Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 18, 2015

Star Wars ဇာတ္ကားသစ္ ရံုတင္


ၾကယ္တာရာစစ္ပဲြ ဇာတ္ကားကုိ ႐ုပ္ရွင္႐ုံေတြမွာ ပရိတ္သတ္ေတြဟာ ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြလုိ ၀တ္စားၿပီးၾကည့္ရႈ႕ခဲ့ၾက။
Star Wars ၾကယ္တာရာစစ္ပဲြ ႐ုပ္ရွင္ ေနာက္ဆုံးဇာတ္ကားျဖစ္တဲ့ The Force Awakens ကုိ ဒီကေန႔မွာပဲ ေပ်ာ္ပဲြရႊင္ပဲ အခမ္းအနားေတြနဲ႔ စၿပီး ႐ံုတင္ေနပါၿပီ။ စၾကာ၀ဠာထဲမွာ အဆုိးနဲ႔ အေကာင္းၾကား အားၿပိဳင္ၾကတဲ့ ၾကယ္တာရာစစ္ပဲြ ဇာတ္ကားကုိၾကည့္ဖုိ႔ အားခဲထားၾကတဲ့ ပရိတ္သတ္ေတြဟာ ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြလုိ ၀တ္စားၿပီး ႐ုပ္ရွင္႐ုံေတြမွာ တန္းစီေစာင့္ဆုိင္း ေနခဲ့ၾကတာပါ။

Star Wars ဇာတ္ကား ႐ုံတင္ျပသတဲ့အထဲမွာေတာ့ ၀ါရွင္တန္ၿမိဳ႕ေတာ္က အာကာသ သိပၸံျပတုိက္ရဲ႕ IMAX ႐ုပ္ရွင္႐ုံမွာေတာ့ တကယ့္ အာကာသလြန္းပ်ံယာဥ္ အစစ္ေတြ၊ သမုိင္း၀င္ေလယာဥ္ေတြ ေအာက္မွာ ထူးထူးျခားျခား ၾကည့္႐ႈၾကရမွာ ျဖစ္ပါတယ္။ IMAX ႐ုပ္ရွင္႐ုံ နဲ႔ ၃ ဘက္ျမင္ 3-D နည္းပညာေတြေၾကာင့္ ႐ုပ္ရွင္ကုိ ထူးထူးျခားျခား ခံစားရမွာ ျဖစ္ေပမဲ့ မ်ဳိးဆက္တုိင္းမွာ စိတ္၀င္စားခဲ့ၾကတဲ့ ဇာတ္လမ္းက ပရိတ္သတ္ေတြ ကုိ အဓိက ဆဲြေဆာင္ေနတာလည္း ျဖစ္ပါတယ္။

ႏွစ္ေပါင္း ၃၀ ၾကာ Star Wars ဇာတ္ကားေတြမွာ ေတြ႔ခဲ့ရသလုိပဲ ဂီတပညာရွင္ John Williams က ေနာက္ဆုံးဇာတ္လမ္းတဲြရဲ႕ အစကုိၾကားရတဲ့ အခါ၊ ေနာက္ထပ္ ရင္ခုန္စရာႀကံဳရဦးမယ္ ဆုိတာကုိလည္း ခံစားမိၾကမွာပါ။ ဇာတ္လမ္းစစခ်င္း ေတြ႔ရတဲ့ အဖြင့္စာတန္းမွာေတာ့ အဓိက ဇာတ္ေကာင္ေတြထဲက တေယာက္ျဖစ္တဲ့ Luke Skywalker ေပ်ာက္ဆုံးသြားၿပီး၊ လူဆုိးျဖစ္တဲ့ Evil Order က လုိက္ဖမ္းဖုိ႔ ႀကိဳးစားတာ၊ ေဟာလိ၀ုဒ္ မင္းသမီးႀကီး Carrie Fisher၊  ဗုိလ္ခ်ဳပ္ႀကီး Leia Organa အျဖစ္ ဦးေဆာင္တဲ့ ေတာ္လွန္ေရး စတာေတြကုိ ေတြ႔ၾကရပါတယ္။

VOA Burmese
http://burmese.voanews.com
..............

ကြယ်တာရာစစ်ပွဲ ဇာတ်ကားကို ရုပ်ရှင်ရုံတွေမှာ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ၀တ်စားပြီးကြည့်ရှု့ခဲ့ကြ။
Star Wars ကြယ်တာရာစစ်ပွဲ ရုပ်ရှင် နောက်ဆုံးဇာတ်ကားဖြစ်တဲ့ The Force Awakens ကို ဒီကနေ့မှာပဲ ပျော်ပွဲရွှင်ပဲ အခမ်းအနားတွေနဲ့ စပြီး ရုံတင်နေပါပြီ။ စကြာဝဠာထဲမှာ အဆိုးနဲ့ အကောင်းကြား အားပြိုင်ကြတဲ့ ကြယ်တာရာစစ်ပွဲ ဇာတ်ကားကိုကြည့်ဖို့ အားခဲထားကြတဲ့ ပရိတ်သတ်တွေဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ၀တ်စားပြီး ရုပ်ရှင်ရုံတွေမှာ တန်းစီစောင့်ဆိုင်း နေခဲ့ကြတာပါ။

Star Wars ဇာတ်ကား ရုံတင်ပြသတဲ့အထဲမှာတော့ ၀ါရှင်တန်မြို့တော်က အာကာသ သိပ္ပံပြတိုက်ရဲ့ IMAX ရုပ်ရှင်ရုံမှာတော့ တကယ့် အာကာသလွန်းပျံယာဉ် အစစ်တွေ၊ သမိုင်းဝင်လေယာဉ်တွေ အောက်မှာ ထူးထူးခြားခြား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ IMAX ရုပ်ရှင်ရုံ နဲ့ ၃ ဘက်မြင် 3-D နည်းပညာတွေကြောင့် ရုပ်ရှင်ကို ထူးထူးခြားခြား ခံစားရမှာ ဖြစ်ပေမဲ့ မျိုးဆက်တိုင်းမှာ စိတ်ဝင်စားခဲ့ကြတဲ့ ဇာတ်လမ်းက ပရိတ်သတ်တွေ ကို အဓိက ဆွဲဆောင်နေတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ Star Wars ဇာတ်ကားတွေမှာ တွေ့ခဲ့ရသလိုပဲ ဂီတပညာရှင် John Williams က နောက်ဆုံးဇာတ်လမ်းတွဲရဲ့ အစကိုကြားရတဲ့ အခါ၊ နောက်ထပ် ရင်ခုန်စရာကြုံရဦးမယ် ဆိုတာကိုလည်း ခံစားမိကြမှာပါ။ ဇာတ်လမ်းစစချင်း တွေ့ရတဲ့ အဖွင့်စာတန်းမှာတော့ အဓိက ဇာတ်ကောင်တွေထဲက တယောက်ဖြစ်တဲ့ Luke Skywalker ပျောက်ဆုံးသွားပြီး၊ လူဆိုးဖြစ်တဲ့ Evil Order က လိုက်ဖမ်းဖို့ ကြိုးစားတာ၊ ဟောလိ၀ုဒ် မင်းသမီးကြီး Carrie Fisher၊  ဗိုလ်ချုပ်ကြီး Leia Organa အဖြစ် ဦးဆောင်တဲ့ တော်လှန်ရေး စတာတွေကို တွေ့ကြရပါတယ်။

VOA Burmese
http://burmese.voanews.com

No comments:

Post a Comment