Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 22, 2016

Ancient Burma ေရွးျမန္မာေတြ

ကေန႔ျမန္မာျပည္ေနရာကို လူေတြ အေစာဆံုးေနထိုင္ခဲ့တာဟာ ႏွစ္ေပါင္း ၁၁ဝဝဝ ရွိျပီ။ ေရွးေဟာင္းသုေတသန အေထာက္အထားအရေတာ့ ဘီစီ ၂၅ဝဝ ကစတယ္လို႔သာ ေတြ႔ထားေသးတယ္။ ေၾကးေခတ္ျဖစ္တယ္။ ဘုတလင္ျမိဳ႕ အေနာက္ဖက္ ေညာင္ကန္မွာ ေၾကးေခတ္လက္ရာေတြ ေတြ႔ထားတယ္။ မႏၲေလးအနားက စမုန္ေဒသမွာ ဘီစီ ၅ဝဝ နဲ႔ ေအဒီ ၂ဝဝ ၾကားလို႔သိလာတယ္။ ဧရာဝတီလြင္ျပင္မွာ ဘီစီ ၁၅ဝဝ ကတည္းက သံထည္ေတြေတြ႔ထားတယ္။

ဥေရာပမွာ ျမိဳ႕ျပႏိုင္ငံေတြ ေပၚေပါက္လာခဲ့တာက ဒိထက္ေနာက္က်မယ္။ ယဥ္ေက်းမႈျဖစ္ထြန္းခဲ့တာမွာ မြန္က အေစာဆံုးျဖစ္တယ္။ မြန္ေတြက သထံုကို ဘီစီ ၃ဝဝဝ ေလာက္မွာတည္ခဲ့တယ္။ ဗမာလူမ်ိဳးအစလို႔ေျပာႏိုင္တဲ့ ပ်ဴလူမ်ိဳးေတြက ျပည္တဝိႈက္မွာ ေနခဲ့ၾကတယ္။ သေရခတၲရာနဲ႔ ဗိႆႏိုးမွာေတြ႔ထားတယ္။ တရုပ္ျပည္ (ကြင္) နဲ႔ (ဟန္) မင္းဆက္နဲ႔ ကူးလူး ဆက္ဆံခဲ့တယ္။

ကာလသတ္မွတ္မႈ
- ၇၅ဝဝဝ - ၂၇၅ဝဝဝ = Lower Palaeolithic men (early Anyathian) ဧရာဝတီျမစ္ကမ္းေဘး။
- ၂၇၅ဝဝဝ - ၂၅ဝဝဝ = Palaeolithic men (late Anyathian) ဧရာဝတီျမစ္ကမ္းေဘး + အလယ္ပိုင္း။
- ၁၁ဝဝဝ = Upper Palaeolithic men ျပဒါးလင္းဂူ၊ ရြာငန္ျမိဳ႕နယ္၊ ရွမ္းျပည္နယ္။
- ၇ဝဝဝ - ၂ဝဝဝ = Neolithic men ကခ်င္၊ ရွမ္း၊ မြန္၊ တနသၤာရီ၊ ခ်င္းတြင္းျမစ္ေဘး၊ ဧရာဝတီျမစ္ေဘး။
- ၁ဝဝဝ - ၈ဝဝ =Bronze Age Culture ေၾကးေခတ္။
- ၆ဝဝ - ၅ဝဝ = Iron Age Culture သံေခတ္။

ျမန္မာႏိုင္ငံေနရာကို လူေတြဘယ္အရပ္ေဒသေတြကေန ေျပာင္းေရြ႕ေနထိုင္လာခဲ့ၾကသလည္း
(က) တရုပ္ျပည္ကတဆင့္
(ေအာ္စထိုေအးရွန္း) ေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း ၈ဝဝဝ မွာ တရုပ္ျပည္မၾကီးနဲ႔ တိုင္ဝမ္အထိ ေရာက္လာတယ္။ ေျပာတဲ့ ဘာသာစကားေကာက္ခ်က္အရ အဲလိုယူဆတာျဖစ္တယ္။ (ဟန္) တရုပ္ေတြ တိုင္ဝမ္ကို ေရာက္လာေတာ့ တိုင္းရင္းသား လူနည္းစုေတြျဖစ္ၾကတဲ့ ေနာင္မွာ (တိဗက္တိုဗားမင္း + ရွမ္း + မြန္) လို႔ ျဖစ္လာၾကမယ့္သူေတြက တရုပ္ျပည္ ေတာင္ဖက္ကို ေျပာင္းေရႊ႕လာခဲ့ၾကရတယ္။ ျမစ္ဝါျမစ္ေျမာက္ဖက္ကို အရင္ေရာက္လာၾကတယ္။ တခ်ိဳ႕ သုေတသနက ျမစ္ဝါျမစ္ေျမာက္ဖက္ကို ဘီစီ ၂၅၁၅ မွာ ေရာက္တယ္လို႔ဆိုတယ္။ တရုပ္မွတ္တမ္းမွာ ဘီစီ ၈၅ဝ လို႔ေတြ႔ရတယ္။

ဒိေနာက္မွာ အာရွအလယ္ပိုင္းကေန လာသူေတြက အရင္ေရာက္ေနသူေတြကို ေတာင္ဖက္ဆီေမာင္းထုတ္လိုက္တယ္။ ျမစ္ဝါနဲ႔ ယန္စီျမစ္ၾကား ေရာက္လာၾကတယ္။ ယူနန္ေဒသအထိပါတယ္။ ဆက္ဆင္းရင္ ကေန႔ျမန္မာႏိုင္ငံျဖစ္ပါတယ္။ တရုပ္ျပည္ေျမာက္ပိုင္းမွာ တရုပ္မဟုတ္တဲ့ ဘုရင္ႏိုင္ငံ ၁၆ ခုထူေထာင္ခဲ့တယ္။ တာ့ခ္၊ မြန္ဂိုးလီးယန္းနဲ႔ တိဗက္တန္ေတြ ျဖစ္ၾကတယ္။ ယူနန္သမိုင္းနဲ႔ ျမန္မာ့သမိုင္း ဆက္စပ္ေနတယ္။ (ယြန္မို) လူသားေတြကစတယ္။ ဘီစီ ၁ဝ၉ မွာ အင္ပါယာ (ဝူ) ကေန စစ္သူၾကီး (ဂိုခ်န္း) ကို ယူနန္ေတာင္ဖက္လႊတ္ေတာ့ လက္ေအာက္ခံတိုင္းျပည္ငယ္ ၂၄ ခုျဖစ္ထြန္းလာတယ္။ ျမန္မာနဲ႔အိႏၵိယကို ကုန္ကူးဘို႔ျဖစ္တယ္။ (တိုင္) ေတြနဲ႔ ဆက္စပ္ေနတယ္လို႔ယံုၾကည့္ၾကတယ္။ (ယူနန္) ကို (ဟန္) ေတြက သိမ္းပိုက္လိုက္ေတာ့ အင္ဒီးယန္းလူမ်ိဳးစုေတြေနခဲ့တဲ့ အေထာက္အထားေတြ႔ရတယ္။ (မြန္ဂို) ေတြက ယူနန္ကို အုပ္စိုးတယ္။ ၁၂၅၃ မွာ မြန္ဂိုဘုရင္ (ကုဗလခန္) ယူနန္ကိုသိမ္းတယ္။ ဌာေနလူေတြကို အေဝးႏွင္တယ္။

တိဗက္သမိုင္းနဲ႔ ျမန္မာ့သမိုင္းလည္း ဆက္စပ္ေနတယ္။ တိဗက္ေရာျမန္မာတို႔ဟာ တရုပ္နဲ႔ အိႏၵိယၾကားမွာညပ္ေနရျပီး အခ်င္ခ်င္း ဟိမဝႏၲာနဲ႔ တိဗက္ကုန္းျပင္ျမင့္က ပိုင္းျခားထားခံရတယ္။ (တိဗက္တို-ဗားမင္း) ဘာသာစကာအုပ္စုကို ေျပာဆိုၾကတယ္။

(ခ) အိႏၵိယကတဆင့္
အေစာဆံုးက ပါကစၥတန္ျမိဳ႕ေတာ္ အစၥလမ္မာဘတ္အနားမွာ ေက်ာက္ေခတ္အစအနေတြေတြ႔ရတယ္။ ၁၅ဝဝဝ ႏွစ္ၾကာျပီ။ ဘီစီ ၃၃ဝဝ ကတည္းက အိႏၵဳျမစ္ဝွမ္းယဥ္ေက်းမႈျဖစ္ထြန္းခဲ့တယ္။ အဲဒီေနရာကေန ႏွစ္ေပါင္း ၆ဝဝဝ ကစျပီး လူေတြ ေျပာင္းေရႊ႕ထြက္ခြါၾကတယ္။ အိႏၵိယေျမာက္ပိုင္းဆီ (အင္ဒိုအာရိယန္) ေျပာင္းေရႊ႕ျခင္းရွိလာတယ္။ ဘီစီ ၁၈ဝ ကတည္းက အာရွအလယ္ပိုင္းကလူေတြ ထိုးေဖါက္လာတယ္။ ပထမ (ရာဂ်င္ဒရာ ခ်ိဳလား) ကေန သီရိလကၤာ၊ အေနာက္ဘဂၤလား၊ ျမန္မာနဲ႔ စုမားတရားတစိတ္တပိုင္းေတြကိုသိမ္းခဲ့တယ္။ ဘီစီ ၅ဝဝ ကတည္းက ဗုဒၡဘာသာဝင္ (ၾသရိသ) ကိုလိုနီေတြ ျမန္မာျပည္ျဖစ္လာမယ့္ ဧရာဝတီျမစ္ဝွမ္းအထိရွိခဲ့တယ္။ ဘုရားေစတီေတြတည္ခဲ့တယ္။ ဘီစီ ၁၈ဝ မွာ (တယ္လူဂူ) ဟင္ဒူကိုလိုနီေတြ ျမန္မာျပည္ျဖစ္လာမယ့္ ဟံသာဝတီမြန္ျမိဳ႕နဲ႔ သန္လွ်င္ျမိဳ႕ကိုေရာက္တယ္။ ျမန္မာျပည္က တေကာင္းမင္းဆက္မွာ ဒြတၲေဘာင္မင္းရဲ႕မိဘေတြဟာ ဗိႆႏိုးဘုရင္မနဲ႔ အမ်ိဳးစပ္ထားတယ္ဆိုတာ မခိုင္မာဘူး။ ဒီရာဇဝင္ေတြဟာ ဗုဒၡဘာသာနဲ႔ ဟင္ဒူကိုးကြယ္မႈအရျဖစ္ေနပံုရတယ္။

၂ ရာစုကတည္းက ျမန္မာျပည္က ပင္လယ္ခရီးသြားေတြဟာ အိႏၵိယေတာင္ပိုင္းနဲ႔ဆက္ခဲ့တဲ့ အေထာက္အထားေတြ ရွိတယ္။ ဗုဒၡဘာသာလဲ အဲဒီနည္းနဲ႔ ျမန္မာျပည္ထဲေရာက္လာတယ္လို႔ ယူဆၾကတယ္။ ၄ ရာစုကတည္းက ျပည္ျမိဳ႕နားမွာ ဗုဒၡဘာသာေရာက္ေနျပီ။

ဗမာအစ
သံလြင္ျမစ္နဲ႔ မဲေခါင္ျမစ္ေတြက ရွည္လ်ားၾကတယ္။ တိဗက္ကုန္းျမင့္ကေန ျမစ္ဖ်ားခံျပီး ယူနန္၊ ျမန္မာ၊ လာအိုးစ္၊ ထိုင္းနဲ႔ ကေမာၻဒီးယားကို စီးဝင္တယ္။ ဒီျမစ္ေတြရဲ႕ျမစ္ဝွမ္းေတြနဲ႔ ျမစ္လက္တက္ေတြကလည္း ဒီတိုင္းျပည္ေတြရဲ႕ နယ္နိမိတ္ေတြ ျဖစ္တယ္။ ျမန္မာႏိုင္ငံဟာ အိႏၵိယနဲ႔တရုပ္ၾကား အေဝးေျပးလမ္းမၾကီးနဲ႔တူတယ္။ ဒီႏိုင္ငံၾကီးႏွစ္ခုမွာ ယဥ္ေက်းမႈၾကီးေတြ ထြန္းကားခဲ့တယ္။ ခရီးသြားေတြ၊ ကုန္သြယ္မႈေတြမ်ားျပားလို႔ ျမန္မာလူမ်ိဳးေတြဟာ အဲဒီႏိုင္ငံေတြကေန ေျပာင္းေရႊ႕အေျခခ် ေနထိုင္သူေတြျဖစ္မယ္။ ယူနန္မွာေနၾကတဲ့ လူနည္းစုတိုင္းရင္းသား အေတာ္မ်ားမ်ားလည္း ျမန္မာျပည္မွာ ေနထိုင္ၾကတယ္။ ကူမင္း (ေကြ႔မင္) တိုင္းရင္းသားျပတိုက္မွာ ျမန္မာျပည္က တိုင္းရင္းသားေတြအတိုင္းပဲ ရွိတယ္။

ဗမာေတြက တိဘက္တို-ဗားမင္းစကားေျပာတယ္။ ကေန႔ ယူနန္ထဲက Yi (Nuosu) ယီ (ႏူဆူ) နဲ႔ ဆင္တယ္။ ဒီလို ဆင္တူသူေတြဟာ ယူနန္၊ ဇီခြ်မ္ေတာင္ပိုင္းနဲ႔ ဗမာေတြျဖစ္ၾကတယ္။ (ဟန္) မင္းဆက္ကာလမွာ ယူနန္ကို အဲလို Burmese-Yi ျမန္မာ-ယီစကားေျပာသူေတြက Dian (ဒုိင္ယန္) နဲ႔ Yelang (ရဲလန္း) ႏိုင္ငံေတြရွိခဲ့ၾကတယ္။ Tang (တန္) မင္းဆက္တံုးက ယူနန္နဲ႔ ျမန္မာျပည္ အထက္ပိုင္းကို ျမန္မာ-ယီစကားေျပာ Nanzhao နန္ေခ်ာင္မင္းေတြ အုပ္စိုးခဲ့ၾကတယ္။ အဲဒီကာလမွာပဲ ဧရာဝတီျမစ္ေၾကာင္းကေန ျမန္မာျပည္ျဖစ္လာမယ့္ဆီကို အေျမာက္အျမား ေရာက္လာၾကတယ္လို႔ ယူဆရတယ္။

ဒိေနာက္ ပုဂံကုိတည္ေထာင္တယ္။ နာမည္ေပးပံုကလည္း နန္ေခ်ာင္မင္းေတြနဲ႔ ဆင္တူတယ္။ ဟန္လင္းမွာေတြ႔တဲ့ ရုပ္တုေတြကလည္း နန္ေခ်ာင္မင္းဆက္က ရုပ္တုေတြနဲ႔တူတယ္။ ယူနန္ေျမာက္ဖက္က Xixia (ဇီဇီယာ) Tanguts (တန္းဂတ္စ္) ေတြကလည္း တိဘက္တိုဗားမင္း စကားမ်ိဳးေျပာၾကတယ္။ ဒါေၾကာင့္ ျမန္မာျပည္ကလူမ်ိဳးစု အေတာ္မ်ားမ်ားက ယူနန္ကေနလာတဲ့ နန္ေခ်ာင္ဆက္ေတြျဖစ္မယ္။

တိဘက္တို-ဗားမင္းဆိုတာ လူမ်ိဳးကုိေရာ ဘာသာစကားကိုပါသံုးတယ္။ ဗမာ (ျမန္မာ) စကားဟာ တိဘက္တို-ဗားမင္း ျဖစ္ေပမယ့္ ေရးတဲ့စာလံုးက အိႏၵိယေတာင္ပိုင္းက Telugu (တယ္လူဂူ) စာနဲ႔ ဆင္တူတယ္။ ျမန္မာသဒၵါက ဟင္ဒီနဲ႔ အေတာ္တူတယ္။ က၊ ခ၊ ဂ၊ ဃ၊ င။

ေဒါက္တာတင့္ေဆြ
၅-၄-၂ဝ၁၅
Map = 1667, Map of India Orientalis from the Center for Burma Studies, Northern Illinois University
Tint Swe
January 19 near Indianapolis, IN
.......................
Ancient Burma ရှေးမြန်မာတွေ

ကနေ့မြန်မာပြည်နေရာကို လူတွေ အစောဆုံးနေထိုင်ခဲ့တာဟာ နှစ်ပေါင်း ၁၁ဝဝဝ ရှိပြီ။ ရှေးဟောင်းသုတေသန အထောက်အထားအရတော့ ဘီစီ ၂၅ဝဝ ကစတယ်လို့သာ တွေ့ထားသေးတယ်။ ကြေးခေတ်ဖြစ်တယ်။ ဘုတလင်မြို့ အနောက်ဖက် ညောင်ကန်မှာ ကြေးခေတ်လက်ရာတွေ တွေ့ထားတယ်။ မန္တလေးအနားက စမုန်ဒေသမှာ ဘီစီ ၅ဝဝ နဲ့ အေဒီ ၂ဝဝ ကြားလို့သိလာတယ်။ ဧရာဝတီလွင်ပြင်မှာ ဘီစီ ၁၅ဝဝ ကတည်းက သံထည်တွေတွေ့ထားတယ်။

ဥရောပမှာ မြို့ပြနိုင်ငံတွေ ပေါ်ပေါက်လာခဲ့တာက ဒိထက်နောက်ကျမယ်။ ယဉ်ကျေးမှုဖြစ်ထွန်းခဲ့တာမှာ မွန်က အစောဆုံးဖြစ်တယ်။ မွန်တွေက သထုံကို ဘီစီ ၃ဝဝဝ လောက်မှာတည်ခဲ့တယ်။ ဗမာလူမျိုးအစလို့ပြောနိုင်တဲ့ ပျူလူမျိုးတွေက ပြည်တဝှိုက်မှာ နေခဲ့ကြတယ်။ သရေခတ္တရာနဲ့ ဗိဿနိုးမှာတွေ့ထားတယ်။ တရုပ်ပြည် (ကွင်) နဲ့ (ဟန်) မင်းဆက်နဲ့ ကူးလူး ဆက်ဆံခဲ့တယ်။

ကာလသတ်မှတ်မှု
- ရ၅ဝဝဝ - ၂၇၅ဝဝဝ = Lower Palaeolithic men (early Anyathian) ဧရာဝတီမြစ်ကမ်းဘေး။
- ၂၇၅ဝဝဝ - ၂၅ဝဝဝ = Palaeolithic men (late Anyathian) ဧရာဝတီမြစ်ကမ်းဘေး + အလယ်ပိုင်း။
- ၁၁ဝဝဝ = Upper Palaeolithic men ပြဒါးလင်းဂူ၊ ရွာငန်မြို့နယ်၊ ရှမ်းပြည်နယ်။
- ရဝဝဝ - ၂ဝဝဝ = Neolithic men ကချင်၊ ရှမ်း၊ မွန်၊ တနင်္သာရီ၊ ချင်းတွင်းမြစ်ဘေး၊ ဧရာဝတီမြစ်ဘေး။
- ၁ဝဝဝ - ၈ဝဝ =Bronze Age Culture ကြေးခေတ်။
- ၆ဝဝ - ၅ဝဝ = Iron Age Culture သံခေတ်။

မြန်မာနိုင်ငံနေရာကို လူတွေဘယ်အရပ်ဒေသတွေကနေ ပြောင်းရွေ့နေထိုင်လာခဲ့ကြသလည်း
(က) တရုပ်ပြည်ကတဆင့်
(အော်စထိုအေးရှန်း) တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၈ဝဝဝ မှာ တရုပ်ပြည်မကြီးနဲ့ တိုင်ဝမ်အထိ ရောက်လာတယ်။ ပြောတဲ့ ဘာသာစကားကောက်ချက်အရ အဲလိုယူဆတာဖြစ်တယ်။ (ဟန်) တရုပ်တွေ တိုင်ဝမ်ကို ရောက်လာတော့ တိုင်းရင်းသား လူနည်းစုတွေဖြစ်ကြတဲ့ နောင်မှာ (တိဗက်တိုဗားမင်း + ရှမ်း + မွန်) လို့ ဖြစ်လာကြမယ့်သူတွေက တရုပ်ပြည် တောင်ဖက်ကို ပြောင်းရွှေ့လာခဲ့ကြရတယ်။ မြစ်ဝါမြစ်မြောက်ဖက်ကို အရင်ရောက်လာကြတယ်။ တချို့ သုတေသနက မြစ်ဝါမြစ်မြောက်ဖက်ကို ဘီစီ ၂၅၁၅ မှာ ရောက်တယ်လို့ဆိုတယ်။ တရုပ်မှတ်တမ်းမှာ ဘီစီ ၈၅ဝ လို့တွေ့ရတယ်။

ဒိနောက်မှာ အာရှအလယ်ပိုင်းကနေ လာသူတွေက အရင်ရောက်နေသူတွေကို တောင်ဖက်ဆီမောင်းထုတ်လိုက်တယ်။ မြစ်ဝါနဲ့ ယန်စီမြစ်ကြား ရောက်လာကြတယ်။ ယူနန်ဒေသအထိပါတယ်။ ဆက်ဆင်းရင် ကနေ့မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုပ်ပြည်မြောက်ပိုင်းမှာ တရုပ်မဟုတ်တဲ့ ဘုရင်နိုင်ငံ ၁၆ ခုထူထောင်ခဲ့တယ်။ တာ့ခ်၊ မွန်ဂိုးလီးယန်းနဲ့ တိဗက်တန်တွေ ဖြစ်ကြတယ်။ ယူနန်သမိုင်းနဲ့ မြန်မာ့သမိုင်း ဆက်စပ်နေတယ်။ (ယွန်မို) လူသားတွေကစတယ်။ ဘီစီ ၁ဝ၉ မှာ အင်ပါယာ (ဝူ) ကနေ စစ်သူကြီး (ဂိုချန်း) ကို ယူနန်တောင်ဖက်လွှတ်တော့ လက်အောက်ခံတိုင်းပြည်ငယ် ၂၄ ခုဖြစ်ထွန်းလာတယ်။ မြန်မာနဲ့အိန္ဒိယကို ကုန်ကူးဘို့ဖြစ်တယ်။ (တိုင်) တွေနဲ့ ဆက်စပ်နေတယ်လို့ယုံကြည့်ကြတယ်။ (ယူနန်) ကို (ဟန်) တွေက သိမ်းပိုက်လိုက်တော့ အင်ဒီးယန်းလူမျိုးစုတွေနေခဲ့တဲ့ အထောက်အထားတွေ့ရတယ်။ (မွန်ဂို) တွေက ယူနန်ကို အုပ်စိုးတယ်။ ၁၂၅၃ မှာ မွန်ဂိုဘုရင် (ကုဗလခန်) ယူနန်ကိုသိမ်းတယ်။ ဌာနေလူတွေကို အဝေးနှင်တယ်။

တိဗက်သမိုင်းနဲ့ မြန်မာ့သမိုင်းလည်း ဆက်စပ်နေတယ်။ တိဗက်ရောမြန်မာတို့ဟာ တရုပ်နဲ့ အိန္ဒိယကြားမှာညပ်နေရပြီး အချင်ချင်း ဟိမဝန္တာနဲ့ တိဗက်ကုန်းပြင်မြင့်က ပိုင်းခြားထားခံရတယ်။ (တိဗက်တို-ဗားမင်း) ဘာသာစကာအုပ်စုကို ပြောဆိုကြတယ်။

(ခ) အိန္ဒိယကတဆင့်
အစောဆုံးက ပါကစ္စတန်မြို့တော် အစ္စလမ်မာဘတ်အနားမှာ ကျောက်ခေတ်အစအနတွေတွေ့ရတယ်။ ၁၅ဝဝဝ နှစ်ကြာပြီ။ ဘီစီ ၃၃ဝဝ ကတည်းက အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုဖြစ်ထွန်းခဲ့တယ်။ အဲဒီနေရာကနေ နှစ်ပေါင်း ၆ဝဝဝ ကစပြီး လူတွေ ပြောင်းရွှေ့ထွက်ခွါကြတယ်။ အိန္ဒိယမြောက်ပိုင်းဆီ (အင်ဒိုအာရိယန်) ပြောင်းရွှေ့ခြင်းရှိလာတယ်။ ဘီစီ ၁၈ဝ ကတည်းက အာရှအလယ်ပိုင်းကလူတွေ ထိုးဖေါက်လာတယ်။ ပထမ (ရာဂျင်ဒရာ ချိုလား) ကနေ သီရိလင်္ကာ၊ အနောက်ဘင်္ဂလား၊ မြန်မာနဲ့ စုမားတရားတစိတ်တပိုင်းတွေကိုသိမ်းခဲ့တယ်။ ဘီစီ ၅ဝဝ ကတည်းက ဗုဒ္ခဘာသာဝင် (သြရိသ) ကိုလိုနီတွေ မြန်မာပြည်ဖြစ်လာမယ့် ဧရာဝတီမြစ်ဝှမ်းအထိရှိခဲ့တယ်။ ဘုရားစေတီတွေတည်ခဲ့တယ်။ ဘီစီ ၁၈ဝ မှာ (တယ်လူဂူ) ဟင်ဒူကိုလိုနီတွေ မြန်မာပြည်ဖြစ်လာမယ့် ဟံသာဝတီမွန်မြို့နဲ့ သန်လျှင်မြို့ကိုရောက်တယ်။ မြန်မာပြည်က တကောင်းမင်းဆက်မှာ ဒွတ္တဘောင်မင်းရဲ့မိဘတွေဟာ ဗိဿနိုးဘုရင်မနဲ့ အမျိုးစပ်ထားတယ်ဆိုတာ မခိုင်မာဘူး။ ဒီရာဇဝင်တွေဟာ ဗုဒ္ခဘာသာနဲ့ ဟင်ဒူကိုးကွယ်မှုအရဖြစ်နေပုံရတယ်။

၂ ရာစုကတည်းက မြန်မာပြည်က ပင်လယ်ခရီးသွားတွေဟာ အိန္ဒိယတောင်ပိုင်းနဲ့ဆက်ခဲ့တဲ့ အထောက်အထားတွေ ရှိတယ်။ ဗုဒ္ခဘာသာလဲ အဲဒီနည်းနဲ့ မြန်မာပြည်ထဲရောက်လာတယ်လို့ ယူဆကြတယ်။ ၄ ရာစုကတည်းက ပြည်မြို့နားမှာ ဗုဒ္ခဘာသာရောက်နေပြီ။

ဗမာအစ
သံလွင်မြစ်နဲ့ မဲခေါင်မြစ်တွေက ရှည်လျားကြတယ်။ တိဗက်ကုန်းမြင့်ကနေ မြစ်ဖျားခံပြီး ယူနန်၊ မြန်မာ၊ လာအိုးစ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားကို စီးဝင်တယ်။ ဒီမြစ်တွေရဲ့မြစ်ဝှမ်းတွေနဲ့ မြစ်လက်တက်တွေကလည်း ဒီတိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့တရုပ်ကြား အဝေးပြေးလမ်းမကြီးနဲ့တူတယ်။ ဒီနိုင်ငံကြီးနှစ်ခုမှာ ယဉ်ကျေးမှုကြီးတွေ ထွန်းကားခဲ့တယ်။ ခရီးသွားတွေ၊ ကုန်သွယ်မှုတွေများပြားလို့ မြန်မာလူမျိုးတွေဟာ အဲဒီနိုင်ငံတွေကနေ ပြောင်းရွှေ့အခြေချ နေထိုင်သူတွေဖြစ်မယ်။ ယူနန်မှာနေကြတဲ့ လူနည်းစုတိုင်းရင်းသား အတော်များများလည်း မြန်မာပြည်မှာ နေထိုင်ကြတယ်။ ကူမင်း (ကွေ့မင်) တိုင်းရင်းသားပြတိုက်မှာ မြန်မာပြည်က တိုင်းရင်းသားတွေအတိုင်းပဲ ရှိတယ်။

ဗမာတွေက တိဘက်တို-ဗားမင်းစကားပြောတယ်။ ကနေ့ ယူနန်ထဲက Yi (Nuosu) ယီ (နူဆူ) နဲ့ ဆင်တယ်။ ဒီလို ဆင်တူသူတွေဟာ ယူနန်၊ ဇီချွမ်တောင်ပိုင်းနဲ့ ဗမာတွေဖြစ်ကြတယ်။ (ဟန်) မင်းဆက်ကာလမှာ ယူနန်ကို အဲလို Burmese-Yi မြန်မာ-ယီစကားပြောသူတွေက Dian (ဒိုင်ယန်) နဲ့ Yelang (ရဲလန်း) နိုင်ငံတွေရှိခဲ့ကြတယ်။ Tang (တန်) မင်းဆက်တုံးက ယူနန်နဲ့ မြန်မာပြည် အထက်ပိုင်းကို မြန်မာ-ယီစကားပြော Nanzhao နန်ချောင်မင်းတွေ အုပ်စိုးခဲ့ကြတယ်။ အဲဒီကာလမှာပဲ ဧရာဝတီမြစ်ကြောင်းကနေ မြန်မာပြည်ဖြစ်လာမယ့်ဆီကို အမြောက်အမြား ရောက်လာကြတယ်လို့ ယူဆရတယ်။

ဒိနောက် ပုဂံကိုတည်ထောင်တယ်။ နာမည်ပေးပုံကလည်း နန်ချောင်မင်းတွေနဲ့ ဆင်တူတယ်။ ဟန်လင်းမှာတွေ့တဲ့ ရုပ်တုတွေကလည်း နန်ချောင်မင်းဆက်က ရုပ်တုတွေနဲ့တူတယ်။ ယူနန်မြောက်ဖက်က Xixia (ဇီဇီယာ) Tanguts (တန်းဂတ်စ်) တွေကလည်း တိဘက်တိုဗားမင်း စကားမျိုးပြောကြတယ်။ ဒါကြောင့် မြန်မာပြည်ကလူမျိုးစု အတော်များများက ယူနန်ကနေလာတဲ့ နန်ချောင်ဆက်တွေဖြစ်မယ်။

တိဘက်တို-ဗားမင်းဆိုတာ လူမျိုးကိုရော ဘာသာစကားကိုပါသုံးတယ်။ ဗမာ (မြန်မာ) စကားဟာ တိဘက်တို-ဗားမင်း ဖြစ်ပေမယ့် ရေးတဲ့စာလုံးက အိန္ဒိယတောင်ပိုင်းက Telugu (တယ်လူဂူ) စာနဲ့ ဆင်တူတယ်။ မြန်မာသဒ္ဒါက ဟင်ဒီနဲ့ အတော်တူတယ်။ က၊ ခ၊ ဂ၊ ဃ၊ င။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၅
Map = 1667, Map of India Orientalis from the Center for Burma Studies, Northern Illinois University
Tint Swe
January 19 near Indianapolis, IN ·




No comments:

Post a Comment