Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 14, 2015

မကွေးတိုင်း NLD ကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ဦးလှဆွေ တရားစွဲ

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ အောက်တိုဘာလ ၂၁ ရက်နေ့က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာ မဲဆွယ်စဉ်
ဓါတ်ပုံ - ငယ်ထွေး/RFA

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ထားတာကြောင့် ဂန့်ဂေါခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်တုန်းက အန်အယ်လ်ဒီပါတီရဲ့ မကွေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ်က ဦးလှဆွေကို ပုတ်ခတ်ပြောဆိုတာ၊ ဂန့်ဂေါမြို့နယ်မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်က တောင်သူတွေ ဆန္ဒပြတောင်းဆိုတာကို ထောက်ခံချက်ပေးတာ စတဲ့ အချက်တွေကြောင့် အသရေဖျက်မှုနဲ့ တရားစွဲခံရတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂ဝ၁၂ က တစ်ကြိမ်ပေါ့ဗျာ၊ ၂ဝ၁၃ တုန်းက တစ်ကြိမ်၊ အဲ့အချိန်တုန်းက တောင်သူတွေပေါ့ သူတို့မြေယာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်က ထောက်ခံချက်ပေးတာကို အခု အောက်တိုဘာလ ၁၆ ရက်နေ့က ရွေးကောက်ပွဲကာလနီးမှ သူ့ကိုအသရေဖျက်မှုနဲ့ ကျနော့်ကိုတရားစွဲပါတယ်၊ နောက်တစ်ခုက ကျနော့်ကိုယ်စားလှယ်မဟုတ်ဘဲနဲ့ ကိုယ်စားလှယ်လို့ ယုံပြီးတော့မှ ဦးဇော်ဝင်း စကားပြောမှားတယ် ဆိုပြီးတော့မှ သူ့ကိုအသရေဖျက်တယ်ဆိုပြီး ကျနော့်ကိုတရားစွဲတာဖြစ်ပါတယ်"

ဂန့်ဂေါမြို့နယ် မြောက်ခရမ်းကျေးရွာမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အတွက် တောင်သူတွေက ဆန္ဒပြတောင်းဆိုရာမှာ အဲဒီအချိန်က ကျေးရွာရဲ့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးပြူးလွင်က အဲဒီလယ်ယာမြေတွေဟာ ဒေသခံတောင်သူတွေ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေဖြစ်ကြောင်း ထောက်ခံချက်ရေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေကို လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သိမ်းယူထားတာဖြစ်တယ် လို့လည်း တောင်သူတွေက ပြောပါတယ်။

ဦးပြူးလွင် ကို တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီလအတွင်း တရားရုံးချိန်း ၂ကြိမ် ခေါ်ယူခဲ့ပြီးဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ၃ကြိမ်မြောက် စစ်ဆေးမှာဖြစ်ပါတယ်။


RFA Burmese
http://www.rfa.org/burmese
....................
ျပည္ခိုင်ဖြိုးပါတီ ကိုယ္စားလွယ်လောင်း ဦးလွေဆြ အောက္တိုဘာလ ၂၁ ရက်နေ့က မေကြးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မောက္လင်းကေ်းရြာမွာ မဲဆြယ္စဉ်
ဓါတ္ပုံ - ငယ်ထြေး/RFA

မေကြးတိုင်းဒေသကြီး အမိုးသားလွှတ်တော် မဲဆန္ဒနယ် အမွတ် ၁၂ မွာ အနိုင်ရရွိထားတဲ့ အန်အယ္လ္ဒီပါတီ ကိုယ္စားလွယ် ဦျးပူးလြင္ကို ကြံ့ခိုင္ဖြံ့ဖြိုးရေးပါတီက ဦးလွေဆြက အသေရဖ်က္မွု ပုဒ္မ ၅၀၀ နဲ့ တရားစြဲဆို ထားတာကြောင့် ဂန့်ဂေါခရိုင္တရားရုံးမွာ အမှုရင္ဆိုင်နေရတယ္လို့ သိရပါတယ်။

ရြေးကောက္ပြဲ မဲဆြယ္တုန်းက အန်အယ္လ္ဒီပါတီရဲ့ မေကြးတိုင်း ရြေးကောက္ပြဲ အောင္နိုင်ရေး ကိုယ္စားလွယ္က ဦးလွေဆြကို ပုတ္ခတ်ျေပာဆိုတာ၊ ဂန့်ဂေါမြို့နယ္မွာ သိမ်းဆည်းခံရတဲ့ လယ်ယျာေမေတျြပန္လည်ရရွိရေးအတြက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနွစ်လောက္က တောင်သူတြေ ဆန္ဒျပေတာင်းဆိုတာကို ထောက္ခံခ်က်ပေးတာ စတဲ့ အခ်က်တြေကြာင့် အသေရဖ်က္မှုနဲ့ တရားစဲခြံရတျာဖစ္တယ္လို့ အန်အယ္လ္ဒီပါတီ အမိုးသားလွှတ်တော် ကိုယ္စားလွယ် ဦျးပူးလြင္ကျေပာပါတယ်။

"ပြီးခဲ့တဲ့ ၂ဝ၁၂ က တစ်ကြိမ်ပေါ့ဗ်ာ၊ ၂ဝ၁၃ တုန်းက တစ်ကြိမ်၊ အဲ့အခိန္တုန်းက တောင်သူတြေပါ့ သူတို့ျေမယာတြေနဲ့ ပတ်သက်ပြီးတော့ က်န္ကော ထောက္ခံခ်က်ပေးတာကို အခု အောက္တိုဘာလ ၁၆ ရက်နေ့က ရြေးကောက္ပြဲကာလနီးမွ သူ့ကိုအသေရဖ်က္မှုနဲ့ က်နော့်ကိုတရားစြဲပါတယ်၊ နောက္တစ္ခုက က်နော့်ကိုယ္စားလွယ္မဟုတ္ဘဲနဲ့ ကိုယ္စားလွယ္လို့ ယုံပြီးတော့မွ ဦးဇော်ဝင်း စကာျးေပာမွားတယ် ဆိုပြီးတော့မွ သူ့ကိုအသေရဖ်က္တယ္ဆိုပြီး က်နော့်ကိုတရားစြဲတျာဖစ္ပါတယ်"

ဂန့်ဂေါမြို့နယ်ျေမာက္ခရမ်းကေ်းရြာမွာ သိမ်းဆည်းခံထားရတဲ့ လယ်ယျာေမေတျြပန္လည်ရရွိရေး အတြက် တောင်သူတြေက ဆန္ဒျပေတာင်းဆိုရာမွာ အဲဒီအခိန္က ကေ်းရြာရဲ့ လယ်ယျာေမစီမံခန့်ခဲမြှုအဖြဲ့မွာ တာဝန္ထမ်းဆောင်နေတဲ့ ဦျးပူးလြင္က အဲဒီလယ်ယျာေမေတြဟာ ဒေသခံတောင်သူတြေ ဘိုးဘြားအစဉ်အဆက် လုပ္ကိုင္ခဲ့တဲ့ လယ်ယျာေမျဖစ်ကြောင်း ထောက္ခံခ်က်ရေးပေးခဲ့တျာဖစ္တယ္လို့ သိရပါတယ်။

အဲဒီလယ်ယျာေမေတြကို လက်ရွိ အမိုးသားလွှတ်တ္ကောိုယ္စားလွယ် ဦးလွေဆြက သိမ်းယူထားတျာဖစ္တယ် လို့လည်း တောင်သူတြေကျေပာပါတယ်။

ဦျးပူးလြင် ကို တရားစဲဆြိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီလအတြင်း တရားရုံးခိန်း ၂ကြိမ် ခေါ်ယူခဲ့ပြီျးဖစ်ပြီး လာမယ့် ဒီဇင္ဘာလ ၁၆ရက်နေ့မွာ ၃ကြိမ်ျေမာက် စစ်ဆေးမျွာဖစ္ပါတယ်။


RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment