Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 21, 2015

ISIS အဖွဲ့က လူ ၁၂ ဦးကို အဆောက်အအံ ပေါ်မှ ပစ်ချ၍သတ်ဖြတ်




ဘဂ္ဂဒက် ၊ ၂၁-၁၂-၂၀၁၅





( Pyi Chit Thar )

..................





ဘဂ္ဂဒက် ၊ ၂၁-၁၂-၂၀၁၅

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အီရတ်နိုင်ငံ မြောက်ပိုင်း နိနဝေပြည်နယ် ၌ လူ ၁၂ ဦးကို အဆောက်အအုံ တစ်ခုပေါ်မှ ပစ်ချ၍ သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

စစ်သွေးကြွ များသည် အဆိုပါ ဒေသခံ ၁၂ ဦးကို ၄င်းတို့ ထိန်းချုပ်ထားသော မိုဆူးလ်မြို့ အလယ်ပိုင်းရှိ အမြင့်ဆုံး အဆောက်အအုံ တစ်ခုပေါ်မှ ပစ်ချ၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အာရပ် ဘာသာဖြင့် ထုတ်လွှင့်သော အယ်လ်ဆမ်မာရီးယား သတင်းဌာန က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန် ထားသည်။

ဒါဝါဆာဒေသ ၌ တည်ရှိသော အဆိုပါ အာမခံကုမ္ပဏီ အဆောက်အအုံ ကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ များက ကွပ်မျက်မှုများ လုပ်ဆောင်ရန် အသုံးပြုလေ့ ရှိပြီး လူများကို အဆိုပါ အဆောက်အအုံ ပေါ်မှ ပစ်ချ၍ သတ်ဖြတ်မှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်းနှင့် သြဂုတ် ၂၃ ရက် နှောင်းပိုင်း ကလည်း လူကိုးဦးကို ယင်းနည်း အတိုင်း သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၃ ရက် နှောင်းပိုင်း ကလည်း လူသုံးဦးကို ယင်း အဆောက်အအုံ ပေါ်မှပစ်ချ၍ သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

( Pyi Chit Thar )


http://www.pyichitthar.com/

No comments:

Post a Comment