လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈက်ဴးလြန္ခဲ့တဲ့ လူငယ္ ျပန္လႊတ္မွာကို ဆန္႔က်င္တဲ့အေနနဲ႔ အိႏၵိယမွာဆႏၵျပ။ (ဒီဇင္ဘာ ၁၆၊ ၂၀၁၅) |
အိႏိၵယႏုိင္ငံ၊ နယူးေဒလီၿမိဳ႕မွာ လြန္ခဲ့တဲ့ ၃ ႏွစ္က အသက္ ၂၃ ႏွစ္အရြယ္ ေက်ာင္းသူကို ေသသြားတဲ့အထိ အဓမၼ၀ုိင္းက်င့္တဲ့ျဖစ္ရပ္မွာပါ၀င္တဲ့ အသက္အငယ္ဆုံး လူငယ္တဦးကို ဒီကေန႔မွာ ျပန္လႊတ္မယ့္ကိစၥ ဆိုင္းငံ့ ထားၿပီး ဒီလိုလႊတ္ေပးမွာကို ကန္႔ကြက္ဆႏၵျပေနၾကပါတယ္။
အဲဒီလူငယ္ဟာ မျဖစ္မေနက်ခံရမယ့္ ေထာင္ဒဏ္သံုးႏွစ္ကို က်ခံခဲ့ၿပီးျဖစ္ေပမဲ့လည္း သူ႔ကို ျပန္မလႊတ္ဖို႔ ပန္ၾကားခ်က္ကို မနက္ျဖန္ တနလၤာေန႔ အိႏၵိယတရား႐ုံးခ်ဳပ္က ၾကားနာဖုိ႔႐ွိတယ္လို႔ ႐ုိက္တာသတင္းဌာနက ေျပာပါတယ္။
မုဒိမ္းက်င့္မႈျဖစ္ခ်ိန္မွာ အဲဒီလူငယ္ဟာ အသက္ ၁၇ ႏွစ္အရြယ္ပဲရွိပါေသးတယ္။ အဲဒီမုဒိမ္းမႈေၾကာင့္ အိႏိၵယမွာ ကန္႔ကြက္ဆႏၵျပပြဲေတြျဖစ္ခဲ့ၿပီး လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြအတြက္ ျပင္းထန္တဲ့ ျပစ္ဒဏ္ခ်မွတ္ဖို႔ ဆႏၵျပသူေတြက အိႏၵိယအစိုးရကို ေတာင္းဆုိၾကပါတယ္။
အုပ္စုလုိက္ မုဒိမ္းက်င့္ခဲ့တဲ့ အဲဒီအမႈမွာပါ၀င္သူေတြထဲက ၄ ဦးကုိ ေသဒဏ္ခ်မွတ္ခဲ့ၿပီး ငါးေယာက္ေျမာက္ တေယာက္ကေတာ့ ေထာင္ထဲမွာပဲ ကုိယ့္ကိုယ္ကုိ အဆုံးစီရင္သြားခဲ့ပါတယ္။
VOA Burmese
http://burmese.voanews.com
...............
လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့တဲ့ လူငယ် ပြန်လွှတ်မှာကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယမှာဆန္ဒပြ။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၅)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်က အသက် ၂၃ နှစ်အရွယ် ကျောင်းသူကို သေသွားတဲ့အထိ အဓမ္မဝိုင်းကျင့်တဲ့ဖြစ်ရပ်မှာပါ၀င်တဲ့ အသက်အငယ်ဆုံး လူငယ်တဦးကို ဒီကနေ့မှာ ပြန်လွှတ်မယ့်ကိစ္စ ဆိုင်းငံ့ ထားပြီး ဒီလိုလွှတ်ပေးမှာကို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
အဲဒီလူငယ်ဟာ မဖြစ်မနေကျခံရမယ့် ထောင်ဒဏ်သုံးနှစ်ကို ကျခံခဲ့ပြီးဖြစ်ပေမဲ့လည်း သူ့ကို ပြန်မလွှတ်ဖို့ ပန်ကြားချက်ကို မနက်ဖြန် တနင်္လာနေ့ အိန္ဒိယတရားရုံးချုပ်က ကြားနာဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
မုဒိမ်းကျင့်မှုဖြစ်ချိန်မှာ အဲဒီလူငယ်ဟာ အသက် ၁၇ နှစ်အရွယ်ပဲရှိပါသေးတယ်။ အဲဒီမုဒိမ်းမှုကြောင့် အိန္ဒိယမှာ ကန့်ကွက်ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ဆန္ဒပြသူတွေက အိန္ဒိယအစိုးရကို တောင်းဆိုကြပါတယ်။
အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့တဲ့ အဲဒီအမှုမှာပါ၀င်သူတွေထဲက ၄ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး ငါးယောက်မြောက် တယောက်ကတော့ ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။
VOA Burmese
http://burmese.voanews.com
No comments:
Post a Comment