Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 23, 2015
NLDလွတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသို့ ကားသွင်းခွင့်ကိစ္စနှင့်ပတ်သက်၍ဝေဖန်ချက်များ
NLDလွတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသို့ /-
နောက်ပီးတော့ မူဝါဒရေးရာပြန်လည်သုံးသပ်ဆိုရအောင် အမမော်တော်ယာဉ်ဥပဒေကိုအစအဆုံးဖတ်ဘူးပါသလား၊ ဖတ်ချင်ရင်ပေးပါမည်။
မှ/ ရန်မျိုးအောင်
============================
အမရေ သေချာ ဖတ်ပါ။
ကားသွင်းခွင့်ပိတ်ပြီး ကားဈေးတက်ဖို့ထက် လမ်းတွေအဆင့်မြှင့်ဖို့ ဆောင်ရွက်ရမှာ အမရေ ...
တိုင်းပြည်ဖွံ့ဖြိုးလာတာနဲ့အမျှ ကားတွေလည်းများလာမှာပဲ။
မှ/- ထွဋ်ထိပ်
==============================
၎င်းတို့ မှာအစီးရေနည်းပါသည်။
မှ/- ရန်မျိုးအောင်
===================================
အမ
ရန်ကုန်မြို့တွင် ကားအစီးရေ (၃)သိန်းကျော်ဆိုပီး အချက်အလက်လွဲလို့လဲ ပြုံးရပါတယ်အမ
အရည်ကြို
အရည် ကြို
............
NLd လွတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသို့ /-
ကားလောကက ကျယ်ပြန် ့ပါတယ်မမ၊
နောက်တစ်ခါကားကိစ္စတွေဆွေးနွေးမယ်ဆိုရင် ကားအကြောင်းကို ဒီ့ထက်ပိုပီး သိအောင်လုပ်ပါ၊
ကုန်သွယ်မှုပမာဏတိုးတက်အောင်ပါပစ်များထုတ်ပေးနေမှုဆိုတာမှားပါတယ်၊ သတင်းစာမှာပါထားပါတယ် ပြန်ရှာဖတ်ပါ၊
ကားဝန်ရိုးတင်သွင်းပီးကားထုတ်လုပ်နေတာ ပြည်တွင်းမှာမရှိပါ၊ ရှိလျင် Brand အမျိုးအစားနှင့်တကွဖေါ်ပြပါ၊ KIA ဆိုလျင်မှားပါတယ်၊
ဝန်ကြီးဌာနအနေနှင့် ကားတင်သွင်းမှုကိုရပ်ဆိုင်းရန်မဖြစ်နိုင်ပါ၊
အမဘာဖြစ်လို ့ကားသွင်းခွင့်ပိတ်ချင်တာလဲ၊ စစ်အစိုးရခေတ်လား ပိတ်ရအောင်။
နောက်ပီးတော့ မူဝါဒရေးရာပြန်လည်သုံးသပ်ဆိုရအောင် အမမော်တော်ယာဉ်ဥပဒေကိုအစအဆုုံးဖတ်ဘူးပါသလား၊ ဖတ်ချင်ရင်ပေးပါမည်။
Automobile Policy ရောသိပါလား၊ လေ့လာဘူးပါသလား၊
ကြီးကော်မှချမှတ်ထားတဲ့များစွာသော မူဝါဒ၊Model Year, CIF, ယာဉ်အမျိုးအစား ဥပမာ Taxi ဆိုဘယ်နှယောက်စီး၊ ကုန်တင်ယာဉ်ဆို ဘယ်နှတန်၊ အကောက်ခွန်ရဲ့ Duty and Commercial Tax, Withholding Tax, ALC, VVA တို့သိပါသလား၊ Myanmar Port Authority ရဲ့ ကား န ဲ့ပတ်သတ်တဲ့စည်းကမ်း၊ ဒဏ်ကြေး၊ ကညနမူဝါဒယဉ်အိုဟောင်းအပ်နှံမှု သတ်မှတ်ချက် စသည်ဖြင့် တို ့ကိုအမအရင်ပြန်လည်သုံးသပ်ပါ။
လေ့လာပါ၊ ပီးမှလွှတ်တော်ထဲဝင်ပီးကားကိစ္စပြောပါ။
မှ/ ရန်မျိုးအောင်
============================
အမရေ သေချာ ဖတ်ပါ။
ကလေးထွားလာလို့ ဖိနပ်မတော်တာနဲ့ ခြေဖနောင့် ဖြတ်ပစ်စရာမလိုဘူး။ဖိနပ်အကြီး ဝယ်ပေးရတော့မှာ ...
ကားသွင်းခွင့်ပိတ်ပြီး ကားစျေးတက်ဖို့ထက် လမ်းတွေအဆင့်မြှင့်ဖို့ ဆောင်ရွက်ရမှာ အမရေ ...
ဟို့အရင် စစ်အစိုးရလက်ထက် ကားစျေးအဆမတန် ကြီးတော့ ပြည်သူတွေခမျာ တခြားနိုင်ငံထက် ကားပိုငတ်တယ်။ ပြည်သူတွေ စိတ်ထဲမှာ ကားပိုင်ချင်တယ်။ ကိုယ်ပိုင်ကား စီးချင်တယ်ဆိုတာလည်း မမေ့သင့်ဘူး။
နိုင်ငံတကာ ကားအရေအတွက်နဲ့ ကိုယ့်တိုင်းပြည်ကကား အရေအတွက်ချင်းလည်း ယှဉ်လိုက်ဦး ... အများကြီးနည်းနေသေးတယ်။
တိုင်းပြည်ဖွ့ံဖြိုးလာတာနဲ့အမျှ ကားတွေလည်းများလာမှာပဲ။
ပြည်သူနဲ့ကား ဆက်စပ်ပုံ မသိဘူးဆိုလည်း သိတဲ့နားလည်တဲ့သူတွေနဲ့ လာဆွေးနွေးပါဗျာ။
မှ/- ထွဋ်ထိပ်
==============================
Free Permit ဖြင့် တန်ဖိုးကြီးကားများ အမြောက်အများတင်သွင်းလာခြင်းဆိုသည်မှာ မှားနေပါသည်။
Rolls Royce လိုကားမျိုးမှတန်ဖိုးကြီးကားမျိုးခေါ်ပါသည်။
၄င်းတို ့မှာအစီးရေနည်းပါသည်။
အမြောက်အများတင်သွင်းလာသည်မှာ လူလတ်တန်းစားသုံး သိန်း၁၀၀ ဝန်းကျင် Toyota Probox, Nissan AD Van တို ့ဖြစ်ပါသည်။
အမလမ်းသွားရင်းကြည့်ရင်တွေ ့ရပါမည်။
လမ်းပေါ်မှာ rolls royce နဲ ့Probox ဘယ်ကားပိုများသလဲဆိုတာ။
ဒါကြောင့်တန်ဖိုးကြီးကားများ အမြောက်အများဆိုသည်ကိုလက်မခံနိုင်ပါ။ အသုံးအနှုန်းမှားနေပါသည်။
နောက် free permit ကိုအခွန်ပြခိုင်းတာ ၂၀၁၆ မှစတင်မည်ဟုယူဆပါသည်၊
ဆိုလိုသည်မှာ ယာဉ်ကြောကြပ်ခြင်း၊ အမှန်တကယ် ကားဝယ်ယူခြင်းမရှိပဲနာမည်ခံခြင်းတို ့ကြောင့် ကန့်သတ်ခြင်းဖြစ်နိုင်ပါသည်။
ကားအစီးရေသုံးသိန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျင်နည်းပါးပါသည်။ ကျွန်တော်တို ့နိုင်ငံသည် ဖွံဖြိုးပီးနိုင်ငံတစ်နိုင်ငံမဟုတ်ပါ။
ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပါသည်။
အခြေခံအဆောက်အအုံ (infrastructure) မပြည့်စုံပါ။ ဒါကိုစီမံကိန်းအသေအချာ မရေးဆွဲပဲ ဆိုတဲ့စကားနဲ့ အပြစ်တင်မဲ့အစား အမကိုယ်တိုင် ဘယ်လိုစီမံကိန်းမျိုးကို အကောင်အထည်ဖေါ်သင့်တယ်ဆိုတာကို ပြုလုပ်ဖို့ ရေးသား တိုက်တွန်းအပ်ပါသည်။
မှ/- ရန်မျိုးအောင်
===================================
အမ
ကားနဲ့ပါတ်သတ်ပြီး NLD က စွမ်းရည်မြင့်သင်တန်းဖွင့်ရင် အမကို ဆက်တက်စေချင်ပါတယ် အမ။
ရန်ကုန်မြို့တွင် ကားအစီးရေ (၃)သိ်န်းကျော်ဆိုုပီး အချက်အလက်လွဲလို့လဲ ပြံုးရပါတယ်အမ
နောက်တစ်ခါဆိုရင် သေချာလေ့လာပြီးမှ ဆွေးနွေးပါ အမ။
ချစ်ခြင်းများစွာဖြင့်
အရည်ကြို
Photo, ဒေါ်စန္ဒာမင်း Fb မှ ကူးယူဖော်ပြပါသည်။
အရည် ကြို
No comments:
Post a Comment