Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

လိပ္ကၽြန္းလူသတ္မွဳ ျမန္မာႏွစ္ဦး ေသဒဏ္ခ်မွတ္ခံရ

မေအးေအးမာ

ျပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္က ထိုင္းႏိုင္ငံမွာျဗိတိန္ကမၻာလွည္ခရီးသြား၂ဦးအသတ္ခံရတဲ့ ေကာ့ေတာင္က်ြန္းလူသတ္မူနဲပတ္သက္လုိ့ စြပ္စဲြခံထားရတဲ့ျမန္မာလူငယ္၂ဦးကို ဒီကေန႕မွာပဲေကာစေမြတရားရံုးကေန စြပ္စဲြထားတဲ့ပုဒ္မ (၇) ခု အတြက္ ျပစ္ဒဏ္ေတြနဲ့အတူအျမင့္ဆံုးျပစ္ဒဏ္အျဖစ္ ေသဒဏ္ခ်မွတ္လိုက္ပါတယ္။ မေအးေအးမာကသတင္းေပးပို့ထားပါတယ္။

တႏွစ္ေက်ာ္ႀကာလာၿပီျဖစ္တဲ့ ထိုင္းႏုိင္ငံေကာ့ေတာင္က်ြန္းလို့ေခၚတဲ့လိပ္က်ြန္းမွာ ျဗိတိန္ကမၻာလွည္ခရီးသြား၂ဦးအသတ္ခံရတဲ့ အမူနဲပတ္သက္လုိ့ ေကာစေမြတ၇ားရံုးကေနတရားခံေတြဘက္က တရားခံအျဖစ္စြပ္စဲြခံရသူ ျမန္မာလူငယ္(၂)ဦးရဲအမူကို ေအာက္တုိဘာလမွာအျပီးသတ္စစ္ေဆးခဲ့ျပီး ဒီဇင္ဘာလ (၂၄)ရက္ဒီကေန႕မွာ အမိန္ခ်မွတ္ရာမွာ စြတ္စဲြထားတဲ့ပုဒ္မ (၇) ခုလံုးကို တခုခ်င္းအလုိက္ျပစ္ဒဏ္မ်ားခ်မွတ္ခဲ့ျပီး အျမင့္ဆံုးျပစ္ဒဏ္အျဖစ္ ေသဒဏ္ကို ခ်မွတ္လိုက္ပါတယ္။
တရားခံေတြရဲ ့အက်ိဳးေဆာင္ေရွေနဦးေအာင္မ်ိဳးသန့္က ျမန္မာလူငယ္၂ဦးကို ေကာ့စေမြတရားရံုးကေနေသဒဏ္ခ်မွတ္ခဲ့တယ္လုိ့အခုလိုေျပာပါတယ္။

“ပုဒ္မေတြအတုိင္းကို ျပစ္ဒဏ္ေတြကိုဖတ္ျပတယ္ အဲဒီျပစ္ဒဏ္ေတြကိုပဲေပးတယ္ေပါ့ အဲဒီထဲက အျမင့္ဆံုးျဖစ္တဲ့ေသဒဏ္ကိုခံစားေစဆုိတာမ်ိဳးေပါ့ ေကာ့စေမြတရားရံုးအေနနဲ့ကေသဒဏ္ေပးတဲ့သေဘာေပါ့၊ အဲဒီအမိန္႕စာ စာရြက္ရဖို့ အန္ကယ္တို ့အခုေစာင့္ေနပါတယ္ ”

အခုလို ေသဒဏ္ခ်မွတ္လိုက္တာနဲ့ပတ္သက္လို့ အထက္တရားရံုးကိုအယူခံ ဆက္တက္မယ္လို့ တရားခံေတြရဲအက်ိဳးေဆာင္ေရွ႕ေနဦးေအာင္မ်ိဳးသန့္ကဆုိပါတယ္။

“အန္ကယ္တို့ကအယူခံတက္ရမွာပါ သာမန္ဆိုရင္ေတာ့အယူခံရက္က အထက္တရားရံုးကိုတစ္လအတြင္းတက္ရမွာပါ ဒါေပမဲ့ အခုက ေသဒဏ္ျဖစ္တဲ့အတြက္ ကာလစည္းကမ္းအရအျမန္ဆံုးတပတ္အတြင္းတက္ရမယ္လုိ့ ယူဆရပါတယ္ အန္ကယ္တုိ႕ကေတာ့ ေအာက္ရံုးက အခုလို လုပ္တယ္ဆုိရင္ အထက္ရံုးကုိအယူခံဆက္တက္ရမွာပဲ ”

ျမန္မာေရြေျပာင္းအလုပ္သမား၄၀၀၀ခန့္အလုပ္လုပ္ကိုင္ေနတဲ့လိပ္က်ြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေနလူသတ္မႈၿဖစ္ပြားၿပီး ရက္ပိုင္းအတြင္း မွာ
လက္ရွိတရားခံေတြအျဖစ္စြပ္စဲြခံရသူ ကို၀င္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္း တို႕ကို တျခားေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႕အတူ သံသယရွိသူေတြအျဖစ္ ရဲေတြကဒီအန္ေအ စစ္ေဆးရယူခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက ဒီအန္ေအ တူညီမႈမရွိဘူးဆိုကာ ျပန္လႊတ္ေပးခဲ့ၿပီး ၂ပတ္ခန့္အႀကာ၂၀၁၄ခုႏွစ္ စက္တင္ဘာလကုန္ပိုင္းမွာပဲ ျမန္မာလူငယ္၂ဦးကိုု ျပန္လည္ဖမ္းဆီးျပီး လူသတ္မူနဲ့ တရားစဲြဆုိထားတာျဖစ္ပါတယ္။ တရားခံအျဖစ္စြပ္စဲြခံထားရတဲ့ ျမန္မာလူငယ္၂ဦးကေတာ့ တႏွစ္ေက်ာ္ႀကာတဲ့အထိ ထုိင္းႏိုင္ငံေကာ့စေမြအက်ဥ္းေထာင္ထဲမွာ ခ်ဳပ္ေႏွာင္ခံထားရျပီးဒီဇင္ဘာလ၂၄ရက္ေနမွာ ေကာစေမြတရားရံုးကေန ေသဒဏ္ခ်မွတ္တာခံခဲ့ရပါတယ္ရွင္။

(ဓာတ္ပံု - ျငိမ္းခ်မ္း)
VOA Burmese Fan Page
..............
လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံရ

မအေးအေးမာ

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံမှာဗြိတိန်ကမ္ဘာလှည်ခရီးသွား၂ဦးအသတ်ခံရတဲ့ ကော့တောင်ကျွန်းလူသတ်မူနဲပတ်သက်လို့ စွပ်စွဲခံထားရတဲ့မြန်မာလူငယ်၂ဦးကို ဒီကနေ့မှာပဲကောစမွေတရားရုံးကနေ စွပ်စွဲထားတဲ့ပုဒ်မ (၇) ခု အတွက် ပြစ်ဒဏ်တွေနဲ့အတူအမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်လိုက်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ ထိုင်းနိုင်ငံကော့တောင်ကျွန်းလို့ခေါ်တဲ့လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည်ခရီးသွား၂ဦးအသတ်ခံရတဲ့ အမူနဲပတ်သက်လို့ ကောစမွေတရားရုံးကနေတရားခံတွေဘက်က တရားခံအဖြစ်စွပ်စွဲခံရသူ မြန်မာလူငယ်(၂)ဦးရဲအမူကို အောက်တိုဘာလမှာအပြီးသတ်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ (၂၄)ရက်ဒီကနေ့မှာ အမိန်ချမှတ်ရာမှာ စွတ်စွဲထားတဲ့ပုဒ်မ (၇) ခုလုံးကို တခုချင်းအလိုက်ပြစ်ဒဏ်များချမှတ်ခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ကို ချမှတ်လိုက်ပါတယ်။
တရားခံတွေရဲ ့အကျိုးဆောင်ရှေနေဦးအောင်မျိုးသန့်က မြန်မာလူငယ်၂ဦးကို ကော့စမွေတရားရုံးကနေသေဒဏ်ချမှတ်ခဲ့တယ်လို့အခုလိုပြောပါတယ်။

“ပုဒ်မတွေအတိုင်းကို ပြစ်ဒဏ်တွေကိုဖတ်ပြတယ် အဲဒီပြစ်ဒဏ်တွေကိုပဲပေးတယ်ပေါ့ အဲဒီထဲက အမြင့်ဆုံးဖြစ်တဲ့သေဒဏ်ကိုခံစားစေဆိုတာမျိုးပေါ့ ကော့စမွေတရားရုံးအနေနဲ့ကသေဒဏ်ပေးတဲ့သဘောပေါ့၊ အဲဒီအမိန့်စာ စာရွက်ရဖို့ အန်ကယ်တို ့အခုစောင့်နေပါတယ် ”

အခုလို သေဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်လို့ အထက်တရားရုံးကိုအယူခံ ဆက်တက်မယ်လို့ တရားခံတွေရဲအကျိုးဆောင်ရှေ့နေဦးအောင်မျိုးသန့်ကဆိုပါတယ်။

“အန်ကယ်တို့ကအယူခံတက်ရမှာပါ သာမန်ဆိုရင်တော့အယူခံရက်က အထက်တရားရုံးကိုတစ်လအတွင်းတက်ရမှာပါ ဒါပေမဲ့ အခုက သေဒဏ်ဖြစ်တဲ့အတွက် ကာလစည်းကမ်းအရအမြန်ဆုံးတပတ်အတွင်းတက်ရမယ်လို့ ယူဆရပါတယ် အန်ကယ်တို့ကတော့ အောက်ရုံးက အခုလို လုပ်တယ်ဆိုရင် အထက်ရုံးကိုအယူခံဆက်တက်ရမှာပဲ ”

မြန်မာရွေပြောင်းအလုပ်သမား၄၀၀၀ခန့်အလုပ်လုပ်ကိုင်နေတဲ့လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေလူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်း မှာ
လက်ရှိတရားခံတွေအဖြစ်စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေကဒီအန်အေ စစ်ဆေးရယူခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီအန်အေ တူညီမှုမရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး ၂ပတ်ခန့်အကြာ၂၀၁၄ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာပဲ မြန်မာလူငယ်၂ဦးကိုု ပြန်လည်ဖမ်းဆီးပြီး လူသတ်မူနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ တရားခံအဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်၂ဦးကတော့ တနှစ်ကျော်ကြာတဲ့အထိ ထိုင်းနိုင်ငံကော့စမွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီးဒီဇင်ဘာလ၂၄ရက်နေမှာ ကောစမွေတရားရုံးကနေ သေဒဏ်ချမှတ်တာခံခဲ့ရပါတယ်ရှင်။

(ဓာတ်ပုံ - ငြိမ်းချမ်း)
VOA Burmese Fan Page

No comments:

Post a Comment