သိုင္းသမားအမ်ားစုမွာ တိုက္ခိုက္လာသည္ကို တံု႔ျပန္တိုက္ခိုက္သူမ်ား ျဖစ္သည္။ ယန္လြီကမူ လက္ဦးမႈရယူကာ သဲႀကီးမဲႀကီး တိုက္ခိုက္တတ္သူ ျဖစ္သည္။
ပထမဆံုး ဆရာလြီ ႏွင့္ ေတြ႕သည့္ သင္တန္းသားမွာ အေတာ္ခံလိုက္ရသည္။ လြီက ဘယ္ညာယိမ္း ဟန္ေရးျပကာ ေက်ာင္သားကို တိုက္ခိုက္သည္။ ငါးမိနစ္ ကုန္ဆံုးေသာအခါ သင္တန္းသားသည္ ယဲ့ယဲ့သာ က်န္ေတာ့သည္။ သို႔ေသာ္ သူ၏ ခုခံတိုက္ခိုက္ႏိုင္စြမ္းေၾကာင့္ အမွတ္ ၉၀ ရသြားသည္။ေနာက္သင္တန္းသား ၃ ေယာက္ အၿပီးတြင္ ကြ်န္မအလွည့္က်သည္။ ထရပ္ကာ ခန္းမ အလယ္သို႔ သြားကာ ဆရာလြီကို ဦးၫႊတ္အေလးျပဳၿပီးေနာက္ သင္တန္းဆရာမ်ားဘက္သို႔ လွည့္ကာ အရိုအေသထပ္ေပးသည္။ သင္တန္းဆရာ အခ်က္ျပလိုက္သည္ႏွင့္ ဆရာလီြက စတင္တိုက္ခိုက္သည္။ ကြ်န္မသည္ မိန္းမသားျဖစ္သည္ဆိုေသာ အခ်က္ကို သူက ထည့္သြင္း စဥ္းစားျခင္း မရွိ။ ဆရာလီြ၏ သတ္ပုတ္မႈေၾကာင့္ သင္တန္းသူ အမ်ားအျပား ႏွာေခါင္းရုိး က်ဴ ိးျခင္း နံရုိးက်ဴ ိးျခင္းတို႔ကို ကြ်န္မ ေတြ႕ဖူးခဲ့သည္။ ဆရာလြီႏွင့္ ကြ်န္မ တိုက္ခိုက္ရင္း ငါးမိနစ္ ကုန္ဆံုးသြားသည္။ ကြ်န္မ၏ ရမွတ္မွာ ၉၈ မွတ္ ျဖစ္သည္။ သင္တန္းသားႏွင့္ ဆရာမ်ားက လက္ခုပ္တီးကာ ကြ်န္မကို ၾသဘာေပးၾကသည္။ ဆရာလြီးကဲ့သုိ႔ ဝါရင့္ ကိုယ္ခံပညာရွင္အား ယွဥ္ၿပိဳင္ တိုက္ခိုက္ႏိုင္ေသာ ကြ်န္မကိုယ္ ကြ်န္မ အံ့ၾသမိသည္။ ဆန္းစစ္ျခင္း မဟုတ္ပဲ အျပင္မွာ အမွတ္တကယ္ သူေသကိုယ္ေသ တိုက္ခိုက္ၾကမည္ ဆိုလွ်င္ ဆရာလီြကို ကြ်န္မ ယွဥ္ႏိုင္မည္ မဟုတ္။
သင္တန္းသားမ်ား အားလံုး ပထမအေက်ာ ဆန္းစစ္မႈ ၿပီးဆံုးေသာသြားေသာအခါ ဆရာလြီကေနရာတြင္ ျပန္ထိုင္သည္။ ဆရာခန္ခ်ီက မတ္ရပ္သည္။
သင္တန္းဆရာက "အခု ဒုတိယပိုင္း စမယ္။ ဆရာခန္ခ်ီက အသြားဆယ္လက္မရွိတဲ့ ပလတ္စတစ္ဓားနဲ႔ တိုက္ခိုက္မယ္။ မင္းတို႔က သူ႔လက္ထဲက ဓားကို ရေအာင္လုရမယ္။ အဲ့ဒီလိုလုဖို႔ ၃ ႀကိမ္ အခြင့္အေရးေပးမယ္။ ေမးစရာရွိသလား။ မရွိရင္ စမယ္"
ဆရာခန္ခ်ီကို ရင္ဆိုင္ရမည့္ တတိယေျမာက္ သင္တန္းသားမွာ ကြ်န္မျဖစ္သည္။ ပလက္စတစ္ဓားျဖင့္ ထိုးစိုက္လိုက္သည့္အခါ ဓားသြားသည္ လက္ကိုင္ရိုးအတြင္းသို႔ ဝင္သြားရန္ ျပဳလုပ္ထားသည္။ အတြင္းသို႔ ဝင္သြာသည့္ ဓားသြား အရွည္ပမာဏကို ၾကည့္ကာ ထိုးစုိက္အား မည္မွ် ရွိသည္ကို တြက္ခ်က္ သိရွိႏိုင္သည္။ ထိုပြဲတြင္ ကြ်န္မ ၉၄ မွတ္ရသည္။ ည ၇ နာရီ ကြ်န္မတို႔ အေဆာင္သို႔ ျပန္ေရာက္သည္။ ေရာက္ေရာက္ခ်င္း အိပ္ေမာက်သြားသည္။
ေနာက္တေန႔ ဆန္းစစ္မႈမ်ားသည္ ပထမေန႔ေလာက္ ျပင္းထန္မႈ မရွိေပ။ လက္နက္ဆိုင္ရာ ဆန္းစစ္ျခင္းမ်ား ျဖစ္သည္။ ကိုက္တရာအကြာက ပစ္မွတ္ကို ရိုင္ဖယ္ျဖင့္ ပစ္ရျခင္း ႏွင့္ ေနာက္ထပ္ ဆန္းစစ္မႈ တခုမွာ ၂၅ ကိုက္ အကြာ ပစ္မွတ္ကို ပစၥတိုျဖင့္ ထိမွန္ေအာင္ ပစ္ခတ္ရသည္။ ယေန႔တေန႔လံုး ဆန္းစစ္မႈမွွာ ပံုမွန္သာျဖစ္သည္။ ျမွား ဓား ႏွင့္ လက္ပစ္ဗံုး ဆန္းစစ္မႈမ်ားျဖစ္သည္။
ကားေမာင္းကြ်မ္းက်င္မႈကို ဆန္းစစ္သည္။ မာစီးဒီးကားျဖင့္ အရံအတား အခက္အခဲမ်ားကို ျဖတ္ေက်ာ္ေမာင္းနွင္ရေသာ ဆန္းစစ္ခ်က္ျဖစ္သည္။ သစ္သားတိုင္ ခ်ဴ ိင့္က်င္း ႏွင့္ ေရခဲျပင္တို႔ကို ျဖတ္ေက်ာ္ ေမာင္းႏွင္ရသည္။ ဂငယ္ေကြ႕မ်ားကိုလည္း အႀကိမ္ႀကိမ္ ျဖတ္သန္းေမာင္းႏွင္ရသည္။
ကားေမာင္းရသည္ကို ကြ်န္မ မ်ားစြာႏွစ္သက္သည္။ အေနာက္ႏိုင္ငံတြင္ ကိုယ္ပိုင္ယာဥ္ဆိုသည္မွာ လူတိုင္း စီးႏိုင္ၾကသည္။ ေျမာက္ကိုရီးယားတြင္ ေမာ္ေတာ္ယာဥ္ဆိုသည္မွာ ရွားပါးကုန္ျဖစ္သည္။ ဆီဒင္ကား တစီးကို ေမာင္းရဖို႔ မဆိုထားဘိ ထိကိုင္ခြင့္႐ရန္ပင္ မလြယ္ကူ။ ဆန္းစစ္မႈမ်ား ၿပီးေသာအခါ ေရးေျဖစာေမးပြဲ ေျဖရသည္ ေရးေျဖစာေမးပြဲ ေျဖဆိုခ်ိန္တြင္ သင္တန္းသား ၈ ဦးသာ က်န္ေတာ့သည္။
ဆန္းစစ္မႈ၏ ေနာက္ဆံုးအပိုင္းသည္ အခက္ခဲဆံုးဟု ဆိုသည္။ ေနာက္ဆံုး ဆန္းစစ္မႈသည္ သင္တန္းသားတိုင္း ေနာင္တြင္ ထမ္းေဆာင္ရမည့္ တာဝန္ႏွင့္ အလားတူေသာ လုပ္ေဆာင္မႈကို ဆန္းစစ္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သင္တန္းသား တေယာက္ခ်င္းစီအတြက္ သီးသန္႔ဆန္းစစ္မႈကို လုပ္ခိုင္းသည္။
ေထာက္လွမ္းေရး ေအးဂ်င့္အျဖစ္ တာဝန္းထမ္းေဆာင္သည့္အခါ တဦးခ်င္းစီ ႀကံဳေတြ႕ရမည့္ အေျခအေနနွင့္ အနီးစပ္ဆံုး ျဖစ္ေစရန္ စီစဥ္ထားသည့္ ဆန္းစစ္မႈျဖစ္သည္။ ထို႔ေၾကာင့္ တေယာက္ႏွင့္ တေယာက္ ဆန္းစစ္မႈ ျပဳလုပ္သည့္ ေန႔ရက္ အခ်ိန္ ႏွင့္ေနရာ မတူညီေပ။
ကြ်န္မအား ဆန္းစစ္မႈကို ညပိုင္းတြင္ ျပဳလုပ္မည္ ျဖစ္သျဖင့္ နံနက္ပိုင္းတြင္ ဆန္းစစ္မႈႏွင့္ ပတ္သတ္ၿပီး သင္တန္းဆရာက ရွင္းျပသည္။
"ညေန ေနဝင္ၿပီးတာနဲ႔ မင္း စၿပီး လႈပ္ရွားရမယ္။ ဒီစခန္းနဲ႔ ေျမာက္ဘက္ ၆ မိုင္အကြာ
ထင္းရွဴ းေတာအုပ္ထဲမွာ ေဆာက္ထားတဲ့ အိမ္တလံုး ရွိတယ္ ။ ႏိုင္ငံျခား သံရံုး တရံုးရဲ႕ ပံုစံကို ယူၿပီး ေဆာက္ထားတာျဖစ္လို႔ ငါတို႔က သံရံုး အမည္ေပးထားတယ္။ နယ္ေျမေျမပံုနဲ႔ အေဆာက္အအံု အတြင္းပံုစံကို မင္းကိုေပးထားမယ္။ သံရံုးကို အုတ္တံတိုင္းကာထားတယ္။ အေစာင့္ေတြလည္းရွိတယ္။ မင္းကိုေပးတဲ့ အေဆာက္အအံု အတြင္းပံုစံထဲမွာ အာမခံေသတၱာရွိတဲ့ စာၾကည့္ခန္းကို ေဖာ္ျပထားတယ္။ အထဲမွာ ဂ်ပန္ဘာသာနဲ႔ ေရးထားတဲ့ စာရြက္စာတမ္းေတြရွိတယ္။"
"မင္းတာဝန္က သံရံုးထဲ ခိုးဝင္ရမယ္။ စာရြက္စာတမ္းေတြကို မင္းစိတ္ထဲမွာ အလြတ္ရေအာင္ဖတ္ၿပီး ျပန္ထြက္လာရမယ္။မင္းကို ဝိုင္းဖမ္းၾကလိမ့္မယ္။ သူတို႔လက္က လြတ္ေအာင္ မင္းေျပးရမယ္။ မနက္ျဖန္ မနက္ ၆ နာရီမွာ ဒီကို မင္း အေရာက္ျပန္လာရမယ္။ ရွင္းတယ္ေနာ္"
"အားလံုးဟာ သ႑န္လုပ္ သရုပ္နဲ႔ တူေအာင္ စီစဥ္ထားတယ္။ သံတမန္ အသြင္ယူထားတဲ့ ေအးဂ်င့္ေတြ အထဲမွာ ရွိေနလိမ့္မယ္။ ဘယ္အခ်ိန္မွာ မင္းေပၚလာမလဲဆိုတာ သူတို႔မသ္ိဘူး။ သံရံုးဝန္ထမ္း အေစာင့္အေနနဲ႔ အသြင္ယူထားတဲ့ လူေတြက မင္းရဲ႕ စြမ္းေဆာင္ခ်က္ကို အကဲျဖတ္ အမွတ္ေပးၾကမယ္။"
"တကယ့္ အေျခအေနနဲ႔တူေအာင္ အတတ္ႏိုင္ဆံုးလုပ္ထားတာ။ သံရံုးမွာ တပ္ထားတဲ့ အခ်က္ေပး ေခါင္းေလာင္း ေစာင့္ၾကည့္ကင္မရာ မိုက္ခရိုဖုန္းေတြကို သတိထားၿပီး ေရွာင္ရမယ္။ ပစၥတို ၂ လက္နဲ႔ AK-47 ေမာင္းျပန္ရိုင္ဖယ္ ဓားေျမွာင္ ၃ ေခ်ာင္း ခ်ိတ္တတ္ထားတဲ့ ႀကိဳးတစ္ေခ်ာင္း လက္ႏွိပ္ဓာတ္မိီး ဆရာဝန္သံုး နားၾကပ္ မွန္ျဖတ္စိန္ သံလိုက္အိမ္ေျမွာင္ နဲ႔ ေသာ့ဝိဇၨာ ေသာ့တံေတြ မင္းကို ေပးလိုက္မယ္။ ဓားေျမွာင္က ပလက္စတစ္ပဲ။ ေသနတ္ေတြမွာ ဆိုးေဆး က်ည္ေတာင့္ေတြပဲ ထည့္ထားတယ္"
"အေစာင့္ေတြ ကိုင္မယ့္ ေသနတ္ေတြမွာလည္း ဆိုးေဆးက်ည္ေတာင့္ေတြပဲ ထည့္ထားတယ္။ ဆိုးေဆးက်ည္ဆန္ေတြဟာ လူကို အနာတရ မျဖစ္ေစဘူး က်ည္ထိတဲ့ ေနရာကို အေရာက္စြန္းထင္း ေစရံု သက္သက္ပဲ။ မင္းကို ထိမွန္ရင္ မင္းရထားတဲ့ အမွတ္ကေန အႏုတ္ခံရမယ္။ ပစၥတို က်ည္ကပ္ ၈ ကပ္ နဲ႔ AK-47 အတြက္ က်ည္ကပ္ ၂ ကပ္ ေပးထားမယ္။ မင္းအေနနဲ႔ သတိလစ္သြားေအာင္ လုပ္ႏိုင္တယ္"
" စာရြက္စာတမ္းေတြကို အလြတ္မွတ္မိေနေအာင္ မွတ္သားလာခဲ့ရမယ္။ မင္းျပန္ေရာက္လာတဲ့အခါ ဘာေတြပါသလဲဆိုတာကို ေမးမယ္။ ရွင္းတယ္ေနာ္။ ေမးစရာရွိလား"
ကြ်န္မတြင္ ေမးစရာ အမ်ားအျပားရွိေသာ္လည္း ၾကက္ေသေသကာ ၾကည့္ေနမိသည္။ ကြ်န္မအား ယင္းကဲ့သို႔ ေစခိုင္းလိမ့္မည္ဟု ေမွ်ာ္လင့္မထားခဲ့။ ကြ်န္မက "တျခား သင္တန္းသားေတြေကာ ကြ်န္မလုပ္တဲ့ ဆန္းစစ္မႈကို လုပ္ၾကရမွာလား ဆရာ"
"အလားတူ ဆန္းစစ္မႈမ်ဴ ိးပဲေပါ့။ ထပ္တူေတာ့ မက်ဘူး။ ေအးဂ်င့္အျဖစ္ တကယ္လႈပ္ရွားရတဲ့ အခါမွာ အေျခအေနအားလံုးအတြက္ မင္းဟာ အသင့္ျဖစ္ေနရမယ္။ ဘာပဲ ျဖစ္လာ ျဖစ္လာ ျဖစ္ေပၚလာတဲ့ အေျခအေနအတြက္ မင္းဟာ အသင့္ရွိေနရမယ္။ မင္းတို႔ကို ခုလိုဆန္းစစ္မွ ႏိုင္ငံျခား ေထာက္လွမ္းေရးလုပ္ငန္းအတြက္ မင္းတို႔ဟာ အရည္အခ်င္း အဆင့္ျပည့္မီသလားဆိုတာ သိမွာေပါ့"
"ဒီဆန္းစစ္မႈ ေအာင္ဖို႔ ကြ်န္မ ဘာလုပ္ရမလဲ "
ဆရာက ခပ္ယဲ့ယဲ့ၿပံဳးကာ
"မင္းကို ေျပာလို႔မျဖစ္ဘူး။ မင္း ေသေသခ်ာခ်ာ အာရံုစူးစိုက္လုပ္ရင္ ေအာင္ျမင္မွာပါ။ ဒီလိုေအာ္ပေရးရွင္းမွာ အနိမ့္ဆံုး လိုအပ္ခ်က္ဆိုတာ မရွိဘူး။ ေအာင္ျမင္တာနဲ႔က်ရံႈးတာပဲ ရွိတယ္"
ကြ်န္မ နားလည္ေၾကာင္း ေခါင္းညိမ့္ျပလိုက္သည္။ ကြ်န္မ စိတ္မသက္မသာ ျဖစ္ေနသည္ကို ဆရာအား မသိေစခ်င္။ ဤဆန္းစစ္မႈကို ျဖတ္သန္းရန္ ကြ်န္မ ေၾကာက္ေနသည္။ ဆန္းစစ္မႈေအာင္ျမင္မည္ဟု ကိုယ့္ကို ကိုယ္ ယံုၾကည္မႈမရွိ ျဖစ္ေနသည္။
"မင္းေမးစရာ မရွိရင္ ငါ သြားေတာ့မယ္။ မင္းလိုအပ္တဲ့ ပစၥည္းေတြကို ပို႔ခိုင္းလိုက္မယ္။ ညေန ၆ နာရီ က်ရင္ ဆရာ ျပန္လာခဲ့မယ္။ အခု မင္းကို ေျပာခဲ့တာေတြ ဘယ္သူ႔ကိုမွ ျပန္မေျပာရဘူး။မင္း လုပ္ငန္း စထြက္တာကို ကိုယ္တိုင္လာၾကည့္မယ္။ အခုေတာ့ မင္းနားလိုက္ပါ။" ဟု ဆရာကေျပာသည္
ဆက္ရန္
Swam Htetမွတ္စုၾကမ္း
December 27, 2015
.............
မြောက်ကိုရီးယား စပိုင်မယ် ကင်ယွန်ဟေး၏ ဘဝဇာတ်ကြောင်း
အပိုင်း ၁၃
ကျွန်မသည် ဆရာ ယန်လွီနှင့် မကြုံဖူးပေ။ သူနှင့် ပထမဆုံး တိုက်ခိုက်ရမည့်လူမှာ ကျွန်မမဟုတ်သည့် အတွက် တော်သေးသည်။ သူ၏ တိုက်ကွက်များကို လေ့လာရန် အခွင့်အရေးရမည် ဖြစ်သည်။ သူက အရပ်မြင့်ကာ သူ၏ လက်နှင့် ခြေထောက်များသည် လျင်မြန်ပြီး ရိုက်အား ကန်အား ပြင်းထန်သည်။ မြေပြင်အထက် ၈ ပေရှိ အင်္ဂတေအုတ်ကို အပိုင်းပိုင်း ကျူ ိးအောင် ခုန်ကန်နိုင်သူ ဖြစ်သည်။ သူက ခုန်လိုက်ပြီး ကိုယ်ကို လေထဲတွင် တပတ်လှည့်ကာ ဖနောင့်ဖြင့် အုတ်ခဲကို ထုချေလိုက်သည်မှာ ကြည့်ကောင်းလှသည်။
သိုင်းသမားအများစုမှာ တိုက်ခိုက်လာသည်ကို တုံ့ပြန်တိုက်ခိုက်သူများ ဖြစ်သည်။ ယန်လွီကမူ လက်ဦးမှုရယူကာ သဲကြီးမဲကြီး တိုက်ခိုက်တတ်သူ ဖြစ်သည်။
ပထမဆုံး ဆရာလွီ နှင့် တွေ့သည့် သင်တန်းသားမှာ အတော်ခံလိုက်ရသည်။ လွီက ဘယ်ညာယိမ်း ဟန်ရေးပြကာ ကျောင်သားကို တိုက်ခိုက်သည်။ ငါးမိနစ် ကုန်ဆုံးသောအခါ သင်တန်းသားသည် ယဲ့ယဲ့သာ ကျန်တော့သည်။ သို့သော် သူ၏ ခုခံတိုက်ခိုက်နိုင်စွမ်းကြောင့် အမှတ် ၉၀ ရသွားသည်။နောက်သင်တန်းသား ၃ ယောက် အပြီးတွင် ကျွန်မအလှည့်ကျသည်။ ထရပ်ကာ ခန်းမ အလယ်သို့ သွားကာ ဆရာလွီကို ဦးညွှတ်အလေးပြုပြီးနောက် သင်တန်းဆရာများဘက်သို့ လှည့်ကာ အရိုအသေထပ်ပေးသည်။ သင်တန်းဆရာ အချက်ပြလိုက်သည်နှင့် ဆရာလွီက စတင်တိုက်ခိုက်သည်။ ကျွန်မသည် မိန်းမသားဖြစ်သည်ဆိုသော အချက်ကို သူက ထည့်သွင်း စဉ်းစားခြင်း မရှိ။ ဆရာလွီ၏ သတ်ပုတ်မှုကြောင့် သင်တန်းသူ အများအပြား နှာခေါင်းရိုး ကျူ ိးခြင်း နံရိုးကျူ ိးခြင်းတို့ကို ကျွန်မ တွေ့ဖူးခဲ့သည်။ ဆရာလွီနှင့် ကျွန်မ တိုက်ခိုက်ရင်း ငါးမိနစ် ကုန်ဆုံးသွားသည်။ ကျွန်မ၏ ရမှတ်မှာ ၉၈ မှတ် ဖြစ်သည်။ သင်တန်းသားနှင့် ဆရာများက လက်ခုပ်တီးကာ ကျွန်မကို သြဘာပေးကြသည်။ ဆရာလွီးကဲ့သို့ ဝါရင့် ကိုယ်ခံပညာရှင်အား ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ကျွန်မကိုယ် ကျွန်မ အံ့သြမိသည်။ ဆန်းစစ်ခြင်း မဟုတ်ပဲ အပြင်မှာ အမှတ်တကယ် သူသေကိုယ်သေ တိုက်ခိုက်ကြမည် ဆိုလျှင် ဆရာလွီကို ကျွန်မ ယှဉ်နိုင်မည် မဟုတ်။
သင်တန်းသားများ အားလုံး ပထမအကျော ဆန်းစစ်မှု ပြီးဆုံးသောသွားသောအခါ ဆရာလွီကနေရာတွင် ပြန်ထိုင်သည်။ ဆရာခန်ချီက မတ်ရပ်သည်။
သင်တန်းဆရာက "အခု ဒုတိယပိုင်း စမယ်။ ဆရာခန်ချီက အသွားဆယ်လက်မရှိတဲ့ ပလတ်စတစ်ဓားနဲ့ တိုက်ခိုက်မယ်။ မင်းတို့က သူ့လက်ထဲက ဓားကို ရအောင်လုရမယ်။ အဲ့ဒီလိုလုဖို့ ၃ ကြိမ် အခွင့်အရေးပေးမယ်။ မေးစရာရှိသလား။ မရှိရင် စမယ်"
ဆရာခန်ချီကို ရင်ဆိုင်ရမည့် တတိယမြောက် သင်တန်းသားမှာ ကျွန်မဖြစ်သည်။ ပလက်စတစ်ဓားဖြင့် ထိုးစိုက်လိုက်သည့်အခါ ဓားသွားသည် လက်ကိုင်ရိုးအတွင်းသို့ ဝင်သွားရန် ပြုလုပ်ထားသည်။ အတွင်းသို့ ဝင်သွာသည့် ဓားသွား အရှည်ပမာဏကို ကြည့်ကာ ထိုးစိုက်အား မည်မျှ ရှိသည်ကို တွက်ချက် သိရှိနိုင်သည်။ ထိုပွဲတွင် ကျွန်မ ၉၄ မှတ်ရသည်။ ည ရ နာရီ ကျွန်မတို့ အဆောင်သို့ ပြန်ရောက်သည်။ ရောက်ရောက်ချင်း အိပ်မောကျသွားသည်။
နောက်တနေ့ ဆန်းစစ်မှုများသည် ပထမနေ့လောက် ပြင်းထန်မှု မရှိပေ။ လက်နက်ဆိုင်ရာ ဆန်းစစ်ခြင်းများ ဖြစ်သည်။ ကိုက်တရာအကွာက ပစ်မှတ်ကို ရိုင်ဖယ်ဖြင့် ပစ်ရခြင်း နှင့် နောက်ထပ် ဆန်းစစ်မှု တခုမှာ ၂၅ ကိုက် အကွာ ပစ်မှတ်ကို ပစ္စတိုဖြင့် ထိမှန်အောင် ပစ်ခတ်ရသည်။ ယနေ့တနေ့လုံး ဆန်းစစ်မှုမှှာ ပုံမှန်သာဖြစ်သည်။ မြှား ဓား နှင့် လက်ပစ်ဗုံး ဆန်းစစ်မှုများဖြစ်သည်။
ကားမောင်းကျွမ်းကျင်မှုကို ဆန်းစစ်သည်။ မာစီးဒီးကားဖြင့် အရံအတား အခက်အခဲများကို ဖြတ်ကျော်မောင်းနှင်ရသော ဆန်းစစ်ချက်ဖြစ်သည်။ သစ်သားတိုင် ချူ ိင့်ကျင်း နှင့် ရေခဲပြင်တို့ကို ဖြတ်ကျော် မောင်းနှင်ရသည်။ ဂငယ်ကွေ့များကိုလည်း အကြိမ်ကြိမ် ဖြတ်သန်းမောင်းနှင်ရသည်။
ကားမောင်းရသည်ကို ကျွန်မ များစွာနှစ်သက်သည်။ အနောက်နိုင်ငံတွင် ကိုယ်ပိုင်ယာဉ်ဆိုသည်မှာ လူတိုင်း စီးနိုင်ကြသည်။ မြောက်ကိုရီးယားတွင် မော်တော်ယာဉ်ဆိုသည်မှာ ရှားပါးကုန်ဖြစ်သည်။ ဆီဒင်ကား တစီးကို မောင်းရဖို့ မဆိုထားဘိ ထိကိုင်ခွင့်ရရန်ပင် မလွယ်ကူ။ ဆန်းစစ်မှုများ ပြီးသောအခါ ရေးဖြေစာမေးပွဲ ဖြေရသည် ရေးဖြေစာမေးပွဲ ဖြေဆိုချိန်တွင် သင်တန်းသား ၈ ဦးသာ ကျန်တော့သည်။
ဆန်းစစ်မှု၏ နောက်ဆုံးအပိုင်းသည် အခက်ခဲဆုံးဟု ဆိုသည်။ နောက်ဆုံး ဆန်းစစ်မှုသည် သင်တန်းသားတိုင်း နောင်တွင် ထမ်းဆောင်ရမည့် တာဝန်နှင့် အလားတူသော လုပ်ဆောင်မှုကို ဆန်းစစ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တန်းသား တယောက်ချင်းစီအတွက် သီးသန့်ဆန်းစစ်မှုကို လုပ်ခိုင်းသည်။
ထောက်လှမ်းရေး အေးဂျင့်အဖြစ် တာဝန်းထမ်းဆောင်သည့်အခါ တဦးချင်းစီ ကြံုတွေ့ရမည့် အခြေအနေနှင့် အနီးစပ်ဆုံး ဖြစ်စေရန် စီစဉ်ထားသည့် ဆန်းစစ်မှုဖြစ်သည်။ ထို့ကြောင့် တယောက်နှင့် တယောက် ဆန်းစစ်မှု ပြုလုပ်သည့် နေ့ရက် အချိန် နှင့်နေရာ မတူညီပေ။
ကျွန်မအား ဆန်းစစ်မှုကို ညပိုင်းတွင် ပြုလုပ်မည် ဖြစ်သဖြင့် နံနက်ပိုင်းတွင် ဆန်းစစ်မှုနှင့် ပတ်သတ်ပြီး သင်တန်းဆရာက ရှင်းပြသည်။
"ညနေ နေဝင်ပြီးတာနဲ့ မင်း စပြီး လှုပ်ရှားရမယ်။ ဒီစခန်းနဲ့ မြောက်ဘက် ၆ မိုင်အကွာ
ထင်းရှူ းတောအုပ်ထဲမှာ ဆောက်ထားတဲ့ အိမ်တလုံး ရှိတယ် ။ နိုင်ငံခြား သံရုံး တရုံးရဲ့ ပုံစံကို ယူပြီး ဆောက်ထားတာဖြစ်လို့ ငါတို့က သံရုံး အမည်ပေးထားတယ်။ နယ်မြေမြေပုံနဲ့ အဆောက်အအုံ အတွင်းပုံစံကို မင်းကိုပေးထားမယ်။ သံရုံးကို အုတ်တံတိုင်းကာထားတယ်။ အစောင့်တွေလည်းရှိတယ်။ မင်းကိုပေးတဲ့ အဆောက်အအုံ အတွင်းပုံစံထဲမှာ အာမခံသေတ္တာရှိတဲ့ စာကြည့်ခန်းကို ဖော်ပြထားတယ်။ အထဲမှာ ဂျပန်ဘာသာနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေရှိတယ်။"
"မင်းတာဝန်က သံရုံးထဲ ခိုးဝင်ရမယ်။ စာရွက်စာတမ်းတွေကို မင်းစိတ်ထဲမှာ အလွတ်ရအောင်ဖတ်ပြီး ပြန်ထွက်လာရမယ်။မင်းကို ဝိုင်းဖမ်းကြလိမ့်မယ်။ သူတို့လက်က လွတ်အောင် မင်းပြေးရမယ်။ မနက်ဖြန် မနက် ၆ နာရီမှာ ဒီကို မင်း အရောက်ပြန်လာရမယ်။ ရှင်းတယ်နော်"
"အားလုံးဟာ သဏ္ဍန်လုပ် သရုပ်နဲ့ တူအောင် စီစဉ်ထားတယ်။ သံတမန် အသွင်ယူထားတဲ့ အေးဂျင့်တွေ အထဲမှာ ရှိနေလိမ့်မယ်။ ဘယ်အချိန်မှာ မင်းပေါ်လာမလဲဆိုတာ သူတို့မသ်ိဘူး။ သံရုံးဝန်ထမ်း အစောင့်အနေနဲ့ အသွင်ယူထားတဲ့ လူတွေက မင်းရဲ့ စွမ်းဆောင်ချက်ကို အကဲဖြတ် အမှတ်ပေးကြမယ်။"
"တကယ့် အခြေအနေနဲ့တူအောင် အတတ်နိုင်ဆုံးလုပ်ထားတာ။ သံရုံးမှာ တပ်ထားတဲ့ အချက်ပေး ခေါင်းလောင်း စောင့်ကြည့်ကင်မရာ မိုက်ခရိုဖုန်းတွေကို သတိထားပြီး ရှောင်ရမယ်။ ပစ္စတို ၂ လက်နဲ့ AK-47 မောင်းပြန်ရိုင်ဖယ် ဓားမြှောင် ၃ ချောင်း ချိတ်တတ်ထားတဲ့ ကြိုးတစ်ချောင်း လက်နှိပ်ဓာတ်မိီး ဆရာဝန်သုံး နားကြပ် မှန်ဖြတ်စိန် သံလိုက်အိမ်မြှောင် နဲ့ သော့ဝိဇ္ဇာ သော့တံတွေ မင်းကို ပေးလိုက်မယ်။ ဓားမြှောင်က ပလက်စတစ်ပဲ။ သေနတ်တွေမှာ ဆိုးဆေး ကျည်တောင့်တွေပဲ ထည့်ထားတယ်"
"အစောင့်တွေ ကိုင်မယ့် သေနတ်တွေမှာလည်း ဆိုးဆေးကျည်တောင့်တွေပဲ ထည့်ထားတယ်။ ဆိုးဆေးကျည်ဆန်တွေဟာ လူကို အနာတရ မဖြစ်စေဘူး ကျည်ထိတဲ့ နေရာကို အရောက်စွန်းထင်း စေရုံ သက်သက်ပဲ။ မင်းကို ထိမှန်ရင် မင်းရထားတဲ့ အမှတ်ကနေ အနုတ်ခံရမယ်။ ပစ္စတို ကျည်ကပ် ၈ ကပ် နဲ့ AK-47 အတွက် ကျည်ကပ် ၂ ကပ် ပေးထားမယ်။ မင်းအနေနဲ့ သတိလစ်သွားအောင် လုပ်နိုင်တယ်"
" စာရွက်စာတမ်းတွေကို အလွတ်မှတ်မိနေအောင် မှတ်သားလာခဲ့ရမယ်။ မင်းပြန်ရောက်လာတဲ့အခါ ဘာတွေပါသလဲဆိုတာကို မေးမယ်။ ရှင်းတယ်နော်။ မေးစရာရှိလား"
ကျွန်မတွင် မေးစရာ အများအပြားရှိသော်လည်း ကြက်သေသေကာ ကြည့်နေမိသည်။ ကျွန်မအား ယင်းကဲ့သို့ စေခိုင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့။ ကျွန်မက "တခြား သင်တန်းသားတွေကော ကျွန်မလုပ်တဲ့ ဆန်းစစ်မှုကို လုပ်ကြရမှာလား ဆရာ"
"အလားတူ ဆန်းစစ်မှုမျူ ိးပဲပေါ့။ ထပ်တူတော့ မကျဘူး။ အေးဂျင့်အဖြစ် တကယ်လှုပ်ရှားရတဲ့ အခါမှာ အခြေအနေအားလုံးအတွက် မင်းဟာ အသင့်ဖြစ်နေရမယ်။ ဘာပဲ ဖြစ်လာ ဖြစ်လာ ဖြစ်ပေါ်လာတဲ့ အခြေအနေအတွက် မင်းဟာ အသင့်ရှိနေရမယ်။ မင်းတို့ကို ခုလိုဆန်းစစ်မှ နိုင်ငံခြား ထောက်လှမ်းရေးလုပ်ငန်းအတွက် မင်းတို့ဟာ အရည်အချင်း အဆင့်ပြည့်မီသလားဆိုတာ သိမှာပေါ့"
"ဒီဆန်းစစ်မှု အောင်ဖို့ ကျွန်မ ဘာလုပ်ရမလဲ "
ဆရာက ခပ်ယဲ့ယဲ့ပြံုးကာ
"မင်းကို ပြောလို့မဖြစ်ဘူး။ မင်း သေသေချာချာ အာရုံစူးစိုက်လုပ်ရင် အောင်မြင်မှာပါ။ ဒီလိုအော်ပရေးရှင်းမှာ အနိမ့်ဆုံး လိုအပ်ချက်ဆိုတာ မရှိဘူး။ အောင်မြင်တာနဲ့ကျရှုံးတာပဲ ရှိတယ်"
ကျွန်မ နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ ကျွန်မ စိတ်မသက်မသာ ဖြစ်နေသည်ကို ဆရာအား မသိစေချင်။ ဤဆန်းစစ်မှုကို ဖြတ်သန်းရန် ကျွန်မ ကြောက်နေသည်။ ဆန်းစစ်မှုအောင်မြင်မည်ဟု ကိုယ့်ကို ကိုယ် ယုံကြည်မှုမရှိ ဖြစ်နေသည်။
"မင်းမေးစရာ မရှိရင် ငါ သွားတော့မယ်။ မင်းလိုအပ်တဲ့ ပစ္စည်းတွေကို ပို့ခိုင်းလိုက်မယ်။ ညနေ ၆ နာရီ ကျရင် ဆရာ ပြန်လာခဲ့မယ်။ အခု မင်းကို ပြောခဲ့တာတွေ ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။မင်း လုပ်ငန်း စထွက်တာကို ကိုယ်တိုင်လာကြည့်မယ်။ အခုတော့ မင်းနားလိုက်ပါ။" ဟု ဆရာကပြောသည်
ဆက်ရန်
Swam Htetမှတ်စုကြမ်း
December 27, 2015 ·
No comments:
Post a Comment