ရွမ္းျပည္နယ္က စစ္ေျပးဒုကၡသည္ေတြကို ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင္႔လင္းလူ႔အဖြဲ႔အစည္း သြားေရာက္ေတြ႕ဆံုအားေပးခဲ့စဥ္ Photo: Kan Thar/RFA |
အဲ႔ဒီလူငယ္အဖြဲ႔ဟာ နယ္ေဒသေတြအႏွံ႕ ၿငိမ္းခ်မ္းေရးသီခ်င္းေတြေဖ်ာ္ေျဖၿပီး အလႈခံထားတဲ႔ ေငြေတြကို လာေရာက္လွဴဒါန္းၾကတာျဖစ္တယ္လို႔ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင္႔လင္းလူ႔အဖြဲ႕အစည္းအဖြဲ႕က ကိုဂ်င္မီက ေျပာပါတယ္။
"Peace Machine အဖြဲ႕က ၿမိဳ႕နယ္ထဲမွာ လွည့္လည္ၿပီးေတာ့ အလွဴလိုက္ခံတယ္၊ ၿငိမ္းခ်မ္းေရးသီခ်င္းေတြ ဆိုၾကတာေပါ့ေလ၊ အဖြဲ႕ဝင္က အေယာက္ ၂ဝ၊ ၃ဝ ေက်ာ္ေလာက္ရွိမယ္ထင္တယ္၊ သူတို႔ရလာတဲ့ အလွဴေငြ ၁ဝ သိန္းကို ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင္႔လင္း လူ႔အဖြဲ႔အစည္းရံုးကတဆင့္ စစ္ေျပးဒုကၡသည္ေတြအတြက္ လာၿပီးလွဴၾကတာေပါ့"
စစ္ေျပးဒုကၡသည္ေတြအတြက္ လာေရာက္လွဴဒါန္းတဲ့ေငြ က်ပ္သိန္း ၁၅၀ ေက်ာ္ေလာက္ ရရွိထားၿပီျဖစ္တယ္ လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ၈၈မ်ိဳးဆက္အဖဲြ႕ဟာ ရွမ္းျပည္ေတာင္ပိုင္းက ဟိုက္ပါ၊ ဝမ့္ဝ ဒုကၡသည္စခန္းေတြဆီ သြားေရာက္ၿပီး အလွဴေငြေတြ ေပးအပ္ခဲ့ပါတယ္။
လက္ရွိမွာ ရွမ္းျပည္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းမွာ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ဒုကၡသည္ တစ္ေသာင္းေက်ာ္ ရိွေနတယ္လို႔ သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
...............
ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း သွားရောက်တွေ့ဆုံအားပေးခဲ့စဉ်
Photo: Kan Thar/RFA
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွွက် Peace Machine လို့ ခေါ်တဲ့လူငယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးကို ငွေကျပ် ၁၀ သိန်း ဒီကနေ့ လာရောက်လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီလူငယ်အဖွဲ့ဟာ နယ်ဒေသတွေအနှံ့ ငြိမ်းချမ်းရေးသီချင်းတွေဖျော်ဖြေပြီး အလှုခံထားတဲ့ ငွေတွေကို လာရောက်လှူဒါန်းကြတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။
"Peace Machine အဖွဲ့က မြို့နယ်ထဲမှာ လှည့်လည်ပြီးတော့ အလှူလိုက်ခံတယ်၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုကြတာပေါ့လေ၊ အဖွဲ့ဝင်က အယောက် ၂ဝ၊ ၃ဝ ကျော်လောက်ရှိမယ်ထင်တယ်၊ သူတို့ရလာတဲ့ အလှူငွေ ၁ဝ သိန်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးကတဆင့် စစ်ပြေးဒုက္ခသည်တွေအတွက် လာပြီးလှူကြတာပေါ့"
စစ်ပြေးဒုက္ခသည်တွေအတွက် လာရောက်လှူဒါန်းတဲ့ငွေ ကျပ်သိန်း ၁၅၀ ကျော်လောက် ရရှိထားပြီဖြစ်တယ် လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ၈၈မျိုးဆက်အဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းက ဟိုက်ပါ၊ ဝမ့်ဝ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
လက်ရှိမှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒုက္ခသည် တစ်သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment