NLD ပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီဝင္ ဦးဝင္းထိန္ ကို ဒီဇင္ဘာလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳဳ႕မွာေတြ႔ရစဥ္ Photo: Myo Zaw Ko/RFA |
အဲဒီ ဥပေဒၾကမ္းကုိ ျပည္သူ႔လႊတ္ေတာ္မွာ ျပည္ထဲေရး၀န္ႀကီးဌာနက မေန႔က တင္သြင္းခဲ့တာနဲ႔ ပတ္သက္ ၿပီး ျပည္သူ႔လႊတ္ေတာ္မွာ သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ကုိ ဦး၀င္းထိန္က အခုလုိေျပာဆုိလုိက္ တာ ျဖစ္ပါတယ္။
"သမၼတတစ္ေယာက္ သက္တမ္းျပည့္လို႔ အၿငိမ္းစားယူသြားလို႔ရွိရင္ လံုၿခံဳေရးေတြ ေပးေလ့ေပးထေတာ့ရွိတယ္၊ သုိ႔ေသာ္ သမၼတသက္တမ္းကာလမွာ သမၼတတာဝန္ကို ထမ္းေဆာင္သြားတဲ့အခ်ိန္မွာ အသိမဲ့စြာနဲ႔ လုပ္သြား တယ္ဆိုရင္ေတာ့ ဒါကေျပာစရာမရွိဘူး၊ အန္ကယ္တို႔သေဘာကေတာ့ ေနာက္ေၾကာင္းလွန္မယ့္ဟာ မ်ဳိးေတာ့ ေရွာင္ရွားမွာပါ၊ ဘာေၾကာင့္လဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသလိုေပါ့ အမ်ဳိးသား ရင္ၾကားေစ့ေရးကို လက္ကိုင္ထားၿပီးသားမို႔ ေရွ႕သြားမယ့္လမ္းေၾကာင္းကိုပဲ ၾကည့္ခ်င္တယ္၊ ေနာက္ေၾကာင္း လွန္တာ သိပ္မလုပ္ခ်င္ဘူး"
အဲဒီဥပေဒၾကမ္းမွာ ႏုိင္ငံေတာ္သမၼတအျဖစ္ ထမ္းေဆာင္ခဲ႔ခ်ိန္အတြင္း၊ တာ၀န္အရ ေဆာင္ရြက္ခ်က္ေတြကုိ အေၾကာင္းျပဳၿပီး တရားစြဲဆုိျခင္း၊ အေရးယူျခင္းမျပဳရလို႔ ပါရွိပါတယ္။ ဒါ႔အျပင္ ႏုိင္ငံေတာ္သမၼတ တာ၀န္ ထမ္းေဆာင္ခ႔ဲသူရဲ႕ အသက္အႏၱရာယ္ကုိ ကာကြယ္ရန္နဲ႔ တာ၀န္ထမ္းေဆာင္ခဲ႔တဲ႔အခ်ိန္မွာ ဥပေဒနဲ႔အညီ ဆုံးျဖတ္ခဲ႔တဲ႔ကိစၥေတြနဲ႔ ပတ္သက္ၿပီး အေႏွာင့္အယွက္ေပးျခင္း၊ အႏၱရာယ္ျပဳျခင္းတုိ႔မွ ကာကြယ္ရန္ ဥပေဒၾကမ္း ကုိ ေရးဆြဲတင္သြင္းရတာျဖစ္္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဗိုလ္မွဴးခ်ဳပ္ေက်ာ္ဇံျမင္႔က ျပည္သူ႔ လႊတ္ေတာ္မွာ မေန႔က ေျပာဆုိခဲ့ပါတယ္။
အဲဒီဥပေဒၾကမ္းမွာ ႏုိင္ငံေတာ္သမၼတ တာ၀န္ထမ္းေဆာင္ခဲ႔သူက အဆုိျပဳတဲ႔သူကုိ လုံၿခဳံေရးအတြက္ ကိုယ္ရံေတာ္တစ္ေယာက္ကုိ ခန္႔ထားႏုိင္ေၾကာင္း၊ ေနအိမ္နဲ႔ ျပင္ပသုိ႔သြားလာတဲ႔အခါမွာလည္း လုံၿခဳံေရးအဖြဲ႔ရဲ႕ အေစာင္႔အေရွာက္နဲ႔ သြားလာရမယ္လုိ႔ ျပဌာန္းထားပါတယ္။
ႏုိင္ငံေတာ္သမၼတ တာ၀န္ထမ္းေဆာင္ခဲ႔သူရဲ႕ လုံၿခဳံေရးအတြက္ အကာအကြယ္ေပးျခင္းကုိ ရာထူးသက္တမ္း ကုန္ဆုံးတဲ႔ေန႔မွစၿပီး ရာသက္ပန္ခံစားခြင္႔ရွိေၾကာင္း ဥပေဒၾကမ္းမွာပါရွိပါတယ္။
ႏိုင္ငံေရးပင္စင္လို႔ေခၚတဲ့ တလံုးတခဲတည္းခ်ီးျမင့္ေငြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြတင္မကဘဲ ႏိုင္ငံေတာ္ သမၼတ၊ ဒုသမၼတနဲ႔ ျပည္ေထာင္စုအဆင့္ဝန္ႀကီးေတြပါ ခံစားခြင့္ရမွာျဖစ္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက သူရဦးေရႊမန္းက မေန႔ကက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။
လက္ရွိႏိုင္ငံဘ႑ာေရး အေျခအေနအရ ျပည္ေထာင္စုအဆင့္ အစိုးရဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အားလံုးကို ႏိုင္ငံေရးပင္စင္ေပးရမယ္ဆိုတာဟာ မျဖစ္သင့္ေၾကာင္း ႏိုင္ငံေရး ေလ့လာသံုးသပ္သူေတြက ေျပာၾက ပါတယ္။
အာအက္ဖ္ေအ သတင္းေထာက္ မေဝမာထြန္း စုစည္းတင္ျပထားပါတယ္။
RFA Burmese
http://www.rfa.org/burmese
..................
NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြိုု့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအပေါ် အကာအကွယ်ပေးမယ်ဆိုတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲထားပြီး နောက်ကြောင်းလှန်တာမျိုးတွေ လုပ်မှာမဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
အဲဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက် ပြီး ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဝင်းထိန်က အခုလိုပြောဆိုလိုက် တာ ဖြစ်ပါတယ်။
"သမ္မတတစ်ယောက် သက်တမ်းပြည့်လို့ အငြိမ်းစားယူသွားလို့ရှိရင် လုံခြုံရေးတွေ ပေးလေ့ပေးထတော့ရှိတယ်၊ သို့သော် သမ္မတသက်တမ်းကာလမှာ သမ္မတတာဝန်ကို ထမ်းဆောင်သွားတဲ့အချိန်မှာ အသိမဲ့စွာနဲ့ လုပ်သွား တယ်ဆိုရင်တော့ ဒါကပြောစရာမရှိဘူး၊ အန်ကယ်တို့သဘောကတော့ နောက်ကြောင်းလှန်မယ့်ဟာ မျိုးတော့ ရှောင်ရှားမှာပါ၊ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့ အမျိုးသား ရင်ကြားစေ့ရေးကို လက်ကိုင်ထားပြီးသားမို့ ရှေ့သွားမယ့်လမ်းကြောင်းကိုပဲ ကြည့်ချင်တယ်၊ နောက်ကြောင်း လှန်တာ သိပ်မလုပ်ချင်ဘူး"
အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့ချိန်အတွင်း၊ တာဝန်အရ ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်းမပြုရလို့ ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရန်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ဥပဒေနဲ့အညီ ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်ရန် ဥပဒေကြမ်း ကို ရေးဆွဲတင်သွင်းရတာဖြစ််ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြည်သူ့ လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက အဆိုပြုတဲ့သူကို လုံခြုံရေးအတွက် ကိုယ်ရံတော်တစ်ယောက်ကို ခန့်ထားနိုင်ကြောင်း၊ နေအိမ်နဲ့ ပြင်ပသို့သွားလာတဲ့အခါမှာလည်း လုံခြုံရေးအဖွဲ့ရဲ့ အစောင့်အရှောက်နဲ့ သွားလာရမယ်လို့ ပြဌာန်းထားပါတယ်။
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးခြင်းကို ရာထူးသက်တမ်း ကုန်ဆုံးတဲ့နေ့မှစပြီး ရာသက်ပန်ခံစားခွင့်ရှိကြောင်း ဥပဒေကြမ်းမှာပါရှိပါတယ်။
နိုင်ငံရေးပင်စင်လို့ခေါ်တဲ့ တလုံးတခဲတည်းချီးမြင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မကဘဲ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေပါ ခံစားခွင့်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိနိုင်ငံဘဏ္ဍာရေး အခြေအနေအရ ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို နိုင်ငံရေးပင်စင်ပေးရမယ်ဆိုတာဟာ မဖြစ်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြ ပါတယ်။
အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment