Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

႐ုပ္ရွင္ အႀကိဳခံစားျခင္း (The Letters)


-ဒီေန႔ေဖာ္ျပေပးမွာက တစ္ကမၻာ လံုးက ေလးစားရတဲ့ ပုဂၢိဳလ္တစ္ ေယာက္ျဖစ္တဲ့ က႐ုဏာရွင္မာ သာထရီဇာအေၾကာင္း ဇာတ္အိမ္တည္႐ိုက္ကူးထားတဲ့ အတၳဳပၸတၱိ ဒရာမာဇာတ္ကားေလးပါ။

ဇာတ္လမ္းေလးက ၁၉၄၆ ကိုးလ္ကတၱားၿမိဳ႕ျမင္ကြင္းေလးနဲ႔ အစျပဳထားၿပီး ေလာ္ရီတုိခရစ္ ယာန္သီလရွင္ေက်ာင္းမွာ ဆရာမအျဖစ္ အလုပ္လုပ္ေနတဲ့ ထရီ ဇာကိုျမင္ေတြ႕ရမွာပါ။ ထရီဇာ ဟာ သူ႔အလုပ္ကို အင္မတန္ျမတ္ ႏိုးသေဘာက်ၿပီး ဒါဂ်ီလင္ကို ရထားနဲ႔ ခရီးသြားတုန္း ဘုရား သခင္က ဆင္းရဲႏံုခ်ာဒုကၡေရာက္ ေနသူေတြကို ကူညီေပးဖို႔ ေျပာသံ ကို ၾကားခဲ့တာေၾကာင့္ အစြမ္း ကုန္ကူညီေပးခဲ့ပါတယ္။

မာသာထရီဇာဟာ သူအ သက္ရွင္ေနသမွ် ကာလ ပတ္လံုး ႀကံဳေတြ႕ခံစားရသမွ်ေတြကို ႏွစ္ေပါင္း ေလးဆယ္ေက်ာ္ၾကာ ေအာင္ သူ႔ရဲ႕ သူငယ္ခ်င္းရယ္၊ တရားဓမၼေတြနဲ႔ စိတ္ပိုင္းဆုိင္ရာ အားေပးတဲ့ ဘုန္းေတာ္ႀကီး ဆီ လက္ဆီကို စာေလးေတြေရးေရး ၿပီး ရင္ဖြင့္ေျပာၾကားတဲ့အေၾကာင္း ဒီဇာတ္လမ္းေလးမွာ ျမင္ေတြ႕ရ မွာပါ။

အိႏၵိယႏုိင္ငံမွာရွိတဲ့ လူဆင္း ရဲေတြၾကားကိုသြားၿပီး ကူညီေစာင့္ေရွာက္ေပးရာမွာ အဲဒီက ဘာသာ ေရး အဖြဲ႕အစည္းရဲ႕ ကန္႔ကြက္ ေမာင္းထုတ္တာမ်ိဳးေတြ ခံခဲ့ရေပမယ့္လည္း သူ႔အသက္အႏၲရာယ္ ကိုမမႈဘဲ ေမတၱာတရားနဲ႔ ၾကည့္႐ႈ ေစာင့္ေရွာက္တဲ့ျပကြက္ေတြကိုၾကည့္ရင္း ပရိသတ္ေတြရင္ထဲမွာ ဝမ္းနည္းသလိုလို၊ ၾကည္ႏူးမိသလိုလို ခံစားမိၾကဦးမွာပါ။ မာသာထရီဇာကို တစ္ကမၻာလံုးက ဘာေၾကာင့္ ေလးစား ခ်စ္ခင္ၾကရသလဲဆုိတဲ့အေၾကာင္းရင္းကို ဒီဇာတ္လမ္းေလးကိုၾကည့္ရင္း သိႏုိင္ၾကမွာျဖစ္ၿပီး ႐ုပ္ရွင္အေနနဲ႔ဆုိေတာ့ လုိအပ္ခ်က္ေတြလည္းရွိတဲ့အေၾကာင္း ႐ုပ္ရွင္ေဝဖန္သူေတြက ေျပာထားၾကပါတယ္။ ဒီဇာတ္ကားမွာ မာသာထရီဇာေနရာက မင္းသမီး ဂ်ဴးလီးယက္စတီဗင္ဆင္က သ႐ုပ္ေဆာင္ထားတာမို႔ ဇာတ္႐ုပ္နဲ႔ လိုက္ဖက္ရဲ႕လားဆုိတာ ကိုယ္တုိင္ၾကည့္ရင္း ေဝဖန္အကဲျဖတ္လိုက္ပါဦးေနာ္။

