CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, December 14, 2015
အေမရိကန္မွ နာမည္ၾကီး TPG ကုမၸဏီက အရက္ခ်က္လုပ္ငန္း အစုရွယ္ယာ ၅၀ရာခိုင္နႈန္း ၀ယ္ယူ
ျမန္မာစီးပြားေရးတြင္ လူလတ္တန္းစား စီးပြားေရးအေျခအေန တိုးတက္လာမႈကိုေမွ်ာ္မွန္း၍ အေမရိကန္ရင္းနီွးျမႈပ္နံွမႈ ကုမၸဏီတခု ျဖစ္သည့္ တကၠဆက္ ပစိဖိတ္အုပ္စု TPG က ျမန္မာနိုင္ငံ၏ အဓိက အရက္ခ်က္ကုမၸဏီျဖစ္သည့္ MDC တြင္ အစုရွယ္ယာ ၅၀ ရာခိုင္နႈန္း ထည့္၀င္ခဲ့ေၾကာင္း ေ၀ါလ္စထရိဂ်ာနယ္သတင္းတြင္ ေဖာ္ျပထားသည္။
ဂရင္းရိုင္ရယ္ ၀ီစကီထုတ္လုပ္ေနေသာ ျမန္မာ့အရက္ခ်က္လုပ္ငန္းကုမၸဏီတြင္ ယခင္က Diageo အမႈေဆာင္ အရာရိွခ်ဳပ္ ေပါလ္ေ၀ါ့ခ်္က ဒုတိယဥကၠ႒ ေနရာနွင့္ TPC ရင္းနီွးျမွဳပ္နံွမႈအစု၏ ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ကုမၸဏီက သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယခု ရင္းနီွးျမွဳပ္နံွမႈသည္ TPG အေမရိကန္ကုမၸဏီ၏ တနွစ္အတြင္း ျမန္မာနိုင္ငံ၌ ဒုတိယအႀကိမ္ ရင္းနီွးျမႈပ္နံွမႈ ျဖစ္သည္။ ၂၀၁၄ ခုနွစ္ ပထမသံုးလပတ္ အတြင္းက တီပီဂီ်ကုမၸဏီသည္ Apolllo Tower တယ္လီဖုန္းဆက္သြယ္ေရးလုပ္ငန္းတြင္ ေဒၚလာ သန္း ၄၀ ရင္းနီွးျမႈပ္နံွခဲ့သည္။ ဤကဲ့သို႔ ရင္းနီွးျမွဳပ္ႏံွမႈသည္ စစ္အုပ္ခ်ဳပ္ေရးအဆံုးသတ္ခဲ့ၿပီးေနာက္ ျမန္မာနိုင္ငံစီးပြားေရးလုပ္ငန္းတြင္ ပထမဦးဆံုး ခ်ဥ္းနင္း၀င္ေရာက္မႈပင္ ျဖစ္သည္။
ျမန္မာနိုင္ငံတြင္ အဓိက အရက္ ခ်က္လုပ္ငန္းတခုျဖစ္သည့္ MDC ကုမၸဏီသည္ ၀င္ေငြျမင့္မားလာေသာ ျမန္မာနိုင္ငံ၏ လူလတ္တန္းစားမ်ား လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနိုင္မည့္ ကုန္ပစၥည္းမ်ား ထုတ္လုပ္ေပးလ်က္ရိွသည္။ ျမန္မာနိုင္ငံတြင္ လူလတ္တန္းစားမ်ား၏ ၀င္ေငြမွာ တနွစ္လွ်င္ ေဒၚလာ ၁၀၄၆ မွ ေဒၚလာ ၄၁၂၅ အထိ တိုးတက္လာမႈေၾကာင့္ ကမၻာ ဘက္က ျမန္မာနိုင္ငံကို ျပီးခဲ့ေသာ ေအာက္တိုဘာလတြင္ ၀င္ေငြနည္းပါးေသာ နိုင္ငံအျဖစ္မွ ၀င္ေငြအလယ္ အလတ္ေအာက္နိုင္ငံအျဖစ္သို႔ အဆင့္တိုး ျမွင့္ခဲ့သည္။
ဗုဒၶဘာသာ၀င္ အမ်ားစုေနထိုင္ေသာ ျမန္မာနိုင္ငံတြင္ အရက္ေသာက္သံုးမႈမွာ အေရအတြက္နည္းပါးေစကာမူ အရက္ခ်က္လုပ္ငန္းၾကီးမွာ ၾကီးထြားက်ယ္ ျပန္႔လ်က္ရိွသည္။ ယခုနွစ္ ေစာေစာပိုင္းတြင္ Kirin Holdings ကုမၸဏီက ျမန္မာ ဗ်စ္ခ်က္စက္ရံုလုပ္ငန္းအတြက္ Fraser ႏွင့္ Neave ထံမွ ေဒၚလာသန္း ၅၆၀ တန္ဖိုးရိွ အစုရွယ္ယာ ၅၅ ရာခိုင္နႈန္းကို ၀ယ္ယူခဲ့သည္။ ျမန္မာ့ဘီယာထုတ္လုပ္မႈသည္ နိုင္ငံတြင္း ဘီယာသံုးစဲြမႈေဈးကြက္၌ ၈၀ ရာခိုင္နႈန္းကို ရယူထားသည္။ ဘ႑ာ ေရး၀န္ႀကီးဌာနက အရက္နွင့္ ဘီယာလုပ္ငန္းအခြန္ကို ၅၀ ရာခိုင္နႈန္း ၆၀ ရာခိုင္ နႈန္းတိုးျမွင့္ခဲ့သည္။ သို႔ေသာ္လည္း အရက္ထုတ္လုပ္မႈ လုပ္ငန္းမွာမူ ယခုနွစ္အတြင္း စံခိ်န္တင္ျမင့္မားလာနိုင္ေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
(News Watch)
https://www.facebook.com/NewsWatchJournal
....................
မြန်မာစီးပွားရေးတွင် လူလတ်တန်းစား စီးပွားရေးအခြေအနေ တိုးတက်လာမှုကိုမျှော်မှန်း၍ အမေရိကန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခု ဖြစ်သည့် တက္ကဆက် ပစိဖိတ်အုပ်စု TPG က မြန်မာနိုင်ငံ၏ အဓိက အရက်ချက်ကုမ္ပဏီဖြစ်သည့် MDC တွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ကြောင်း ဝေါလ်စထရိဂျာနယ်သတင်းတွင် ဖော်ပြထားသည်။
ဂရင်းရိုင်ရယ် ၀ီစကီထုတ်လုပ်နေသော မြန်မာ့အရက်ချက်လုပ်ငန်းကုမ္ပဏီတွင် ယခင်က Diageo အမှုဆောင် အရာရှိချုပ် ပေါလ်ဝေါ့ချ်က ဒုတိယဥက္ကဋ္ဌ နေရာနှင့် TPC ရင်းနှီးမြှုပ်နှံမှုအစု၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု ရင်းနှီးမြှုပ်နှံမှုသည် TPG အမေရိကန်ကုမ္ပဏီ၏ တနှစ်အတွင်း မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ၂၀၁၄ ခုနှစ် ပထမသုံးလပတ် အတွင်းက တီပီဂျီကုမ္ပဏီသည် Apolllo Tower တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် ဒေါ်လာ သန်း ၄၀ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွင် ပထမဦးဆုံး ချဉ်းနင်းဝင်ရောက်မှုပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိက အရက် ချက်လုပ်ငန်းတခုဖြစ်သည့် MDC ကုမ္ပဏီသည် ၀င်ငွေမြင့်မားလာသော မြန်မာနိုင်ငံ၏ လူလတ်တန်းစားများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ကုန်ပစ္စည်းများ ထုတ်လုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ၏ ၀င်ငွေမှာ တနှစ်လျှင် ဒေါ်လာ ၁၀၄၆ မှ ဒေါ်လာ ၄၁၂၅ အထိ တိုးတက်လာမှုကြောင့် ကမ္ဘာ ဘက်က မြန်မာနိုင်ငံကို ပြီးခဲ့သော အောက်တိုဘာလတွင် ၀င်ငွေနည်းပါးသော နိုင်ငံအဖြစ်မှ ၀င်ငွေအလယ် အလတ်အောက်နိုင်ငံအဖြစ်သို့ အဆင့်တိုး မြှင့်ခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှုမှာ အရေအတွက်နည်းပါးစေကာမူ အရက်ချက်လုပ်ငန်းကြီးမှာ ကြီးထွားကျယ် ပြန့်လျက်ရှိသည်။ ယခုနှစ် စောစောပိုင်းတွင် Kirin Holdings ကုမ္ပဏီက မြန်မာ ဗျစ်ချက်စက်ရုံလုပ်ငန်းအတွက် Fraser နှင့် Neave ထံမှ ဒေါ်လာသန်း ၅၆၀ တန်ဖိုးရှိ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့သည်။ မြန်မာ့ဘီယာထုတ်လုပ်မှုသည် နိုင်ငံတွင်း ဘီယာသုံးစွဲမှုဈေးကွက်၌ ၈၀ ရာခိုင်နှုန်းကို ရယူထားသည်။ ဘဏ္ဍာ ရေးဝန်ကြီးဌာနက အရက်နှင့် ဘီယာလုပ်ငန်းအခွန်ကို ၅၀ ရာခိုင်နှုန်း ၆၀ ရာခိုင် နှုန်းတိုးမြှင့်ခဲ့သည်။ သို့သော်လည်း အရက်ထုတ်လုပ်မှု လုပ်ငန်းမှာမူ ယခုနှစ်အတွင်း စံချိန်တင်မြင့်မားလာနိုင်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
(News Watch)
https://www.facebook.com/NewsWatchJournal
အေမရိကန္မွ နာမည္ၾကီး TPG ကုမၸဏီက အရက္ခ်က္လုပ္ငန္း အစုရွယ္ယာ ၅၀ရာခိုင္နႈန္း ၀ယ္ယူ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment