( Ye Wint )
Ref: Mirror
..............
Meek Mill ပေးတဲ့ စေ့စပ်လက်စွပ်ကြီးကို ထုတ်ကြွားလိုက်တဲ့ Nicki Minaj
Rap အဆိုတော် Nicki Minaj ဟာ သူမရဲ့ စေ့စပ်စိန်လက်စွပ်အကြီးကြီးကို ထုတ်ကြွားလိုက်ပါတယ်။
ဧပြီလတုန်းက အသည်းပုံစိန်နဲ ့ပလက်တီနပ်ကွပ်ထားတဲ့လက်စွပ်ကြီးကို Nicki တစ်ယောက် ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတင်ခဲ့ပြီးနောက် သူမနဲ ့ချစ်သူ Meek Mill တို ့ရဲ့ စေ့စပ်မှုကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် အခုကြည့်ရတာကတော့ Meek Mill တစ်ယောက် လက်စွပ်ကို ထပ်အဆင့်မြှင့်လိုက်ပုံရပြီး Nicki တစ်ယောက် ရင်ခုန်မယ်ဆိုလည်း ခုန်လောက်စရာပါပဲ။
အသက် ၃၃ နှစ်အရွယ် အဆိုတော် Nicki ဟာ သူမရဲ့ Instagram မှာ လေးထောင့်ပုံစံသွေးထားတဲ့ စိန်လက်စွပ်ကြီးဓာတ်ပုံနှစ်ပုံကို ဗုဒ္ဓဟူးနေ ့မနက်က တင်လိုက်ပြန်ပါတယ်။
စိန်လက်စွပ်ကြီးဝတ်ထားတဲ့ သူမရဲ့ လက်ကို ရိုက်ထားတဲ့ ပထမပုံမှာ Nicki က “ ကဲ ဒါကတော့ တို ့ပြောပြောနေတဲ့ဟာပေါ့။ Lol. ချစ်တယ် @meekmill လို ့ရွှန်းရွှန်းဝေ ရေးထားပြီး နောက်တစ်ပုံမှာတော့ “ လုံးဝအပြစ်အနာအဆာကင်းတဲ့စိန်ပဲ” လို ့ပုံစာရေးထာားပါတယ်။
သူတို ့အတွဲဟာ Nicki တစ်ယောက် သူမရဲ့ ကာလကြာရှည်တွဲလာတဲ့ချစ်သူ Safaree Samuels နဲ ့၂၀၁၄ နှောင်းပိုင်းမှာ ပြတ်သွားပြီးနောက် စတင် ချိန်းတွေ ့ခဲ့ကြတာဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်အစောပိုင်းမှာမှ လူသိရှင်ကြားထုတ်ပြောခဲ့တာဖြစ်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: Mirror
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment