Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 19, 2015

Sonia Gandhi တို႔ သားအမိ တရားစြဲခံရမႈ အာမခံရ


အိႏၵိယအတိုက္အခံ ကြန္ဂရက္ပါတီ ထိပ္တန္းေခါင္းေဆာင္ေတြျဖစ္ၾကတဲ့ Sonia Gandhi နဲ႔ သားျဖစ္သူ Rahul တို႔ကို နယူးေဒလီတရား႐ံုးက စေနေန႔မွာ အာမခံနဲ႔ လႊတ္ေပးခဲ့ပါတယ္။

Rahul ရဲ႕ အေဘးေတာ္သူ အိႏၵိယႏိုင္ငံ ပထမဆံုးဝန္ႀကီးခ်ဳပ္ Jawaharlal Nehru ၁၉၃၈ ခုႏွစ္က ထူေထာင္ခဲ့တဲ့ National Herald သတင္းစာကို ၂၀၀၈ ခုႏွစ္မွာ အစိုးရက ပိတ္ပစ္ခဲ့ေပမဲ့ သူတုိ႔ ၂ ဦးက ဒီသတင္းစာတိုက္နဲ႔ ပတ္သက္တဲ့ ပိုင္ဆိုင္မႈေတြကို တရားမဝင္ ရယူထားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

သူတို႔ရဲ႕အမႈကို ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ ၾကားနာမွာ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ ႏိုင္ငံေရးေလာကမွာ အထင္ရွားဆံုး မိသားစုရဲ႕ မိသားစုဝင္ေတြကို အခုလို တရားစြဲဆိုခဲ့သူကေတာ့ လက္ရွိဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ BJP ပါတီဝင္တဦးျဖစ္တဲ့ Subra manian Swamy ျဖစ္ပါတယ္။

ဒီစြပ္စြဲခ်က္ေတြကိုေတာ့ ဂႏၵီမိသားစုက ျငင္းဆိုထားၿပီး၊ ဒါဟာ လက္ရွိအာဏာရ BJP ပါတီရဲ႕ သူတို႔အေပၚ အၿငိဳးနဲ႔ စြပ္စြဲတာျဖစ္ေၾကာင္း ေျပာပါတယ္။ အရင္ဝန္ႀကီးခ်ဳပ္ မန္းမိုဟန္ဆင္း က Sonia Gandhi အတြက္ အာမခံေပးခဲ့သလို သမီးျဖစ္သူ Priyanka Vadra က သူ႔အကိုအတြက္ အာမခံေပးခဲ့တာပါ။ အာမခံေငြက တေယာက္ကို ၇၅၄ ေဒၚလာ ျဖစ္ပါတယ္။

VOA Burmese
http://burmese.voanews.com
................

အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ Sonia Gandhi နဲ့ သားဖြစ်သူ Rahul တို့ကို နယူးဒေလီတရားရုံးက စနေနေ့မှာ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

Rahul ရဲ့ အဘေးတော်သူ အိန္ဒိယနိုင်ငံ ပထမဆုံးဝန်ကြီးချုပ် Jawaharlal Nehru ၁၉၃၈ ခုနှစ်က ထူထောင်ခဲ့တဲ့ National Herald သတင်းစာကို ၂၀၀၈ ခုနှစ်မှာ အစိုးရက ပိတ်ပစ်ခဲ့ပေမဲ့ သူတို့ ၂ ဦးက ဒီသတင်းစာတိုက်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို တရားမဝင် ရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့အမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အထင်ရှားဆုံး မိသားစုရဲ့ မိသားစုဝင်တွေကို အခုလို တရားစွဲဆိုခဲ့သူကတော့ လက်ရှိဝန်ကြီးချုပ် Narendra Modi ရဲ့ BJP ပါတီဝင်တဦးဖြစ်တဲ့ Subra manian Swamy ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေကိုတော့ ဂန္ဒီမိသားစုက ငြင်းဆိုထားပြီး၊ ဒါဟာ လက်ရှိအာဏာရ BJP ပါတီရဲ့ သူတို့အပေါ် အငြိုးနဲ့ စွပ်စွဲတာဖြစ်ကြောင်း ပြောပါတယ်။ အရင်ဝန်ကြီးချုပ် မန်းမိုဟန်ဆင်း က Sonia Gandhi အတွက် အာမခံပေးခဲ့သလို သမီးဖြစ်သူ Priyanka Vadra က သူ့အကိုအတွက် အာမခံပေးခဲ့တာပါ။ အာမခံငွေက တယောက်ကို ရ၅၄ ဒေါ်လာ ဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

No comments:

Post a Comment