Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 24, 2015

Muslim Brotherhood ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ျဗိတိန္ေၾကညာ


နိရဥၥရာ၊ ဒီဇင္ဘာ ၂၃

မြတ္ဆလင္ ညီအစ္ကိုေတာ္မ်ားလို႕ အမည္တပ္ေခၚႏိုင္တဲ့ Muslim Brotherhood အဖြဲ႕ကို ျဗိတိန္အစိုးရက အၾကမ္းဖက္ အဖြဲ႕အျဖစ္ ေက်ညာလိုက္ျပီ ျဖစ္ပါတယ္။

ျဗိတိန္၀န္ၾကီးခ်ဳပ္ ေဒးဗစ္ကန္မရြန္းရဲ႕ ညႊန္ၾကားခ်က္အရ ၁၈ လၾကာ ေလ့လာ စိစစ္ျပီးတဲ့ ေနာက္ ဒီအဖြဲ႕ကို အၾကမ္းဖက္ အဖြဲ႕ အျဖစ္ ျဗိတိန္က ေက်ညာလိုက္တာ ျဖစ္ပါတယ္။

ခုလို ေက်ညာတာကို အေမရိကန္ သမၼတ အိုဘားမား ဦးေဆာင္တဲ့ အုပ္ခ်ဳပ္ေရး အဖြဲ႕ကေတာ့ ပယ္ခ်လိုက္ျပီး Muslim Brotherhood အဖြဲ႕ဟာ အၾကမ္းမဖက္တဲ့ အစၥလာမ္မစ္ အဖြဲ႕ တစ္ခု ျဖစ္တယ္လို႕ ေျပာဆိုပါတယ္။

အခုအခါ ဒီကိစၥနဲ႕ ပတ္သက္ျပီး ျဗိတိန္နဲ႕ အေမရိကန္ အၾကားမွာ အျမင္မတူမႈေတြ ေပၚေပါက္ေနတယ္လို႕လည္း သိရပါတယ္။

ျဗိတိန္၀န္ၾကီးခ်ဳပ္က လြန္ခဲ့တဲ့ ၾကာသပေတးေန႕က ဒီအစီရင္ခံစာကို ေအာက္လႊတ္ေတာ္မွာ တင္သြင္းရာမွာ ဒီ Muslim Brotherhood အဖြဲ႕ဟာ ဒီမိုကရက္တစ္ကို ဆန္႕က်င္တ့ဲ အဖြဲ႕ ျဖစ္သလို အၾကမ္းဖက္မႈကို ပြင့္ပြင့္လင္းလင္း ေထာက္ခံမႈ ေပးေနတဲ့ အဖြဲ႕အျဖစ္ ေဖာ္ျပပါတယ္။

ဒါ့အျပင္ Muslim Brotherhood အေနနဲ႕ အစၥလာမ္မစ္ အစုိးရတစ္ရပ္ ျဖစ္ေပၚေရး အတြက္ ဦးတည္ လူပ္ရွားေနတဲ့ အဖြဲ႕ျဖစ္ျပီး ျဗိတိန္ႏိုင္ငံ၏ တရားဥပေဒစိုးမုိးမႈကို ဆန္႕က်င္ေနသည္သာမက လူတစ္ဦးခ်င္းစီ လြတ္လပ္မႈႏွင့္ တန္းတူရွိမႈ အေပၚမွာလည္း ဆန္႕က်င္ေနတယ္လုိ႕ ေဖာ္ျပထားပါတယ္။

ျဗိတိန္၀န္ၾကီးခ်ဳပ္က ဆက္လက္ေျပာဆိုရာမွာ ဒီအစၥလာမ္ အဖြဲ႕ရဲ႕ အေတြးအေခၚနဲ႕ လႈပ္ရွားမႈကို ရႈေထာင့္ေပါင္းစံုက သံုးသပ္ၾကည့္ရင္ ျဗိတိန္ႏိုင္ငံရဲ႕ ဒီမိုကေရစီ တန္ဖိုးေတြကို တိုက္ရိုက္ဆန္႕က်င္ေနသလို ဘာသာေရးနဲ႕ ယံုၾကည္မႈ မတူသူမ်ားရဲ႕ အခ်င္းခ်င္း အျပန္အလွန္ေလးစားမႈနဲ႕ သဟဇာတ ျဖစ္မႈေတြ အေပၚမွာလည္း ဆန္႕က်င္မႈေတြ ျပဳလုပ္ေနတယ္လို႕ ေျပာဆိုပါတယ္။


(Arakan State)

https://www.facebook.com/NarinjaraNews
.................


နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃

မွတ်ဆလင် ညီအစ်ကိုတော်များလို့ အမည်တပ်ခေါ်နိုင်တဲ့ Muslim Brotherhood အဖွဲ့ကို ဗြိတိန်အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် ကျေညာလိုက်ပြီ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွန်းရဲ့ ညွှန်ကြားချက်အရ ၁၈ လကြာ လေ့လာ စိစစ်ပြီးတဲ့ နောက် ဒီအဖွဲ့ကို အကြမ်းဖက် အဖွဲ့ အဖြစ် ဗြိတိန်က ကျေညာလိုက်တာ ဖြစ်ပါတယ်။

ခုလို ကျေညာတာကို အမေရိကန် သမ္မတ အိုဘားမား ဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကတော့ ပယ်ချလိုက်ပြီး Muslim Brotherhood အဖွဲ့ဟာ အကြမ်းမဖက်တဲ့ အစ္စလာမ်မစ် အဖွဲ့ တစ်ခု ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အခုအခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ အမေရိကန် အကြားမှာ အမြင်မတူမှုတွေ ပေါ်ပေါက်နေတယ်လို့လည်း သိရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ ကြာသပတေးနေ့က ဒီအစီရင်ခံစာကို အောက်လွှတ်တော်မှာ တင်သွင်းရာမှာ ဒီ Muslim Brotherhood အဖွဲ့ဟာ ဒီမိုကရက်တစ်ကို ဆန့်ကျင်တဲ့ အဖွဲ့ ဖြစ်သလို အကြမ်းဖက်မှုကို ပွင့်ပွင့်လင်းလင်း ထောက်ခံမှု ပေးနေတဲ့ အဖွဲ့အဖြစ် ဖော်ပြပါတယ်။

ဒါ့အပြင် Muslim Brotherhood အနေနဲ့ အစ္စလာမ်မစ် အစိုးရတစ်ရပ် ဖြစ်ပေါ်ရေး အတွက် ဦးတည် လူပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို ဆန့်ကျင်နေသည်သာမက လူတစ်ဦးချင်းစီ လွတ်လပ်မှုနှင့် တန်းတူရှိမှု အပေါ်မှာလည်း ဆန့်ကျင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုရာမှာ ဒီအစ္စလာမ် အဖွဲ့ရဲ့ အတွေးအခေါ်နဲ့ လှုပ်ရှားမှုကို ရှုထောင့်ပေါင်းစုံက သုံးသပ်ကြည့်ရင် ဗြိတိန်နိုင်ငံရဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို တိုက်ရိုက်ဆန့်ကျင်နေသလို ဘာသာရေးနဲ့ ယုံကြည်မှု မတူသူများရဲ့ အချင်းချင်း အပြန်အလှန်လေးစားမှုနဲ့ သဟဇာတ ဖြစ်မှုတွေ အပေါ်မှာလည်း ဆန့်ကျင်မှုတွေ ပြုလုပ်နေတယ်လို့ ပြောဆိုပါတယ်။


(Arakan State)

https://www.facebook.com/NarinjaraNews

No comments:

Post a Comment