မြန်မာ မယ်စကြာဝဠာအလှမယ် မေဘရဏီသော် Las Vegas မြို့ကိုရောက်ရှိ (Miss Universe) |
အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ Miss Universe ကမ္ဘာ့ မယ်စကြာဝဠာအလှ မယ်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း (၈၁)နိုင်ငံက အလှမယ်တွေနဲ့ယှဉ်ပြိုင်ဖို့သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမှာဖြစ်တယ် လို့ မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော်က ဗွီအိုအေကိုပြောပါတယ်။ National Costume နိုင်ငံအလိုက်ဝတ် စုံပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ Queen of the Ka Yan လို့အမည်ပေးထားတဲ့ ကယန်းဝတ်စုံဟာလည်း လူအများစိတ်ဝင်စား ခံနေရတယ် လို့လည်း မေဘရဏီသော်ကဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။
(၆၄)ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲပြုလုပ်တဲ့ အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့ကို ဒီဇင်ဘာလ (၂)ရက်နေ့ကတည်းက မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော် ရောက်ရှိပြီး ပြိုင်ပွဲဝင်ဖို့ စခန်းဝင်ပြင်ဆင်နေတာပါ။ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ ကျင်းပတော့မယ့် ပြိုင်ပွဲကြီးအတွက် သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မေဘရဏီသော်က ဗွီအိုအေကိုအခုလို ပြောပါတယ်။
“ညီမက ဒီဇင်ဘာ (၂)ရက်နေ့ရောက်ပါတယ်။ ဒီအတွက်လည်း တော်တော်လေးပြင်ဆင်ခဲ့တယ်ဆိုတော့ အခက်အခဲတွေသိပ်ပြီးမရှိဘူးပေါ့။ အဓိကကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာပေါ့နော်။ ညီမတို့လူမျိုးတွေလည်း အကောင်းဆုံးကြိုးစားရင်တော့ သူတို့နဲ့ရင်ဘောင်တန်းနိုင်မယ်လို့ ကျမထင်ပါတယ်။”
မေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံမေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံ |
“သူတို့အနေနဲ့ကြိုက်ကြတယ်။ အခြားဝတ်စုံတွေဆိုရင် ကြီးတယ်။ ဒါပေမဲ့ ပေါ့တယ်ပေါ့နော်။ ညီမ၀တ်စုံကြတော့လေးတယ်။ ကြည့်လိုက်ရင်တော့ တကယ့်ကို ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့ လေးလဲလေးတယ်၊ နောက်ပြီးတော့ ၀တ်တဲ့ပုံစံ လည်ပင်းတွေ၊ ခြေထောက်တွေအစ ဒီဇိုင်နာက အသေးစိတ်ကို လုပ်ထားတာပါ။ အပေါ်ဝတ်စုံမှာဆိုရင် ကျောက်သေးသေးလေးတွေထိုးတာပါတယ်။ သေသေချာချာကြည့်မယ်ဆိုရင် ၀တ်စုံရဲ့အပေါ်ပိုင်း မှာ မြန်မာနိုင်ငံရဲ့မြေပုံ ထိုးထား တာကိုတွေ့ရပါလိမ့်မယ်။”
နှစ်ပေါင်းထောင်ချီ ၀တ်ဆင်ခဲ့ကြတဲ့ ကယန်းတိုင်းရင်းသူတွေရဲ့ ရိုးရာ ၀တ်စုံကို ခေတ်နဲ့အညီ ဖန်တီးချုပ်လုပ်ထားပြီး ၀တ်စုံတန်ဖိုးဟာ အမေရိကန်ဒေါ်လာ တသောင်းကုန်ကျတယ်လို့ဆိုပါတယ်။ ဒါအပြင် ၀တ်စုံနဲ့အတူ ကိုင်ဆောင်ထားတဲ့ ကယန်းရိုးရာဂစ်တာ ကိုလည်း ၂၄ ကာ ရက် ရွှေ ပြားနဲ့ပြုလုပ်ထားပါတယ်။
ဒီနှစ်မှာ မယ်စကြာဝဠာအဖွဲ့အစည်းပိုင်ရှင်တွေ အပြောင်းအလဲဖြစ်ခဲ့တဲ့အတွက် မြန်မာအလှမယ်တဦးအနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲတချို့ကိုလည်း မေဘရဏီသော်ကအခုလိုပြောပါတယ်။
“ဒီနှစ်မှာ တခုခက်ခဲသွားတာရှိတယ်။ Miss Universe က ပိုင်ရှင်ပြောင်းသွားတယ်လေ။ စိန်ခေါ်မှုတွေက တခုနဲ့တခုမတူဘူးဖြစ်နေတယ်။ အဲတော့ ညီမအနေနဲ့ ဘယ်လိုအချိန်မှာ ဘယ်လိုလာမယ်ဆိုတာ စိတ်ပူရတာပေါ့။ တော်တော်ကိုစိတ်ထိန်းပြီး ပြိုင်ရတာပေါ့။”
မြန်မာနိုင်ငံအနေနဲ့လည်း အရင်တုန်းက ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲမှာ ၁၉၅၉ ခုနှစ်ကပါဝင်ခဲ့တဲ့အလှမယ်ဟာ ဒေါ်သန်းသန်းအေးဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်နေပါတယ်။ ၁၉၆၀ တုန်းကတော့ ဒေါ်မြင့်မြင့်မေဖြစ်ပြီး သူကတော့ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ Miss Congeniality ဆုကို ရရှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာအလှမယ် ဒေါ်မြင့်မြင့်ခင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၂နှစ်အကြာ၂၀၁၃ ခုနှစ်မှာ မြန်မာ အလှမယ် မိုးစက်ဝိုင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အလှမယ် သျှားထွဋ်အိန္ဒြာ နဲ့ အခု ၂၀၁၅ခုနှစ်အတွက် အလှမယ် မေရဏီသော်က ပါဝင်ယှဉ်ပြိုင်နေပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..............
ျမန္မာ မယ္စကြာဝဠာအလွမယ် မေဘရဏီသော် Las Vegas မြို့ကိုရောက်ရွိ (Miss Universe)
အေမရိကန်ျပည်ထောင္စုမွာက်င်းပတဲ့ Miss Universe ကမ္ဘာ့ မယ္စကြာဝဠာအလွ မယ်ပြိုင္ပဲကြီးမွာ နိုင်ငံပေါင်း (၈၁)နိုင်ငံက အလွမယ်တြေနဲ့ယွဉ်ပြိုင္ဖို့သူ့အေနနဲ့ ယုံကြည္မွုအျပည့်နဲ့ နိုင်ငံကိုယ္စာျးပု ယွဉ်ပြိုင်ြသားမျွာဖစ္တယ် လိျု့မန္မာမယ္စကြာဝဠာအလွမယ် မေဘရဏီသ္ကော ဗီအြိုအေကိျုေပာပါတယ်။ National Costume နိုင်ငံအလိုက်ဝတ် စုံပြိုင္ပဲအြတြက်ျပင္ဆင္ထားတဲ့ Queen of the Ka Yan လို့အမည်ပေးထားတဲ့ ကယန်းဝတ္စုံဟာလည်း လူအမ်ားစိတ်ဝင္စား ခံနေရတယ် လို့လည်း မေဘရဏီသ္ကောဆိုပါတယ်။ ဆက်ြသယ်မေျးမန်းထားတဲ့ မအင်ကြင်းနိုင္က အေကြာင်းစုံကိျုေပျာပမွာပါ။
(၆၄)ကြိမ်ျေမာက် မယ္စကြာဝဠာပြိုင္ပျြဲပုလုပ္တဲ့ အေမရိကန်ျပည်ထောင္စု Nevadaျပည္နယ် Las Vegas မြို့ကို ဒီဇင္ဘာလ (၂)ရက်နေ့ကတည်းကျမန္မာမယ္စကြာဝဠာအလွမယ် မေဘရဏီသော် ရောက်ရွိပြီး ပြိုင္ပဲဝြင္ဖို့ စခန်းဝင်ျပင္ဆင်နေတာပါ။ ဒီဇင္ဘာလ (၂၀)ရက်နေ့မွာ က်င်းပေတာ့မယ့် ပြိုင္ပဲကြီးအတြက် သူ့အေနနဲ့ ယုံကြည္မွုအျပည့်နဲ့ နိုင်ငံကိုယ္စာျးပု ယွဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြာင်း မေဘရဏီသ္ကော ဗီအြိုအေကိုအခုလိုျေပာပါတယ်။
“ညီမက ဒီဇင္ဘာ (၂)ရက်နေ့ရောက္ပါတယ်။ ဒီအတြက္လည်း တော်တော်လေျးပင္ဆင္ခဲ့တယ္ဆိုတော့ အခက်အခဲတြေသိပ်ပြီးမရွိဘူးပေါ့။ အဓိကကေတာ့ ကိုယ့်ကိုကိုယ်ယုံကြည္မွုရွိရမွာပေါ့နော်။ ညီမတို့လူမိုးတြေလည်း အေကာင်းဆုံးကြိုးစားရင်တော့ သူတို့နဲ့ရင်ဘောင္တန်းနိုင္မယ္လို့ က်မထင္ပါတယ်။”
မေဘရီဏီသော်ရဲ့ ကယန်းဝတ္စုံမေဘရီဏီသော်ရဲ့ ကယန်းဝတ္စုံ
National Costume နိုင်ငံအလိုက်ဝတ္စုံပြိုင္ပဲအြတြက်ျပင္ဆင္ထားတဲ့ ကယန်းဝတ္စုံကို မယ္စကြာဝဠာ ပြိုင္ပဲစြီစဉ်သူတြေ အထူးစိတ်ဝင္စားနေကြာင်းလည်းသူက ဆိုပါတယ်။
“သူတို့အေနနဲ့ကြိုက်ကြတယ်။ အျခားဝတ္စုံတြေဆိုရင် ကြီးတယ်။ ဒါပေမဲ့ ပေါ့တယ်ပေါ့နော်။ ညီမ၀တ္စုံကြေတာ့လေးတယ်။ ကြည့်လိုက်ရင်တော့ တကယ့်ကို ပေါ့ပေါ့ပါးပါးပုံစံမိုးနဲ့ လေးလဲလေးတယ်၊ နောက်ပြီးတော့ ၀တ္တဲ့ပုံစံ လည္ပင်းတြေ၊ျေခေထာက်တြေအစ ဒီဇိုင္နာက အေသးစိတ္ကို လုပ္ထားတာပါ။ အေပ်ါဝတ္စုံမွာဆိုရင် ကော်က်သေးသေးလေးတြေထိုးတာပါတယ်။ သေသခ်ာခ်ာကြည့်မယ္ဆိုရင် ၀တ္စုံရဲ့အေပ်ါပိုင်း မျွာမန္မာနိုင်ငံရဲ့ျေမပုံ ထိုးထား တာကိုတြေ့ရပါလိမ့်မယ်။”
နွစ်ပေါင်းထောင္ခ်ီ ၀တ္ဆင္ခဲ့ကြတဲ့ ကယန်းတိုင်းရင်းသူတြေရဲ့ ရိုးရာ ၀တ္စုံကို ခေတ္နဲ့အညီ ဖန္တီးခ်ုပ္လုပ္ထားပြီး ၀တ္စုံတန္ဖိုးဟာ အေမရိကန်ဒေါ်လာ တေသာင်းကုန္က်တယ္လို့ဆိုပါတယ်။ ဒါအျပင် ၀တ္စုံနဲ့အတူ ကိုင်ဆောင္ထားတဲ့ ကယန်းရိုးရာဂစ္တာ ကိုလည်း ၂၄ ကာ ရက် ရွျှေပားနျဲ့ပုလုပ္ထားပါတယ်။
ဒီနွစ္မွာ မယ္စကြာဝဠာအဖြဲ့အစည်းပိုင်ရွင်တြေ အျေပာင်းအလျဲဖစ္ခဲ့တဲ့အတြက်ျမန္မာအလွမယ္တဦးအေနနဲ့ တြေ့ကြုံရတဲ့အခက်အခဲတခို့ကိုလည်း မေဘရဏီသ္ကောအခုလိျုေပာပါတယ်။
“ဒီနွစ္မွာ တခုခက္ခဲသြားတာရွိတယ်။ Miss Universe က ပိုင်ရွင်ျေပာင်းသြားတယ်လေ။ စိန်ခေါ်မွုတြေက တခုနဲ့တခုမတူဘူျးဖစ်နေတယ်။ အဲတော့ ညီမအေနနဲ့ ဘယ္လိုအခိန္မွာ ဘယ္လိုလာမယ္ဆိုတာ စိတ္ပူရတာပေါ့။ တော်တ္ကောိုစိတ္ထိန်းပြီး ပြိုင်ရတာပေါ့။”
ျမန္မာနိုင်ငံအေနနဲ့လည်း အရင္တုန်းက ကမ္ဘာ့ မယ္စကြဝဠာပြိုင္ပဲမြွာ ၁၉၅၉ ခုနွစ္ကပါဝင္ခဲ့တဲ့အလွမယ်ဟာ ဒေါ်သန်းသန်းအေျးဖစ်ပြီး အခု အေမရိကန်ျပည်ထောင္စု ဖေလ်ာရီဒျါပည္နယ္မွာ နေထိုင်နေပါတယ်။ ၁၉၆၀ တုန်းကေတာ့ ဒေါ်ျမင့်ျမင့်မျေဖစ်ပြီး သူကေတာ့ ကမ္ဘာ့မယ္စကြဝဠာပြိုင္ပဲမြွာ Miss Congeniality ဆုကို ရရွိခဲ့ပါတယ်။ ၁၉၆၁ ခုနွစ္မျွာမန္မာအလွမယ် ဒေါ်ျမင့်ျမင့်ခင် ဝင်ရောက်ယွဉ်ပြိုင္ခဲ့ပြီးနောက် နွစ်ပေါင်း ၅၂နွစ်အကြာ၂၀၁၃ ခုနွစ္မျွာမန္မာ အလွမယ် မိုးစက်ဝိုင် စတင်ဝင်ရောက်ယွဉ်ပြိုင္ခဲ့တာပါ။ ၂၀၁၄ ခုနွစ္မွာ အလွမယ် သွ်ားထြဋ်အိန္ဒြာ နဲ့ အခု ၂၀၁၅ခုနွစ်အတြက် အလွမယ် မေရဏီသ္ကော ပါဝင်ယွဉ်ပြိုင်နေပါတယ်။
အင်ကြင်းနိုင် / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment