်မီဒီယာ “အ”သုံးလုံး မကြေသေးသည့် ထိုကာလအပိုင်းအခြား တစ်ခုအတွင်း ဆိုရှယ်မီဒီယာသည် နိုင်ငံရေးသမားတို့၏ ၀ါဒဖြန့်ချီရေးယန္တရားဖြစ်ခဲ့သလို လူမျိုးရေး ဘာသာရေး အစွန်းရောက်သူတို့၏ အသုံးချခံ တရားဟောစင်မြင့်တခုလည်း ဖြစ်လာခဲ့သည်။

လက်မဲကြီးကို ခြေရာခံခြင်း

ဆိုရှယ်မီဒီယာဆိုတိုင်း ဖေ့(စ)ဘွတ်တခုတည်း မြင်လို့ မရနိုင်ပေ။ ဘလော့(ဂ)တွေ ဘလော့ဂါတွေ ခေတ်စားခဲ့သည့် ကာလတခုလည်း ရှိခဲ့သေးသည်။ ၂၀၀၇ သံဃာ့အရေးအခင်းကာလက အင်တာနက်လိုင်းများ တင်းကျပ်ပိတ်ဆို့ထားသည့်ကြားမှ ဆန္ဒပြသည့်ဓာတ်ပုံများကို သူ့ဘလော့(ဂ)ပေါ်မှတစ်ဆင့် မီဒီယာများတွင် ပြန့်နှံ့အောင်လုပ်ခဲ့သည့် ဘလော့ဂါနေဘုန်းလတ်သည် မြန်မာပြည်မှ အင်တာနက်သုံးစွဲသူများအကြား ထင်ရှားသူတစ်ဦးဖြစ်ခဲ့သည်။ သူ၏ အီးမေးလ် စာတိုက်သေတ္တာထဲတွင် ရောက်ရှိနေခဲ့သည့် ပစ်စာများကြောင့်  နိုင်ငံတော်အကြည်ညိုပျက်စေသည့်ပုဒ်မ တပ်ကာ အဖမ်းဆီးခံခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလက တင်းကျပ်သည့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် အကန့်အသတ်ဖြင့် သုံးခဲ့ရသည့် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့ကို သတင်းဖြန့်ချိရန်နှင့် လွတ်လပ်စွာပြောရေးဆိုခွင့်တို့အတွက် ပလက်ဖေါင်းတခုအဖြစ် အသုံးပြုခဲ့သည့် ဘလော့ဂါများရှိခဲ့သလို၊ မမှန်သတင်းများ ထုတ်လွှင့်ကာ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများကို ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ရန် စာမျက်နှာများအဖြစ် အသုံးပြုခဲ့သော စစ်အစိုးရလော်ဘီ ဘလော့ဂါအုပ်စုတစုလည်း ရှိခဲ့သည်။

ထိုအုပ်စုက ပုံစံတူ ဘလော့(ဂ) စာမျက်နှာများ ဖန်တီးကာ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ အုပ်စုမှ နိုင်ငံရေးသမားများ၊ စစ်အစိုးရကို ထောက်ပြဝေဖန်လေ့ရှိသည့် မီဒီယာသမားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို အဓိက ပစ်မှတ်ထားကာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အစဉ်တစိုက် ပြုလုပ်ခဲ့ကြသည်။

မြန်မာ စာဖတ်ပရိသတ်များအကြား လူသိများသည့် myanmarexpress.net သည်လည်း ၂၀၁၀ ဧပြီလက မြန်မာနိုင်ငံသားတယောက်၏အမည် လိပ်စာ ဖုန်းနံပါတ်တို့ဖြင့် မှတ်ပုံတင်ခဲ့သည့် (Domain Name) ဒိုမိန်းအမည်တခုဖြစ်သည်။ ထိုဒိုမိန်းအမည်ဖြင့် ဘလော့(ဂ)စာမျက်နှာ တခုဖန်တီးကာ အခြားဒိုမိန်းအမည် ၁၀၀ ခန့်ဖြင့်ချိတ်ဆက်၍ IP Address ပေါင်း ရ၀ ကျော် သုံးပြီး ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်သည်။

ထိုအုပ်စု၏ အင်တာနက်စာမျက်နှာများပေါ်တွင် ရေးသားကြသည့် အကြောင်းအရာ အများစုမှာ စစ်အစိုးရလက်ထက်က ထုတ်ဝေသည့် သတင်းစာများ၏ အာဘော်အတိုင်းဖြစ်သည်။ လူမျိုးရေး အဓိကရုဏ်းဖြစ်ရန်  လှုံ့ဆော်သည့်အရေးအသားများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပျက်ပြားစေရန် ဖန်တီးသည့် အရေးအသားများ၊ မြန်မာ့တပ်မတော် အသားပေး အရေးအသားများ၊ အညှီအဟောက်သတင်းများ၊ ပုဂ္ဂိုလ်ရေးအတင်းအဖျင်းများကို လှိုင်လှိုင်ထည့်ကာ လူစိတ်ဝင်စားအောင် လုပ်လေ့ရှိသည်။

ထိုစာမျက်နှာများပေါ်တွင် ရေးသားကြသူ ဘလော့ဂါများ၏ နာမည်မှာလည်း စစ်အစိုးရသတင်းစာကော်လံစားများ၏ အမည်များနှင့် ခပ်ဆင်ဆင်ပင်။ မောင်ကျောက်ခဲ (မြန်မာပြည်)၊ လူထုမောင်ကာဠု၊ ပြည်ချစ်သား၊ မျိုးချစ်မြန်မာ၊ မျိုးချစ်သူရဲကောင်းများ စသည့်အမည်များ သုံးကာဖွင့်ထားသည့် ဒိုမိန်းနာမည်များဖြစ်ကြပြီး IP Address တခုတည်းကို သုံးကာ အုပ်စုလိုက် တပြိုင်တည်း ၀ါဒဖြန့်နေသည့် အထောက်အထားပေါင်းများစွာကိုလည်း တွေ့ရှိရသည်။

လူမျိုးရေးအဓိကရုဏ်းနှင့် ဆိုရှယ်မီဒီယာ

လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်သည့် ပထမဆုံးခြေလှမ်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အနိုင်ရ NLD အမတ်များ လွှတ်တော်သို့ ၀င်ရောက်ရတော့မည့် အချိန်လောက်ကပင် စတင်ခဲ့သည်။

၂၀၁၂ မေလ၂၈ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကျောက်နီမော်ရွာကလေးတွင် ဖြစ်ပွါးခဲ့သည့် ရခိုင်အမျိုးသမီးငယ် မသီတာထွေးအား မတရားပြုကျင့်ခံရသည့် အမှုသည် နောက် ၂ ရက်အကြာ မေလ ၃၀ ရက်နေ့မှာပင် “မောင်ကျောက်ခဲ (မြန်မာပြည်)” နှင့် “မျိုးချစ်သူရဲကောင်းများ” ဆိုသည့် ဘလော့စာမျက်နှာများပေါ်တွင် သွေးသံရဲရဲ မှုခင်းဓာတ်ပုံများနှင့်အတူ တက်လာသည်။ ထိုမှုခင်းဓါတ်ပုံကို အကြိမ်ပေါင်း ၁၁၅ ကြိမ်ခန့် အင်တာနက်၊ ဘလော့(ဂ)နှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် သတင်းမီဒီယာအချို့ တို့တွင် ဖော်ပြခဲ့ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း ကြီးမားပြင်းထန်သော လူမျိုးရေးပဋိပက္ခ တခုကို စတင်မီးမွှေးခဲ့့ပြီး ထိုအဓိကရုဏ်း၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် လူ ၂၀၀ ကျော်သေဆုံးကာ လူပေါင်း ရ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

၂၀၁၃ ခု မတ်လက မိထ္ထီလာတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခအတွင်း မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ဘုန်းတော်ကြီး ဦးသောဘိတ၏ ဓာတ်ပုံကို အင်တာနက်စာမျက်နှာများတွင် အကြိမ်ပေါင်း ၆၀ ကျော် ဖော်ပြခဲ့သည်ကို တွေ့ရှိရပြီး ဘာသာရေးအဓိကရုဏ်း အသွင်ဖြစ်အောင် လှုံ့ဆော်ခဲ့ကြသည်။ ထိုဓာတ်ပုံကို အင်တာနက်ပေါ်တွင် အစောဆုံးဖြန့်ဝေခဲ့ကြသည့် ဘလော့(ဂ)စာမျက်နှာများထဲတွင် Myanmar Express နှင့် အမျိုးတူဘလော့ဂါများဖြစ်သည့် မောင်ကာဠု မြန်မာ (mgkarlu-mymanar.blogspot.com) နှင့် oppositeyes.info တို့ပါ၀င်သည်ကို တွေ့ရသည်။

မိထ္ထီလာ အဓိကရုဏ်းအပြီး ဧပြီလမှ အောက်တိုဘာလအတွင်း ဥက္ကံ၊ လားရှိုး၊ ကန့်ဘလူ၊ သံတွဲ စသည့်အခြားမြို့များသို့ ဆင့်ကဲဆင့်ကဲ ကူးစက်သွားခဲ့ရာ လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

ဦးဝီရသူနှင့် ၉၆၉ ၀ါဒဖြန့်ချီရေး

၂၀၁၂ နောက်ပိုင်းမှစ၍ မှတ်ပုံတင်သည့် ဒိုမိန်းအမည်များထဲတွင် virathu.com၊  wiradhamma.com ၊ myittaryik.com ၊ phonephonetauk.com ၊ ganadharama969.com အစရှိသည့် ပါဋ္ဌိအမည်များနှင့် ဒိုမိန်းများကို ဆာဗာတခုတည်းပေါ်တွင် မှတ်ပုံတင်မှုများ ပြုလုပ်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

မိထ္ထီလာအရေးအခင်း မပေါ်ပေါက်မီကတည်းက “အမျိုးဘာသာ သာသနာ အဓွန့်ရှည် တည်တန့်ခိုင်မြဲရေး” ဆိုသည့်ခေါင်းစဉ်ဖြင့် ၉၆၉ လှုပ်ရှားမှုများကို လူထုအကြား စတင်ခဲ့ကြသည်။
မစိုးရိမ်ဆရာတော် အရှင်ဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုရန်၊ အိမ်/မြေ အငှားထား ရောင်းချရန်၊ ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် စျေးဆိုင်များမှာသာ စျေးဝယ်ရန် စသည့် ၉၆၉ လုပ်ငန်းစဉ်များအား အတိအလင်းရေးသားကာ ဟောပြောစည်းရုံးခဲ့သည်။

ဦးဝီရသူ၏ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် လူမျိုးရေးသွေးထိုး လှုံ့ဆော်မှုများကြောင့် တိုင်း(မ)မဂ္ဂဇင်းက “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် မျက်နှာဖုံး ဆောင်းပါးတစောင်ကို ၂၀၁၃ ဇူလိုင်လက ဖေါ်ပြခဲ့သည်။

တပြိုင်တည်းမှာပင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် မျိုးစောင့် ဥပဒေမူကြမ်းအား လွှတ်တော်တင်သွင်းရန် ထောက်ခံလက်မှတ်ကောက်ခံမှုများကို သံဃာတော်များဦးဆောင်ကာ နိုင်ငံတဝှမ်းလုံးတွင် ပြုလုပ်ခဲ့ကြသည်။

ထောက်ခံလက်မှတ်ပေါင်း ၂ သန်းကျော်ရရှိခဲ့သည့်အတွက် မျိုးစောင့်ဥပဒေမူကြမ်းကို သမ္မတဦးသိန်းစိန်ထံမှတဆင့် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီမှာပင် ဥပဒေကို အတည်ပြုနိုင်ခဲ့သည်။

ဒစ်ဂျစ်တယ် စာတတ်မြောက်မှု

၂၀၁၀ ပတ်ဝန်းကျင်က ဆိုရှယ်မီဒီယာ သုံးစွဲသူအရေအတွက်မှာ နိုင်ငံလူဦးရေ၏ တစ်ရာနှုန်းအောက်မှာသာ ရှိခဲ့သော်လည်း တယ်လီနောနှင့် အော်ရီဒူးတို့လို နိုင်ငံတကာ တယ်လီကွန်းကုမ္ပဏီကြီးများ စတင်ဝင်ရောက်လာခဲ့သည့် ၂၀၁၄ ခုနှစ်ဦးပိုင်းလောက်ကစပြီး ဆက်သွယ်ရေးကွန်ရက် ပိုမိုမြန်ဆန်လာခဲ့သလို မိုဘိုင်းဖုန်းဖြင့် ဆိုရှယ်မီဒီယာ သုံးစွဲသူဦးရေ တရှိန်ထိုး မြင့်တက်လာခဲ့သည်။

တပြိုင်နက်တည်းမှာပင် လူမျိုးရေးဘာသာရေး အမုန်းပွားမှုများ မဖြစ်ပွားစေရန် အသိပညာပေးမှုများကို ဆိုရှယ်မီဒီယာသုံးစွဲသူများနှင့် သတင်းမီဒီယာများအကြား ပြန့်ပွားရန် အစိုးရမဟုတ်သည့် အဖွဲ့အစည်းအချို့က လုပ်ဆောင်ခဲ့ကြသည်။ ဘလော့ဂါနေဘုန်းလတ် ဦးဆောင်သည့် ပန်းစကားလှုပ်ရှားမှုမှာ အောင်မြင်သည့် လှုပ်ရှားမှုတခုဖြစ်သည်။

အသုံးပြုသူ များလာလေလေ အသိပညာပေးမှု များလာလေလေ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုနှုန်းက မြင့်မားလာလေလေဖြစ်ရာ ၂၀၁၄ ဇူလိုင်လက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးပြသနာကို ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းများက မကျယ်ပြန့်အောင် အချိန်မီ ထိန်းချုပ်ထားနိုင်ခဲ့သည်။

မီးပွားလေးတခုကို အခြေတည်၍ ကြီးမားသည့် လူမျိုးရေးဘာသာရေး အဓိကရုဏ်းကြီးများကို ဖန်တီးလိုသည့် ဆိုရှယ်မီဒီယာမှ မီးမွှေးသူများအနေဖြင့် ပြသနာရထားကြီးကို စိတ်တိုင်းကျ မခုတ်မောင်းနိုင်ခဲ့တော့ပေ။

ဒစ်ဂျစ်တယ်မီဒီယာဖွံ့ဖြိုးမှုမှာ ၂၀၁၅ ခုနှစ်ထဲတွင် အရှိန်အဟုန်နှင့် တိုးမြင့်လာခဲ့သည်။ စင်္ကာပူအခြေစိုက် “We Are Social in Asia” စျေးကွက်သုတေသနအဖွဲ့၏ ရှာဖွေတွေ့ရှိချက်အရ ၂၀၁၅ နိုဝင်ဘာတွင် မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်က မိုဘိုင်းဖုန်းသုံးစွဲလာခဲ့ပြီး ဆိုရှယ်မီဒီယာသုံးစွဲသူပေါင်း ရ သန်းကျော်ရှိလာခဲ့သည်ကို သိရှိရသည်။ ၂၀၁၄နှစ်ဆန်းပိုင်းနှင့်ယှဉ်လျှင် တနှစ်အတွင်း သုံးစွဲသူ ၃ ဆနီးပါးအထိ တိုးမြင့်လာခဲ့လေသည်။

ဒစ်ဂျစ်တယ် စာတတ်မြောက်မှုအောင်ပွဲ

၂၀၁၅ ရွေးကောက်ပွဲကာလတွင် လူထုအများစုထောက်ခံသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ခြင်းသည် လူထု၏ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု စွမ်းရည်မြင့််မားလာခြင်းနှင့်လည်း တစိတ်တပိုင်း သက်ဆိုင်ခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်မှတဆင့် မဲဆန္ဒရှင် ပညာပေးမှုများ၊ တဦးချင်း၏ မဲများက အရေးပါကြောင်း လှုံ့ဆော်မှုများ အသီးသီးလုပ်ဆောင်နိုင်ခဲ့ကြသည်။ နိုင်ငံရပ်ခြားတွင် နေထိုင်သူမြန်မာများ၏ ကြိုတင်မဲရလာဒ်များကို အခြေခံ၍ ရွေးကောက်ပွဲရလာဒ်နှင့် ပတ်သက်သည့် လေ့လာမှုစစ်တမ်းများ ပြုလုပ်နိုင်ခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်ပွဲများမှ မိန့်ခွန်းများကို အချိန်မှီထုတ်လွှင့်ကာ အမတ်လောင်းများ၏ အရည်အသွေးကို အကဲခတ်နိုင်ခွင့်ရခဲ့သည်။ မဲမသမာမှုများကို ဖော်ထုတ် တားဆီးနိုင်ခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီက ဆိုရှယ်မီဒီယာတွင် တင်ခဲ့ မျှဝေခဲ့သည့် တပ်မတော်ကို အကြည်ညိုပျက်စေသည့် ပို့(စ)များကြောင့် အဖမ်းဆီးခံခဲ့ရသူများ ရှိသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသရေပျက်စေသည့် ဓါတ်ပုံများ ဖန်တီးမှုကြောင့် တရားစွဲဆိုခံရသည့်သူများလည်း ရှိခဲ့သည်။

ထိုကဲ့သို့ အမှုအခင်းများ စဖြစ်လာကတည်းက ဆိုရှယ်မီဒီယာပေါ်ရှိ လက်သီးပုန်း အကောင့်အတုများ တဖြုတ်ဖြုတ်နှင့် ပျောက်ကွယ်စ ပြုလာသည်။ Myanmar Express က ဖေ့(စ)ဘွတ်ပေါ်တွင် National Defense League ဟု အမည်ပြောင်း သုံးစွဲလာခဲ့သော်လည်း ရွေးကောက်ပွဲအပြီး သိပ်မကြာမီမှာပင် ကိုယ်ရောင်ဖျောက် သွားခဲ့ပြန်သည်။ သို့တည်းမဟုတ် အခြားဖေ့(စ)ဘွတ်သုံးစွဲသူများက Report ထုခံလိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ သူတို့တင်ခဲ့သည့် စာမျက်နှာများ၊ မှတ်ပုံတင်ခဲ့သည့် ဒိုမိန်းအမည်များ၊ မှတ်ပုံတင်ခဲ့သူတို့၏ နောက်ကြောင်းရာဇဝင်များ၊ အမည် လိပ်စာ ဖုန်းနံပါတ်များသည် ဒစ်ဂျစ်တယ် စာတတ်မြောက်သူတို့၏ တကိုယ်တော်သုတေသနများအတွက် Screen Shot များအဖြစ် မှတ်တမ်းတင် ကျန်ရစ်နေတော့မှာ အသေအချာပင်ဖြစ်သည်။

တကယ်တော့ သူတို့အုပ်စုသည် အပြီးအပိုင် ထွက်ခွာသွားခြင်း မဟုတ်ပေ။ အင်တာနက်ပေါ်တွင် ခေတ္တခဏ ကိုယ်ရောင်ဖျောက်ထားသော်လည်း ဒိုမိန်းအမည်များကို အသီးသီး သက်တမ်းတိုးထားကြပြန်သည်။ တချိန်မဟုတ် တချိန်တွင် ဆိုရှယ်မီဒီယာ မှော်ရုံတောထဲသို့ပြန်လာကြဦးမည့် ၀ါရင့်မုဆိုးများဖြစ်ကြသည်။ မြန်မာဆိုရှယ်မီဒီယာသုံးသူများ ကိုယ်ခံအားကောင်းစေရန် စွမ်းရည်မြှင့်တင် အသင့်ပြင်ထားကြမှဖြစ်လိမ့်မည်။

(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူဖြစ်ပြီး မြန်မာပြည်ရှိ ဒစ်ဂျစ်တယ် မီဒီယာများအကြောင်း သုတေသနပြုလုပ်နေသူလည်း ဖြစ်သည်)
Irrawaddy

No comments:

Post a Comment