ရိကၡာ အစား ေငြေၾကး ေထာက္ပံ့ဖို႔ WFP က စီစဥ္ |
တစ္လမွာ ဒုကၡသည္ တစ္ဦးကို ေထာက္ပံ့ေငြ က်ပ္ ခုႏွစ္ေထာင္ ကေန တစ္ေသာင္း သုံးေထာင္ အထိ ေပးမွာ ျဖစ္ၿပီး ဒုကၡသည္ေတြကို ႀကိဳတင္ အသိေပး ခဲ့ၿပီးလည္း ျဖစ္ပါတယ္။
အဆိုပါ ေငြေၾကး ေျပာင္းလဲ ေထာက္ပံ့မယ့္ အစီအစဥ္ကို ေဒသတြင္းမွာ ဒုကၡသည္ ေတြကို အကူ အညီ ေပးေနတဲ့ လူမွုေရး အသင္းအဖြဲ႕ေတြကို ႀကိဳတင္ အသိေပး အေၾကာင္း ၾကား ခဲ့တယ္လို႔ KBC ခရစ္ယန္ အသင္းရဲ့ ဓမၼဆရာ ဦးဘြန္ခမ္း က ေျပာ ပါတယ္။
ဒုကၡသည္ စခန္း အျပင္ထြက္ အလုပ္ လုပ္နိုင္သူေတြကို က်ပ္ ၇ဝဝ၀ ႏွုန္း၊ ဝင္ေငြမရွိသူေတြကို က်ပ္ ၉ဝဝ၀ ႏွုန္း၊ ကေလး သက္ႀကီး ရြယ္အိုနဲ႔ မသန္စြမ္း သူေတြကို က်ပ္ ၁၃ဝဝ၀ ႏွုန္း ေပးမွာ ျဖစ္တယ္လို႔ ဒုကၡသည္ ေတြကို အသိေပး လာတဲ့ အေၾကာင္း ျမစ္ႀကီးနား တပ္ကုန္း ဒုကၡသည္စခန္းက ဦးဆင္ဝါး က ေျပာပါတယ္။
ကခ်င္ဒုကၡသည္ စုစုေပါင္း ၁ သိန္း ၂ ေသာင္းေလာက္ရွိၿပီး WFP က ေထာက္ပံ့ ေနတာဟာ အစိုးရ ထိန္းခ်ဳပ္မွု ေအာက္မွာရွိ တဲ့ဒုကၡသည္ ၅ ေသာင္း ေလာက္ ကို ေထာက္ပံ့ ေပးေနတာ ျဖစ္ပါတယ္။
ေကအိုင္ေအ ထိန္းခ်ဳပ္ နယ္ေျမမွာရွိတဲ့ ဒုကၡသည္ ၇ ေသာင္း ခန႔္ ကိုေတာ့ ေကအိုင္ေအ နဲ႔ လူမွု ကယ္ဆယ္ေရး အဖြဲ႕ေတြက အကူအညီေပးေနတယ္လို႔ သိရွိရပါတယ္။
BBC Burmese
http://www.bbc.com/burmese
.............
ရိက္ခာ အစား ငွေကြေး ထောက်ပံ့ဖို့ WFP က စီစဉ်
ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ရိက္ခာတွေ ထောက်ပံ့ နေရာကနေ လာမယ့်နှစ် ဇန်နဝါရီလ က စတင်ပြီး ငွေကြေးနဲ့ ပြောင်းလဲ ထောက်ပံ့တော့မှာဖြစ်ပါတယ်။
တစ်လမှာ ဒုက္ခသည် တစ်ဦးကို ထောက်ပံ့ငွေ ကျပ် ခုနှစ်ထောင် ကနေ တစ်သောင်း သုံးထောင် အထိ ပေးမှာ ဖြစ်ပြီး ဒုက္ခသည်တွေကို ကြိုတင် အသိပေး ခဲ့ပြီးလည်း ဖြစ်ပါတယ်။
အဆိုပါ ငွေကြေး ပြောင်းလဲ ထောက်ပံ့မယ့် အစီအစဉ်ကို ဒေသတွင်းမှာ ဒုက္ခသည် တွေကို အကူ အညီ ပေးနေတဲ့ လူမှုရေး အသင်းအဖွဲ့တွေကို ကြိုတင် အသိပေး အကြောင်း ကြား ခဲ့တယ်လို့ KBC ခရစ်ယန် အသင်းရဲ့ ဓမ္မဆရာ ဦးဘွန်ခမ်း က ပြော ပါတယ်။
ဒုက္ခသည် စခန်း အပြင်ထွက် အလုပ် လုပ်နိုင်သူတွေကို ကျပ် ရဝဝဝ နှုန်း၊ ဝင်ငွေမရှိသူတွေကို ကျပ် ၉ဝဝဝ နှုန်း၊ ကလေး သက်ကြီး ရွယ်အိုနဲ့ မသန်စွမ်း သူတွေကို ကျပ် ၁၃ဝဝဝ နှုန်း ပေးမှာ ဖြစ်တယ်လို့ ဒုက္ခသည် တွေကို အသိပေး လာတဲ့ အကြောင်း မြစ်ကြီးနား တပ်ကုန်း ဒုက္ခသည်စခန်းက ဦးဆင်ဝါး က ပြောပါတယ်။
ကချင်ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိပြီး WFP က ထောက်ပံ့ နေတာဟာ အစိုးရ ထိန်းချုပ်မှု အောက်မှာရှိ တဲ့ဒုက္ခသည် ၅ သောင်း လောက် ကို ထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။
ကေအိုင်အေ ထိန်းချုပ် နယ်မြေမှာရှိတဲ့ ဒုက္ခသည် ရ သောင်း ခန့် ကိုတော့ ကေအိုင်အေ နဲ့ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေက အကူအညီပေးနေတယ်လို့ သိရှိရပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment