ႏုုိင္ငံေတာ္ အႀကီးအကဲတာ၀န္နဲ႔ အစိုုးရအဖြဲ႕တာ၀န္ စနစ္တက်
လႊဲေျပာင္းေရးဆိုုင္ရာ ညိွႏိႈင္းအစည္းအေ၀းကိုု ဒီဇင္ဘာလ ၁၆ ရက္ေန႔က
ေနျပည္ေတာ္မွာျပဳလုပ္စဥ္ Photo: U Ye Htut Facebook |
အစိုးရတာဝန္ေတြကို စနစ္တက် လဲႊေျပာင္းေပးႏိုင္ဖို႔ အစိုးရဘက္မွ ဖြဲ႔စည္းထားတဲ့ နိုင္ငံေတာ္ အႀကီးအကဲ တာဝန္လဲႊေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီနဲ႔ အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ပါတီက အသြင္ကူးေျပာင္းေရး အဖဲြ႔ဟာပထမဆံုးအႀကိမ္အျဖစ္ဒီကေန႔ ေနျပည္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။
ဒီေတြ႔ဆံုေဆြးေႏြးပြဲကို NLD ပါတီရဲ့ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး တာဝန္လႊဲေျပာင္းေရးအတြက္ ေခါင္းစဥ္ ၃ ခုေအာက္မွာ ေဆြးေႏြးသြားဖို႔အတြက္ စတင္ညွိႏိႈင္းခဲ့ၾကတယ္လို႔ တာ၀န္လြဲေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီထဲမွာ ပါ၀င္သူ ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္က RFA ကိုေျပာပါတယ္။
"အခုခ်ိန္မွာ ပထမဆံုးအႀကိမ္ မိတ္ဆက္တဲ့အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တက္ပါတယ္၊ ဦးဝင္းထိန္၊ ေဒါက္တာ မ်ဳိးေအာင္နဲ႔ ေဒါက္တာေအာင္သူ တို႔ တက္ပါတယ္၊ က်ေနာ္တို႔ အစိုးရဘက္ကေတာ့ က်ေနာ္ရယ္၊ ဒုတိယညႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္အုန္း၊ သမၼတရံုး ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌး တက္ပါတယ္၊ ေဆြးေႏြးတာကေတာ့ ဒီတာဝန္လႊဲေျပာင္းေရးနဲ႔ ပတ္သက္လို႔ (၁) ကေတာ့
ႏုုိင္ငံေတာ္အႀကီးအကဲတာ၀န္ လႊဲေျပာင္းမယ့္ အစီအစဥ္ေတြေပါ့၊ (၂) ကေတာ့ ဝန္ႀကီးဌာနေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က သိခ်င္လို႔ရွိရင္ ဘယ္လိုပံုစံနဲ႔ ရွင္းျပတာ ေဆြးေႏြးတာေတြလုပ္မယ္ဆိုတဲ့ အစီအစဥ္ေပါ့၊ ေနာက္ တစ္ခုက က်ေနာ္တို႔ၾကားမွာ တျခားကိစၥေတြနဲ႔ ပတ္သက္ၿပီး ညိွႏိႈင္းဖို႔လိုလို႔ရွိရင္ ဆက္သြယ္မယ့္လူေတြ သတ္မွတ္တာေပ့ါ"
ဒါ့အျပင္လည္း ေနာက္သီတင္းပတ္ေတြမွာ ႏွစ္ဖက္အဖြဲ႔ေတြ ဆက္လက္ေတြ႔ဆံုညွိႏိႈင္းသြားမွာ ျဖစ္တယ္လို႔ လည္းေျပာပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲရလဒ္အရ NLD ပါတီကို တာ၀န္လႊဲေျပာင္းဖို႔အတြက္ အစိုးရဘက္က တာ၀န္လႊဲေျပာင္း အေထာက္ကူျပဳေကာ္မတီကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔က ဖဲ႔ြစည္းခဲ့တာျဖစ္ပါတယ္၊
တာ၀န္လႊဲေျပာင္း အေထာက္အကူျပဳေကာ္မတီထဲမွာ ျပည္ေထာင္စု၀န္ႀကီး ဦးလွထြန္းက ဥကၠဌအျဖစ္ တာ၀န္ယူထားၿပီး ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးရဲထြဋ္၊ နိုင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးလွထြန္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္အုန္း၊ နိုင္ငံေတာ္သမၼတရံုး၊ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးတို႔လည္း ပါဝင္ပါတယ္၊
NLD ပါတီရဲ့ အသြင္ကူးေျပာင္းေရးအဖြဲမွာေတာ့ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔၀င္ ဦး၀င္းထိန္၊ ေဒါက္တာမ်ိဴးေအာင္နဲ႔ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ (အၿငိမ္းစား) ေဒါက္တာေအာင္သူတို႔ ပါ၀င္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
................
နုုိင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုုးရအဖွဲ့တာဝန် စနစ်တကျ လွှဲပြောင်းရေးဆိုုင်ရာ ညှိနှိုင်းအစည်းအဝေးကိုု ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်စဉ်
Photo: U Ye Htut Facebook
အစိုးရတာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ အစိုးရဘက်မှ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အသွင်ကူးပြောင်းရေး အဖွဲ့ဟာပထမဆုံးအကြိမ်အဖြစ်ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး တာဝန်လွှဲပြောင်းရေးအတွက် ခေါင်းစဉ် ၃ ခုအောက်မှာ ဆွေးနွေးသွားဖို့အတွက် စတင်ညှိနှိုင်းခဲ့ကြတယ်လို့ တာဝန်လွဲပြောင်းမှု အထောက်အကူပြု ကော်မတီထဲမှာ ပါ၀င်သူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
"အခုချိန်မှာ ပထမဆုံးအကြိမ် မိတ်ဆက်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ပါတယ်၊ ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နဲ့ ဒေါက်တာအောင်သူ တို့ တက်ပါတယ်၊ ကျနော်တို့ အစိုးရဘက်ကတော့ ကျနော်ရယ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တက်ပါတယ်၊ ဆွေးနွေးတာကတော့ ဒီတာဝန်လွှဲပြောင်းရေးနဲ့ ပတ်သက်လို့ (၁) ကတော့
နုုိင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမယ့် အစီအစဉ်တွေပေါ့၊ (၂) ကတော့ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သိချင်လို့ရှိရင် ဘယ်လိုပုံစံနဲ့ ရှင်းပြတာ ဆွေးနွေးတာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်ပေါ့၊ နောက် တစ်ခုက ကျနော်တို့ကြားမှာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့လိုလို့ရှိရင် ဆက်သွယ်မယ့်လူတွေ သတ်မှတ်တာပေ့ါ"
ဒါ့အပြင်လည်း နောက်သီတင်းပတ်တွေမှာ နှစ်ဖက်အဖွဲ့တွေ ဆက်လက်တွေ့ဆုံညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ လည်းပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ NLD ပါတီကို တာဝန်လွှဲပြောင်းဖို့အတွက် အစိုးရဘက်က တာဝန်လွှဲပြောင်း အထောက်ကူပြုကော်မတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၊
တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့လည်း ပါဝင်ပါတယ်၊
NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲမှာတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာမျိူးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါ၀င်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment