Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 9, 2016

သင်္ဃန်းကျွန်းမြို့နယ်နေ ဆယ်ကျော်သက်မိန်းကလေး နှစ်ဦး ပျောက်ဆုံးနေ





ရန်ကုန်၊ ဇန်န၀ါရီ ၉





Yangon Police
............



ပျောက်ဆုံးနေသူ(၂)ဦးအား တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန်ဖော်ပြခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၉

သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်၊ ဇောတိက(၁)လမ်းတွင် နေထိုင်ကြသော မအားဟွမ်၊ (၁၈)နှစ်နှင့် မအားဟွေ(၁၆)နှစ်တို့ (၂)ဦးသည် ၈.၁.၂၀၁၆ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် နေအိမ်မှ အတူတကွ ထွက်သွားရာမှ ပြန်မလာ ပျောက်ဆုံး နေကြောင်းကို ၎င်းတို့၏ အုပ်ထိန်းသူများမှ ကူညီစုံစမ်းရှာဖွေပေးရန် ရဲတပ်ဖွဲ့သို့ အကြောင်းကြား လာသဖြင့် စုံစမ်းရှာဖွေ လျက်ရှိပါသည်။

ယင်းသို့ ပျောက်ဆုံးနေကြသော မအားဟွမ်နှင့် မအားဟွေတို့မှာ ဓာတ်ပုံတွင် ဖော်ပြထားသူများ ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေလျက် ရှိရာတွင် အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ပြည်သူများမှလည်း ၎င်းတို့နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာ ရရှိပါက အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် ဖော်ပြ အပ်ပါသည် -

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၈၆၁၀၆၇၂
သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၆၂၄၃၆
သင်္ဃန်းကျွန်းမြို့မရဲစခန်း - ၀၁ ၅၆၂၅၄၄

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment