ျပည္သူ႔ဘဝ ကာကြယ္မည့္ ဥပေဒမ်ား ျပ႒ာန္းမႈမၿပီးေသးဘဲ လႊတ္ေတာ္မွ
ထြက္ခြာခ်ိန္တြင္ ပင္စင္ယူရန္ လိပ္ျပာမသန္႔ေၾကာင္း သူရဦးေအာင္ကိုက ၎၏
Facebook တြင္ ဒီဇင္ဘာ ၁၈ ရက္က ေရးသားထားသည္။
"ဘယ္သူ႔ကိုမွ မတိုက္ခိုက္ဘဲ စိတ္ထဲခံစားရတဲ့အတိုင္း ေျပာရရင္ လႊတ္ေတာ္အမတ္
ပင္စင္ကို မလိုခ်င္ပါဘူး၊ နိုင္င့ံဝန္ထမ္း တာဝန္ထမ္းေဆာင္လို ့ ပင္စင္ရတာကို
လက္ခံေပမယ့္ အခုက နိုင္ငံေရးပါ၊ ဝန္ထမ္းသေဘာနဲ႔ မတူပါလို႔ ျမင္မိတယ္'' ဟု
သူရဦးေအာင္ကိုက ဆိုသည္။
နိုင္ငံ၏ စီးပြားေရးမေကာင္း၊ နိုင္ငံေရးက မၿငိမ္ ဖားကန္႔ကဲ့သို႔ ကိစၥမ်ိဳး
ၾကည့္မေကာင္းေလာက္သည့္ အျဖစ္အပ်က္မ်ား သက္ငယ္မုဒိမ္းမႈမ်ားအတြက္
ခိုင္မာသည့္ ႏိုင္ငံအက်ိဳး စီးပြား ျပည္သူ႔ဘဝ ကာကြယ္မည့္ ဥပေဒမ်ား
ဘာမ်ွျပ႒ာန္း၍ မၿပီးေသးဘဲ လႊတ္ေတာ္မွ ထြက္ခြာခ်ိန္တြင္ ပင္စင္ယူဖို႔ဆိုရန္မွာ
လိပ္ျပာမသန္႔ဟု ေရးသားခ့ဲသည္။
"ရခဲ့ရင္လည္း တေလာက အေၾကာ္ဝိုင္း ေရာင္းရင္း ဆယ္တန္းကို ၆ ဘာသာ
ဂုဏ္ထူးထြက္ၿပီး ေက်ာင္းဆက္တက္ဖို႔ ခက္တဲ့ ေက်ာင္းသားေလးကို
ေပးလိုက္ခ်င္ပါတယ္၊ လာေရာက္ ဆက္သြယ္ေပးပါ၊ နိုင္ငံအတြက္ အလုပ္လုပ္ခ်င္လို႔
ေထာင္က်ခံ ေစာင့္ေနတဲ့ နိုင္ငံေရးသမားေတြ ျမန္မာနိုင္ငံမွာ အမ်ားႀကီးပါ၊ သူတို႔ကို
ေမးၾကည့္ပါ၊ ပင္စင္ဆိုတာမရွိဘူး၊ သူတို႔ဘဝ တစ္ခုလုံး ေပးဆပ္ခဲ့ၾကရတာ၊
နိုင္ငံေရးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ပင္စင္ဆိုတာ မရွိသင့္ဘူး၊ နိုင္ငံေရးဆိုတာ
မိသားစုလိုပဲ အနားယူသြားလို႔ မရပါဘူး" ဟုလည္း သူရဦးေအာင္ကိုက
ေရးသားခဲ့သည္။
သတင္း - ေဇာ္မင္းထြန္း
ဓာတ္ပုံ - သူရဦးေအာင္ကိုေဖ့စ္ဘုတ္
The Ladies News Journal
.................
ပြည်သူ့ဘဝ ကာကွယ်မည့် ဥပဒေများ ပြဋ္ဌာန်းမှုမပြီးသေးဘဲ လွှတ်တော်အမတ်
ပင်စင်ကိုယူရန် လိပ်ပြာမသန့်ဟု သူရဦးအောင်ကို ဆို
ပြည်သူ့ဘဝ ကာကွယ်မည့် ဥပဒေများ ပြဋ္ဌာန်းမှုမပြီးသေးဘဲ လွှတ်တော်မှ
ထွက်ခွာချိန်တွင် ပင်စင်ယူရန် လိပ်ပြာမသန့်ကြောင်း သူရဦးအောင်ကိုက ၎င်း၏
Facebook တွင် ဒီဇင်ဘာ ၁၈ ရက်က ရေးသားထားသည်။
"ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ စိတ်ထဲခံစားရတဲ့အတိုင်း ပြောရရင် လွှတ်တော်အမတ်
ပင်စင်ကို မလိုချင်ပါဘူး၊ နိုင်င့ံဝန်ထမ်း တာဝန်ထမ်းဆောင်လို ့ ပင်စင်ရတာကို
လက်ခံပေမယ့် အခုက နိုင်ငံရေးပါ၊ ဝန်ထမ်းသဘောနဲ့ မတူပါလို့ မြင်မိတယ်'' ဟု
သူရဦးအောင်ကိုက ဆိုသည်။
နိုင်ငံ၏ စီးပွားရေးမကောင်း၊ နိုင်ငံရေးက မငြိမ် ဖားကန့်ကဲ့သို့ ကိစ္စမျိုး
ကြည့်မကောင်းလောက်သည့် အဖြစ်အပျက်များ သက်ငယ်မုဒိမ်းမှုများအတွက်
ခိုင်မာသည့် နိုင်ငံအကျိုး စီးပွား ပြည်သူ့ဘဝ ကာကွယ်မည့် ဥပဒေများ
ဘာမျှပြဋ္ဌာန်း၍ မပြီးသေးဘဲ လွှတ်တော်မှ ထွက်ခွာချိန်တွင် ပင်စင်ယူဖို့ဆိုရန်မှာ
လိပ်ပြာမသန့်ဟု ရေးသားခဲ့သည်။
"ရခဲ့ရင်လည်း တလောက အကြော်ဝိုင်း ရောင်းရင်း ဆယ်တန်းကို ၆ ဘာသာ
ဂုဏ်ထူးထွက်ပြီး ကျောင်းဆက်တက်ဖို့ ခက်တဲ့ ကျောင်းသားလေးကို
ပေးလိုက်ချင်ပါတယ်၊ လာရောက် ဆက်သွယ်ပေးပါ၊ နိုင်ငံအတွက် အလုပ်လုပ်ချင်လို့
ထောင်ကျခံ စောင့်နေတဲ့ နိုင်ငံရေးသမားတွေ မြန်မာနိုင်ငံမှာ အများကြီးပါ၊ သူတို့ကို
မေးကြည့်ပါ၊ ပင်စင်ဆိုတာမရှိဘူး၊ သူတို့ဘဝ တစ်ခုလုံး ပေးဆပ်ခဲ့ကြရတာ၊
နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပင်စင်ဆိုတာ မရှိသင့်ဘူး၊ နိုင်ငံရေးဆိုတာ
မိသားစုလိုပဲ အနားယူသွားလို့ မရပါဘူး" ဟုလည်း သူရဦးအောင်ကိုက
ရေးသားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
ဓာတ်ပုံ - သူရဦးအောင်ကိုဖေ့စ်ဘုတ်
The Ladies News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, December 19, 2015
ျပည္သူ႔ဘဝ ကာကြယ္မည့္ ဥပေဒမ်ား ျပ႒ာန္းမႈမၿပီးေသးဘဲ လႊတ္ေတာ္အမတ္ ပင္စင္ကိုယူရန္ လိပ္ျပာမသန္႔ဟု သူရဦးေအာင္ကို ဆို
ျပည္သူ႔ဘဝ ကာကြယ္မည့္ ဥပေဒမ်ား ျပ႒ာန္းမႈမၿပီးေသးဘဲ လႊတ္ေတာ္အမတ္ ပင္စင္ကိုယူရန္ လိပ္ျပာမသန္႔ဟု သူရဦးေအာင္ကို ဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment