Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 15, 2015



းပေးတော့မှာပါ၊




သန်းပေါင်းများစွာသောအသုံးပြုသူတွေကိုအခြေခံထားချက်ပြီး အချိန်မှန်လှုပ်ရှားသွားလာမှုတွေကို အမြဲသိနိုင်ဖို့ မှတ်ချက်တွေနဲ့ မက်ဆေ့ခ်ျတွေကိုပေါင်းကူးဆက်သွယ်ပေးဖို့က Facebookရဲ့နောက်ခြေ



နောက်တစ်နှစ်မှာတော့ Facebookဟာ မှတ်ချက်တွေကို Stikers လေးတွေနဲ့ပေးနိုင်တဲ့ဝန်ဆောင်မှုကိုကြေငြာခဲ့ပြီး မက်ဆေ့ခ်ျပို့တဲ့အတွေ့အကြုံတွေကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်၊


Blue Lion

...............................................

သူငယ်ချင်းတစ်ယောက်က Comment ၀င်ရေးနေသည်ကို Facebook
တွင်မြင်နိုင်တော့မည်

သင်ဟာသင့်ရဲ့ Facebookက News Feed တွေကို သင့် iPhone ဒါမှမဟုတ် iPad နဲ့အမြဲကြည့်နေတဲ့သူဖြစ်ပါက သင့်အတွက်အရသာတစ်မျိုးခံစားစေမယ့် Feature တစ်ခုကို Facebook ကထည့်သွင်
းပေးတော့မှာပါ၊

အချို့သောအသုံးပြုသူတွေအတွက် တစ်ယောက်ယောက်က Comment ပေးဖို့စာရိုက်နေတဲ့အချိန်မှာ အဲ့ဒီ Comment Box ရဲကအပေါ်ဘက်မှာ "A friend is writing a comment..." ဆိုပြီးပေါ်နေမှာ
ဖြစ်ပါတယ်၊ ပြောင်းလဲသွားတာကတော့ အသုံးပြုသူတွေဟာ ဒီပို့စ်အပေါ်ဘယ်လောက်စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်၊ ဒီလူမှုကွန်ယက်မီဒီယာဘီလူးကြီးရဲ့ Featureအသစ်ကို ကန့်သတ်ထားတဲ့ iOS အသုံးပြုသူတွေကိုသာ သုံးစွဲခွင့်ရှိဦးမှာဖြစ်ပါတယ်၊

င်္Facebook ဟာနောက်စမ်းသပ်ချက်ဖြစ်တဲ့ The Next Web ကိုလည်းအတည်ပြုပေးခဲ့ပြီး၊ ကြေငြာချက်မှာ အသေးစိတ်ရှင်းလင်းခဲ့ပါတယ်၊ " News Feed ကသင့်သူငယ်ချင်းတွေနဲ့ သင့်မိသားစု
အကြောင်းအမြဲ အချိန်နှင့်တပြေးညီသိရှိနိုင်စေမယ့် နေရာတစ်ခုပါ၊ ကျွန်တော်တို့အသုံးပြုသူတွေဆီကနေပြန်ကြားခဲ့ရတာက သူတို့ Facebook ကိုအသုံးပြုတဲ့ အတွေ့အကြုံတွေအရ သူတို့ဆီမှာတကယ်
စကားလက်ဆုံကျနေတဲ့အချိန်တွေရှိပါတယ်၊ အဲ့ဒါကြောင့်ကျွန်တော်တို့ဟာ သူငယ်ချင်းတစ်ယောက် စာရေးနေရင် Comment Box အပေါ်မှာစာကြောင်းတစ်ကြောင်းနဲ့ ပြဖို့အတွက် ထည့်သွင်းနိုင်ဖို့စမ်း
သပ်ခဲ့ပါတယ်၊ ဒါဟာလူတွေကိုသူတို့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တကယ့်စကားလက်ဆုံကျနေတဲ့အချိန်တစ်ခုဖြစ်အောင်ကူညီပေးပါလိမ့်မယ်၊" လို့ပြောကြားခဲ့ပါတယ်၊

Facebook ကသင့်သူငယ်ချင်းတစ်ယောက်ရဲ့နာမည်နဲ့အတိအလင်းဖော်ပြခဲ့တာထက် အမည်မဲ့သတိပေးချက် တစ်ခုအနေနဲ့ပဲသွားနေခဲ့တာများပါတယ်၊

သန်းပေါင်းများစွာသောအသုံးပြုသူတွေကိုအခြေခံထားချက်ပြီး အချိန်မှန်လှုပ်ရှားသွားလာမှုတွေကို အမြဲသိနိုင်ဖို့ မှတ်ချက်တွေနဲ့ မက်ဆေ့ချ်တွေကိုပေါင်းကူးဆက်သွယ်ပေးဖို့က Facebookရဲ့နောက်ခြေ
လှမ်းတစ်ရပ်ဖြစ်ပါတယ်၊

သက်ဝင်မှတ်ချက်ဝန်ဆောင်မှုကို Facebookက ၂၀၁၁တုန်းကမှစတင်ခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကာလက အသုံးပြုသူတွေဟာ ပြင်ဆင်ခွင့် နဲ့ သာမန်မှတ်ချက်ပေးခွင့်သာရှိခဲ့တာပါ၊

၂၀၁၃ခုနှစ်မှာတော့ Reply မှတ်ချက် ၀န်ဆောင်မှုကို ဆက်လက်ထည့်သွင်းခဲ့ပြီး Reddit နဲ့တူတဲ့ စုပေါင်းဆွေးနွေးမှုတွေ ကိုယ်ပိုင်စာမျက်နှာတွေဖန်တီးနိုင်မှုတွေစတာတွေကိုထည့်သွင်းခဲ့တာပါ၊

နောက်တစ်နှစ်မှာတော့ Facebookဟာ မှတ်ချက်တွေကို Stikers လေးတွေနဲ့ပေးနိုင်တဲ့ဝန်ဆောင်မှုကိုကြေငြာခဲ့ပြီး မက်ဆေ့ချ်ပို့တဲ့အတွေ့အကြံုတွေကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်၊

အခုနောက်ဆုံးပြင်ဆင်ချက်မှာတော့ Facebookဟာ Reactionဆိုတဲ့ Functionတစ်ခုကိုစမ်းသပ်နေပြီး စိတ်ချမ်းသာမှုအနည်းငယ်သာပါတဲ့ Like ခလုတ်ထက်ပိုပြီး စိတ်လှုပ်ရှားမှုဖြစ်ပေါ်တာကိုပြသနိုင်
မှာဖြစ်တယ်လို့သိရပါတယ်၊ လက်တလောမှာတော့ ဒီစနစ်က အိုင်ယာလန်နဲ့ စပိန်နိုင်ငံတွေမှာသာရရှိနိုင်သေးတာဖြစ်ပါတယ်၊

Blue Lion

No comments:

Post a Comment