CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, December 24, 2015
ISIS စစ္ဆင္ေရးတြင္ အေမရိကန္စစ္ဘက္က တစ္ရက္လွ်င္ ပွ်မ္းမွ်ေဒၚလာ ၁၁ သန္း ကုန္က်ဟုဆို
ဝါရွင္တန္ ၊ ၂၄-၁၂-၂ဝ၁၅
အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာန သည္ ၂ဝ၁၄ ခုႏွစ္ စက္တင္ဘာလ ႏွင့္ ၂ဝ၁၅ ခုႏွစ္ ႏုိဝင္ဘာလကုန္ အၾကားတြင္ အီရတ္ႏွင့္ ဆီးရီးယားႏုိင္ငံ တုိ႔ရွိ ISIS စစ္ေသြးၾကြ မ်ားအား ႏွိမ္နင္းမႈ စစ္ဆင္ေရး ႏွင့္ပတ္သက္၍ အေမရိကန္ ေဒၚလာ ၅ ဘီလီယံေက်ာ္ တစ္ရက္လွ်င္ ပွ်မ္းမွ် အေမရိကန္ ေဒၚလာ ၁၁ သန္း သုံးစြဲခဲ့ေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္က ထုတ္ေဖာ္ ေျပာၾကား ခဲ့သည္ဟု Newsnow သတင္းဌာနက ဒီဇင္ဘာ ၂၂ ရက္တြင္ ေဖာ္ျပထားသည္။
အဆုိပါ ကုန္က်ေငြ စုစုေပါင္း အေမရိကန္ ေဒၚလာ ၅ ဒသမ ၃၆ ဘီလီယံ၏ ထက္ဝက္ေက်ာ္ ခန္႔သည္ ေန႔စဥ္ ေလေၾကာင္း တုိက္ခုိက္မႈမ်ား အတြက္ သံုးစဲြခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ၁ ဒသမ၂၆ ဘီလီယံအား စစ္လက္နက္ပစၥည္း မ်ားအတြက္ အသုံးျပဳခဲ့ေၾကာင္း၊ က်န္ေငြပမာဏ၏ အမ်ားစုကုိ အုပ္ခ်ဳပ္ ေထာက္ပံ့မႈႏွင့္ စစ္ေရးဆုိင္ရာ ေပးသြင္းေငြ အပါအဝင္ စစ္ဆင္ေရး အေထာက္အကူျပဳ က႑အတြက္ သုံးစြဲခဲ့ေၾကာင္း သိရသည္။
Inherent Resolve စစ္ဆင္ေရး အမည္ရွိ ၫြန္႔ေပါင္းအဖြဲ႕သည္ ဒီဇင္ဘာ ၁၆ ရက္အထိ ေလေၾကာင္း တုိက္ခုိက္မႈ စုစုေပါင္း ၈၉၁၂ ႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္း၊ အဆုိပါ ေလေၾကာင္း တုိက္ခုိက္မႈမ်ား အနက္ သံုးပုံႏွစ္ပုံမွာ အီရတ္ႏုိင္ငံတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး က်န္ တုိက္ခုိက္မႈမ်ားမွာ ဆီးရီးယားႏုိင္ငံတြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ႏွင့္ အေမရိကန္ ေလယာဥ္မ်ား၏ စုစုေပါင္း ပ်ံသန္းမႈအႀကိမ္ အေရအတြက္မွာ ဒီဇင္ဘာ ၁၂ ရက္အထိ ၆ဝ၇၃၅ ႀကိမ္ ရွိခဲ့ေၾကာင္း ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေျပာၾကား ခဲ့သည္ဟု သိရသည္။
(Pyi Chit Thar)
http://www.pyichitthar.com/
.................
ဝါရှင်တန် ၊ ၂၄-၁၂-၂ဝ၁၅
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ နှင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလကုန် အကြားတွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ များအား နှိမ်နင်းမှု စစ်ဆင်ရေး နှင့်ပတ်သက်၍ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော် တစ်ရက်လျှင် ပျှမ်းမျှ အမေရိကန် ဒေါ်လာ ၁၁ သန်း သုံးစွဲခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Newsnow သတင်းဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြထားသည်။
အဆိုပါ ကုန်ကျငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၃၆ ဘီလီယံ၏ ထက်ဝက်ကျော် ခန့်သည် နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ အတွက် သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၁ ဒသမ၂၆ ဘီလီယံအား စစ်လက်နက်ပစ္စည်း များအတွက် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေပမာဏ၏ အများစုကို အုပ်ချုပ် ထောက်ပံ့မှုနှင့် စစ်ရေးဆိုင်ရာ ပေးသွင်းငွေ အပါအဝင် စစ်ဆင်ရေး အထောက်အကူပြု ကဏ္ဍအတွက် သုံးစွဲခဲ့ကြောင်း သိရသည်။
Inherent Resolve စစ်ဆင်ရေး အမည်ရှိ ညွန့်ပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်အထိ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၈၉၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုများ အနက် သုံးပုံနှစ်ပုံမှာ အီရတ်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန် တိုက်ခိုက်မှုများမှာ ဆီးရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် အမေရိကန် လေယာဉ်များ၏ စုစုပေါင်း ပျံသန်းမှုအကြိမ် အရေအတွက်မှာ ဒီဇင်ဘာ ၁၂ ရက်အထိ ၆ဝ၇၃၅ ကြိမ် ရှိခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောကြား ခဲ့သည်ဟု သိရသည်။
(Pyi Chit Thar)
http://www.pyichitthar.com/
ISIS စစ္ဆင္ေရးတြင္ အေမရိကန္စစ္ဘက္က တစ္ရက္လွ်င္ ပွ်မ္းမွ်ေဒၚလာ ၁၁ သန္း ကုန္က်ဟုဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment