Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 15, 2016

အာရွႏိုင္ငံ ၅ ႏိုင္ငံက ပင္လယ္ထဲကို ပလတ္စတစ္ပစၥည္း စြန္႔ပစ္မႈ တစ္ကမၻာလံုးထက္မ်ားျပား


Global post
ကမာၻေပၚက ပင္လယ္ျပင္ေတြဟာ လူေတြရဲ႕အမိႈက္ေတြနဲ႔ျပည့္ႏွက္ေနပါၿပီ။ အခ်ိဳရည္ဘူးခြံေတြ၊ ပလတ္စတစ္အိတ္ေတြ နဲ႔ ေဆးလိပ္တိုေတြ ေတြစုစည္းထားတဲ့အမိႈက္ကၽြန္းေတြျဖစ္ေပၚလာေနပါတယ္။
ပိုဆိုးတာက ေရေပၚမွာေပၚေနတဲ့ အမိႈက္ကၽြန္းေတြက လူေတြစြန္႔ပစ္လိုက္တဲ့ အမိႈက္ေတြရဲ႕ ၅ ရာခိုင္ႏႈန္းသာရွိေနပါတယ္။ အေမရိကန္ႏိုင္ငံ က သဘာ၀တ္၀န္းက်င္ထိန္းသိမ္းေရး အဖြဲ႔တစ္ဖြဲ႔ ျဖစ္တဲ့ Oceam Conservancy ရဲ႕ ထုတ္ျပန္ခ်က္အရ က်န္တဲ့ ၉၅ ရာခိုင္ႏႈန္းက ပင္လယ္ေရေအာက္ထဲကိုေရာက္ရွိသြားတဲ့အတြက္ ပင္လယ္ေရသတၱ၀ါေတြ ဒုကၡေရာက္ေစၿပီးေတာ့ ပင္လယ္ေရထု ကိုပ်က္စီးေစပါတယ္။
ဒီလိုပလတ္စတစ္စြန္႔ပစ္မႈေတြအလြန္မ်ားျပားေနတဲ့ကိစၥအေပၚေလ့လာမႈေတြျပဳလုပ္တဲ့အခါမွာေတာ့
စြန္႔ပစ္မႈေတြအမ်ားဆံုးလုပ္တဲ့ႏိုင္ငံ ၅ ႏိုင္ငံရွိတာကိုသြားေတြ႔ရပါတယ္။ၿပီးေတာ့ အဲဒီႏုိင္ငံ ၅ခုလံုးက အာ႐ွႏိုင္ငံေတြျဖစ္ေနပါတယ္။
မၾကာေသးခင္ကမွထုတ္ျပန္ခဲ့တဲ့ Ocean Conservancy ရဲ႕report တစ္ခုအရ တ႐ုတ္၊အင္ဒိုနီးရွား ၊ထိုင္းနဲ႔ ဗီယက္နမ္တို႔ စုစုေပါင္း ပင္လယ္ထဲပလတ္စတစ္စြန္႔ပစ္မႈဟာ တစ္ကမာၻလံုးစြန္႔ပစ္မႈရဲ႕ ၆၀ ရာခိုင္ႏႈန္းေက်ာ္ရွိပါတယ္။
ဒီႏႈန္းအတိုင္းသြားမယ္ဆိုရင္ ၂၀၂၅ ခုႏွစ္ေရာက္ရင္ ပင္လယ္ထဲမွာ ငါးတန္ခ်ိန္ ၃ တန္ တိုင္းအတြက္ ပလတ္စတစ္ ၁ တန္ေလာက္ရွိလာပါလိမ့္မယ္။ ဒီပမာဏဟာ သဘာ၀ပတ္၀န္းက်င္ အတြက္ေရာ စီးပြားေရးအတြက္ပါ ထိခိုက္မႈမ်ားရွိလာမယ့္ အေရးႀကီးတဲ့အခ်က္တစ္ခုျဖစ္ပါတယ္ လို႕ Ocean Conservancy ရဲ႕ ဒါ႐ိုက္တာျဖစ္သူ Nicholas Mallos ကေျပာပါတယ္။
အေနာက္တိုင္းႏိုင္ငံေတြ၊အထူးအျဖင့္ အေမရိကန္ႏိုင္ငံကလူေတြဟာ ကမာၻေပၚမွာကုန္ပစၥည္းသံုးဆြဲမႈ(အခ်ိဳရည္၊ ပလစ္တစ္ပစၥည္း၊လွ်ပ္စစ္ပစၥည္း)အမ်ားဆံုး လို႕သတ္မွတ္ထားေပမယ့္ သူတို႕ႏိုင္ငံေတြနဲ႔ယွဥ္ရင္ ဆင္းရဲတယ္လို႔ယူဆရတဲ့ အာရွႏိုင္ငံေတြကဘာျဖစ္လို႔ ပင္လယ္ထဲကို စြန္႔ပစ္ပစၥည္ေတြပစ္မႈအရမ္းမ်ားေနတာလည္းဆိုတာ ေမးစရာရွိပါတယ္။
အာရွႏိုင္ငံေတြဟာ ကုန္ပစၥည္းအသံုးျပဳမႈနဲ႔ စားသံုးမႈပံုစံ ကိုအေနာက္တိုင္းႏိုင္ငံေတြအတိုင္းအသံုးျပဳလာၾကတာကိုေတြ႕ရပါတယ္။
အာရွႏိုင္ငံေတြကစီးပြားေရးေတြတိုးတက္လာတဲ့အခါမွာလူေတြရဲ႕ ကုန္ပစၥည္းသံုးဆြဲႏိုင္မႈကလည္းတိုးတက္လာပါတယ္။ ဒါေပမယ့္ တိုးၿပီးသံုးဆြဲလာတဲ့ပစၥည္းေတြကေန ထြက္လာတဲ့စြန္႔ပစ္ပစၥည္းေတြကိုေတာ့ စနစ္တက်စြန္႔ပစ္ႏိုင္ျခင္းမရွိပါဘူး။
အေပၚမွာေဖာ္ျပထားတဲ့ အာရွႏိုင္ငံ ၅ ႏိုင္ငံမွာဆိုရင္ စြန္႔ပစ္ပစၥည္းေတြရဲ႕ ၄၀ ရာခိုင္ႏႈန္းေလာက္ကို စနစ္တက် စြန္႔ပစ္ၾကပါတယ္။ အာရွႏိုင္ငံအမ်ားစုမွာ အမိႈက္ပံုမွာအမိႈက္ေတြကိုျဖစ္သလိုပံုထားေလ့ရွိၿပီး ေရထဲကိုက်ၿပီးေမ်ာပါသြားတာေတြလည္းမ်ားပါတယ္။
အမိႈက္ကန္အမ်ားစုကိုလည္း ေရစပ္နားမွာထားတတ္ၾကတာကိုေတြ႕ရပါတယ္။ ဒီလိုပံုထားတာေၾကာင့္အမိႈက္ေတြဟာ မိုးေရေၾကာင့္ျဖစ္ျဖစ္ ေရစီးေၾကာင့္ျဖစ္ျဖစ္ပါသြားပါတယ္လို႔ Ocean Conservancy ကေျပာပါတယ္။

ဓာတ္ပံု-reuters

SFJ Strategy First Journal

- - - - -


အာရှနိုင်ငံ ၅ နိုင်ငံက ပင်လယ်ထဲကို ပလတ်စတစ်ပစ္စည်း စွန့်ပစ်မှု တစ်ကမ္ဘာလုံးထက်များပြား
Global post
ကမ္ဘာပေါ်က ပင်လယ်ပြင်တွေဟာ လူတွေရဲ့အမှိုက်တွေနဲ့ပြည့်နှက်နေပါပြီ။ အချိုရည်ဘူးခွံတွေ၊ ပလတ်စတစ်အိတ်တွေ နဲ့ ဆေးလိပ်တိုတွေ တွေစုစည်းထားတဲ့အမှိုက်ကျွန်းတွေဖြစ်ပေါ်လာနေပါတယ်။
ပိုဆိုးတာက ရေပေါ်မှာပေါ်နေတဲ့ အမှိုက်ကျွန်းတွေက လူတွေစွန့်ပစ်လိုက်တဲ့ အမှိုက်တွေရဲ့ ၅ ရာခိုင်နှုန်းသာရှိနေပါတယ်။ အမေရိကန်နိုင်ငံ က သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Oceam Conservancy ရဲ့ ထုတ်ပြန်ချက်အရ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းက ပင်လယ်ရေအောက်ထဲကိုရောက်ရှိသွားတဲ့အတွက် ပင်လယ်ရေသတ္တဝါတွေ ဒုက္ခရောက်စေပြီးတော့ ပင်လယ်ရေထု ကိုပျက်စီးစေပါတယ်။
ဒီလိုပလတ်စတစ်စွန့်ပစ်မှုတွေအလွန်များပြားနေတဲ့ကိစ္စအပေါ်လေ့လာမှုတွေပြုလုပ်တဲ့အခါမှာတော့
စွန့်ပစ်မှုတွေအများဆုံးလုပ်တဲ့နိုင်ငံ ၅ နိုင်ငံရှိတာကိုသွားတွေ့ရပါတယ်။ပြီးတော့ အဲဒီနိုင်ငံ ၅ခုလုံးက အာရှနိုင်ငံတွေဖြစ်နေပါတယ်။
မကြာသေးခင်ကမှထုတ်ပြန်ခဲ့တဲ့ Ocean Conservancy ရဲ့report တစ်ခုအရ တရုတ်၊အင်ဒိုနီးရှား ၊ထိုင်းနဲ့ ဗီယက်နမ်တို့ စုစုပေါင်း ပင်လယ်ထဲပလတ်စတစ်စွန့်ပစ်မှုဟာ တစ်ကမ္ဘာလုံးစွန့်ပစ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။
ဒီနှုန်းအတိုင်းသွားမယ်ဆိုရင် ၂၀၂၅ ခုနှစ်ရောက်ရင် ပင်လယ်ထဲမှာ ငါးတန်ချိန် ၃ တန် တိုင်းအတွက် ပလတ်စတစ် ၁ တန်လောက်ရှိလာပါလိမ့်မယ်။ ဒီပမာဏဟာ သဘာဝပတ်ဝန်းကျင် အတွက်ရော စီးပွားရေးအတွက်ပါ ထိခိုက်မှုများရှိလာမယ့် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် လို့ Ocean Conservancy ရဲ့ ဒါရိုက်တာဖြစ်သူ Nicholas Mallos ကပြောပါတယ်။
အနောက်တိုင်းနိုင်ငံတွေ၊အထူးအဖြင့် အမေရိကန်နိုင်ငံကလူတွေဟာ ကမ္ဘာပေါ်မှာကုန်ပစ္စည်းသုံးဆွဲမှု(အချိုရည်၊ ပလစ်တစ်ပစ္စည်း၊လျှပ်စစ်ပစ္စည်း)အများဆုံး လို့သတ်မှတ်ထားပေမယ့် သူတို့နိုင်ငံတွေနဲ့ယှဉ်ရင် ဆင်းရဲတယ်လို့ယူဆရတဲ့ အာရှနိုင်ငံတွေကဘာဖြစ်လို့ ပင်လယ်ထဲကို စွန့်ပစ်ပစ္စည်တွေပစ်မှုအရမ်းများနေတာလည်းဆိုတာ မေးစရာရှိပါတယ်။
အာရှနိုင်ငံတွေဟာ ကုန်ပစ္စည်းအသုံးပြုမှုနဲ့ စားသုံးမှုပုံစံ ကိုအနောက်တိုင်းနိုင်ငံတွေအတိုင်းအသုံးပြုလာကြတာကိုတွေ့ရပါတယ်။
အာရှနိုင်ငံတွေကစီးပွားရေးတွေတိုးတက်လာတဲ့အခါမှာလူတွေရဲ့ ကုန်ပစ္စည်းသုံးဆွဲနိုင်မှုကလည်းတိုးတက်လာပါတယ်။ ဒါပေမယ့် တိုးပြီးသုံးဆွဲလာတဲ့ပစ္စည်းတွေကနေ ထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေကိုတော့ စနစ်တကျစွန့်ပစ်နိုင်ခြင်းမရှိပါဘူး။
အပေါ်မှာဖော်ပြထားတဲ့ အာရှနိုင်ငံ ၅ နိုင်ငံမှာဆိုရင် စွန့်ပစ်ပစ္စည်းတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို စနစ်တကျ စွန့်ပစ်ကြပါတယ်။ အာရှနိုင်ငံအများစုမှာ အမှိုက်ပုံမှာအမှိုက်တွေကိုဖြစ်သလိုပုံထားလေ့ရှိပြီး ရေထဲကိုကျပြီးမျောပါသွားတာတွေလည်းများပါတယ်။
အမှိုက်ကန်အများစုကိုလည်း ရေစပ်နားမှာထားတတ်ကြတာကိုတွေ့ရပါတယ်။ ဒီလိုပုံထားတာကြောင့်အမှိုက်တွေဟာ မိုးရေကြောင့်ဖြစ်ဖြစ် ရေစီးကြောင့်ဖြစ်ဖြစ်ပါသွားပါတယ်လို့ Ocean Conservancy ကပြောပါတယ်။

ဓာတ်ပုံ-reuters

SFJ Strategy First Journal

No comments:

Post a Comment