Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

Star Wars ရဲ့ထုတ္ကုန္သစ္ကြန္ဒုံး


Star Wars ရဲ့ထုတ်ကုန်သစ်ကွန်ဒုံး











     Star Wars ဇာတ္ကားသစ္ The Force Awakens အေၾကာင္းလူေျပာမ်ားေနတုန္းမွာပဲ Star Wars အမာခံပရိသတ္ေတြအတြက္ Graphic Armor ကုမၸဏီက Star Wars Saber Skin ဆိုၿပီး ကြန္ဒုံးေတြ ထုတ္လုပ္ျဖန႔္ခ်ိလိုက္ပါတယ္။ Dark Side အမ်ိဳးအစား ကြန္ဒုံးဟာ Darth Vader ပုံပါဝင္ၿပီး ကြန္ဒုံးေပၚမွာလည္း “ငါဟာ မင္းအေဖျဖစ္မွာမဟုတ္ဘူး”လို႔အဓိပၸာယ္ရတဲ့စာသား ရိုက္ႏွိပ္ထားၿပီး Jedi Training လိုအပ္သူေတြအတြက္ေတာ့ Yoda ကြန္ဒုံးကိုေရြးခ်ယ္နိုင္ကာ အဲဒီကြန္ဒုံးေပၚမွာေတာ့ “လုပ္ရင္လုပ္၊ မလုပ္ရင္ေန…စမ္းၾကည့္လို႔ေတာ့ မရဘူး”လို႔ အဓိပၸာယ္ရတဲ့ နာမည္ေက်ာ္ Star Wars စာသားပါဝင္ပါတယ္။ “Star Wars အမာခံပရိသတ္ေတြအတြက္ လြန္ခဲ့တဲ့ ၉ လကတည္းက ဒီကြန္ဒုံးေတြ ထုတ္လုပ္ခဲ့တာပါ။ ဒီဖန္တီးမွုကို FDA က အသိအမွတ္ျပဳထားၿပီး ကြန္ဒုံးအေပၚ လူေတြရဲ့အျမင္ကို ကြန္ဒုံးရဲ့အျမင္ေျပာင္းလဲၿပီး ေျပာင္းလဲေစခ်င္လို႔ပဲျဖစ္ပါတယ္”လို႔ Graphic Armor ရဲ့ စီမံခန႔္ခြဲမွုပါတနာ အဒမ္ဂလစ္မန္းက ေျပာၾကားခဲ့ပါတယ္။ ဒီကြန္ဒုံးတစ္ခုရဲ့ေဈးႏွုန္းဟာ ၁.၉၇ ေပါင္ရွိၿပီး လက္ကားေဈးဆိုရင္ ပိုေလ်ာ့မွာျဖစ္သလို နိုင္ငံတကာကိုလည္း တင္ပို႔ေပးတယ္လို႔ သိရေပမယ့္ အေမွာင္ထဲမွာ လင္း၊ မလင္းဆိုတာကေတာ့ လူေမးမ်ားေနပါတယ္။

     Ref: Metro
     ညီမင္းဟန္(ဆႏၵကူး)


    .................................................................

    Star Wars ရဲ့ထုတ်ကုန်သစ်ကွန်ဒုံး


    Star Wars ဇာတ်ကားသစ် The Force Awakens အကြောင်းလူပြောများနေတုန်းမှာပဲ Star Wars အမာခံပရိသတ်တွေအတွက် Graphic Armor ကုမ္ပဏီက Star Wars Saber Skin ဆိုပြီး ကွန်ဒုံးတွေ ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။
    Dark Side အမျိုးအစား ကွန်ဒုံးဟာ Darth Vader ပုံပါဝင်ပြီး ကွန်ဒုံးပေါ်မှာလည်း “ငါဟာ မင်းအဖေဖြစ်မှာမဟုတ်ဘူး”လို့အဓိပ္ပာယ်ရတဲ့စာသား ရိုက်နှိပ်ထားပြီး Jedi Training လိုအပ်သူတွေအတွက်တော့ Yoda ကွန်ဒုံးကိုရွေးချယ်နိုင်ကာ အဲဒီကွန်ဒုံးပေါ်မှာတော့ “လုပ်ရင်လုပ်၊ မလုပ်ရင်နေ…စမ်းကြည့်လို့တော့ မရဘူး”လို့ အဓိပ္ပာယ်ရတဲ့ နာမည်ကျော် Star Wars စာသားပါဝင်ပါတယ်။
    “Star Wars အမာခံပရိသတ်တွေအတွက် လွန်ခဲ့တဲ့ ၉ လကတည်းက ဒီကွန်ဒုံးတွေ ထုတ်လုပ်ခဲ့တာပါ။ ဒီဖန်တီးမှုကို FDA က အသိအမှတ်ပြုထားပြီး ကွန်ဒုံးအပေါ် လူတွေရဲ့အမြင်ကို ကွန်ဒုံးရဲ့အမြင်ပြောင်းလဲပြီး ပြောင်းလဲစေချင်လို့ပဲဖြစ်ပါတယ်”လို့ Graphic Armor ရဲ့ စီမံခန့်ခွဲမှုပါတနာ အဒမ်ဂလစ်မန်းက ပြောကြားခဲ့ပါတယ်။
    ဒီကွန်ဒုံးတစ်ခုရဲ့ဈေးနှုန်းဟာ ၁.၉၇ ပေါင်ရှိပြီး လက်ကားဈေးဆိုရင် ပိုလျော့မှာဖြစ်သလို နိုင်ငံတကာကိုလည်း တင်ပို့ပေးတယ်လို့ သိရပေမယ့် အမှောင်ထဲမှာ လင်း၊ မလင်းဆိုတာကတော့ လူမေးများနေပါတယ်။
    Ref: Metro
    ညီမင်းဟန်(ဆန္ဒကူး)

    No comments:

    Post a Comment