Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

ျမန္မာႏိုင္ငံအတြင္းသုိ႕ IS ၁၁ ဦး၀င္ေရာက္လာသည္ဆုိေသာ သတင္းေၾကာင့္ ရွမ္းေျမာက္တြင္ လံုျခံဳေရးအထူးတင္းက်ပ္

Tuesday, December 15, 2015
IS ( အစၥလာမ္မစ္ ႏိုင္ငံေတာ္) အဖြဲ႔မွ အၾကမ္းဖက္တိုက္ခိုက္ေရးသမားမ်ားဟု ယံုၾကည္ရသူ အမ်ိဳးသား (၁၁) ဦးသည္ ဒီဇင္ဘာလ (၁၄) ရက္ေန ့
က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တရုတ္-ျမန္မာ နယ္စပ္မွတစ္ဆင့္ ျမန္မာနုိင္ငံတြင္းသို ့ ၀င္ေရာက္လာသည္ဟူေသာ
သတင္းအရ မူဆယ္-လားရွိဳး အေ၀းေျပးလမ္းမၾကီးတေလွ်ာက္ လံုျခံဳေရးကို အထူးတင္းၾကပ္ထားရွိျပီး ျမိဳ ့ရြာ
အသီးသီးမ်ားတြင္လည္း လံုျခံဳေရးအဆင့္ကို တုိးျမွင့္ထားလိုက္ျပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ ့မွဴးး
ရဲမွဴးၾကီး ေအာင္ျမတ္မိုး က ဒီဇင္ဘာလ ၁၅ ရက္ေန႕တြင္ ကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႕ေျပာသည္။
" လြန္ခဲ့တဲ့ ရက္သတၱပါတ္ေလာက္က တရုတ္နိုင္ငံထဲကို IS ေတြ ၀င္ေရာက္ခဲ့တယ္လို ့ပဏာမသတင္း ရရွိခဲ့ပါ တယ္။ ဒီဇင္ဘာ (၁၄) မွာေတာ့ တရုတ္ရဲတပ္ဖြဲ ့ေတြရဲ ့လိုက္လံဖမ္းဆီးမႈကို တိမ္းေရွာင္ရင္း အဲဒီ IS ေတြဟာ
ျမန္မာနယ္စပ္ကို ျဖတ္ေက်ာ္၀င္ေရာက္လာခဲ့ဖြယ္ရွိတယ္လို ့ သတင္းရရွိတဲ့အတြက္ အခု အဲဒီ လူ (၁၁) ဦးရဲ ့ဓါတ္ပံုေတြကို တပ္ဖြဲ ့၀င္မ်ားအားလံုးထံ ျဖန္ ့ထားျပီး ျဖစ္ပါတယ္။ ျမိဳ ့၀င္၊ျမိဳ ့ထြက္ ပိတ္ဆို ့ေရးေဆာင္ရြက္မွာျဖစ္သလို လွည့္ကင္းေတြလည္း မျပတ္လွည့္ေနမွာပါ။ ဧည့္စာရင္းေတြကို ထိေရာက္စြာစစ္ေဆးသြားမွာျဖစ္ျပီး ကားဂိတ္၊ ေစ်း၊ ေက်ာင္း၊ စူပါမားကက္၊ ဓါတ္ဆီဆိုင္၊ ဟိုတယ္၊ အစရွိတဲ့ လူစည္ကားရာေနရာေတြကိုလည္း အထူးေစာင့္ၾကပ္ၾကည့္ရွဳသြားပါမယ္ " ဟု ရဲမွဴးၾကီးေအာင္ျမတ္မုိးကေျပာသည္။
"ျမိဳ ့ရြာလံုျခံဳေရး၊ ျပည္သူ ့အသက္အိုးအိမ္စည္းစိမ္ေဘးအႏၱရာယ္ကင္းရွင္းေရး၊ ဒုစရိုက္သမားမ်ားအတြက္ ေနရာမရွိေစေရးအတြက္ မိဘျပည္သူမ်ားအေနနဲ ့ မသကၤာဖြယ္ရာ လူေတြ၊ လွဳပ္ရွားမႈေတြ၊ ပစၥည္းေတြ ေတြ ့တယ္ဆို ရင္ သက္ဆိုင္ရာကိုခ်က္ျခင္းအေၾကာင္းၾကားဖို ့ တာ၀န္ရွိပါတယ္ " ဟု လည္း
၄င္းကေျပာသည္။
ထူးျခားျဖစ္စဥ္မ်ား ေတြ ့ရွိလွ်င္ လားရွိဳးျမိဳ ့မရဲစခန္း (၀၈၂-၂၃၃၀၄) လားရွိဳးနယ္ေျမရဲစခန္း (၀၈၂-၂၃၃၀၅) လားရွိဳးျမိဳ ့နယ္ရဲတပ္ဖြဲ ့မွဴးရံုး (၀၈၂-၂၃၀၇၈) လားရွိဳးခရိုင္ရဲတပ္ဖြဲ ့မွဴးရံုး (၀၈၂-၂၃၈၈၃) ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ ့မွဴးရံုး (၀၈၂-၃၀၃၀၀) တို ့ထံ ဆက္သြယ္နိုင္ေၾကာင္း လည္း ရဲမွဴးၾကီးေအာင္ျမတ္မုိးကေျပာသည္။
လားရွိဳးၿမိဳ႕တြင္ လံုၿခံဳေရးတင္းက်ပ္မႈမ်ားရွိေနသည္ ဟုလည္း လားရွိဳးၿမိဳ႕ခံတစ္ဦးကေျပာသည္။
" IS ေတြ ၀င္ တယ္ ၊ မ၀င္ဘူးဆုိတာကုိ ေတာ့ တိတိက်က်မသိရပါဘူး၊ လားရွိဳးၿမိဳ႕ေပၚမွာေတာ့ လံုၿခံဳေရးေတြတင္းက်ပ္ထားပါတယ္ " ဟုလည္း၄င္းကေျပာသည္။
." တရုတ္ႏိုင္ငံက ကေန IS ၁၁ ေယာက္၀င္လာတယ္ဆုိတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္ တုိ႔ဆီကုိေတာ့ အခုထိတိတိက်က် ညႊန္ၾကားတာမ်ိဳးေတာ့အခုအခ်ိန္ထိမရွိေသးဘူး၊ ဒါေပမယ့္ လည္းထိုင္းႏိုင္ငံ ထဲ ကုိ IS ေတြ ၀င္လာတယ္ဆုိတာမ်ိဳး သတင္းရတယ္။ IS ေတြ ထိုင္းႏိုင္ငံထဲကေန ျမန္မာႏိုင္ငံထဲကုိ ၀င္လာႏိုင္တာေၾကာင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔လံုၿခံဳေရးေဆာင္ရြက္ေနတာမ်ိဳးေတာ့ရွိေနပါတယ္ " ဟု
ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ ဒုတိရဲမွဴးႀကီး စန္းလြင္ က ဒီဇင္ဘာလ ၁၅ ရက္ေန႔ ညေနပိုင္းတြင္ကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႕ေျပာသည္။
=======
ေန႕သစ္ေမာင္
PHOTO BY - NTM ( ျမန္မာႏိုင္ငံအတြင္း၀င္ေရာက္လာႏိုင္သည္ဟု ယူဆရေသာ IS အဖြဲ႔ မွ ၁၁ ဦး )
Kanbawza Tai News Journal
.....................
မြန်မာနိုင်ငံအတွင်းသို့ IS ၁၁ ဦးဝင်ရောက်လာသည်ဆိုသော သတင်းကြောင့် ရှမ်းမြောက်တွင် လုံခြုံရေးအထူးတင်းကျပ်
Tuesday, December 15, 2015
IS ( အစ္စလာမ်မစ် နိုင်ငံတော်) အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသူ အမျိုးသား (၁၁) ဦးသည် ဒီဇင်ဘာလ (၁၄) ရက်နေ ့
က ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို ့ ၀င်ရောက်လာသည်ဟူသော
သတင်းအရ မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီးတလျှောက် လုံခြံုရေးကို အထူးတင်းကြပ်ထားရှိပြီး မြို ့ရွာ
အသီးသီးများတွင်လည်း လုံခြံုရေးအဆင့်ကို တိုးမြှင့်ထားလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ ့မှူးး
ရဲမှူးကြီး အောင်မြတ်မိုး က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
" လွန်ခဲ့တဲ့ ရက်သတ္တပါတ်လောက်က တရုတ်နိုင်ငံထဲကို IS တွေ ၀င်ရောက်ခဲ့တယ်လို ့ပဏာမသတင်း ရရှိခဲ့ပါ တယ်။ ဒီဇင်ဘာ (၁၄) မှာတော့ တရုတ်ရဲတပ်ဖွဲ ့တွေရဲ ့လိုက်လံဖမ်းဆီးမှုကို တိမ်းရှောင်ရင်း အဲဒီ IS တွေဟာ
မြန်မာနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ဖွယ်ရှိတယ်လို ့ သတင်းရရှိတဲ့အတွက် အခု အဲဒီ လူ (၁၁) ဦးရဲ ့ဓါတ်ပုံတွေကို တပ်ဖွဲ ့ဝင်များအားလုံးထံ ဖြန် ့ထားပြီး ဖြစ်ပါတယ်။ မြို ့ဝင်၊မြို ့ထွက် ပိတ်ဆို ့ရေးဆောင်ရွက်မှာဖြစ်သလို လှည့်ကင်းတွေလည်း မပြတ်လှည့်နေမှာပါ။ ဧည့်စာရင်းတွေကို ထိရောက်စွာစစ်ဆေးသွားမှာဖြစ်ပြီး ကားဂိတ်၊ စျေး၊ ကျောင်း၊ စူပါမားကက်၊ ဓါတ်ဆီဆိုင်၊ ဟိုတယ်၊ အစရှိတဲ့ လူစည်ကားရာနေရာတွေကိုလည်း အထူးစောင့်ကြပ်ကြည့်ရှုသွားပါမယ် " ဟု ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။
"မြို ့ရွာလုံခြံုရေး၊ ပြည်သူ ့အသက်အိုးအိမ်စည်းစိမ်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဒုစရိုက်သမားများအတွက် နေရာမရှိစေရေးအတွက် မိဘပြည်သူများအနေနဲ ့ မသင်္ကာဖွယ်ရာ လူတွေ၊ လှုပ်ရှားမှုတွေ၊ ပစ္စည်းတွေ တွေ ့တယ်ဆို ရင် သက်ဆိုင်ရာကိုချက်ခြင်းအကြောင်းကြားဖို ့ တာဝန်ရှိပါတယ် " ဟု လည်း
၄င်းကပြောသည်။
ထူးခြားဖြစ်စဉ်များ တွေ ့ရှိလျှင် လားရှိုးမြို ့မရဲစခန်း (၀၈၂-၂၃၃၀၄) လားရှိုးနယ်မြေရဲစခန်း (၀၈၂-၂၃၃၀၅) လားရှိုးမြို ့နယ်ရဲတပ်ဖွဲ ့မှူးရုံး (၀၈၂-၂၃၀၇၈) လားရှိုးခရိုင်ရဲတပ်ဖွဲ ့မှူးရုံး (၀၈၂-၂၃၈၈၃) ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ ့မှူးရုံး (၀၈၂-၃၀၃၀၀) တို ့ထံ ဆက်သွယ်နိုင်ကြောင်း လည်း ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။
လားရှိုးမြို့တွင် လုံခြံုရေးတင်းကျပ်မှုများရှိနေသည် ဟုလည်း လားရှိုးမြို့ခံတစ်ဦးကပြောသည်။
" IS တွေ ၀င် တယ် ၊ မဝင်ဘူးဆိုတာကို တော့ တိတိကျကျမသိရပါဘူး၊ လားရှိုးမြို့ပေါ်မှာတော့ လုံခြံုရေးတွေတင်းကျပ်ထားပါတယ် " ဟုလည်း၄င်းကပြောသည်။
." တရုတ်နိုင်ငံက ကနေ IS ၁၁ ယောက်ဝင်လာတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဆီကိုတော့ အခုထိတိတိကျကျ ညွှန်ကြားတာမျိုးတော့အခုအချိန်ထိမရှိသေးဘူး၊ ဒါပေမယ့် လည်းထိုင်းနိုင်ငံ ထဲ ကို IS တွေ ၀င်လာတယ်ဆိုတာမျိုး သတင်းရတယ်။ IS တွေ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲကို ၀င်လာနိုင်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုံခြံုရေးဆောင်ရွက်နေတာမျိုးတော့ရှိနေပါတယ် " ဟု
တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိရဲမှူးကြီး စန်းလွင် က ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင်ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
=======
နေ့သစ်မောင်
PHOTO BY - NTM ( မြန်မာနိုင်ငံအတွင်းဝင်ရောက်လာနိုင်သည်ဟု ယူဆရသော IS အဖွဲ့ မှ ၁၁ ဦး )
Kanbawza Tai News Journal

No comments:

Post a Comment