7 Day
..........................
ရုပ်ရှင် အကြိုခံစားခြင်း

The Letters

-ဒီနေ့ဖော်ပြပေးမှာက တစ်ကမ္ဘာ လုံးက လေးစားရတဲ့ ပုဂ္ဂိုလ်တစ် ယောက်ဖြစ်တဲ့ ကရုဏာရှင်မာ သာထရီဇာအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာဇာတ်ကားလေးပါ။

ဇာတ်လမ်းလေးက ၁၉၄၆ ကိုးလ်ကတ္တားမြို့မြင်ကွင်းလေးနဲ့ အစပြုထားပြီး လော်ရီတိုခရစ် ယာန်သီလရှင်ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်နေတဲ့ ထရီ ဇာကိုမြင်တွေ့ရမှာပါ။ ထရီဇာ ဟာ သူ့အလုပ်ကို အင်မတန်မြတ် နိုးသဘောကျပြီး ဒါဂျီလင်ကို ရထားနဲ့ ခရီးသွားတုန်း ဘုရား သခင်က ဆင်းရဲနုံချာဒုက္ခရောက် နေသူတွေကို ကူညီပေးဖို့ ပြောသံ ကို ကြားခဲ့တာကြောင့် အစွမ်း ကုန်ကူညီပေးခဲ့ပါတယ်။

မာသာထရီဇာဟာ သူအ သက်ရှင်နေသမျှ ကာလ ပတ်လုံး ကြုံတွေ့ခံစားရသမျှတွေကို နှစ်ပေါင်း လေးဆယ်ကျော်ကြာ အောင် သူ့ရဲ့ သူငယ်ချင်းရယ်၊ တရားဓမ္မတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးတဲ့ ဘုန်းတော်ကြီး ဆီ လက်ဆီကို စာလေးတွေရေးရေး ပြီး ရင်ဖွင့်ပြောကြားတဲ့အကြောင်း ဒီဇာတ်လမ်းလေးမှာ မြင်တွေ့ရ မှာပါ။

အိန္ဒိယနိုင်ငံမှာရှိတဲ့ လူဆင်း ရဲတွေကြားကိုသွားပြီး ကူညီစောင့်ရှောက်ပေးရာမှာ အဲဒီက ဘာသာ ရေး အဖွဲ့အစည်းရဲ့ ကန့်ကွက် မောင်းထုတ်တာမျိုးတွေ ခံခဲ့ရပေမယ့်လည်း သူ့အသက်အန္တရာယ် ကိုမမှုဘဲ မေတ္တာတရားနဲ့ ကြည့်ရှု စောင့်ရှောက်တဲ့ပြကွက်တွေကိုကြည့်ရင်း ပရိသတ်တွေရင်ထဲမှာ ဝမ်းနည်းသလိုလို၊ ကြည်နူးမိသလိုလို ခံစားမိကြဦးမှာပါ။ မာသာထရီဇာကို တစ်ကမ္ဘာလုံးက ဘာကြောင့် လေးစား ချစ်ခင်ကြရသလဲဆိုတဲ့အကြောင်းရင်းကို ဒီဇာတ်လမ်းလေးကိုကြည့်ရင်း သိနိုင်ကြမှာဖြစ်ပြီး ရုပ်ရှင်အနေနဲ့ဆိုတော့ လိုအပ်ချက်တွေလည်းရှိတဲ့အကြောင်း ရုပ်ရှင်ဝေဖန်သူတွေက ပြောထားကြပါတယ်။ ဒီဇာတ်ကားမှာ မာသာထရီဇာနေရာက မင်းသမီး ဂျူးလီးယက်စတီဗင်ဆင်က သရုပ်ဆောင်ထားတာမို့ ဇာတ်ရုပ်နဲ့ လိုက်ဖက်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရင်း ဝေဖန်အကဲဖြတ်လိုက်ပါဦးနော်။

7 Day


No comments:

Post a Comment