Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 23, 2016

ဆူနာမီေဘးသင့္ေဒသမွ ဂ်ပန္အငွားယာဥ္ေမာင္းမ်ား ၀ိညာဥ္ခရီးသည္မ်ားႏွင့္ မၾကာခဏ ရင္ဆုိင္မိခဲ့ၾက


တုိက်ိဳ ၊ ၂၃-၁-၂၀၁၆

၂ဝ၁၁ခုႏွစ္ ဆူနာမီ ေဘးကို အျပင္းထန္ဆံုး ခံစားခဲ့ရေသာ နယ္ေျမတစ္ခု၌ ေျပးဆြဲေနသည့္ ဂ်ပန္ အငွားယာဥ္ေမာင္း မ်ားသည္ မၾကာခဏ ဝိညာဥ္ခရီးသည္ မ်ားႏွင့္ ရင္ဆိုင္ ေနၾကရေၾကာင္း ဂ်ပန္ႏိုင္ငံ အေျခစိုက္ အဆာဟိရွင္ဘြန္း သတင္းစာက ဇန္နဝါရီ ၂၁ ရက္တြင္ ေဖာ္ျပခဲ့သည္။

ေမာ္ေတာ္ယာဥ္ ငွားစီးလာေသာ္လည္း ေမာင္းႏွင္ေနစဥ္ ေပ်ာက္ကြယ္သြားေသာ ခရီးသည္မ်ားႏွင့္ ရင္ဆိုင္ခဲ့ရဖူးၿပီး ယင္းခရီးသည္ မ်ားထံမွ ယာဥ္စီးခမ်ား ရယူခဲ့ဖူးေၾကာင္း အီရွီႏုိမာကီ ေဒသရွိ အငွားယာဥ္ေမာင္း မ်ားက ေျပာၾကားခဲ့သည္။

အဆုိပါ ေဒသသည္ ၂ဝ၁၁ ခုႏွစ္ မတ္ ၁၁ ရက္တြင္ လႈပ္ခတ္ခဲ့ေသာ ေျမငလ်င္ႏွင့္ ေနာက္ဆက္တြဲ ဆူနာမီေရလိႈင္း မ်ားေၾကာင့္ လူဦးေရ ၆ဝဝ ေသေၾကပ်က္စီး ခဲ့ရေသာ ေနရာျဖစ္သည္။ တုိဟိုကူဂါ ကူအင္ တကၠသိုလ္၏ ေလ့လာခ်က္ အရ အီရွီႏိုမာကီ ေဒသမွ ဂ်ပန္ အငွားယာဥ္ေမာင္း မ်ား ဝိညာဥ္ ခရီးသည္မ်ားႏွင့္ ရင္ဆိုင္ႀကံဳေတြ႕ ခဲ့ရသည့္ ဇာတ္လမ္းမ်ား ေပၚထြက္ ခဲ့ျခင္းျဖစ္သည္။

၂ဝ၁၁ ခုႏွစ္ သဘာဝကပ္ေဘး မ်ားမွ လြတ္ေျမာက္ခဲ့ေသာ ဂ်ပန္ ျပည္သူ အမ်ားအျပား ဝိညာဥ္မ်ား ႏွင့္ ရင္ဆိုင္ေတြ႕ရွိ ခဲ့သည္ဟူေသာ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူး ေသာ္လည္း ေၾကာက္မက္ဖြယ္ ကပ္ေဘးအလြန္ ကာလ က်န္ရစ္သူ မ်ားတြင္ ျဖစ္ပြားတတ္သည့္ စိတ္အာ႐ုံ ေမွာက္မွားမႈ ေဝဒနာ (ပီတီအက္စ္ဒီ) ၏ ေဘးထြက္ဆိုးက်ဳိး မ်ားသာ ျဖစ္ေၾကာင္း စိတ္ပညာရွင္ မ်ားက သံုးသပ္ခဲ့သည္။

အေမရိကန္ ျပည္ေထာင္စု ကိုလံဘီယာ တကၠသိုလ္မွ သုေတသန ပညာရွင္မ်ား၏ ေလ့လာခ်က္ အရ သဘာဝကပ္ေဘး မ်ား၏ အက်ိဳးဆက္ အျဖစ္ ပီတီအက္စ္ဒီ ေဝဒနာခံစား ေနရသူမ်ားမွာ ဝိညာဥ္ ေတြ႕ျမင္ျခင္း ကဲ႔သို႔ေသာ အေတြ႕အႀကံဳမ်ဳိး ခံစားရတတ္ေၾကာင္း သိရသည္။

#PyiChitThar

..............................................................

ဆူနာမီဘေးသင့်ဒေသမှ ဂျပန်အငှားယာဉ်မောင်းများ ၀ိညာဉ်ခရီးသည်များနှင့် မကြာခဏ ရင်ဆိုင်မိခဲ့ကြ



တိုကျို ၊ ၂၃-၁-၂၀၁၆

၂ဝ၁၁ခုနှစ် ဆူနာမီ ဘေးကို အပြင်းထန်ဆုံး ခံစားခဲ့ရသော နယ်မြေတစ်ခု၌ ပြေးဆွဲနေသည့် ဂျပန် အငှားယာဉ်မောင်း များသည် မကြာခဏ ဝိညာဉ်ခရီးသည် များနှင့် ရင်ဆိုင် နေကြရကြောင်း ဂျပန်နိုင်ငံ အခြေစိုက် အဆာဟိရှင်ဘွန်း သတင်းစာက ဇန်နဝါရီ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

မော်တော်ယာဉ် ငှားစီးလာသော်လည်း မောင်းနှင်နေစဉ် ပျောက်ကွယ်သွားသော ခရီးသည်များနှင့် ရင်ဆိုင်ခဲ့ရဖူးပြီး ယင်းခရီးသည် များထံမှ ယာဉ်စီးခများ ရယူခဲ့ဖူးကြောင်း အီရှီနိုမာကီ ဒေသရှိ အငှားယာဉ်မောင်း များက ပြောကြားခဲ့သည်။

အဆိုပါ ဒေသသည် ၂ဝ၁၁ ခုနှစ် မတ် ၁၁ ရက်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီရေလှိုင်း များကြောင့် လူဦးရေ ၆ဝဝ သေကြေပျက်စီး ခဲ့ရသော နေရာဖြစ်သည်။ တိုဟိုကူဂါ ကူအင် တက္ကသိုလ်၏ လေ့လာချက် အရ အီရှီနိုမာကီ ဒေသမှ ဂျပန် အငှားယာဉ်မောင်း များ ဝိညာဉ် ခရီးသည်များနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည့် ဇာတ်လမ်းများ ပေါ်ထွက် ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၁ ခုနှစ် သဘာဝကပ်ဘေး များမှ လွတ်မြောက်ခဲ့သော ဂျပန် ပြည်သူ အများအပြား ဝိညာဉ်များ နှင့် ရင်ဆိုင်တွေ့ရှိ ခဲ့သည်ဟူသော သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူး သော်လည်း ကြောက်မက်ဖွယ် ကပ်ဘေးအလွန် ကာလ ကျန်ရစ်သူ များတွင် ဖြစ်ပွားတတ်သည့် စိတ်အာရုံ မှောက်မှားမှု ဝေဒနာ (ပီတီအက်စ်ဒီ) ၏ ဘေးထွက်ဆိုးကျိုး များသာ ဖြစ်ကြောင်း စိတ်ပညာရှင် များက သုံးသပ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စု ကိုလံဘီယာ တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ လေ့လာချက် အရ သဘာဝကပ်ဘေး များ၏ အကျိုးဆက် အဖြစ် ပီတီအက်စ်ဒီ ဝေဒနာခံစား နေရသူများမှာ ဝိညာဉ် တွေ့မြင်ခြင်း ကဲ့သို့သော အတွေ့အကြံုမျိုး ခံစားရတတ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment