အိပ္မေပ်ာ္ႏုိင္ ျဖစ္တတ္သူေတြ၊ စိတ္ဖိစီးမႈ ခံစားရသူေတြအတြက္ ေစာင္ထူထူ တစ္ထည္က အကူအညီေပးပါလိမ့္မယ္။ ေလ့လာဆန္းစစ္မႈအရ သာမန္ထက္ ပုိေလးလံတဲ့ ေစာင္ထူထူၿခဳံၿပီး အိပ္မယ္ဆုိရင္ ႏွစ္ၿခဳိက္စြာ အိပ္ေပ်ာ္ႏုိင္ၿပီး စိတ္ဖိစီးမႈလည္း ေလ်ာ့ပါးေစတယ္လို႕ သိရပါတယ္။
ေလးလံတဲ့ ေစာင္ထူထူၿခဳံအိပ္တဲအခါ ကုိယ့္ကို ေႏြးေထြးစြာ ေထြးေပြ႕ထားသလုိ ခံစားရၿပီး လုံၿခဳံမႈကုိ ပုိခံစားရႏိုင္ပါတယ္။ ဒါ့အျပင္ ေစာင္ရဲ႕ေလးလံမႈက ခႏၶာကုိယ္ကုိ ဖိအားတစ္ခုနဲ႕ ႏွိပ္နယ္ေပးသဖြယ္ အာ႐ုံေၾကာေတြကုိ ေျဖေလွ်ာ့ေပးၿပီး သက္ေတာင့္သက္သာ ႐ွိေနေစပါတယ္။
ဒါေၾကာင့္ အိပ္မေပ်ာ္ႏိုင္ မျဖစ္ေတာ့ဘဲ ႏွစ္ၿခဳိက္ေကာင္းမြန္စြာ အိပ္ေပ်ာ္ႏုိင္မွာ ျဖစ္ပါတယ္။ အိပ္မေပ်ာ္ေလ့႐ွိသူ စိတ္ဖိစီးမႈ ခံစားရသူေတြအတြက္ ေစာင္ထူထူၿခဳံအိပ္တဲ့ နည္းလမ္းက ေဆးဝါးေတြသုံးတာထက္ ပုိၿပီး အႏၱရာယ္ကင္းကင္းနဲ႕ ထိေရာက္မႈ ႐ွိေစမွာပါ။
ေစာင္ရဲ႕ အေလးခ်ိန္ကုိေတာ့ ခႏၶာကုိယ္ အ႐ြယ္အစားအလုိက္ ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္အတြက္ အေလးခ်ိန္ ၁၅ ေပါင္မွ ေပါင္ ၃၀ ဝန္းက်င္႐ွိတဲ့ ေစင္ထူထူတစ္တည္ဆုိရင္ အဆင္ေျပႏုိင္ပါတယ္။ ယခု ေလ့လာဆန္းစစ္မႈကုိ ၂၀၀၈ ခုႏွစ္မွာ စတင္ေတြ႕႐ွိခဲ့ၿပီး ၂၀၁၂ ခုႏွစ္မွာ ေတြ႕႐ွိခ်က္ကုိ အတည္ျပဳခဲ့ပါတယ္။
Source: Life Hack
Credut: Duwun
.....................
အိပ်မရနိုင်သူတွေ စောင်ထူထူခြုံအိပ်ရင် အဆင်ပြေ
အိပ်မပျော်နိုင် ဖြစ်တတ်သူတွေ၊ စိတ်ဖိစီးမှု ခံစားရသူတွေအတွက် စောင်ထူထူ တစ်ထည်က အကူအညီပေးပါလိမ့်မယ်။ လေ့လာဆန်းစစ်မှုအရ သာမန်ထက် ပိုလေးလံတဲ့ စောင်ထူထူခြုံပြီး အိပ်မယ်ဆိုရင် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး စိတ်ဖိစီးမှုလည်း လျော့ပါးစေတယ်လို့ သိရပါတယ်။
လေးလံတဲ့ စောင်ထူထူခြုံအိပ်တဲအခါ ကိုယ့်ကို နွေးထွေးစွာ ထွေးပွေ့ထားသလို ခံစားရပြီး လုံခြုံမှုကို ပိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် စောင်ရဲ့လေးလံမှုက ခန္ဓာကိုယ်ကို ဖိအားတစ်ခုနဲ့ နှိပ်နယ်ပေးသဖွယ် အာရုံကြောတွေကို ဖြေလျှော့ပေးပြီး သက်တောင့်သက်သာ ရှိနေစေပါတယ်။
ဒါကြောင့် အိပ်မပျော်နိုင် မဖြစ်တော့ဘဲ နှစ်ခြိုက်ကောင်းမွန်စွာ အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။ အိပ်မပျော်လေ့ရှိသူ စိတ်ဖိစီးမှု ခံစားရသူတွေအတွက် စောင်ထူထူခြုံအိပ်တဲ့ နည်းလမ်းက ဆေးဝါးတွေသုံးတာထက် ပိုပြီး အန္တရာယ်ကင်းကင်းနဲ့ ထိရောက်မှု ရှိစေမှာပါ။
စောင်ရဲ့ အလေးချိန်ကိုတော့ ခန္ဓာကိုယ် အရွယ်အစားအလိုက် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် အလေးချိန် ၁၅ ပေါင်မှ ပေါင် ၃၀ ဝန်းကျင်ရှိတဲ့ စေင်ထူထူတစ်တည်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ယခု လေ့လာဆန်းစစ်မှုကို ၂၀၀၈ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တွေ့ရှိချက်ကို အတည်ပြုခဲ့ပါတယ်။
Source: Life Hack
Credut: Duwun
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment