Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 16, 2015

အႏိုင္ရ NLD ကိုယ္စားလွယ္ေတြ အေနနဲ႔ ပါတီဂုဏ္သိကၡာ မထိခိုက္ေအာင္ ေျပာဆိုေဆြးေႏြးႏိုင္ ဖို႔လို

အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ နာယက သူရဦးတင္ဦး ကို ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေနျပည္ေတာ္ရွိ ေရႊစံအိမ္ဟုိတယ္မွာ က်င္းပတဲ့ အႏုိင္ရကုိယ္စားလွယ္ေတြကို သင္တန္းေပးတဲ့ အခမ္းအနားတြင္ ေတြ႕ရစဥ္
Photo: Win Ko Ko Latt/RFA
ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြမွာ အႏုိင္ရခဲ့တဲ့ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ကုိယ္စားလွယ္ေတြအေနနဲ႔ လႊတ္ေတာ္ေရး ရာေကာ္မတီေတြမွာ တာ၀န္ထမ္းေဆာင္တဲ့အခါ ပါတီရဲ့ဂုဏ္သိကၡာကို မထိခိုက္ေအာင္ ေျပာဆုိေဆြးေႏြး လုပ္ကိုင္ႏုိင္ဖို႔ လိုအပ္ေၾကာင္း ပါတီရဲ့ နာယက သူရဦးတင္ဦးက ေျပာပါတယ္။

အန္အယ္လ္ဒီပါတီ အႏုိင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ စြမ္းရည္ျမင့္သင္တန္းကို ေနျပည္ေတာ္ က ေရႊစံအိမ္ဟိုတယ္မွာ ဒီေန႔ စတင္က်င္းပရာ သင္တန္းဖြင့္ပဲြအခမ္းအနားမွာ သူရ ဦးတင္ဦးက
 ေျပာတာျဖစ္ ပါတယ္။

"လႊတ္ေတာ္ထဲမွာက်ရင္ အသီးသီးေသာ အဖြဲ႕ေတြထဲမွာပါၾကရမယ္၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ၊ တိုင္းရင္းသားေရးရာ၊ ကာကြယ္ေရးရာ၊ ဥပေဒေရးရာ အမ်ားႀကီးပဲ၊ အဲ့အထဲမွာ ပါဝင္ေဆာင္ရြက္ ၾကရမယ္၊ အဖြဲ႕ရဲ႕ေဆာင္ရြက္ခဲ့တဲ့ ဂုဏ္သိကၡာေတြကို မထိခိုက္ႏို္င္ေအာင္ေျပာႏိုင္ရမယ္"

ပါတီရဲ့ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္ ဦး၀င္းထိန္က တုိင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ ေဒသဖံ႔ြၿဖိဳးေရးအတြက္ အဓိကထား
 ေဆာင္ရြက္ၾကရမွာျဖစ္ၿပီး ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဟာ ဥပေဒျပဳေရးကို အာရံုစိုက္ၾကဖို႔ တုိက္တြန္းခဲ့ပါတယ္။

ဒီသင္တန္းမွာ မႏၱေလးတုိင္း၊ ေနျပည္ေတာ္၊ ကခ်င္ျပည္နယ္ နဲ႔ ရွမ္းျပည္နယ္တုိ႔က အန္အယ္လ္ဒီပါတီ အႏုိင္ရ ကိုယ္စားလွယ္ ၁၇၀ ေက်ာ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒဆုိင္ရာကိစၥရပ္ေတြ၊ လႊတ္ေတာ္လုပ္ငန္းေဆာင္ရြက္ ပုံေတြ၊ ႏုိင္ငံတကာဆက္ဆံေရးနဲ႔ ဘ႑ာေရးဆုိင္ရာကိစၥေတြကုိ ေရွ႕ေန ဦးကုိနီ၊ ဦးေအာင္ၾကည္ညြန္႔နဲ႔ ဦးမ်ိဳးရန္ေနာင္သိန္းတုိ႔က သင္ၾကားေပးမွာျဖစ္ပါတယ္။

အန္အယ္လ္ဒီပါတီဟာ ၿပီးခဲ့တဲ့ေရြးေကာက္ပဲြမွာ လႊတ္ေတာ္အသီးသီးအတြက္ ကိုယ္စားလွယ္ ၈၀၀ ေက်ာ္ အႏုိင္ရရွိခဲ့ၿပီး လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ လႊတ္ေတာ္အသစ္ မစတင္ခင္ အန္အယ္လ္ဒီ ကုိယ္စားလွယ္ေတြအတြက္ စြမ္းရည္ျမင့္သင္တန္းေတြကုိ ေဒသအသီးသီးမွာ ပို႔ခ်ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပတဲ့ အနိုင်ရကိုယ်စားလှယ်တွေကို သင်တန်းပေးတဲ့ အခမ်းအနားတွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေး ရာကော်မတီတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြောဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စွမ်းရည်မြင့်သင်တန်းကို နေပြည်တော် က ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားမှာ သူရ ဦးတင်ဦးက
 ပြောတာဖြစ် ပါတယ်။

"လွှတ်တော်ထဲမှာကျရင် အသီးသီးသော အဖွဲ့တွေထဲမှာပါကြရမယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တိုင်းရင်းသားရေးရာ၊ ကာကွယ်ရေးရာ၊ ဥပဒေရေးရာ အများကြီးပဲ၊ အဲ့အထဲမှာ ပါဝင်ဆောင်ရွက် ကြရမယ်၊ အဖွဲ့ရဲ့ဆောင်ရွက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေကို မထိခိုက်နို်င်အောင်ပြောနိုင်ရမယ်"

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကထား
 ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေးကို အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီသင်တန်းမှာ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့က အန်အယ်လ်ဒီပါတီ အနိုင်ရ ကိုယ်စားလှယ် ၁၇၀ ကျော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေ၊ လွှတ်တော်လုပ်ငန်းဆောင်ရွက် ပုံတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို ရှေ့နေ ဦးကိုနီ၊ ဦးအောင်ကြည်ညွန့်နဲ့ ဦးမျိုးရန်နောင်သိန်းတို့က သင်ကြားပေးမှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၈၀၀ ကျော် အနိုင်ရရှိခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် လွှတ်တော်အသစ် မစတင်ခင် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအတွက် စွမ်းရည်မြင့်သင်တန်းတွေကို ဒေသအသီးသီးမှာ ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment