Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 24, 2016

လူဆုိး၊ လူမုိက္ေခါင္းေဆာင္ ေက်ာ္၀င္းစိန္ႏွင့္ ၎၏တပည့္အား ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရမိ


 ရန္ကုန္တုိင္းေဒသႀကီး၊ ေတာင္ပုိင္းခရုိင္ႏွင့္ ေျမာက္ပုိင္းခရုိင္အတြင္း အႏုိင္က်င့္မုိက္ေၾကးခြဲ၊ ဆက္ေၾကးေတာင္းၿပီး ရဲတပ္ဖြဲ႕၀င္မ်ားအား ဓားျဖင့္ခုခံတုိက္ခုိက္ကာ ထြက္ေျပးတိမ္းေရွာင္ေနေသာ ရဲဘက္ေျပး၊ တရားခံေျပး၊ ေက်ာ္၀င္းစိန္(ခ)က်င္စိမ္း(ခ)လွမ်ဳိးႏွင့္ တပည့္ျဖစ္သူ ငွက္ေပ်ာသီး(ခ) ႏုိင္မင္းသူ(ခ)ေအးမူတုိ႔အား ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၏ တုိက္ရုိက္ကြပ္ကဲ ညႊန္ၾကားမႈျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရမိ

ရန္ကုန္၊ ဇန္န၀ါရီ ၂၄

ရန္ကုန္တုိင္းေဒသႀကီး၊ ေတာင္ပုိင္းခရုိင္ႏွင့္ ေျမာက္ပုိင္းခရုိင္မ်ားတြင္ ျပည္သူမ်ားအေပၚ အႏုိင္က်င့္မုိက္ေၾကးခြဲၿပီး ဆက္ေၾကးေတာင္းခံျခင္း မ်ားေၾကာင့္ အမ်ားျပည္သူမ်ားမွ စုိးရိမ္ထိတ္လန္႔မႈ မ်ားျဖစ္ေပၚေနေၾကာင္း သတင္းရရွိသျဖင့္ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၏ တုိက္ရုိက္ ကြပ္ကဲမႈျဖင့္ လူဆုိး၊ လူမုိက္မ်ားအား ရွင္းလင္းဖမ္းဆီးရန္ အထူးစီမံခ်က္မ်ား ခ်မွတ္ၿပီး ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ရံုး၊ မႈခင္းအကူဌာနစုမွ
တပ္ဖြဲ႕၀င္မ်ား၊ လံုျခံဳေရးတပ္ခြဲ(၂)မွ တပ္ဖြဲ႕၀င္မ်ားႏွင့္ ေျမာက္ပုိင္းခရုိင္ ရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးဌာနမွ တပ္ဖြဲ႕၀င္မ်ားပါ၀င္ေသာ ပူးေပါင္း အဖြဲ႕မ်ားဖြဲ႕စည္း၍ ဖမ္းဆီး ရမိေရး ေဆာင္ရြက္ခဲ့ပါသည္။


၂၄.၁.၂၀၁၆ ရက္ေန႔ ၁၃၃၀ အခ်ိန္တြင္ အဆုိပါပူးေပါင္းအဖြဲ႕သည္ လူဆုိး၊ လူမုိက္ေခါင္းေဆာင္ ရဲဘက္ေျပး၊ တရားခံေျပး ေက်ာ္၀င္းစိန္ႏွင့္ ၎၏တပည့္ငွက္ေပ်ာသီး(ခ)ႏုိင္မင္းသူ(ခ)ေအးမူတုိ႔မွာ ေရႊျပည္သာၿမိဳ႕နယ္၊ (၁၉/၄၇)ရပ္ကြက္၊ ခ်ယ္ရီလမ္းရွိ ၎တုိ႔၏ေနအိမ္တြင္ ေရာက္ရွိေနေၾကာင္း သတင္းအရ ၀င္ေရာက္ပိတ္ဆုိ႔ဖမ္းဆီးရာ ေက်ာ္၀င္းစိန္မွာ အသာတၾကည္ အဖမ္းမခံဘဲ ျပန္လည္ခုခံရန္ ရည္ရြယ္ခ်က္ျဖင့္ တပ္ဖြဲ႕၀င္မ်ားအေပၚ ဆဲဆုိႀကိမ္းေမာင္းၿပီး လက္ထဲတြင္ ဓားကုိင္ေဆာင္ကာ ခုခံရန္ျပဳရန္ ျပင္ဆင္သျဖင့္ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးကုိယ္တုိင္ ပစ္ခတ္ဖမ္းဆီးရန္ ညႊန္ၾကားခ်က္အရ ၀ုိင္းပတ္ပိတ္ဆုိ႔ ထားေသာတပ္ဖြဲ႕၀င္မ်ားမွ Pump Action ေသနတ္ျဖင့္ ေနအိမ္အေပၚထပ္ ျပဴတင္းေပါက္သုိ႔ ပစ္ခတ္ခဲ့ရာ ေက်ာ္၀င္းစိန္မွာ ေနအိမ္အတြင္းမွ ဓားျဖင့္ ဆက္လက္ခုခံရန္ ျပင္ဆင္ ခဲ့ၿပီး ေနအိမ္ေအာက္သုိ႔ ရဲတပ္ဖြဲ႕၀င္မ်ားအားစိန္ေခၚၿပီး ဆင္းလာသျဖင့္ .၃၈ ဗုိ႔ ေျခာက္လံုးျပဴး ေထသနတ္ျဖင့္ ေနအိမ္အတြင္း ဆက္လက္ပစ္ခတ္ခဲ့ရာ ၎ကုိင္ေဆာင္ေသာဓားအား ပစ္ခ်ခဲ့ၿပီး အညံ့ခံဖမ္းဆီးခံခဲ့သျဖင့္ ၁၃၄၅ အခ်ိန္ တြင္ ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ ရဲဘက္ေျပး၊ တရားခံေျပး ေက်ာ္၀င္းစိန္၊(၄၈)ႏွစ္ႏွင့္ ငွက္ေပ်ာသီး(ခ)ႏုိင္မင္းသူ(ခ) ေအးမူ၊ (၂၆)ႏွစ္တုိ႔ထံမွ အရုိးအသြား(၈) လက္ခြဲခန္႔ရွိ ဓားဦးခၽြန္(၁)ေခ်ာင္း၊ အရုိးအသြား(၁၃)လက္မ ခန္႔ရွိ ဓားအိမ္ပါ ဓားဦးခၽြန္(၁)ေခ်ာင္း၊ အရုိးအသြား(၁၈)လက္မခြဲခန္႔ရွိ ႏွစ္ဖက္သြား စတီးဓား ဦးခၽြန္(၁) ေခ်ာင္း၊ အရုိးအသြား(၈)လက္မခန္႔ရွိ အရုိးအနီ ပတ္ထားေသာ ဓားဦးခၽြန္ေပါက္ဓား(၃)ေခ်ာင္း၊ အရုိး အသြား(၁၁)လက္မခြဲခန္႔ရွိ အျပာေရာင္အရုိးပါ ႏွစ္ဖက္သြားဓားဦးခၽြန္(၁)ေခ်ာင္း၊ (၁၂)လက္မခန္႔ရွိ သစ္သားနံခ်ပ္ကူ(၁)ေခ်ာင္း၊ KL စာတမ္းပါ လက္ထိပ္(၁)စံုႏွင့္ ေသာ့(၂)ေခ်ာင္း၊ သားေရႀကိဳး တပ္လ်က္ ေလးခြ(၆)လက္၊ လက္ကုိင္ဖုန္းမ်ဳိးစံု(၁၀)လံုး၊ 5G---- နံပါတ္ပါ TOYOTA SUCCEED အျဖဴေရာင္ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္(၁)စီး၊ နံပါတ္ မပါ Kenbo 125 အနက္ေရာင္ လုိင္စင္မဲ့ ဆုိင္ကယ္(၁)စီးတုိ႔အား ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့ပါသည္။

စစ္ေဆးေဖာ္ထုတ္ ခ်က္အရ ရဲဘက္ေျပး၊ တရားခံေျပး ေက်ာ္၀င္းစိန္သည္ ၆.၁၁.၂၀၁၃ ရက္ေန႔ ၁၂၀၀ အခ်ိန္ခန္႔က တြံေတးၿမိဳ႕နယ္၊ ပိတ္ဆြယ္ေက်းရြာ အနီးတြင္ တြံေတးၿမိဳ႕၊ ဘုရားႀကီးေက်းရြာမွ ဒလၿမိဳ႕သုိ႔ ဆုိင္ကယ္ျဖင့္သြားေရာက္သည့္ ဦးေက်ာ္မင္းဦးႏွင့္ ဇနီးေဒၚမိုးမိုးေအးတို႔ထံမွ ေရႊဆြဲႀကိဳး(၁)ကံုး၊ လက္စြပ္(၁)ကြင္း၊ နားကပ္(၁)ရံ၊ ဆုိင္ကယ္(၁)စီးႏွင့္ လက္ကုိင္ဖုန္း(၁)လံုးတုိ႔အား လုယက္ ခဲ့သည့္အျပင္ ကုိေက်ာ္မင္းဦးႏွင့္ မမုိးမုိးေအးတုိ႔အား ဖမ္းဆီးထားၿပီး ညီမျဖစ္သူ မမိုးမိုးေအာင္ထံသုိ႔ ဖုန္းျဖင့္ ဆက္သြယ္၍ ေငြက်ပ္သိန္း (၂၀၀၀)ျဖင့္ လာေရြးရန္ ၿခိမ္းေျခာက္ ေတာင္းယူခဲ့သျဖင့္ တြံေတးၿမိဳ႕မရဲစခန္း(ပ)၄၀၁/၂၀၁၃၊ ျပစ္မႈပုဒ္မ-၃၆၅/ ၃၉၄ ျဖင့္ အေရးယူ ထားရွိေသာအမႈမွ တရားခံ(၁)ဦး ျဖစ္သည့္အျပင္ ရဲတပ္ဖြဲ႕၀င္မ်ားမွ လုိက္လံဖမ္းဆီးစဥ္ လႈိင္သာယာ တုိးဂိတ္အနီးတြင္ ရဲတပ္ဖြဲ႕၀င္မ်ားအား ဓားျဖင့္ခုခံ တုိက္ခုိက္ခဲ့ရာ ရဲတပ္ဖြဲ႕၀င္(၁)ဦး ျပတ္ရွဒဏ္ရာ ရရွိခဲ့သျဖင့္ လႈိင္သာယာၿမိဳ႕မရဲစခန္း (ပ)၁၂၈၈/၂၀၁၃၊ ျပစ္မႈပုဒ္မ-၃၃၃ အမႈမွ တရားခံေျပးတစ္ဦးလည္းျဖစ္ပါသည္။

၎ျပင္ ၈.၇.၂၀၁၄ ရက္ေန႔ ၁၅၃၀ အခ်ိန္တြင္ မူးယစ္တပ္ဖြဲ႕စု(၄၁)မွ တပ္ဖြဲ႕၀င္မ်ားက အင္းစိန္ ၿမိဳ႕နယ္၊ နံ႔သာကုန္းရပ္ကြက္ရွိ လက္ဖက္ရည္ ဆုိင္ေရွ႕တြင္ ေနေဇာ္ထုိက္(ခ)သန္းေဇာ္ထံမွ WY စိတ္ၾကြေဆးျပားဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ ေက်ာ္၀င္းစိန္ထံမွ ၀ယ္ယူရရွိေၾကာင္း စစ္ေဆးေပၚေပါက္ခ်က္အရ အင္းစိန္ၿမိဳ႕မရဲစခန္း မယ(ပ)၇/၂၀၁၄၊ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ-၁၅/၁၉(က) အမႈမွကြင္းဆက္ တရားခံျဖစ္ၿပီး ထြက္ေျပးတိမ္းေရွာင္ ေနသူတစ္ဦးျဖစ္ပါသည္။

ယခုဖမ္းဆီးရမိေသာ ရဲဘက္ေျပး၊ တရားခံေျပး ေက်ာ္၀င္းစိန္မွာ အင္းစိန္ၿမိဳ႕နယ္၊ မဂၤလာဒံုၿမိဳ႕နယ္ႏွင့္ အလံုၿမိဳ႕နယ္မ်ားအတြင္း လုယက္မႈ၊ ဓားျပမႈမ်ားျဖင့္ ေထာင္ဒဏ္စုစုေပါင္း အႏွစ္(၆၀)ႏွင့္ (၃)လ ျပစ္ဒဏ္က်ခံေနရာမွ ရဲဘက္မွထြက္ေျပးေနစဥ္ ေျမာက္ပုိင္းခရုိင္တရားရံုး အမႈႀကီးအမွတ္ ၁၃၁၄/၂၀၀၁၊ ျပစ္မႈဆုိင္ရာဥပေဒပုဒ္မ- ၃၃၃ ျဖင့္ ေထာင္ဒဏ္(၃)ႏွစ္၊ လက္နက္မ်ား အက္ဥပေဒပုဒ္မ-၁၉(င)ျဖင့္ ေထာင္ဒဏ္(၁)ႏွစ္၊ ျပစ္မႈ
ပုဒ္မ-၂၂၄ ျဖင့္ ေထာင္ဒဏ္(၁)ႏွစ္က်ခံခဲ့ၿပီး ယခင္က်န္ရွိျပစ္ဒဏ္မ်ားျဖင့္ စုစုေပါင္း(၆၅)ႏွစ္(၃)လ က်ခံေနရာမွ မုပၸလင္ေက်ာက္ ထုတ္လုပ္ေရး စခန္းမွ ထြက္ေျပးလာသူ ရဲဘက္ေျပးတစ္ဦးျဖစ္ပါသည္။

ေက်ာ္၀င္းစိန္၏တပည့္ျဖစ္သူ ငွက္ေပ်ာသီး (ခ)ႏုိင္မင္းသူ (ခ)ေအးမူမွာလည္း ၁၅.၁၁.၂၀၁၄ ရက္ေန႔ ၀၁၀၀ အခ်ိန္ခန္႔က မရမ္းကုန္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္အတြင္း ရာအိမ္မွဴး ဦးေမာင္ျမင့္အား ႏုိင္မင္းသူပါ(၅)ဦးမွ ၀ုိင္း၀န္းထုိးႀကိတ္ ေနေၾကာင္းၾကားသိရ၍ ရဲတပ္ဖြဲ႕၀င္မ်ားမွ သြားေရာက္တားျမစ္စဥ္ ရဲတပ္ဖြဲ႕၀င္
(၂)ဦးအား ဓားျဖင့္ခုတ္ခဲ့သျဖင့္ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမ ရဲစခန္း (ပ)၅၂၁/၂၀၁၄၊ ျပစ္မႈပုဒ္မ-၃၃၃/၃၃၂ အမႈျဖင့္ အေရးယူထား သည့္အမႈႏွင့္ ၂.၄.၂၀၁၅ ရက္ေန႔ ၂၀၄၀ အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ ပယင္းလမ္းေန ကုိခ်မ္းၿငိမ္းကုိအား ႏုိင္မင္းသူ ႏွင့္အဖြဲ႕မွ တုတ္ႏွင့္ရုိက္၊ ဓားႏွင့္ထုိးခုတ္ခဲ့ေသာေၾကာင့္ လႈိင္သာယာၿမိဳ႕မရဲစခန္း (ပ)၄၃၈/၂၀၁၄၊ ျပစ္မႈပုဒ္မ-၃၂၆/၁၁၄ အမႈတုိ႔ျဖင့္ အေရးယူထားသည့္ တရားခံေျပးတစ္ဦးျဖစ္ေၾကာင္း သိရွိရပါသည္။

ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနျဖင့္ ျပည္သူ႔ဘ၀ လံုျခံဳေရးႏွင့္ တရားဥပေဒ စုိးမုိးေရးတုိ႔ကုိ ထိခိုက္ေစၿပီး အမ်ားျပည္သူ စုိးရြံ႕ထိတ္လန္႔မႈမ်ား ျဖစ္ေစရန္ ျပစ္မႈမ်ား က်ဴးလြန္ခဲ့သူမ်ားအား ဖမ္းဆီးရမိေရး အတြက္ ရဲတပ္ဖြဲ႕မွ သတင္းရယူ စံုစမ္းခဲ့ျခင္းႏွင့္ ျပည္သူမ်ား အေနျဖင့္လည္း သတင္းရရွိေရး ကူညီေဆာင္ရြက္ ေပးရန္ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ လြန္ခဲ့ေသာ ၂၀၁၃ ခုႏွစ္၊ ႏုိ၀င္ဘာလမွစ၍ ေဖာ္ျပ အကူအညီေတာင္းခံခဲ့ေသာ္လည္း ျပည္သူမ်ားမွ သတင္းေပးပါက မိမိတုိ႔အေပၚ ရန္ျပဳခံရမည္ကုိ စုိးရိမ္ေၾကာက္ရြံ႕မႈေၾကာင့္ သတင္းရယူမႈ အခက္အခဲရွိသျဖင့္ လူဆုိးလူမုိက္မ်ားမွ တိမ္းေရွာင္ ေနႏုိင္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႕၀င္မ်ားမွ လူဆုိးလူမုိက္မ်ားအား ဖမ္းဆီးရမိေရး အတြက္ ေန႔/ညမျပတ္ တစ္စုိက္ မတ္မတ္ေဆာင္ရြက္ခဲ့ျခင္းေၾကာင့္ ယခု
ကဲ့သုိ႔ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ပါသည္။

ဖမ္းဆီးရမိသူ ရဲဘက္ေျပး၊ တရားခံေျပး ေက်ာ္၀င္းစိန္(ခ)က်င္စိမ္း(ခ)လွမ်ဳိးႏွင့္ ငွက္ေပ်ာသီး(ခ) ႏုိင္မင္းသူ(ခ) ေအးမူတုိ႔အား အျခားအမႈမ်ား က်ဴးလြန္ထားျခင္း ရွိ/မရွိ ဆက္လက္ စစ္ေဆးေဖာ္ထုတ္ လ်က္ရွိၿပီး ဥပေဒအရ ဆက္လက္အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းႏွင့္ စစ္ေဆးေပၚေပါက္ ခ်က္မ်ားအား
ဆက္လက္ အသိေပး ေဖာ္ျပသြားမည္ ျဖစ္ပါေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice/

.....................................................

လူဆိုး၊ လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့်အား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း အနိုင်ကျင့်မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်းပြီး ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုခံတိုက်ခိုက်ကာ ထွက်ပြေးတိမ်းရှောင်နေသော ရဲဘက်ပြေး၊ တရားခံပြေး၊ ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ခ)လှမျိုးနှင့် တပည့်ဖြစ်သူ ငှက်ပျောသီး(ခ) နိုင်မင်းသူ(ခ)အေးမူတို့အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်များတွင် ပြည်သူများအပေါ် အနိုင်ကျင့်မိုက်ကြေးခွဲပြီး ဆက်ကြေးတောင်းခံခြင်း များကြောင့် အများပြည်သူများမှ စိုးရိမ်ထိတ်လန့်မှု များဖြစ်ပေါ်နေကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက် ကွပ်ကဲမှုဖြင့် လူဆိုး၊ လူမိုက်များအား ရှင်းလင်းဖမ်းဆီးရန် အထူးစီမံချက်များ ချမှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၊ မှုခင်းအကူဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ပါသည်။
၂၄.၁.၂၀၁၆ ရက်နေ့ ၁၃၃၀ အချိန်တွင် အဆိုပါပူးပေါင်းအဖွဲ့သည် လူဆိုး၊ လူမိုက်ခေါင်းဆောင် ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့်ငှက်ပျောသီး(ခ)နိုင်မင်းသူ(ခ)အေးမူတို့မှာ ရွှေပြည်သာမြို့နယ်၊ (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းရှိ ၎င်းတို့၏နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ၀င်ရောက်ပိတ်ဆို့ဖမ်းဆီးရာ ကျော်ဝင်းစိန်မှာ အသာတကြည် အဖမ်းမခံဘဲ ပြန်လည်ခုခံရန် ရည်ရွယ်ချက်ဖြင့် တပ်ဖွဲ့ဝင်များအပေါ် ဆဲဆိုကြိမ်းမောင်းပြီး လက်ထဲတွင် ဓားကိုင်ဆောင်ကာ ခုခံရန်ပြုရန် ပြင်ဆင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပစ်ခတ်ဖမ်းဆီးရန် ညွှန်ကြားချက်အရ ၀ုိင်းပတ်ပိတ်ဆို့ ထားသောတပ်ဖွဲ့ဝင်များမှ Pump Action သေနတ်ဖြင့် နေအိမ်အပေါ်ထပ် ပြူတင်းပေါက်သို့ ပစ်ခတ်ခဲ့ရာ ကျော်ဝင်းစိန်မှာ နေအိမ်အတွင်းမှ ဓားဖြင့် ဆက်လက်ခုခံရန် ပြင်ဆင် ခဲ့ပြီး နေအိမ်အောက်သို့ ရဲတပ်ဖွဲ့ဝင်များအားစိန်ခေါ်ပြီး ဆင်းလာသဖြင့် .၃၈ ဗို့ ခြောက်လုံးပြူး ထေသနတ်ဖြင့် နေအိမ်အတွင်း ဆက်လက်ပစ်ခတ်ခဲ့ရာ ၎င်းကိုင်ဆောင်သောဓားအား ပစ်ချခဲ့ပြီး အညံ့ခံဖမ်းဆီးခံခဲ့သဖြင့် ၁၃၄၅ အချိန် တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်၊(၄၈)နှစ်နှင့် ငှက်ပျောသီး(ခ)နိုင်မင်းသူ(ခ) အေးမူ၊ (၂၆)နှစ်တို့ထံမှ အရိုးအသွား(၈) လက်ခွဲခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၁၃)လက်မ ခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၁၈)လက်မခွဲခန့်ရှိ နှစ်ဖက်သွား စတီးဓား ဦးချွန်(၁) ချောင်း၊ အရိုးအသွား(၈)လက်မခန့်ရှိ အရိုးအနီ ပတ်ထားသော ဓားဦးချွန်ပေါက်ဓား(၃)ချောင်း၊ အရိုး အသွား(၁၁)လက်မခွဲခန့်ရှိ အပြာရောင်အရိုးပါ နှစ်ဖက်သွားဓားဦးချွန်(၁)ချောင်း၊ (၁၂)လက်မခန့်ရှိ သစ်သားနံချပ်ကူ(၁)ချောင်း၊ KL စာတမ်းပါ လက်ထိပ်(၁)စုံနှင့် သော့(၂)ချောင်း၊ သားရေကြိုး တပ်လျက် လေးခွ(၆)လက်၊ လက်ကိုင်ဖုန်းမျိုးစုံ(၁၀)လုံး၊ 5G---- နံပါတ်ပါ TOYOTA SUCCEED အဖြူရောင် လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး၊ နံပါတ် မပါ Kenbo 125 အနက်ရောင် လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ် ချက်အရ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်သည် ၆.၁၁.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်ခန့်က တွံတေးမြို့နယ်၊ ပိတ်ဆွယ်ကျေးရွာ အနီးတွင် တွံတေးမြို့၊ ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်သည့် ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေးတို့ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ လက်စွပ်(၁)ကွင်း၊ နားကပ်(၁)ရံ၊ ဆိုင်ကယ်(၁)စီးနှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား လုယက် ခဲ့သည့်အပြင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့အား ဖမ်းဆီးထားပြီး ညီမဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ငွေကျပ်သိန်း (၂၀၀၀)ဖြင့် လာရွေးရန် ခြိမ်းခြောက် တောင်းယူခဲ့သဖြင့် တွံတေးမြို့မရဲစခန်း(ပ)၄၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၆၅/ ၃၉၄ ဖြင့် အရေးယူ ထားရှိသောအမှုမှ တရားခံ(၁)ဦး ဖြစ်သည့်အပြင် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၁၂၈၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၃ အမှုမှ တရားခံပြေးတစ်ဦးလည်းဖြစ်ပါသည်။

၎င်းပြင် ၈.၇.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် မူးယစ်တပ်ဖွဲ့စု(၄၁)မှ တပ်ဖွဲ့ဝင်များက အင်းစိန် မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင်ရှေ့တွင် နေဇော်ထိုက်(ခ)သန်းဇော်ထံမှ WY စိတ်ကြွဆေးပြားဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်ဝင်းစိန်ထံမှ ၀ယ်ယူရရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အင်းစိန်မြို့မရဲစခန်း မယ(ပ)၇/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၉(က) အမှုမှကွင်းဆက် တရားခံဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေသူတစ်ဦးဖြစ်ပါသည်။

ယခုဖမ်းဆီးရမိသော ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်မှာ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်များအတွင်း လုယက်မှု၊ ဓားပြမှုများဖြင့် ထောင်ဒဏ်စုစုပေါင်း အနှစ်(၆၀)နှင့် (၃)လ ပြစ်ဒဏ်ကျခံနေရာမှ ရဲဘက်မှထွက်ပြေးနေစဉ် မြောက်ပိုင်းခရိုင်တရားရုံး အမှုကြီးအမှတ် ၁၃၁၄/၂၀၀၁၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၃၃ ဖြင့် ထောင်ဒဏ်(၃)နှစ်၊ လက်နက်များ အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် ထောင်ဒဏ်(၁)နှစ်၊ ပြစ်မှု
ပုဒ်မ-၂၂၄ ဖြင့် ထောင်ဒဏ်(၁)နှစ်ကျခံခဲ့ပြီး ယခင်ကျန်ရှိပြစ်ဒဏ်များဖြင့် စုစုပေါင်း(၆၅)နှစ်(၃)လ ကျခံနေရာမှ မုပ္ပလင်ကျောက် ထုတ်လုပ်ရေး စခန်းမှ ထွက်ပြေးလာသူ ရဲဘက်ပြေးတစ်ဦးဖြစ်ပါသည်။

ကျော်ဝင်းစိန်၏တပည့်ဖြစ်သူ ငှက်ပျောသီး (ခ)နိုင်မင်းသူ (ခ)အေးမူမှာလည်း ၁၅.၁၁.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်အတွင်း ရာအိမ်မှူး ဦးမောင်မြင့်အား နိုင်မင်းသူပါ(၅)ဦးမှ ၀ုိင်းဝန်းထိုးကြိတ် နေကြောင်းကြားသိရ၍ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်တားမြစ်စဉ် ရဲတပ်ဖွဲ့ဝင်
(၂)ဦးအား ဓားဖြင့်ခုတ်ခဲ့သဖြင့် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်း (ပ)၅၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၃/၃၃၂ အမှုဖြင့် အရေးယူထား သည့်အမှုနှင့် ၂.၄.၂၀၁၅ ရက်နေ့ ၂၀၄၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ပယင်းလမ်းနေ ကိုချမ်းငြိမ်းကိုအား နိုင်မင်းသူ နှင့်အဖွဲ့မှ တုတ်နှင့်ရိုက်၊ ဓားနှင့်ထိုးခုတ်ခဲ့သောကြောင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၄၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆/၁၁၄ အမှုတို့ဖြင့် အရေးယူထားသည့် တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့ဘဝ လုံခြံုရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေပြီး အများပြည်သူ စိုးရွံ့ထိတ်လန့်မှုများ ဖြစ်စေရန် ပြစ်မှုများ ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး အတွက် ရဲတပ်ဖွဲ့မှ သတင်းရယူ စုံစမ်းခဲ့ခြင်းနှင့် ပြည်သူများ အနေဖြင့်လည်း သတင်းရရှိရေး ကူညီဆောင်ရွက် ပေးရန် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လွန်ခဲ့သော ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလမှစ၍ ဖော်ပြ အကူအညီတောင်းခံခဲ့သော်လည်း ပြည်သူများမှ သတင်းပေးပါက မိမိတို့အပေါ် ရန်ပြုခံရမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် သတင်းရယူမှု အခက်အခဲရှိသဖြင့် လူဆိုးလူမိုက်များမှ တိမ်းရှောင် နေနိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များမှ လူဆိုးလူမိုက်များအား ဖမ်းဆီးရမိရေး အတွက် နေ့/ညမပြတ် တစ်စိုက် မတ်မတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု
ကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

ဖမ်းဆီးရမိသူ ရဲဘက်ပြေး၊ တရားခံပြေး ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ခ)လှမျိုးနှင့် ငှက်ပျောသီး(ခ) နိုင်မင်းသူ(ခ) အေးမူတို့အား အခြားအမှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စစ်ဆေးပေါ်ပေါက် ချက်များအား
ဆက်လက် အသိပေး ဖော်ပြသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

No comments:

Post a Comment