Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 8, 2016

အတန္ငယ္ျပင္းထန္ေသာ အသုံးအႏႈန္းမ်ားျဖင့္ AA ေသာင္းက်န္းသူမ်ားကို အၿပီးတိုင္ ေခ်မႈန္းမည္ဟု တပ္မေတာ္ပိုင္ ျမ၀တီသတင္းစာ ေဖာ္ျပ



 တစ္ဖက္ႏိုင္ငံမွ ကုလားဆိုး အၾကမ္းဖက္ အဖြဲ႔အစည္းမ်ား၊ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားနွင့္ ခ်ိတ္ဆက္ရန္ ႀကိဳးပမ္းသည့္ AA ေသာင္းက်န္းသူမ်ားကို အၿပီးတိုင္ ေခ်မႈန္းသြားမည္ ျဖစ္ေၾကာင္း အတန္ငယ္ ျပင္းထန္ေသာ အသံုးႏႈန္းမ်ားျဖင့္ ေရးသားထားသည့္ သတင္းထုတ္ျပန္ခ်က္ သတင္းတစ္ပုဒ္ကို တပ္မေတာ္
ပိုင္ ျမ၀တီသတင္းဌာနက ဇန္န၀ါရီလ ၇ ရက္ေန႔ ရက္စြဲျဖင့္ သတင္းေဖာ္ျပထားသည္။

ဒီဇင္ဘာလ ၂၈ ရက္ေန႔မွစ၍ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရမ္းေခ်ာင္း - ႐ူးေခ်ာင္း နယ္ေျမအတြင္း AA ေသာင္းက်န္းသူအဖြဲ႔ ၀င္ေရာက္ လာသည့္အတြက္ နယ္ေျမရွင္းလင္းေရး တိုက္ပြဲမ်ားကို တပ္မေတာ္က ဆင္ႏႊဲခဲ့ရာ ဇန္န၀ါရီလ ၄ ရက္ေန႔အထိ တိုက္ပြဲ ၁၅ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး တပ္ရင္းမွဴးအဆင့္ရိွ အရာရိွတစ္ဦး အပါ၀င္ စစ္သည္အခ်ဳိ႕ ႏိုင္ငံေတာ္အတြက္ အသက္ေပးလွဴ ခဲ့ရကာ ဒဏ္ရာရိွသူ အခ်ဳိ႕ရိွခဲ့ေၾကာင္း ျမ၀တီက အတည္ျပဳ ထားသည္။

ယခုကဲ႔သို႔ ႏိုင္ငံလံုးဆိုင္ရာ အပစ္ခတ္ရပ္စဲၿပီး ေနာက္ပိုင္း ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား က်င္းပေနခ်ိန္တြင္ AA အဖြဲ႔က တည္ၿငိမ္မႈ ပ်က္ျပားေစရန္ ေဆာင္ရြက္လာခဲ့ၿပီး AA မွာ KIA ၏ ၄င္းအေပၚ စစ္ေရးအရ ဖိအားမ်ား ေလ်ာ့နည္းေစရန္ ဖန္တီးဖြဲ႔စည္းေပး ထားေသာ အဖြဲ႔သာ ျဖစ္ေၾကာင္း တပ္မေတာ္ပိုင္ ျမ၀တီသတင္းတြင္ ေဖာ္ျပထားသည္။

လတ္တေလာ တိုက္ပြဲကာလအတြင္း AA အေနျဖင့္ ပလက္၀ျမိဳ႕နယ္ အတြင္းမွ အမ်ဳိးသား ငါးဦးနွင့္ အမ်ဳိးသမီး ႏွစ္ဦးကိုလည္း ဖမ္းဆီးထားေၾကာင္း ျမ၀တီသတင္းတြင္ ေဖာ္ျပထားသည္။

"သူက ဘယ္လို အေထာက္အထားနဲ႕ ေျပာမွန္းေတာ့ မသိဘူး ။ တစ္ဖက္ႏိုင္ငံက ကုလားဆိုးေတြနဲ႕ ကေတာ့ ညီအစ္ကိုရင္းခ်ာ ကိုယ့္အခ်င္းခ်င္းဆိုတဲ့ စိတ္ဓာတ္မ်ိဳး ထားလို႕မရဘူး ၊ အထူးသျဖင့္ ရခိုင္ေတြ စိတ္ထဲမွာ အဲ့လိုပူးေပါင္းဖို႕ ရွိမယ္ဆိုတာကို  ကၽြန္ေတာ္ကေတာ့ လုံး၀မယုံဘူး ၊ သူတို႕ေတြ ဘယ္လို အေထာက္အထားနဲ႕ စြပ္စြဲတယ္ဆိုတာေတာ့ မသိဘူး၊ ကိုယ့္ရခိုင္ အခ်င္းခ်င္းေပၚတာဆြဲဖို႕ ဆိုတာကိုလည္း ေတာ္ေတာ္ တြန္႕ပါလိမ့္မယ္ ” ဟု ေျမပံုၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္ၿပီး ရခိုင္အမ်ဳိးသား တစ္ဦးျဖစ္သူ ဦးေဖသန္းက ေျပာသည္။

AA ရခိုင္တပ္ဖြဲ႔နွင့္ အစိုးရတပ္မေတာ္ တို႔အၾကား ေက်ာက္ေတာ္ ၿမိဳ႕နယ္အတြင္း လတ္တေလာ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ရာႏွင့္ခ်ီသည့္ ေဒသခံမ်ားေနရပ္စြန္႔ခြာ ထြက္ေျပးေနရၿပီး တိုက္ပြဲမ်ားအတြင္း တပ္မေတာ္ဘက္မွ ရဲတပ္ရင္းမ်ားကို အသံုးျပဳျခင္းမ်ားလည္း ရိွခဲ့ေၾကာင္း AA ဘက္မွ သတင္းထုတ္ျပန္ထားသည္။

AA မွာ ႏိုင္ငံလံုးဆိုင္ရာ အပစ္ခတ္ရပ္စဲေရး ျပဳလုပ္ရန္အတြက္ အစိုးရဘက္မွ ေဆြးေႏြးဖက္အျဖစ္ သတ္မွတ္ခံရျခင္း မရိွသည့္ အဖြဲ႔ျဖစ္ၿပီး တ႐ုတ္ျမန္မာနယ္စပ္တြင္ အေျခစိုက္ေနရာမွာ ၿပီးခဲ့သည့္နွစ္က ကိုးကန္႔တိုက္ပြဲမ်ားတြင္ ပါ၀င္ခဲ့ၿပီးသည့္ေနာက္ ရခိုင္ျပည္နယ္ အတြင္းသို႔ ၀င္ေရာက္ အေျခခ်ရန္ ႀကိဳးစားလာခဲ့ျခင္း ျဖစ္သည္။

"တပ္ဆိုတာ တစ္ခ်ိန္က လက္နက္ကိုင္ တပ္ဖြဲ႕ေတြက သူတို႕ရဲ႕ ရန္သူဆိုတာ ဟုတ္ေကာင္း ဟုတ္ႏိုင္ေပမယ့္ ဒီေန႕ေတာ့ ရန္သူရယ္လို႕ မရွိေတာ့ပါဘူး ။ အကုန္လုံး ေဆြးေႏြးပြဲ စားပြဲ၀ိုင္းကို လာေနၾကပါၿပီ ။ လာဖို႔လည္း တာစူေနၾကပါၿပီ ။ အဲ့ဒါေၾကာင့္ ေရရွည္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ သတ္မယ္ ၊ ပုတ္မယ္
ေျပာေနမယ့္အစား တိုင္းျပည္ မနစ္နာရေအာင္ တိုင္းရင္းသား အခ်င္းခ်င္းေသေက်ပ်က္စီးမႈ မျဖစ္ရေအာင္ ေဆြးေႏြးပြဲစားပြဲ ၀ိုင္းကိုပဲလာဖို႕ ဖိတ္ေခၚသင့္ပါတယ္” ဟု ဦးေဖသန္းက မွတ္ခ်က္ျပဳ ေျပာသည္။

တပ္မေတာ္ပိုင္ ျမ၀တီသတင္း ေဖာ္ျပခ်က္မွာ တိုက္ပြဲတြင္ တပ္မေတာ္သားမ်ား အနည္းငယ္ က်ဆံုးသျဖင့္ အတန္ငယ္ ျပင္းထန္ေသာ အသံုးႏႈန္းမ်ားျဖင့္ ေဖာ္ျပခဲ့ ဟန္ရိွသည္ဟု ေလ့လာသူမ်ားက ဆိုၾကၿပီး ပဋိပကၡမ်ား ပိုမိုျပင္းထန္လာေစမည့္ အသံုးႏႈန္းမ်ားျဖင့္ သံုးႏႈန္းမည့္အစား သတင္းမီဒီယာ က်င့္၀တ္ႏွင့္အညီ ေဖာ္ျပသင့္ေၾကာင္း ၀ါရင့္ သတင္းမီဒီယာမ်ားက ေ၀ဖန္ေျပာဆိုၾကသည္။

" ျမ၀တီက သတင္းသမားေတြကုုိ ပုုဂၢလိက သတင္း သင္တန္းေက်ာင္းေတြမွာတက္ခြင့္ မေပးဘူးလား။ သတင္းေရးနည္းက မဆလ ေခတ္မွာ က်န္ေနဆဲလိုလိုျဖစ္ေနတယ္ " ဟု ေနာ္ေ၀ႏိုင္ငံတြင္ အေျခစိုက္ ေနထိုင္သည့္ သတင္းစာဆရာ တစ္ဦးျဖစ္သူ ကိုထက္ေအာင္ေက်ာ္က ေျပာသည္။

သတင္း - ေဇာ္မင္းထြန္း
Photo - MOI
The Ladies News Journal
https://www.facebook.com/News.TheLadies
..............
 ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Yangon Traffic Police Facebook)
    ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၊ လူသေဆုံးမှုများမှာ နှစ်အလိုက် စာရင်းများအရ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီး ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ယာဉ်မတော်တဆမှုပေါင်း ၁၅၃၀၆ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄,၂၃၃ ဦး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ ့မှသိရသည်။

နှစ်အလိုက် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ယာဉ် မတော်တဆမှု ၉,၇၆၂ မှု ဖြစ်ပွားပြီး သေဆုံးသူ ၂,၈၁၁ ဦး ၊ ၂၀၁၂ ခုနှစ်တွင် ၁၁,၆၄၉ မှု ၊ သေဆုံးသူ ၃,၃၂၆ ဦး ၊ ၂၀၁၃ ခုနှစ်တွင် ၁၃,၉၀၇ မှု ၊ သေဆုံးသူ ၃,၆၁၂ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ၁၄,၇၈၁ မှု ၊ သေဆုံးသူ ၄,၁၆၃ ဦး ရှိခဲ့ရာ ယာဉ်မတော်တဆမှုများနှင့် သေဆုံးသူ ဦးရေသည် တစ်နှစ်ထက် တစ်နှစ် ပိုပြီး များလာခဲ့ကြောင်း သိရသည်။

ထိုအတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ ့အင်အား ၂,၇၃၆ ဦးဖြင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များ လျော့နည်းရန် ပညာပေးခြင်း ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း စစ်ဆေးခြင်း ၊ စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို အရေးယူခြင်း ၊ လူစည်ကားရာ နေရာများနှင့် မော်တော်ယာဉ် အသုံးပြုမှု များပြားသည့် လမ်းများတွင် ယာဉ်ကြော ရှင်းလင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 တစ်ဖက်နိုင်ငံမှ ကုလားဆိုး အကြမ်းဖက် အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန် ကြိုးပမ်းသည့် AA သောင်းကျန်းသူများကို အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ကြောင်း အတန်ငယ် ပြင်းထန်သော အသုံးနှုန်းများဖြင့် ရေးသားထားသည့် သတင်းထုတ်ပြန်ချက် သတင်းတစ်ပုဒ်ကို တပ်မတော်
ပိုင် မြဝတီသတင်းဌာနက ဇန်နဝါရီလ ရ ရက်နေ့ ရက်စွဲဖြင့် သတင်းဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ကျောက်တော်မြို့နယ် ရမ်းချောင်း - ရူးချောင်း နယ်မြေအတွင်း AA သောင်းကျန်းသူအဖွဲ့ ၀င်ရောက် လာသည့်အတွက် နယ်မြေရှင်းလင်းရေး တိုက်ပွဲများကို တပ်မတော်က ဆင်နွှဲခဲ့ရာ ဇန်နဝါရီလ ၄ ရက်နေ့အထိ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူးအဆင့်ရှိ အရာရှိတစ်ဦး အပါ၀င် စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရကာ ဒဏ်ရာရှိသူ အချို့ရှိခဲ့ကြောင်း မြဝတီက အတည်ပြု ထားသည်။

ယခုကဲ့သို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် AA အဖွဲ့က တည်ငြိမ်မှု ပျက်ပြားစေရန် ဆောင်ရွက်လာခဲ့ပြီး AA မှာ KIA ၏ ၄င်းအပေါ် စစ်ရေးအရ ဖိအားများ လျော့နည်းစေရန် ဖန်တီးဖွဲ့စည်းပေး ထားသော အဖွဲ့သာ ဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းတွင် ဖော်ပြထားသည်။

လတ်တလော တိုက်ပွဲကာလအတွင်း AA အနေဖြင့် ပလက်ဝမြို့နယ် အတွင်းမှ အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း မြဝတီသတင်းတွင် ဖော်ပြထားသည်။

"သူက ဘယ်လို အထောက်အထားနဲ့ ပြောမှန်းတော့ မသိဘူး ။ တစ်ဖက်နိုင်ငံက ကုလားဆိုးတွေနဲ့ ကတော့ ညီအစ်ကိုရင်းချာ ကိုယ့်အချင်းချင်းဆိုတဲ့ စိတ်ဓာတ်မျိုး ထားလို့မရဘူး ၊ အထူးသဖြင့် ရခိုင်တွေ စိတ်ထဲမှာ အဲ့လိုပူးပေါင်းဖို့ ရှိမယ်ဆိုတာကို  ကျွန်တော်ကတော့ လုံးဝမယုံဘူး ၊ သူတို့တွေ ဘယ်လို အထောက်အထားနဲ့ စွပ်စွဲတယ်ဆိုတာတော့ မသိဘူး၊ ကိုယ့်ရခိုင် အချင်းချင်းပေါ်တာဆွဲဖို့ ဆိုတာကိုလည်း တော်တော် တွန့်ပါလိမ့်မယ် ” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

AA ရခိုင်တပ်ဖွဲ့နှင့် အစိုးရတပ်မတော် တို့အကြား ကျောက်တော် မြို့နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ရဲတပ်ရင်းများကို အသုံးပြုခြင်းများလည်း ရှိခဲ့ကြောင်း AA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

AA မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန်အတွက် အစိုးရဘက်မှ ဆွေးနွေးဖက်အဖြစ် သတ်မှတ်ခံရခြင်း မရှိသည့် အဖွဲ့ဖြစ်ပြီး တရုတ်မြန်မာနယ်စပ်တွင် အခြေစိုက်နေရာမှာ ပြီးခဲ့သည့်နှစ်က ကိုးကန့်တိုက်ပွဲများတွင် ပါ၀င်ခဲ့ပြီးသည့်နောက် ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက် အခြေချရန် ကြိုးစားလာခဲ့ခြင်း ဖြစ်သည်။

"တပ်ဆိုတာ တစ်ချိန်က လက်နက်ကိုင် တပ်ဖွဲ့တွေက သူတို့ရဲ့ ရန်သူဆိုတာ ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့် ဒီနေ့တော့ ရန်သူရယ်လို့ မရှိတော့ပါဘူး ။ အကုန်လုံး ဆွေးနွေးပွဲ စားပွဲဝိုင်းကို လာနေကြပါပြီ ။ လာဖို့လည်း တာစူနေကြပါပြီ ။ အဲ့ဒါကြောင့် ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက် သတ်မယ် ၊ ပုတ်မယ်
ပြောနေမယ့်အစား တိုင်းပြည် မနစ်နာရအောင် တိုင်းရင်းသား အချင်းချင်းသေကျေပျက်စီးမှု မဖြစ်ရအောင် ဆွေးနွေးပွဲစားပွဲ ၀ိုင်းကိုပဲလာဖို့ ဖိတ်ခေါ်သင့်ပါတယ်” ဟု ဦးဖေသန်းက မှတ်ချက်ပြု ပြောသည်။

တပ်မတော်ပိုင် မြဝတီသတင်း ဖော်ပြချက်မှာ တိုက်ပွဲတွင် တပ်မတော်သားများ အနည်းငယ် ကျဆုံးသဖြင့် အတန်ငယ် ပြင်းထန်သော အသုံးနှုန်းများဖြင့် ဖော်ပြခဲ့ ဟန်ရှိသည်ဟု လေ့လာသူများက ဆိုကြပြီး ပဋိပက္ခများ ပိုမိုပြင်းထန်လာစေမည့် အသုံးနှုန်းများဖြင့် သုံးနှုန်းမည့်အစား သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ဖော်ပြသင့်ကြောင်း ၀ါရင့် သတင်းမီဒီယာများက ဝေဖန်ပြောဆိုကြသည်။

" မြဝတီက သတင်းသမားတွေကုုိ ပုုဂ္ဂလိက သတင်း သင်တန်းကျောင်းတွေမှာတက်ခွင့် မပေးဘူးလား။ သတင်းရေးနည်းက မဆလ ခေတ်မှာ ကျန်နေဆဲလိုလိုဖြစ်နေတယ် " ဟု နော်ဝေနိုင်ငံတွင် အခြေစိုက် နေထိုင်သည့် သတင်းစာဆရာ တစ်ဦးဖြစ်သူ ကိုထက်အောင်ကျော်က ပြောသည်။

သတင်း - ဇော်မင်းထွန်း
Photo - MOI
The Ladies News Journal
https://www.facebook.com/News.TheLadies

 (Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment