ဆီးရီယားထဲ က သူပုန္ အုပ္စုေတြ ကို ဘယ္အဖြဲ႕က အလယ္အလတ္ ဝါဒ ရွိတဲ့ အဖြဲ႕ ၊ ဘယ္အဖြဲ႕က အစြန္းေရာက္တဲ့ အဖြဲ႕ ဆိုၿပီး ခြဲျခား ပိုင္းျဖတ္မွု ေတြ ဟာ အမွား မကင္းစင္။ |
အေမရိကန္ ဦးေဆာင္တဲ့ မဟာမိတ္ တပ္ေပါင္းစု အဖြဲ႕ က ဆီးရီးယား ထဲက အစၥလာမ္မစ္ နိုင္ငံ အဖြဲ႕ IS ကို ေခ်မွုန္း နိုင္ခဲ့တယ္ ဆိုရင္ေတာင္ IS ေနရာ မွာ အစားထိုး ဝင္ေရာက္ မယ့္ သူပုန္ အဖြဲ႕ အနည္းဆုံး ၁၅ ဖြဲ႕ ရွိတယ္ ဆိုၿပီး ေလ့လာမွု အသစ္တစ္ရပ္က ဆိုပါတယ္။
ဘာသာေရးနဲ႔ ပထဝီနိုင္ငံေရး ဌာန ဆိုတဲ့ ၿဗိတိသၽွ ဝန္ႀကီးခ်ဳပ္ေဟာင္း တိုနီဘလဲ နဲ႔ ဆက္စပ္မွု ရွိတဲ့ သုေတသီ အဖြဲ႕ရဲ့ အစီရင္ ခံစာထဲမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။
ဆီးရီယားထဲ က သူပုန္ အုပ္စုေတြ ကို ဘယ္အဖြဲ႕က အလယ္အလတ္ ဝါဒ ရွိတဲ့ အဖြဲ႕ ၊ ဘယ္အဖြဲ႕က အစြန္းေရာက္တဲ့ အဖြဲ႕ ဆိုၿပီး ခြဲျခား ပိုင္းျဖတ္မွု ေတြ ဟာ အမွား မကင္းစင္ဘူးလို႔ လည္း ဆိုပါတယ္။
ဆီးရီးယား ထဲက သူပုန္ အုပ္စုေတြ အားလုံးရဲ့ ၆၀% ဟာ အစၥလာမ္မစ္ အစြန္းေရာက္ ေတြ အျဖစ္ သတ္မွတ္ နိုင္တယ္ လို႔ အဲဒီ့ အစီရင္ခံစာ ထဲမွာ ေရးသား ထားပါတယ္။
တခါ၊ ဆီးရီးယား နိုင္ငံ ၿမိဳ႕ေတာ္ ဒမတ္စ္ကပ္စ္ မွာ ျပဳလုပ္ခဲ့တဲ့ အစၥေရးရဲ့ ေလေၾကာင္း တိုက္ခိုက္မွု အတြင္း၊ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ္ လက္ဘႏြန္ လက္နက္ကိုင္ အဖြဲ႕ ဟစၥဘိုလာ ေခါင္းေဆာင္ ဆမီးယား ကြာန္တား ေသဆုံး သြားခဲ့တယ္ လို႔ ဟစၥဘိုလာ က ထုတ္ေဖာ္ ေျပာဆိုပါတယ္။
ဒမတ္စ္ကပ္စ္ ၿမိဳ႕ေတာ္ရဲ့ ဂ်ရာမားနား ဆိုတဲ့ ရပ္ကြက္ မွာ ရွိတဲ့ လူေနအိမ္ အေဆာက္အဦ တစ္လုံးကို အစၥေရးရဲ့ ေရာ့ကက္ ဒုံးက်ည္ ထိမွန္ ခဲ့တယ္ ျဖစ္တယ္လို႔ ဟစၥဘိုလာ အဖြဲ႕က ေျပာပါတယ္။
ဆမီးယား ကြာန္တား ဟာ ၁၉၇၉ ခုႏွစ္ က အစၥေရး နိုင္ငံထဲမွာ လူ ၄ ဦး ေသဆုံး ေအာင္ တိုက္ခိုက္ ခဲ့မွုနဲ႔ အစၥေရး အစိုးရ က ေထာင္ဒဏ္ တစ္သက္ ခ်မွတ္ ခံခဲ့ရသူ ျဖစ္ပါတယ္။
ဒါေပမယ့္ ၂၀၀၆ ခုႏွစ္ မွာေတာ့ ဟစၥဘိုလာ အဖြဲ႕ လက္ထဲ ေရာက္ေနတဲ့ အစၥေရး စစ္သား အေလာင္း ႏွစ္ေလာင္း နဲ႔ လဲလွယ္ တဲ့ အေနနဲ႔ ဆမီးယား ကြာန္တား ကို ျပန္လႊတ္ ေပးခဲ့ ပါတယ္။
အစၥေရး ဘက္ကေတာ့ အခု မစၥတာ ကြာန္တား ေသဆုံးခဲ့တယ္ ဆိုတဲ့ သတင္းကို ႀကိဳဆို ခဲ့ေပမယ့္၊ သူတို႔ လက္ခ်က္ ဟုတ္ မဟုတ္ကို ေတာ့ အတည္မျပဳ ပါဘူး။
BBC Burmese
http://www.bbc.com
................
ဆီးရီယားထဲ က သူပုန် အုပ်စုတွေ ကို ဘယ်အဖွဲ့က အလယ်အလတ် ဝါဒ ရှိတဲ့ အဖွဲ့ ၊ ဘယ်အဖွဲ့က အစွန်းရောက်တဲ့ အဖွဲ့ ဆိုပြီး ခွဲခြား ပိုင်းဖြတ်မှု တွေ ဟာ အမှား မကင်းစင်။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစု အဖွဲ့ က ဆီးရီးယား ထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်း နိုင်ခဲ့တယ် ဆိုရင်တောင် IS နေရာ မှာ အစားထိုး ဝင်ရောက် မယ့် သူပုန် အဖွဲ့ အနည်းဆုံး ၁၅ ဖွဲ့ ရှိတယ် ဆိုပြီး လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။
ဘာသာရေးနဲ့ ပထဝီနိုင်ငံရေး ဌာန ဆိုတဲ့ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ ဆက်စပ်မှု ရှိတဲ့ သုတေသီ အဖွဲ့ရဲ့ အစီရင် ခံစာထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဆီးရီယားထဲ က သူပုန် အုပ်စုတွေ ကို ဘယ်အဖွဲ့က အလယ်အလတ် ဝါဒ ရှိတဲ့ အဖွဲ့ ၊ ဘယ်အဖွဲ့က အစွန်းရောက်တဲ့ အဖွဲ့ ဆိုပြီး ခွဲခြား ပိုင်းဖြတ်မှု တွေ ဟာ အမှား မကင်းစင်ဘူးလို့ လည်း ဆိုပါတယ်။
ဆီးရီးယား ထဲက သူပုန် အုပ်စုတွေ အားလုံးရဲ့ ၆၀% ဟာ အစ္စလာမ်မစ် အစွန်းရောက် တွေ အဖြစ် သတ်မှတ် နိုင်တယ် လို့ အဲဒီ့ အစီရင်ခံစာ ထဲမှာ ရေးသား ထားပါတယ်။
တခါ၊ ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း၊ ဆီးရီးယား အစိုးရ ရဲ့ မဟာမိတ် လက်ဘနွန် လက်နက်ကိုင် အဖွဲ့ ဟစ္စဘိုလာ ခေါင်းဆောင် ဆမီးယား ကွာန်တား သေဆုံး သွားခဲ့တယ် လို့ ဟစ္စဘိုလာ က ထုတ်ဖော် ပြောဆိုပါတယ်။
ဒမတ်စ်ကပ်စ် မြို့တော်ရဲ့ ဂျရာမားနား ဆိုတဲ့ ရပ်ကွက် မှာ ရှိတဲ့ လူနေအိမ် အဆောက်အဦ တစ်လုံးကို အစ္စရေးရဲ့ ရော့ကက် ဒုံးကျည် ထိမှန် ခဲ့တယ် ဖြစ်တယ်လို့ ဟစ္စဘိုလာ အဖွဲ့က ပြောပါတယ်။
ဆမီးယား ကွာန်တား ဟာ ၁၉၇၉ ခုနှစ် က အစ္စရေး နိုင်ငံထဲမှာ လူ ၄ ဦး သေဆုံး အောင် တိုက်ခိုက် ခဲ့မှုနဲ့ အစ္စရေး အစိုးရ က ထောင်ဒဏ် တစ်သက် ချမှတ် ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၀၆ ခုနှစ် မှာတော့ ဟစ္စဘိုလာ အဖွဲ့ လက်ထဲ ရောက်နေတဲ့ အစ္စရေး စစ်သား အလောင်း နှစ်လောင်း နဲ့ လဲလှယ် တဲ့ အနေနဲ့ ဆမီးယား ကွာန်တား ကို ပြန်လွှတ် ပေးခဲ့ ပါတယ်။
အစ္စရေး ဘက်ကတော့ အခု မစ္စတာ ကွာန်တား သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းကို ကြိုဆို ခဲ့ပေမယ့်၊ သူတို့ လက်ချက် ဟုတ် မဟုတ်ကို တော့ အတည်မပြု ပါဘူး။
BBC Burmese
http://www.bbc.com
No comments:
Post a Comment