Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

လူလတ္တန္းစား သူေဌးအသစ္


ေရႊႏြယ္

လူလတ္တန္းစား (Mi-ddle Class) ဆုိ သည္မွာ အဘယ္နည္း။

လူလတ္တန္းစားႏွင့္ပတ္သက္၍  အဓိပၸာယ္သတ္မွတ္ခ်က္ ရွိပါသလား။ ၁၉၉၁ ခုႏွစ္ စက္ တင္ဘာလထုတ္ ျမန္မာအဘိဓာန္ စာအုပ္၏ စာမ်က္ႏွာ- ၃၂၈တြင္ ‘လူလတ္တန္းစား’ကို ‘အလယ္အ လတ္လူတန္းစား’ဟု ဖြင့္ဆုိထား သည္။

‘လူလတ္တန္းစား’ဟူေသာ အသုံးအႏႈန္းတြင္ မည္သည့္လူအ လႊာမ်ားပါ၀င္ေနၾကပါသနည္း။ အလုပ္သမား၊ လယ္သမား၊လက္ လုပ္လက္စားမ်ားပါ၀င္ၾကပါသ လား။ အစုိးရ႐ုံးဌာနဆုိင္ရာ၀န္ ထမ္းမ်ား၊ ပုဂၢလိကအဖြဲ႕အစည္း ၀န္ထမ္းမ်ား၊ ျပည္သူ႔ရဲမ်ား၊တပ္ မေတာ္သားမ်ားပါ၀င္ၾကပါသ လား။

၂၀၀၃ခုႏွစ္က မိတ္ေဆြအ ခ်င္းခ်င္းေဆြးေႏြးၾကည့္ရာတြင္ ‘လူလတ္တန္းစား’မွာပင္ လူတန္း စားသုံးမ်ဳိးရွိႏုိင္သည္ဟု သုံးသပ္ ၾကသည္ကိုလည္း သတိျပဳမိ၏။ ပထမလူတန္းစားက ေအာက္ေျခ ရွိ လူလတ္တန္းစား(Lower Middl-e Class)ျဖစ္သည္။ ဒုတိယလူ တန္းစားက အလယ္အဆင့္ရွိ လူ လတ္တန္းစား(Middle-Middle Class)ျဖစ္ၿပီး  အထက္အဆင့္ရွိ လူလတ္တန္းစား(Upper-Mi ddle Class)က တတိယလူတန္းစားျဖစ္သည္ဟုဆိုၾကသည္။

‘‘လူလတ္တန္းစား’’တြင္ အ က်ဳံး၀င္ျခင္း ရွိ၊မရွိဆုိေသာ အ ခ်က္မွာ မိမိမည္သည့္အရပ္ေဒသ၊ မည္သည့္ႏုိင္ငံ၌ ေနထုိင္သ နည္းဆိုသည့္အခ်က္ေပၚတြင္ မူ တည္သည္။ ‘‘လူလတ္တန္းစား’’ တုိ႔၏ ၀င္ေငြကို သတ္မွတ္ရာ၌ေဒ သအလိုက္၊ ျပည္နယ္အလိုက္၊ ႏုိင္ငံအလုိက္ခြဲျခားသတ္မွတ္ေလ့ ရွိေၾကာင္းေတြ႕ရသည္။

အေမရိကန္ႏုိင္ငံ၏ ျပည္ နယ္မ်ားတြင္ ေအာက္ေျခရွိလူ လတ္တန္းစားတုိ႔၏ တစ္ႏွစ္၀င္ ေငြမွာ ေဒၚလာ ၂၅,၀၀၀မွ ေဒၚ လာ ၄၈,၀၀၀ၾကား၌ ရွိၿပီး အထက္ အဆင့္ရွိလူလတ္တန္းစားတုိ႔၏ တစ္ႏွစ္၀င္ေငြမွာ ေဒၚလာ ၇၆,၀၀၀မွ ေဒၚလာ ၁၄၅,၀၀၀ၾကား၌ ရွိသည္။ (တစ္ေဒၚလာလလွ်င္ ပွ်မ္းမွ် ၁,၂၀၀က်ပ္ႏႈန္းျဖင့္ တစ္ႏွစ္၀င္ေငြ ခန္႔မွန္းၾကည့္္ႏုိင္ပါ သည္။)

အေမရိကန္ႏုိင္ငံအမ်ဳိးသား စီးပြားေရးေကာင္စီ(National E-conomic Council)မွ ဒုတိယၫႊန္ ၾကားေရးမွဴးတစ္ဦးျဖစ္သူက‘‘ Ec -onomist’’မဂၢဇင္းသုိ႔ လူလတ္ တန္းစားႏွင့္ ပတ္သက္၍ ၎၏ ယူဆခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ ၀င္ေငြမွ ေနေရးႏွင့္ စားေသာက္ေရးအတြက္သုံးစြဲၿပီး ေနာက္က်န္ရွိေငြသည္ လစဥ္၀င္ ေငြ၏ သုံးပုံတစ္ပုံမွ်ရွိေနလွ်င္ ထုိ သူ(သို႔မဟုတ္)ထုိမိသားစုသည္ လူလတ္တန္းစားစာရင္း၀င္သည္ ဟုဆုိ၏။ ဤသည္မွာ လူလတ္ တန္းစားႏွင့္ပတ္သက္၍ အေမရိ ကန္ႏုိင္ငံ၏ စံပင္ျဖစ္ႏုိင္၏။

အေမရိကန္ႏုိင္ငံတြင္ လူ လတ္တန္းစားတုိ႔ လက္လွမ္းမမီ ေသာအရာမ်ားရွိေနသည္။ ထုိအ ရာမ်ားမွာ (၁)အားလပ္ရက္အ ပန္းေျခခရီးမထြက္ႏုိင္ျခင္း၊ (၂) ေမာ္ေတာ္ကားအသစ္မ၀ယ္ယူ ႏုိင္ျခင္း၊(၃)ေႂကြးၿမီျပန္မဆပ္ႏုိင္ ျခင္း(Credit Card-ေခ်းေငြကတ္ တစ္ခုရွိေသာ အိမ္ေထာင္စုတစ္စု သည္ ေဒၚလာ ၁၅,၀၀၀မွ်အေႂကြး တင္ေနၾကသည္။)၊ (၄)အေရး ေပၚစုေဆာင္းေငြမရွိျခင္း၊ (၅)အ ၿငိမ္းစားယူသည့္အခါ စုေဆာင္း ေငြမလုံေလာက္ျခင္း(လူမႈဖူလုံ ေရးေထာက္ပံ့ေငြေပးေသာ္လည္း အေျခခံလုိအပ္ခ်က္မ်ားအတြက္ ပင္ မေလာက္ငပါ။)၊ (၆)က်န္း မာေရးေစာင့္ေရွာက္မႈ ကုန္က်စ ရိတ္ မက်ခံႏုိင္ျခင္း(ေဆးကုမွာ လား၊ စားမွာလားဆုိသည့္အရာ ကို လစဥ္ေရြးခ်ယ္ေနၾကရသည္။) (၇)သြားဘက္ဆုိင္ရာေဆးကုသ မႈ မခံယူႏိုင္ျခင္းတုိ႔ျဖစ္ၾကသည္။

‘‘လူလတ္တန္းစား’’ဆုိသည္ ကို အခ်ဳိ႕က တစ္ႏွစ္၀င္ေငြျဖင့္ တုိင္းတာသတ္မွတ္ၾကေသာ္လည္းအခ်ဳိ႕က ဘ၀ေနမႈထုိင္မႈစတုိင္ပုံစံ (Life Style)ျဖင့္သတ္မွတ္ၾကသည္။ အုိဘားမားသမၼတျဖစ္လာၿပီးေနာက္အေမရိကန္ လူလတ္တန္းစားတုိ႔၏ ေနထုိင္မႈ အဆင့္ျမင့္ လာေစရန္ရည္ရြယ္ၿပီး အ ထူးလုပ္ငန္းအဖြဲ႕(Task Force) တစ္ခုကို ဖြဲ႕စည္းခဲ့သည္။ ထုိအ ဖြဲ႕က ‘‘လူလတ္တန္းစား’’ဆုိသည္ မွာ အိမ္ပုိင္ရွိရမည္၊ ကားပုိင္ရွိရ မည္၊ က်န္းမာေရးႏွင့္ အၿငိမ္းစား ယူသည့္အခါ လူမႈဖူလုံေရးေစာင့္ေရွာက္မႈ မ်ားရရွိခံစားခြင့္ရွိရမည္၊ မိသားစုက ေပါက္ဖြားလာေသာ ကေလးသူငယ္မ်ား အထက္တန္းပညာသင္ၾကားႏုိင္ၾကရမည္ဟု အဓိပၸာယ္ဖြင့္ဆုိခဲ့သည္။

ဗီယက္နမ္ႏုိင္ငံ

ဗီယက္နမ္ႏုိင္ငံတြင္ ဆင္းရဲႏြမ္းပါး မႈကို သိသာစြာေလွ်ာ့ခ်ႏုိင္ခဲ့သလုိ စီးပြားေရးကလည္း ေကာင္းစြာ တုိးတက္ဖြံ႕ၿဖိဳးခဲ့သည္။ ထုိ႔ေၾကာင့္ အေရွ႕ေတာင္အာရွေဒသ၌ ဗီ ယက္နမ္ႏုိင္ငံ၏ လူလတ္တန္းစားအုပ္စု၀င္ လူဦးေရတုိးႏႈန္းမွာ အျမန္ဆုံးျဖစ္လိမ့္မည္ဟု ခန္႔မွန္းၾကသည္။ ဗီယက္နမ္ႏုိင္ငံတြင္ လက္ရွိအေျခအေန၌ လူလတ္တန္းစားအုပ္စု၀င္ လူဦးေရ ၁၂သန္းရွိရာ ၂၀၂၀ျပည့္ႏွစ္တြင္  ၃၃သန္းအထိရွိလာမည္ဟု မွန္းထား၏။

‘‘လူလတ္တန္းစားဟူေသာ ေ၀ါဟာရ၏ အဓိပၸာယ္ကို အတိ အက်သတ္မွတ္ျပ႒ာန္းရန္ မ လြယ္ပါ။ ဗီယက္နမ္ႏုိင္ငံကလည္း  ဆုိရွယ္လစ္စနစ္ကို ဖက္တြယ္ ထားဆဲျဖစ္ရာ ဆုိရွယ္လစ္စနစ္၏ မူအရ လူတန္းစားအေျခခံလူ႔ ေဘာင္အဖြဲ႕အစည္း(Class- Based Society)ကုိလက္မခံပါ။

Pew သုေတသနအဖြဲ႕၏ ၂၀၁၄ခုႏွစ္ေအာက္တုိဘာလက ျပဳလုပ္ခဲ့ေသာ သုေတသနအရ ဗီ ယက္နမ္ႏုိင္ငံသားမ်ားက ‘‘ေနာင္ မ်ဳိးဆက္မ်ား၏ အနာဂတ္သည္ ပုိမုိေကာင္းမြန္ ေတာက္ပေန သည္’’ဟု ေျဖၾကားခဲ့ၾက၏။

UNDP Human Developm-ent Report 2014အရ ဗီယက္ နမ္ႏုိင္ငံသားမ်ား၏ လူသားဖြံ႕ၿဖိဳး မႈၫႊန္းကိန္း(Human Developm -ent Index- HDI)သည္ ၁၉၈၀ ျပည့္ႏွစ္တြင္ ၀ ဒသမ၄၆၃ သာရွိ ရာမွ ၂၀၁၃ခုႏွစ္တြင္ ၀ ဒသမ၆၃၈ အထိ သိသာစြာတုိးတက္ခဲ့သည္။

ဗီယက္နမ္ႏုိင္ငံ၏ လူလတ္ တန္းစားမ်ားကို သူေဌးအသစ္ မ်ား(New Rich)ဟု ထုိႏုိင္ငံသား မ်ားက ေခၚ၏။ သူေဌးအသစ္မ်ား ၏ စုစုေပါင္းစားသုံးမႈ(Total Con -sumption) သည္ ဗီယက္နမ္ႏုိင္ ငံ တစ္ႏုိင္ငံလုံး စားသုံးမႈ၏ ၅၀ ရာ ခုိင္ႏႈန္းရွိသည္။ ထုိ႔အျပင္ သူေဌး အသစ္မ်ားရွိရာ ဗီယက္နမ္ႏုိင္ငံ၌ စားသုံးမႈပုံစံ(Consumption Pa-ttern)လည္း ေျပာင္းလာ၏။ ႐ုပ္ ၀တၳဳပစၥည္းျဖည့္ဆည္းမႈအပုိင္းကို ပုိ၍သုံးစြဲလာ၏။

သူေဌးသစ္မ်ားက တန္ဖိုး ႀကီးကားသစ္မ်ားကိုေမာင္းသည္။ နာမည္ႀကီးဒီဇုိင္းပညာရွင္မ်ားက ဖန္တီးေသာ အိတ္မ်ား၊ အက်ႌ မ်ား၊ ဖိနပ္မ်ား၊ လက္၀တ္လက္ စားမ်ားကို ၀တ္ၾကသည္။ အထပ္ ျမင့္အေဆာက္အအုံမ်ား၌ ေနၾက သည္။ သားသမီးမ်ားကို ျပည္ တြင္း၌ ပညာမသင္ဘဲ ႏုိင္ငံျခားသို႔ သြားေရာက္ပညာသင္ေစသည္။  သာမန္ႏုိင္ငံသားတစ္ဦးက လ ေပါင္းမ်ားစြာရွာမွ ရႏုိင္မည့္ ေငြပ မာဏကို အသုံးျပဳကာ သူေဌး သစ္မ်ားက စားေသာက္ဆုိင္ႀကီး မ်ား၌ ညစာစားပြဲက်င္းပၾက သည္။ စင္ကာပူသုိ႔ ဇိမ္ခံပစၥည္း အ၀ယ္ထြက္သည္။

ဗီယက္နမ္ႏုိင္ငံသားတုိ႔ ပုိ ခ်မ္းသာႂကြယ္၀လာၾကသည္။ ပုိ ၍လည္း ေပ်ာ္ရႊင္၊ ေက်နပ္လာ ၾကသည္။ သုိ႔ေသာ္ စုိးရိမ္မကင္း စရာအခ်က္မ်ားရွိေနဆဲျဖစ္၏။

လမ္းမေပၚ၌  ယာဥ္တုိက္မႈ၊ ဆုိင္ကယ္တုိက္မႈမၾကာခဏျဖစ္ သည္။ သား၊ သမီးႏွင့္ အိမ္သူအိမ္ သားမ်ား ေဘးမသီ ရန္မခ အိမ္ ျပန္ေရာက္မွ ေရာက္ပါ့မလားဟု စုိးရိမ္ရ၏။

ေစ်းကြက္၌ ေရာင္းခ်ေသာ အစားအေသာက္မ်ား(အထူးသ ျဖင့္ တ႐ုတ္ျပည္မွ တင္သြင္းလာ ေသာ စားေသာက္ကုန္မ်ား)ကအ ရည္အေသြးညံ့သည္။ က်န္းမာ ေရးအတြက္ မသင့္ေတာ္။ နာမည္ ရကုန္အမွတ္တံဆိပ္ပါပစၥည္း မ်ား(Branded Goods)၌ အတုအပေတြေပၚလာသည္။ ထုိ႔ေၾကာင့္ ဗီယက္နမ္သူေဌးသစ္တုိ႔က ျပည္တြင္းေစ်းကြက္ကို မယုံၾကည္ၾကေတာ့။

ထုိ႔အျပင္ ယာဥ္ေၾကာက်ပ္ တည္းမႈ ျပႆနာ၊ ပတ္၀န္းက်င္ေလထုညစ္ညမ္းမႈ၊ လမ္းခရီးမလုံၿခဳံမႈစသည့္ ဒုကၡမ်ားကို ဗီယက္နမ္ႏုိင္ငံ ၿမိဳ႕ျပေနသူမ်ားခံစားေနရသည္။

ပညာသင္ၾကားရာေက်ာင္း မ်ား၊ တကၠသုိလ္မ်ားကလည္းဘြဲ႕ လက္မွတ္မ်ား၊ Certificate မ်ား ထုတ္လုပ္ေပးရာ အဖြဲ႕အစည္း မ်ားျဖစ္ေနသည္။ ထုိေက်ာင္းမ်ား တကၠသိုလ္မ်ားထံမွ မ်ားမ်ားစား စားေလ့လာသင္ယူခဲ့ရျခင္းမရွိပါ ဟု ေက်ာင္းသားမ်ားကလည္းေ၀ ဖန္ေနၾကသည္။

ဗီယက္နမ္ၿမိဳ႕ႀကီးျပႀကီးရွိ လူလတ္တန္းစား၊ သူေဌးသစ္ မ်ားက အရည္အေသြးဘက္ကို အာ႐ုံ႐ုိက္လာၾကသည္။ ၀န္ ေဆာင္မႈေကာင္းမွ ႀကိဳက္သည္။ ပညာေရးေကာင္းမွ လက္ခံသည္။ ပတ္၀န္းက်င္ေကာင္းမွ သေဘာ က်သည္။

၂၀၀၉ခုႏွစ္ ေဖေဖာ္၀ါရီလ ထုတ္ Economistမဂၢဇင္းတြင္ ဖြံ႕ ၿဖိဳးဆဲထြန္းသစ္စႏုိင္ငံမ်ား၏လ်င္ ျမန္စြာစီးပြားေရးတုိးတက္ဖြံ႕ၿဖိဳးမႈ ေၾကာင့္ ကမၻာ့လူဦးေရ၏ ၅၀ရာ ခုိင္ႏႈန္းေက်ာ္မွ်သည္ လူလတ္ တန္းစားအဆင္သို႔ တက္လွမ္း လာခဲ့ၾကၿပီဟု ေဖာ္ျပခဲ့ဖူးသည္။

အိမ္နီးခ်င္းထုိင္းႏုိင္ငံရွိ လူ လတ္တန္းစားမ်ားကလည္း ၎ တုိ႔၏ ၀င္ေငြေကာင္းမြန္မႈေၾကာင့္ ကုန္ပစၥည္းမ်ားအေပၚ ၀ယ္လုိ အားမ်ားလာကာ ထုိင္းႏုိင္ငံ၏ စီး ပြားေရးတုိးတက္ဖြံ႕ၿဖိဳးမႈကို အ ေထာက္အကူျပဳခဲ့ဖူးသည္။

႐ုရွားႏုိင္ငံရွိ စုစုေပါင္းလူဦး ေရ၏ ၁၅ရာခုိင္ႏႈန္းမွာလူလတ္ တန္းစားမ်ားျဖစ္၏။ ထုိအခ်ဳိးအ စားမွာ တ႐ုတ္ျပည္တြင္ ၁၅ရာခုိင္ ႏႈန္း၊ အိႏၵိယတြင္ ၈ရာခုိင္ႏႈန္းႏွင့္ ေတာင္အာဖရိကတြင္ ၂၃ရာခုိင္ ႏႈန္းရွိ၏။

ျမန္မာျပည္၌ လူလတ္တန္း စားကုိ မည္ကဲ့သုိ႔ သတ္မွတ္မည္ နည္း။ တစ္ႏွစ္၀င္ေငြအေပၚအေျခ ခံသတ္မွတ္ရမည္လား(သို႔မ ဟုတ္) ပုိင္ဆုိင္မႈႏွင့္သုံးစြဲမႈကို ၾကည့္ၿပီး သတ္မွတ္သင့္ပါသ လား။ မည္သူေတြက လူလတ္တန္းစားထဲသုိ႔ ေရာက္လာၾကပါ သနည္း။ မည္သူတုိ႔က လူလတ္ တန္းစားအဆင့္မွ ေက်ာ္လြန္သြားၾကပါသနည္း။ လူလတ္တန္းစားစာရင္း၀င္လူဦးေရအခ်ဳိးအစားမည္မွ်ထိရွိေနပါသနည္း။ ဗီယက္နမ္ႏုိင္ငံ၌ လူလတ္တန္းစားကို သူေဌးအသစ္ဟုေခၚေနၾကပါၿပီ။ျမန္မာႏုိင္ငံရွိ လူလတ္တန္းစားကို မည္ကဲ့သို႔ ေခၚသင့္ပါသနည္း။ ေမးခြန္းမ်ားစြာရွိေနပါသည္။

ပညာသင္ၾကားရာေက်ာင္း မ်ား၊ တကၠသုိလ္မ်ားကလည္းဘြဲ႕ လက္မွတ္မ်ား၊ Certificate မ်ား ထုတ္လုပ္ေပးရာ အဖြဲ႕အစည္း မ်ားျဖစ္ေနသည္။ ထုိေက်ာင္းမ်ား တကၠသိုလ္မ်ားထံမွ မ်ားမ်ားစား စားေလ့လာသင္ယူခဲ့ရျခင္းမရွိပါ ဟု ေက်ာင္းသားမ်ားကလည္းေ၀ ဖန္ေနၾကသည္။

ဗီယက္နမ္ၿမိဳ႕ႀကီးျပႀကီးရွိ လူလတ္တန္းစား၊ သူေဌးသစ္ မ်ားက အရည္အေသြးဘက္ကို အာ႐ုံ႐ုိက္လာၾကသည္။ ၀န္ ေဆာင္မႈေကာင္းမွ ႀကိဳက္သည္။ ပညာေရးေကာင္းမွ လက္ခံသည္။ ပတ္၀န္းက်င္ေကာင္းမွ သေဘာ က်သည္။

၂၀၀၉ခုႏွစ္ ေဖေဖာ္၀ါရီလ ထုတ္ Economistမဂၢဇင္းတြင္ ဖြံ႕ ၿဖိဳးဆဲထြန္းသစ္စႏုိင္ငံမ်ား၏လ်င္ ျမန္စြာစီးပြားေရးတုိးတက္ဖြံ႕ၿဖိဳးမႈ ေၾကာင့္ ကမၻာ့လူဦးေရ၏ ၅၀ရာ ခုိင္ႏႈန္းေက်ာ္မွ်သည္ လူလတ္ တန္းစားအဆင့္သို႔ တက္လွမ္း လာခဲ့ၾကၿပီဟု ေဖာ္ျပခဲ့ဖူးသည္။

အိမ္နီးခ်င္းထုိင္းႏုိင္ငံရွိ လူ လတ္တန္းစားမ်ားကလည္း ၎ တုိ႔၏ ၀င္ေငြေကာင္းမြန္မႈေၾကာင့္ ကုန္ပစၥည္းမ်ားအေပၚ ၀ယ္လုိ အားမ်ားလာကာ ထုိင္းႏုိင္ငံ၏ စီးပြားေရးတုိးတက္ဖြံ႕ၿဖိဳးမႈကို အ ေထာက္အကူျပဳခဲ့ဖူးသည္။

႐ုရွားႏုိင္ငံရွိ စုစုေပါင္းလူဦး ေရ၏ ၁၅ရာခုိင္ႏႈန္းမွာလူလတ္ တန္းစားမ်ားျဖစ္၏။ ထုိအခ်ဳိးအ စားမွာ တ႐ုတ္ျပည္တြင္ ၁၅ရာခုိင္ ႏႈန္း၊ အိႏၵိယတြင္ ၈ရာခုိင္ႏႈန္းႏွင့္ ေတာင္အာဖရိကတြင္ ၂၃ရာခုိင္ ႏႈန္းရွိ၏။

ျမန္မာျပည္၌ လူလတ္တန္း စားကုိ မည္ကဲ့သုိ႔ သတ္မွတ္မည္ နည္း။ တစ္ႏွစ္၀င္ေငြအေပၚအေျခ ခံသတ္မွတ္ရမည္လား(သို႔မ ဟုတ္) ပုိင္ဆုိင္မႈႏွင့္သုံးစြဲမႈကို ၾကည့္ၿပီး သတ္မွတ္သင့္ပါသ လား။ မည္သူေတြက လူလတ္တန္းစားထဲသုိ႔ ေရာက္လာၾကပါ သနည္း။ မည္သူတုိ႔က လူလတ္ တန္းစားအဆင့္မွ ေက်ာ္လြန္သြားၾကပါသနည္း။ လူလတ္တန္းစားစာရင္း၀င္လူဦးေရအခ်ဳိးအစားမည္မွ်ထိရွိေနပါသနည္း။ ဗီယက္နမ္ႏုိင္ငံ၌ လူလတ္တန္းစားကို သူေဌးအသစ္ဟုေခၚေနၾကပါၿပီ။ျမန္မာႏုိင္ငံရွိ လူလတ္တန္းစားကို မည္ကဲ့သို႔ ေခၚသင့္ပါသနည္း။ ေမးခြန္းမ်ားစြာရွိေနပါသည္။

http://www.7daydaily.com/story/53273
........................................................


လူလတ်တန်းစား သူဌေးအသစ်

ရွှေနွယ်

လူလတ်တန်းစား (Mi-ddle Class) ဆို သည်မှာ အဘယ်နည်း။
လူလတ်တန်းစားနှင့်ပတ်သက်၍  အဓိပ္ပာယ်သတ်မှတ်ချက် ရှိပါသလား။ ၁၉၉၁ ခုနှစ် စက် တင်ဘာလထုတ် မြန်မာအဘိဓာန် စာအုပ်၏ စာမျက်နှာ- ၃၂၈တွင် ‘လူလတ်တန်းစား’ကို ‘အလယ်အ လတ်လူတန်းစား’ဟု ဖွင့်ဆိုထား သည်။
‘လူလတ်တန်းစား’ဟူသော အသုံးအနှုန်းတွင် မည်သည့်လူအ လွှာများပါ၀င်နေကြပါသနည်း။ အလုပ်သမား၊ လယ်သမား၊လက် လုပ်လက်စားများပါ၀င်ကြပါသ လား။ အစိုးရရုံးဌာနဆိုင်ရာဝန် ထမ်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်း ၀န်ထမ်းများ၊ ပြည်သူ့ရဲများ၊တပ် မတော်သားများပါ၀င်ကြပါသ လား။
၂၀၀၃ခုနှစ်က မိတ်ဆွေအ ချင်းချင်းဆွေးနွေးကြည့်ရာတွင် ‘လူလတ်တန်းစား’မှာပင် လူတန်း စားသုံးမျိုးရှိနိုင်သည်ဟု သုံးသပ် ကြသည်ကိုလည်း သတိပြုမိ၏။ ပထမလူတန်းစားက အောက်ခြေ ရှိ လူလတ်တန်းစား(Lower Middl-e Class)ဖြစ်သည်။ ဒုတိယလူ တန်းစားက အလယ်အဆင့်ရှိ လူ လတ်တန်းစား(Middle-Middle Class)ဖြစ်ပြီး  အထက်အဆင့်ရှိ လူလတ်တန်းစား(Upper-Mi ddle Class)က တတိယလူတန်းစားဖြစ်သည်ဟုဆိုကြသည်။
‘‘လူလတ်တန်းစား’’တွင် အ ကျုံးဝင်ခြင်း ရှိ၊မရှိဆိုသော အ ချက်မှာ မိမိမည်သည့်အရပ်ဒေသ၊ မည်သည့်နိုင်ငံ၌ နေထိုင်သ နည်းဆိုသည့်အချက်ပေါ်တွင် မူ တည်သည်။ ‘‘လူလတ်တန်းစား’’ တို့၏ ၀င်ငွေကို သတ်မှတ်ရာ၌ဒေ သအလိုက်၊ ပြည်နယ်အလိုက်၊ နိုင်ငံအလိုက်ခွဲခြားသတ်မှတ်လေ့ ရှိကြောင်းတွေ့ရသည်။
အမေရိကန်နိုင်ငံ၏ ပြည် နယ်များတွင် အောက်ခြေရှိလူ လတ်တန်းစားတို့၏ တစ်နှစ်ဝင် ငွေမှာ ဒေါ်လာ ၂၅,၀၀၀မှ ဒေါ် လာ ၄၈,၀၀၀ကြား၌ ရှိပြီး အထက် အဆင့်ရှိလူလတ်တန်းစားတို့၏ တစ်နှစ်ဝင်ငွေမှာ ဒေါ်လာ ရ၆,၀၀၀မှ ဒေါ်လာ ၁၄၅,၀၀၀ကြား၌ ရှိသည်။ (တစ်ဒေါ်လာလလျှင် ပျှမ်းမျှ ၁,၂၀၀ကျပ်နှုန်းဖြင့် တစ်နှစ်ဝင်ငွေ ခန့်မှန်းကြည့််နိုင်ပါ သည်။)
အမေရိကန်နိုင်ငံအမျိုးသား စီးပွားရေးကောင်စီ(National E-conomic Council)မှ ဒုတိယညွှန် ကြားရေးမှူးတစ်ဦးဖြစ်သူက‘‘ Ec -onomist’’မဂ္ဂဇင်းသို့ လူလတ် တန်းစားနှင့် ပတ်သက်၍ ၎င်း၏ ယူဆချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၀င်ငွေမှ နေရေးနှင့် စားသောက်ရေးအတွက်သုံးစွဲပြီး နောက်ကျန်ရှိငွေသည် လစဉ်ဝင် ငွေ၏ သုံးပုံတစ်ပုံမျှရှိနေလျှင် ထို သူ(သို့မဟုတ်)ထိုမိသားစုသည် လူလတ်တန်းစားစာရင်းဝင်သည် ဟုဆို၏။ ဤသည်မှာ လူလတ် တန်းစားနှင့်ပတ်သက်၍ အမေရိ ကန်နိုင်ငံ၏ စံပင်ဖြစ်နိုင်၏။
အမေရိကန်နိုင်ငံတွင် လူ လတ်တန်းစားတို့ လက်လှမ်းမမီ သောအရာများရှိနေသည်။ ထိုအ ရာများမှာ (၁)အားလပ်ရက်အ ပန်းခြေခရီးမထွက်နိုင်ခြင်း၊ (၂) မော်တော်ကားအသစ်မဝယ်ယူ နိုင်ခြင်း၊(၃)ကြွေးမြီပြန်မဆပ်နိုင် ခြင်း(Credit Card-ချေးငွေကတ် တစ်ခုရှိသော အိမ်ထောင်စုတစ်စု သည် ဒေါ်လာ ၁၅,၀၀၀မျှအကြွေး တင်နေကြသည်။)၊ (၄)အရေး ပေါ်စုဆောင်းငွေမရှိခြင်း၊ (၅)အ ငြိမ်းစားယူသည့်အခါ စုဆောင်း ငွေမလုံလောက်ခြင်း(လူမှုဖူလုံ ရေးထောက်ပံ့ငွေပေးသော်လည်း အခြေခံလိုအပ်ချက်များအတွက် ပင် မလောက်ငပါ။)၊ (၆)ကျန်း မာရေးစောင့်ရှောက်မှု ကုန်ကျစ ရိတ် မကျခံနိုင်ခြင်း(ဆေးကုမှာ လား၊ စားမှာလားဆိုသည့်အရာ ကို လစဉ်ရွေးချယ်နေကြရသည်။) (၇)သွားဘက်ဆိုင်ရာဆေးကုသ မှု မခံယူနိုင်ခြင်းတို့ဖြစ်ကြသည်။
‘‘လူလတ်တန်းစား’’ဆိုသည် ကို အချို့က တစ်နှစ်ဝင်ငွေဖြင့် တိုင်းတာသတ်မှတ်ကြသော်လည်းအချို့က ဘဝနေမှုထိုင်မှုစတိုင်ပုံစံ (Life Style)ဖြင့်သတ်မှတ်ကြသည်။ အိုဘားမားသမ္မတဖြစ်လာပြီးနောက်အမေရိကန် လူလတ်တန်းစားတို့၏ နေထိုင်မှု အဆင့်မြင့် လာစေရန်ရည်ရွယ်ပြီး အ ထူးလုပ်ငန်းအဖွဲ့(Task Force) တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုအ ဖွဲ့က ‘‘လူလတ်တန်းစား’’ဆိုသည် မှာ အိမ်ပိုင်ရှိရမည်၊ ကားပိုင်ရှိရ မည်၊ ကျန်းမာရေးနှင့် အငြိမ်းစား ယူသည့်အခါ လူမှုဖူလုံရေးစောင့်ရှောက်မှု များရရှိခံစားခွင့်ရှိရမည်၊ မိသားစုက ပေါက်ဖွားလာသော ကလေးသူငယ်များ အထက်တန်းပညာသင်ကြားနိုင်ကြရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံတွင် ဆင်းရဲနွမ်းပါး မှုကို သိသာစွာလျှော့ချနိုင်ခဲ့သလို စီးပွားရေးကလည်း ကောင်းစွာ တိုးတက်ဖွံ့ဖြိုးခဲ့သည်။ ထို့ကြောင့် အရှေ့တောင်အာရှဒေသ၌ ဗီ ယက်နမ်နိုင်ငံ၏ လူလတ်တန်းစားအုပ်စုဝင် လူဦးရေတိုးနှုန်းမှာ အမြန်ဆုံးဖြစ်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ဗီယက်နမ်နိုင်ငံတွင် လက်ရှိအခြေအနေ၌ လူလတ်တန်းစားအုပ်စုဝင် လူဦးရေ ၁၂သန်းရှိရာ ၂၀၂၀ပြည့်နှစ်တွင်  ၃၃သန်းအထိရှိလာမည်ဟု မှန်းထား၏။
‘‘လူလတ်တန်းစားဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို အတိ အကျသတ်မှတ်ပြဋ္ဌာန်းရန် မ လွယ်ပါ။ ဗီယက်နမ်နိုင်ငံကလည်း  ဆိုရှယ်လစ်စနစ်ကို ဖက်တွယ် ထားဆဲဖြစ်ရာ ဆိုရှယ်လစ်စနစ်၏ မူအရ လူတန်းစားအခြေခံလူ့ ဘောင်အဖွဲ့အစည်း(Class- Based Society)ကိုလက်မခံပါ။
Pew သုတေသနအဖွဲ့၏ ၂၀၁၄ခုနှစ်အောက်တိုဘာလက ပြုလုပ်ခဲ့သော သုတေသနအရ ဗီ ယက်နမ်နိုင်ငံသားများက ‘‘နောင် မျိုးဆက်များ၏ အနာဂတ်သည် ပိုမိုကောင်းမွန် တောက်ပနေ သည်’’ဟု ဖြေကြားခဲ့ကြ၏။
UNDP Human Developm-ent Report 2014အရ ဗီယက် နမ်နိုင်ငံသားများ၏ လူသားဖွံ့ဖြိုး မှုညွှန်းကိန်း(Human Developm -ent Index- HDI)သည် ၁၉၈၀ ပြည့်နှစ်တွင် ၀ ဒသမ၄၆၃ သာရှိ ရာမှ ၂၀၁၃ခုနှစ်တွင် ၀ ဒသမ၆၃၈ အထိ သိသာစွာတိုးတက်ခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ လူလတ် တန်းစားများကို သူဌေးအသစ် များ(New Rich)ဟု ထိုနိုင်ငံသား များက ခေါ်၏။ သူဌေးအသစ်များ ၏ စုစုပေါင်းစားသုံးမှု(Total Con -sumption) သည် ဗီယက်နမ်နိုင် ငံ တစ်နိုင်ငံလုံး စားသုံးမှု၏ ၅၀ ရာ ခိုင်နှုန်းရှိသည်။ ထို့အပြင် သူဌေး အသစ်များရှိရာ ဗီယက်နမ်နိုင်ငံ၌ စားသုံးမှုပုံစံ(Consumption Pa-ttern)လည်း ပြောင်းလာ၏။ ရုပ် ၀တ္ထုပစ္စည်းဖြည့်ဆည်းမှုအပိုင်းကို ပို၍သုံးစွဲလာ၏။
သူဌေးသစ်များက တန်ဖိုး ကြီးကားသစ်များကိုမောင်းသည်။ နာမည်ကြီးဒီဇိုင်းပညာရှင်များက ဖန်တီးသော အိတ်များ၊ အကျႌ များ၊ ဖိနပ်များ၊ လက်ဝတ်လက် စားများကို ၀တ်ကြသည်။ အထပ် မြင့်အဆောက်အအုံများ၌ နေကြ သည်။ သားသမီးများကို ပြည် တွင်း၌ ပညာမသင်ဘဲ နိုင်ငံခြားသို့ သွားရောက်ပညာသင်စေသည်။  သာမန်နိုင်ငံသားတစ်ဦးက လ ပေါင်းများစွာရှာမှ ရနိုင်မည့် ငွေပ မာဏကို အသုံးပြုကာ သူဌေး သစ်များက စားသောက်ဆိုင်ကြီး များ၌ ညစာစားပွဲကျင်းပကြ သည်။ စင်ကာပူသို့ ဇိမ်ခံပစ္စည်း အဝယ်ထွက်သည်။
ဗီယက်နမ်နိုင်ငံသားတို့ ပို ချမ်းသာကြွယ်ဝလာကြသည်။ ပို ၍လည်း ပျော်ရွှင်၊ ကျေနပ်လာ ကြသည်။ သို့သော် စိုးရိမ်မကင်း စရာအချက်များရှိနေဆဲဖြစ်၏။
လမ်းမပေါ်၌  ယာဉ်တိုက်မှု၊ ဆိုင်ကယ်တိုက်မှုမကြာခဏဖြစ် သည်။ သား၊ သမီးနှင့် အိမ်သူအိမ် သားများ ဘေးမသီ ရန်မခ အိမ် ပြန်ရောက်မှ ရောက်ပါ့မလားဟု စိုးရိမ်ရ၏။
စျေးကွက်၌ ရောင်းချသော အစားအသောက်များ(အထူးသ ဖြင့် တရုတ်ပြည်မှ တင်သွင်းလာ သော စားသောက်ကုန်များ)ကအ ရည်အသွေးညံ့သည်။ ကျန်းမာ ရေးအတွက် မသင့်တော်။ နာမည် ရကုန်အမှတ်တံဆိပ်ပါပစ္စည်း များ(Branded Goods)၌ အတုအပတွေပေါ်လာသည်။ ထို့ကြောင့် ဗီယက်နမ်သူဌေးသစ်တို့က ပြည်တွင်းစျေးကွက်ကို မယုံကြည်ကြတော့။
ထို့အပြင် ယာဉ်ကြောကျပ် တည်းမှု ပြဿနာ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ လမ်းခရီးမလုံခြုံမှုစသည့် ဒုက္ခများကို ဗီယက်နမ်နိုင်ငံ မြို့ပြနေသူများခံစားနေရသည်။
ပညာသင်ကြားရာကျောင်း များ၊ တက္ကသိုလ်များကလည်းဘွဲ့ လက်မှတ်များ၊ Certificate များ ထုတ်လုပ်ပေးရာ အဖွဲ့အစည်း များဖြစ်နေသည်။ ထိုကျောင်းများ တက္ကသိုလ်များထံမှ များများစား စားလေ့လာသင်ယူခဲ့ရခြင်းမရှိပါ ဟု ကျောင်းသားများကလည်းဝေ ဖန်နေကြသည်။
ဗီယက်နမ်မြို့ကြီးပြကြီးရှိ လူလတ်တန်းစား၊ သူဌေးသစ် များက အရည်အသွေးဘက်ကို အာရုံရိုက်လာကြသည်။ ၀န် ဆောင်မှုကောင်းမှ ကြိုက်သည်။ ပညာရေးကောင်းမှ လက်ခံသည်။ ပတ်ဝန်းကျင်ကောင်းမှ သဘော ကျသည်။
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ထုတ် Economistမဂ္ဂဇင်းတွင် ဖွံ့ ဖြိုးဆဲထွန်းသစ်စနိုင်ငံများ၏လျင် မြန်စွာစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု ကြောင့် ကမ္ဘာ့လူဦးရေ၏ ၅၀ရာ ခိုင်နှုန်းကျော်မျှသည် လူလတ် တန်းစားအဆင်သို့ တက်လှမ်း လာခဲ့ကြပြီဟု ဖော်ပြခဲ့ဖူးသည်။
အိမ်နီးချင်းထိုင်းနိုင်ငံရှိ လူ လတ်တန်းစားများကလည်း ၎င်း တို့၏ ၀င်ငွေကောင်းမွန်မှုကြောင့် ကုန်ပစ္စည်းများအပေါ် ၀ယ်လို အားများလာကာ ထိုင်းနိုင်ငံ၏ စီး ပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို အ ထောက်အကူပြုခဲ့ဖူးသည်။
ရုရှားနိုင်ငံရှိ စုစုပေါင်းလူဦး ရေ၏ ၁၅ရာခိုင်နှုန်းမှာလူလတ် တန်းစားများဖြစ်၏။ ထိုအချိုးအ စားမှာ တရုတ်ပြည်တွင် ၁၅ရာခိုင် နှုန်း၊ အိန္ဒိယတွင် ၈ရာခိုင်နှုန်းနှင့် တောင်အာဖရိကတွင် ၂၃ရာခိုင် နှုန်းရှိ၏။
မြန်မာပြည်၌ လူလတ်တန်း စားကို မည်ကဲ့သို့ သတ်မှတ်မည် နည်း။ တစ်နှစ်ဝင်ငွေအပေါ်အခြေ ခံသတ်မှတ်ရမည်လား(သို့မ ဟုတ်) ပိုင်ဆိုင်မှုနှင့်သုံးစွဲမှုကို ကြည့်ပြီး သတ်မှတ်သင့်ပါသ လား။ မည်သူတွေက လူလတ်တန်းစားထဲသို့ ရောက်လာကြပါ သနည်း။ မည်သူတို့က လူလတ် တန်းစားအဆင့်မှ ကျော်လွန်သွားကြပါသနည်း။ လူလတ်တန်းစားစာရင်းဝင်လူဦးရေအချိုးအစားမည်မျှထိရှိနေပါသနည်း။ ဗီယက်နမ်နိုင်ငံ၌ လူလတ်တန်းစားကို သူဌေးအသစ်ဟုခေါ်နေကြပါပြီ။မြန်မာနိုင်ငံရှိ လူလတ်တန်းစားကို မည်ကဲ့သို့ ခေါ်သင့်ပါသနည်း။ မေးခွန်းများစွာရှိနေပါသည်။
ပညာသင်ကြားရာကျောင်း များ၊ တက္ကသိုလ်များကလည်းဘွဲ့ လက်မှတ်များ၊ Certificate များ ထုတ်လုပ်ပေးရာ အဖွဲ့အစည်း များဖြစ်နေသည်။ ထိုကျောင်းများ တက္ကသိုလ်များထံမှ များများစား စားလေ့လာသင်ယူခဲ့ရခြင်းမရှိပါ ဟု ကျောင်းသားများကလည်းဝေ ဖန်နေကြသည်။
ဗီယက်နမ်မြို့ကြီးပြကြီးရှိ လူလတ်တန်းစား၊ သူဌေးသစ် များက အရည်အသွေးဘက်ကို အာရုံရိုက်လာကြသည်။ ၀န် ဆောင်မှုကောင်းမှ ကြိုက်သည်။ ပညာရေးကောင်းမှ လက်ခံသည်။ ပတ်ဝန်းကျင်ကောင်းမှ သဘော ကျသည်။
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ထုတ် Economistမဂ္ဂဇင်းတွင် ဖွံ့ ဖြိုးဆဲထွန်းသစ်စနိုင်ငံများ၏လျင် မြန်စွာစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု ကြောင့် ကမ္ဘာ့လူဦးရေ၏ ၅၀ရာ ခိုင်နှုန်းကျော်မျှသည် လူလတ် တန်းစားအဆင့်သို့ တက်လှမ်း လာခဲ့ကြပြီဟု ဖော်ပြခဲ့ဖူးသည်။
အိမ်နီးချင်းထိုင်းနိုင်ငံရှိ လူ လတ်တန်းစားများကလည်း ၎င်း တို့၏ ၀င်ငွေကောင်းမွန်မှုကြောင့် ကုန်ပစ္စည်းများအပေါ် ၀ယ်လို အားများလာကာ ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို အ ထောက်အကူပြုခဲ့ဖူးသည်။
ရုရှားနိုင်ငံရှိ စုစုပေါင်းလူဦး ရေ၏ ၁၅ရာခိုင်နှုန်းမှာလူလတ် တန်းစားများဖြစ်၏။ ထိုအချိုးအ စားမှာ တရုတ်ပြည်တွင် ၁၅ရာခိုင် နှုန်း၊ အိန္ဒိယတွင် ၈ရာခိုင်နှုန်းနှင့် တောင်အာဖရိကတွင် ၂၃ရာခိုင် နှုန်းရှိ၏။
မြန်မာပြည်၌ လူလတ်တန်း စားကို မည်ကဲ့သို့ သတ်မှတ်မည် နည်း။ တစ်နှစ်ဝင်ငွေအပေါ်အခြေ ခံသတ်မှတ်ရမည်လား(သို့မ ဟုတ်) ပိုင်ဆိုင်မှုနှင့်သုံးစွဲမှုကို ကြည့်ပြီး သတ်မှတ်သင့်ပါသ လား။ မည်သူတွေက လူလတ်တန်းစားထဲသို့ ရောက်လာကြပါ သနည်း။ မည်သူတို့က လူလတ် တန်းစားအဆင့်မှ ကျော်လွန်သွားကြပါသနည်း။ လူလတ်တန်းစားစာရင်းဝင်လူဦးရေအချိုးအစားမည်မျှထိရှိနေပါသနည်း။ ဗီယက်နမ်နိုင်ငံ၌ လူလတ်တန်းစားကို သူဌေးအသစ်ဟုခေါ်နေကြပါပြီ။မြန်မာနိုင်ငံရှိ လူလတ်တန်းစားကို မည်ကဲ့သို့ ခေါ်သင့်ပါသနည်း။ မေးခွန်းများစွာရှိနေပါသည်။

http://www.7daydaily.com/story/53273

No comments:

Post a Comment